Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 28, 2015

ဘယ်တော့မှအရှုံးမပေးတတ်တဲ့ဟွန်းဒါး။

 
ဘယ်တော့မှအရှုံးမပေးတတ်တဲ့ဟွန်းဒါး။
ဂျပန်နိုင်ငံက.မော်တော်ကားနဲ့မော်တော်ဆိုင်ကယ်တွေ.တကမ္ဘာလုံးကိုတင်ပို့နေတဲ့.ဟွန်းဒါး(Honda)ဆိုတာ.ကြားဖူးကြမှာပါ။.ဟွန်းဒါးကုမ္ပဏီကိုစတင်တည်ထောင်သူက.ဂျပန်လူမျိုးဟွန်းဒါးပါ။.နာမည်အပြည့်အစုံက.Sachiro_Honda(ဆိုချီယိုဟွန်းဒါး)ဖြစ်ပါတယ်။.ဟွန်းဒါးကို.အနောက်နိုင်ငံက.သတင်းစာ.မဂ္ဂဇင်းတွေမှာ.အခက်အခဲနဲ့ဘယ်လောက်ကြုံကြုံ.ဘယ်တော့မှအရှုံမပေးတဲ့လူလို့ချီးကျူးရေးသားကြပါတယ်။.ဘာဖြစ်လို့.ဂျပန်လူမျိုးတယောက်ကို.အနောက်နိုင်ငံတွေက.ချီးမွန်းနေရတာလဲဆိုတာ.လေ့လာကြည့်ကြရအောင်။

စာကြည့်တိုက်က အမျိုးသမီး

 

စာကြည့်တိုက်က အမျိုးသမီး
----------------------------------

လွန်ခဲ့တဲ့ ၁၆နှစ်ခန့် ကျွန်မအလယ်တန်းတက်နေတဲ့အချိန်တုန်းကပေါ့။ တစ်နေ့မှာ စာကြည့်တိုက်မှာ ကျွန်မစာအုပ်တစ်အုပ်တွေ့လိုက်မိတယ်။ စာအုပ်မျက်နှာဖုံးက အရမ်းလှတဲ့ မြင်းလှည်းပုံလေး.. မြင်းလှည်းဘီးက ရွှေရောင်လက်လက်ထနေခဲ့လို့ အဲဒီစာအုပ်ကို ကျွန်မငှားလာခဲ့တယ်။
...

အိမ်ရောက်တော့ မေမေက စာအုပ်ကိုကြည့်ပြီး ဒါဟာ စိတ်ဆန္ဒကိုနိုးကြွစေတဲ့စာအုပ်တစ်အုပ်၊ ကျွန်မဖတ်ဖို့ မသင့်တော်ဘူးဆိုပြီး ကျွန်မကို စာကြည့်တိုက်ဆီ အတင်းဆွဲခေါ်လာခဲ့ပါတယ်။ ပြီးတော့ စာကြည့်တိုက်ဝန်ထမ်းကို ကျွန်မအသက်အရွယ်နဲ့ သင့်တော်မယ့်စာအုပ်တစ်အုပ်လဲပေးဖို့ ပြောလိုက်တယ်။ သူတို့ဘေးမှာရပ်ပြီး ကျွန်မအနေကျပ်ခဲ့ပါတယ်။

အနုပညာရှင်များနှင့် စံလက်ရာများ (တေးရေးဆရာ ဝင်းမင်းထွေး)

 

အနုပညာရှင်များနှင့် စံလက်ရာများ
(တေးရေးဆရာ ဝင်းမင်းထွေး)
.
.
....

ကိုယ်လုပ်ထားတဲ့ဟာကို
ဒါ Masterpiece ဆိုပြီးတော့
မပြောချင်ဘူး။ Masterpiece ဆိုတာ နှောင်းလူက သတ်မှတ်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ကျွန်တော် သတ်မှတ်တာတော့ မဟုတ်ဘူး။ တခြားလူတွေ ပြောတာတော့ ထူးအိမ်သင် ဆိုခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း၊ ကိုသန်းနိုင်နဲ့ ညီထွဋ် ဆိုခဲ့တဲ့ ဂျစ်ပစီမိုးတိမ်၊ ချစ်ကောင်း ဆိုခဲ့တဲ့ ကော်ဖီခါးခါး သီချင်းတွေကို ကျွန်တော့်ရဲ့  Masterpiece လို့ ပြောကြမလား မသိဘူး။

တိရစ္ဆာန်တွေက လူသားဆန်တယ်လို့ တချို့ကပြောကြတယ်။

 

ပိုလာဝက်ဝံမ အသတ်ခံရရင် ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ နေ့နေ့ညည မစားမသောက် ရက်အတော်ကြာ စောင့်နေတတ်သတဲ့။

ဝေလငါးမ ဒဏ်ရာရရင် ဝေလငါးထီးဟာ အနားကမခွာဘဲ စောင့်နေတတ်တယ်။ ဝေလငါးဖမ်းသူတွေ ထိုးနှက်တိုက်ခိုက်ရင်လည်း ဝေလငါးထီးဟာ ဝေလငါးမနား အသက်မသေမချင်း တဖဝါးမခွာရှိနေတတ်သတဲ့။

ချန်ပန်ဇီမျောက်မဟာ မျောက်ငယ်လေးသေသွားရင် ချက်ချင်းမစွန့်ပစ်တတ်ဘူး။ မျောက်ကလေး အသက်ပြန်ရှင်လာနိုင်တယ်လို့ ထင်လို့ပါတဲ့။ မျောက်မဟာ မျောက်ကလေ...
းသေပြီး အရိုးတွေပေါ်လာတဲ့အထိ မျှော်လင့်နေတတ်ပါသတဲ့။

Friday, April 24, 2015

အလီဘာဘာနဲ့ဂျက်မား။

အလီဘာဘာနဲ့ဂျက်မား။
အလီဘာဘာဆိုတဲ့ကုမ္ပဏီနာမည်ကိုကြားဖူးနေတာကြာပါပြီ။.စင်္ကာပူကလူငယ်တွေပြောနေကြတာ.မကြာခနကြားနေရတယ်။.ဒါပေမဲ့.အလီဘာဘာဆိုတာ.သူခိုးပုံပြင်ထဲကနာမည်မို့.စိတ်မဝင်စားခဲ့ဘူး။.နောက်ပြီး.အလီဘာဘာဟာ.တရုပ်ပြည်ကကုမ္ပဏီတခုမို့.ပိုလို့စိတ်မဝင်စားသေးတယ်။

စားစရာမရှိတဲ့ဘဝကနေ.ကမ္ဘာကျော်ဟောလီဝုဒ်မင်းသားဖြစ်သွားသူ။

စားစရာမရှိတဲ့ဘဝကနေ.ကမ္ဘာကျော်ဟောလီဝုဒ်မင်းသားဖြစ်သွားသူ။
Sylvester_Stallone(စတားလုံး)ဆိုတာ.လွန်ခဲ့တဲ့အနှစ်၃၀လောက်ကစပြီး.ဟောလီးဝုဒ်က.လူကြိုက်အများဆုံး.အကျော်ကြားဆုံးမင်းသားတယောက်ပါ။.သူပါဝင်သရုပ်ဆောင်ခဲ့တဲ့Rocky.လက်ဝှေ့ဇာတ်လမ်းတွေ.Rambo.ဗီယက်နမ်စစ်ပြန်တယောက်ရဲ့ဇာတ်လမ်းတွေဟာ.လူကြိုက်အများဆုံးနဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားတွေဖြစ်ခဲ့ပါတယ်။

အမေရိကန်တွင် Facebook Message ကနေ သူငယ်ချင်းကို ငွေပေးလို့ရပြီ

 
အမေရိကန်တွင် Facebook Message ကနေ သူငယ်ချင်းကို ငွေပေးလို့ရပြီ

Facebook Mesage, Chat ကနေ နေပြီးတော့ မိတ်ဆွေ သူငယ်ချင်းများကို ငွေပေးလို့ ရပါပြီ။ မိတ်ဆွေသူငယ်ချင်းမဟုတ်လည်း Message ပို့လို့ရတဲ့ လူအချင်းချင်း လူကနေ Page, Page ကနေ လူ တို့ ပို့လို့ ရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ P195/60R15 87S ဆိုပါစို့...

=============================

ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီးမှာ ကားတာယာတွေ ခဏခဏပွင့်ကြောင်း ကြားမိတာကြာပါပြီ
အစကတော့ လမ်းက ကွန်ကရစ်လမ်းဖြစ်ခြင်းကြောင့်လို့ အလွယ်ပဲထင်မိပါတယ်. နောက်မှ ကျွန်တော့်ကားတာယာ လဲစဉ်က ဖတ်မိတာကိုသတိရပြီး သူငယ်ချင်းတို့လဲ သတိထားမိအောင် share ပေးလိုက်ပါတယ်
...

အရင်ဆုံး တာယာဘေးက ရေးထားတဲ့ ဂဏန်းတွေကို ကြည့်ကြည့်ရအောင်ပါ
ဥပမာအနေနဲ့ P195/60R15 87S ဆိုပါစို့...

Friday, April 17, 2015

“ပြန်မပြောရင် ပြောချင်တယ်”

 
 
RELATIONSHIP
“ပြန်မပြောရင် ပြောချင်တယ်”
===================

ကချင်မလေးတစ်ယောက်နဲ့ သူ့ရဲ့ အမေရိကန် မွေးစားအမေအကြောင်း ဖတ်ရတော့ ကျနော့စိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာတယ်။
ဟိုး မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်က ဒွဲဘူ မရစ်ပ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်လေးမှာပဲ မလေးရှားကို ခိုးဝင်ပြီး ဘဝကို ရုန်းကန်နေရတယ်။ ကွာလာလမ်ပူက ဂျပန်စားသောက်ဆိုင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ရင်း မြန်မာပြည်ကလာတဲ့ ဘဝတူတွေနဲ့ အတူနေထိုင်ခဲ့တယ်။

Wednesday, April 15, 2015

ဘုရားသခင်လွှတ်လိုက်တဲ့လူ

 
ဘုရားသခင်လွှတ်လိုက်တဲ့လူ
-----------------------------------

ငါတို့ရဲ့ အိမ်ထောင်သက်(၃)နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ်သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။ ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်။
...
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်က နင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ ထွက်သွားမှာစိုးလို့။

အသံမဲ့ချစ်ခြင်း

အသံမဲ့ချစ်ခြင်း
-----------------

ဆောင်းနေ့တစ်နေ့ရဲ့ညနေခင်းမှာ ခါတိုင်းလိုပဲ အိမ်အပြန်ဘတ်စ်ကားစီးဖို့ တန်းစီစောင့်နေတဲ့လူတွေထဲ ကျွန်မဝင်ရောက်တန်းစီလိုက်ပါတယ်။ ကားစောင့်နေသူတွေ ၅ယောက် ၆ယောက်လောက်ပဲရှိပါတယ်။ အားလုံးက အစီစဉ်တကျနဲ့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က ခွေးတစ်ကောင်ကိုဆွဲပြီး အဝေးဖက်ကနေ လျှောက်လာပါတယ်။ လမ်းဘေးမီးရောင်ကြောင့် အဲဒီပုံရိပ်ဟာ ရွှေရောင်အနားကွပ်ထားသလို ဆည်းဆာနေရောင်အောက်မှာ လင်းလင်းထင်းထင်းရှိနေခဲ့ပါတယ်။

Tuesday, April 14, 2015

"ရွှေရတု စိုင်းထီးဆိုင်" (အပို်င်း ၃)

 
 
"ရွှေရတု စိုင်းထီးဆိုင်" (အပို်င်း ၃)
=======================
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
....

.
.
Q - ကိုထီးရဲ့  သီချင်းတွေကို သွင်းတာ မန္တလေး ရုပ်ရှင်ခြံကနေ ဦးဘသိန်း စတူဒီယို၊ အဲဒီကနေ ရန်ကုန် ရုပ်ရှင်ခြံ၊ ပြီးတော့ ပန်းသာ ရုပ်ရှင်ခြံ၊ နောက်တော့ ဘယ်ကို ရောက်သွားသလဲ??

သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက်

 
သမီးရှိသော ဖခင်များသိထားရန် ၁၃ ချက်
============================

ကလေးတွေရှိပြီး မိန်းကလေးသမီးတွေရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြပါတယ်။ ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရတာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီးတွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။
...

ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်း မှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

 
 
 
Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

နာမည်မှာ ကော်ဖီချစ်သူဆိုတော့ ကော်ဖီကြိုက်လို့လား။

ကြိက်တယ်ဆရာ။ ကော်ဖီဆိုင်ကမပြန်ဘူး။ ၅ ဆိုင် ပိုင်တယ်ဆရာ။ အကြွေးမှတ်သောက်တာ ပြောတာနော်။...

You are what you read ဆိုတဲ့အတိုင်း ဟီလာရီဖတ်ခဲ့တဲ့စာအုပ်တွေက အမျိုးအစားစုံလှတယ်။

ဟီလာရီကလင်တန်ဟာ ဧပရယ်လ် ၁၂ရက်နေ့က ၂ဝ၁၆နှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

အမေရိကန်ရဲ့ ပထမဦးဆုံးသော အမျိုးသမီးသမ္မတဖြစ်ဖို့ သူမျှော်လင့်ပါတယ်။ သူဟာ ဇနီးသည်၊ အမေ၊ အဘွား၊ သမ္မတကတော်၊ လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး.. တစ်ဦးဖြစ်ပါတယ်။

စာဖတ်တတ်ပြီလား?

စာဖတ်တတ်ပြီလား?
=============
အတွေးတွေက ဘ၀ကိုပြောင်းလဲစေနိုင်တယ်ဆိုရင် စာဖတ်ခြင်းက အတွေးတွေကိုပြောင်းလဲစေနိုင်ပါတယ်။ ဒီတော့ ဘ၀ပြောင်းလဲဖို့
ဆိုတာ ဖတ်တဲ့စာအပေါ်မူတည်နေပြီပေါ့။ အရင်တုန်းကတော့ လူတွေစာအုပ်ဆိုင်ကနေငှားဖတ်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်းတော့ အဲ့ဒိလိုစာအုပ်လိုက်ဖတ်တဲ့သူနည်းသွားပါပြီ။ အွန်လိုင်းမှာ အလွယ်တကူဖတ်လို့ရတဲ့ ဗဟုသုတစာတိုပေတိုလေးတွေပဲဖတ်ကြတာများ ပါတယ်။ ဒါပေမယ့် တော်တော်များများစာကို...
အပေါ်ယံပဲဖတ်ကြလေ့ရှိပါတယ်။ ခံစားမှုတိုက်ဆိုင်တာလေးတွေ တွေ့ရင်ကြိုက်တတ်လေ့ ရှိကြပြီး တကယ့်တကယ် စိတ်ထဲမှာတော့မှတ်ထားကြလေ့မရှိပါဘူး။ တကယ်တော့ စာဆိုတာ ဖတ်တတ်မှဘ၀အတွက်အကျိုးရှိတာပါ။

သင်! ဒါတွေကို သိပါသလား

 
 
 
 
သင်! ဒါတွေကို သိပါသလား
....................................
သတ္တဝါတိုင်းမှာ သူတို့ရဲ့ ထူးခြားချက်တွေ ရှိကြပါတယ် ။ လူမှာ အဆင့်မြင့်တွေးခေါ်နိုင်တဲ့ ဦးနှောက်ရှိပါတယ် ။ ပုရွက်ဆိတ်တွေက မအိပ်ကြပါဘူး ။ တချို.ပင့်ကူတွေက နှစ်နှစ်လောက်ထိ အစာမစားဘဲ အသက်ရှင်နိုင်ကြပါတယ် ။လင်းပိုင်တွေက ငါးမန်းတွေကို ကိုက်ဖြတ်စားသောက်ကြပါတယ် ။
အောက်မှာ အချက်အလက် ၇၈ ခုပေးထားပါတယ် ။ သတ္တဝါတွေရဲ့ ထူးခြားချက် သင် ဘယ်နှစ်ခု သိသလဲ စမ်...
းသပ်ကြည့်ပါ ။

Saturday, April 11, 2015

ရင်သား တင်းရင်းလှပစေဖို့အတွက် ဒီအချက်တွေ သိထားဖို့လို

 
 
ရင်သား တင်းရင်းလှပစေဖို့အတွက် ဒီအချက်တွေ သိထားဖို့လို
---

ရင်သားတွေဟာအမျိုးသမီးဖြစ်ရခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တဲ့အတွက် အမြဲတမ်းလိုလိုအာရုံစိုက်ခံကြရလေ့ ရှိပါတယ်။ ရင်သားတွေကိုဂရုစိုက်ဖို့ ဆိုတာ အတော်လေးအရေးကြီးပါတဲ့အချက်တွေ ဖြစ်တာကြောင့် လှပတဲ့ ရင်သားတွေ ရရှိဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းနေထိုင် ပြုမူရမှာပါ။

လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို

 
လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ် တည့်တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ ဆက်လက်မြင့်မားနေမည်ဟုဆို
=============================================

ရန်ကုန်၊ မတ် ၁၉
...

လာမည့်လတွင် နေသည် မြန်မာနိုင်ငံ၏အပေါ်တည့် တည့်ကို ရောက်ရှိလာမည်ဖြစ်ခြင်း ကြောင့် အပူချိန်နှင့် ခရမ်းလွန်ရောင် ခြည်အညွှန်းကိန်းများမှာ ဆက်လက် မြင့်မားနေဦးမည်ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက် တာထွန်းလွင်ထံမှ သိရသည်။

ပြည်တွင်းစစ် (Cival War)

 
 
 
ပြည်တွင်းစစ် (Cival War)

(Gun N Roses ရဲ့ သီချင်းကို ကဗျာဆရာအံ့မောင် ဘာသာပြန်ထားတာကို ပြန်လည်ခံစားကြည့်ပေါ့.ကျနော်တို့နိုင်ငံက စစ်အာဏာရှင်သရုပ်သကန်နဲ့ သံပတ်ပေးထားသလို စစ်သားအရုပ်တွေရဲ့ သဘာဝတွေကို မြင်ရမယ်၊ )

ပြည်တွင်းစစ်...

ဒီမှာ ဒို့ရလာတာက လက်လှမ်းမမီတဲ့ လူတချို့ကို
ဆက်သွယ်လို့ မရနိုင်တာပဲ၊
အဲဒါပဲ သူလိုချင်တဲ့လမ်း၊
အဲ..အဲဒါ သူရပြီလေ
အဲဒီလမ်းကတော့ မင်းတို့ထက် ငါက ပိုမကြိုက်။

မင်းတို့ရဲ့ လူငယ်တွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ မိန်းမတွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ လူငယ်တွေကိုလု (သေပစေ)
အမြဲ သူတို့လုပ်လာတာပဲ။

သင်္ကြန်သီချင်းများ သီဆိုမည့် ဂျပန်အဆိုတော်နှင့် မေးမြန်းချက်

By ဇော်ဇော်လှိုင်  11 April 2015 အချစ်သီချင်းတွေ ကမ္ဘာကြီးကို ပျံ့နှံ့စေချင်သူ ဂျပန် တေးရေး အဆိုတော် ဂျွန်ကိုဟာ မြန်မာသင်္ကြန်မှာ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိ ဂျပန်နိုင်ငံမှာ အောင်မြင်စပြုနေတဲ့ အဆိုတော်တဦးဖြစ်ပါတယ်။ ဂျွန်ကိုဟာ မြန်မာရိုးရာ အတာသင်္ကြန်မှာ သင်္ကြန်သီချင်းတွေကို သီဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို သီချင်းသွားဆိုဖြစ်ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဂျွန်ကို ကို ဒီဗွီဘီသတင်းထောက် ကိုဇော်ဇော်လှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။ ဘာကြောင့် မြန်မာပြည် သင်္ကြန်ကို သွားပြီး ဆိုမှာပါလဲ။ “ကျမအိမ်မက်တွေက ကျမရဲ့ အချစ်သီချင်းတွေကို ကမ္ဘာအနှံ့၊ နိုင်ငံတကာကို ပျံ့နှံ့စေချင်တာပါ။” နိုင်ငံတကာအဆင့်ဆိုရင် ဘာကြောင့် ကမ္ဘာမှာ တေးဂီတဆိုင်ရာ ထုတ်လုပ်မှုအပါအ၀င် အကြီးကျယ်ဆုံးတခုဖြစ်တဲ့ အမေရိကန်ရဲ့ AVIC ကနေ ၂ ကြိမ်တိုင်အောင် ဆုရခဲ့ဖူးတာကို အမေရိကန်ကို မရွေးပဲ မြန်မာစာသင်၊ မြန်မာသီချင်းတွေ ဆိုချင်တာဘာကြောင့်ပါလဲ။

ရွှေရတု စိုင်းထီးဆိုင်" (အပို်င်း ၂)

 
ရွှေရတု စိုင်းထီးဆိုင်" (အပို်င်း ၂)
=======================
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
....

.
.
Q - သီချင်းခွေအနေနဲ့ ပထမဆုံး လုပ်ဖြစ်တာက ??

A - 'သဘာဝ'ပါ။ ၁၉၇၅ လောက်မှာ။

Q - ရေးတာက ဆရာစိုင်းခမ်းလိတ် တစ်ယောက်တည်းပဲလား??

A - စိုင်းခမ်းလိတ်ကတော့ အများဆုံးပေါ့။ ဒါပေမယ့် စိုင်းခမ်းမတ် နည်းနည်းပါးပါး ပါတယ်။

Q - 'သဘာဝ' သွင်းတဲ့အချိန်မှာ The Wild Onces အဖွဲ့သားတွေရဲ့ နာမည်ကို ပြောပါဦး??

ရွှေရတု စိုင်းထီးဆိုင်"

 
ရွှေရတု စိုင်းထီးဆိုင်"
===============
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
 

ဘဝနဲ့ အနီးစပ်ဆုံး ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် အောင်မြင်ထင်ရှားခဲ့သည့် ရှမ်းအမျိုးသား အဆိုတော် စိုင်းထီးဆိုင် ၏ ဘဝခရီးသည် လာမည့် စက်တင်ဘာ ၂၃ ရက်၊ ၂၀၀၀ ပြည့်နှစ်တွင် "ရွှေရတု" သို့ တိုင်ခဲ့လေပြီ။

စိုင်းထီးဆိုင် (ခေါ်) စိုင်းတင်ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊
လင်းခေးမြို့ ၌ အဖ ဦးနန္ဒာ၊ အမိ ဒေါ်နန်းရင်တို့မှ မွေးဖွားခဲ့ပြီး သားသမီး ငါးဦးအနက် အကြီးဆုံးသား ဖြစ်သည်။ မွေးချင်းများမှာ ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိမ်းထွေးနှင့် ညီထွေး (စိုင်းအောင်ထီးခမ်း) တို့ ဖြစ်ကြသည်။

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ

တင်ပြီးသမျှလေးတွေ စုစည်းမှု
၁။lady = မိန်းမပျို
finger = လက်ချောင်း
ladyfinger = ရုံးပတီသီး...။

၂။Chair = ကုလားထိုင်။
Man =လူ၊ ယောက်ျားကြီး။
Chairman = ဥက္ကဌ

၃။nut = အခွံမာသီး။
house =အိမ်။
nut-house = အရူးထောင်။

၎။cow = နွားမ။
Pea = ပဲလုံး။
cow-pea = ပဲလွမ်း။

၅။water = ရေ
cress = စမုန်နီ၊ စမုန်။
Water cress = ကန်ဇွန်းရွက်

Homo- အတူတူကို စိတ်ဝင်စားခြင်း

 
Homo- အတူတူကို စိတ်ဝင်စားခြင်း

တခါမှမရေးဘူးသေးတဲ့အကြောင်းအရာ ရေးရပါပြီ။ မေးလို့ဘဲပေါ့။ လိင်တူအကြောင်း။ ဒီဘာသာရပ်ကို ခရေစေ့တွင်းကျ မရေးလိုပါ။ မေးတဲ့သူမှာ အကျိုးရှိနိုင်တာသာရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေရှိပါမယ်။

အနောက်နိုင်ငံတွေမှာ ဘာမဆို ပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေ မလိုဘူး၊ နောင်ဘဝဆိုတာ မယုံတော့ အခု သာယာတာ၊ ချမ်းသာတာတွေကအဓိကစတဲ့ အယူအဆေတွေကြောင့် ကမ္ဘာ့တခြားနေရာတွေထက် အကောင်းလို့ပြောနိုင...
်တာတွေရော အဆိုးတကယ် စစ်တာတွေပါ လွန်ကဲနေတယ်။

ဂစ်တာရူးကလေးဘဝမှ ခြောက်ကြိုးကဝေအဖြစ်သို့

 
ဂစ်တာရူးကလေးဘဝမှ ခြောက်ကြိုးကဝေအဖြစ်သို့----------------

''ကိုယ်ပိုင် ဂစ်တာ ရပြီဆိုတော့ တစ်ချိန်လုံး တီးချင်နေတာ--ထမင်းတောင် မစားချင်ဘူး၊၊ ကိုယ့်ဂစ်တာလည်းဖြစ်နေတော့ ကျွန်တော့်အတွက် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးလည်းရှိတယ်"

ခုချိန်ခုခါမှာ ဂစ်တာတွေ အလက်ပေါင်းများစွာဝယ်ယူစုဆောင်းနေတဲ့ ဆရာချစ်က သူရှစ်တန်းကျောင်းသားကလေးဘဝမှာ မျက်မမြင် ကျောင်းသားကလေးတွေကို ဂစ်တာတီးသင်ပေးလို့ရတဲ့ငွေနဲ့ ဟော်လိုဂစ်...
တာလေး တစ်လက်ဝယ်နိုင်တုန်းက ခံစားမူကို ပြန်ပြောပြတာပါ။

ဦးသန့်ရဲ့မြေး ဒေါက်တာသန်းမြင့်ဦးကို ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူစာရင်းထည့်သွင်း။

 
 
ဦးသန့်ရဲ့မြေး ဒေါက်တာသန်းမြင့်ဦးကို
ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူစာရင်းထည့်သွင်း။
===============================

ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းက ရန်ကုန်မြို့ပြထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါက်တာသန်းမြင့်ဦးအား ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းသိရသည်။

Friday, April 10, 2015

ဲငြိမ်းချမ်းရေး နှင့် သယံဇာတ ---- အပိုင်း(၁-၂)

 
 
ဲငြိမ်းချမ်းရေး နှင့် သယံဇာတ ---- အပိုင်း(၁)
=============================
ကိုရင်လှ
=============================

တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူလူထုများ စားဝတ်နေရေး
ဖူလုံကြွယ်ဝစေရန်အတွက်
မရှိမဖြစ် လိုအပ်သောအချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် ထိုနိုင်ငံအတွင်း ပဋိပက္ခများ ကင်းဝေး၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ များ တည်ငြိမ်နေခြင်းတို့ ပါဝင်နေမည်ဟု ကျွန်တော်ယူဆ ပါသည်။

မက်စ် ' ဇော် ဇော် ' ( ၄၇ + နှစ် ) 1967 Born

 
 
မြန် မာ့ စီး ပွါး ရေး ဆိုင် ရာ သ တင်း များ
 
မက်စ် ' ဇော် ဇော် ' ( ၄၇ + နှစ် ) 1967 Born
။။။။။။။။။။။။။။။။။။။
ဇော် ဇော် ဟာ ဧ ရာ ဝ တီ မြစ် ဝ ကျွန်း ပေါ် - ရေ ကြည် နယ် သား ပါ ၊ အ ဖေ က အ စိုး ရ ဝန် ထမ်း ၊ အ မေ က အိမ် ဆိုင် လေး ဖွင့် ထား ပီး တစ် ဘက် တစ် လမ်း အိမ် ဝင် ငွေ ရှာ ခဲ့ ရ တဲ့ မွေး ချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ် ၊
၁၉၈၈ မှာ အ ရေး အ ခင်း ဖြစ် တော့ သူ က ' ရန် ကုန် တ က္က သိုလ် နောက် ဆုံး နှစ် မှာ ပ...
ါ ၊ စစ် တပ် အာ ဏာ သိမ်း ပီး နောက် အ ရေး အ ခင်း မှာ ပါ ဝင် လှုပ် ရှား သူ တွေ ကို စစ် အ စိုး ရ လိုက် လံ ဖမ်း တော့ သူ လည်း ၄ လ လောက် ပြည် တွင်း မှာ ပုန်း ရှောင် နေ ရ ပါ သေး တယ် ၊

ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက်

 
ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက်
.............................................
၁ ။ သင့်ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ ၊ သူတို့ ဘဝခရီးလမ်း ဘယ်လို လျှောက်ခဲ့ရတယ် ဆိုတာ သင်မသိနိုင်ပါဘူး ။

၂ ။ သင်မထိန်းချုပ်မထားနိုင်တဲ့ အရာတွေကို အဆိုးမမြင်ပါနဲ့ ။ သင့်ရဲ့ အချိန်တွေကို အကျိုးရှိတဲ့ ပစ္စုပ္ပန် အတွက်ပဲ အသုံးချလိုက်ပါ ။...


၃ ။ အလုပ်တွေကို အလွန်အကျွံ မလုပ်ပါနဲ့ ။ အတိုင်းအတာ တခုအထိပဲ လုပ်ပါ ။

ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန်

 
 
ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန်
------------------------------------------
အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောကျာ်းလေးတစ်ယောက်အတွက် အောင်မြင်မူရခါစ (သို့) ဘ၀တက်လမ်း တက်ခါစပဲ ရှိနေတတ်ပါသေးတယ်။ သဘာဝတရားအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ယောက်ျားများဟာ လုပ်ငန်းစတင...
်အဆင်ပြေလာပြီး ဘ၀အတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါအချက်များကိုလေ့လာသင့်ပါတယ်။

ရော့ခ်ဂီတရဲ့ စွမ်းအား

 
ရော့ခ်ဂီတရဲ့ စွမ်းအား
--------------------------

နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဖူဂျီရော့ခ်ဂီတပွဲတော် (Fuji Rock Festival)ဟာ အာရှမှာ အကြီးမားဆုံးဂီတပွဲတော်ဖြစ်တယ်။ ၃ရက်ကြာကျင်းပတဲ့ ပွဲဖြစ်တယ်။ ကမ္ဘာ့တစ်ဝှမ်း အနယ်နယ်အရပ်ရပ်က လူပေါင်း ၁သန်းကျော်တို့ဟာ အဲဒီပွဲတော်မှာ ဂီတရဲ့ဆွဲငင်ခြင်းကို လာရောက်ခံယူကြတယ်။ ကမ္ဘာ့အရပ်ရပ်က အဆိုတော် ၂ဝဝကျော်တို့ရဲ့ တေးဂီတသံစဉ်နောက်လိုက်ပြီး လူငယ်လူရွယ်တွေဟာ ကိ...
ုယ်ကိုလှုပ်ရမ်းကြ၊ အော်ဟစ်လိုက်ဆိုကြနဲ့ ကောင်းကင်ကြီးပြိုပျက်မတတ် ဂီတနဲ့အမြင့်ဆုံးအရှိန်ထိ လိုက်ပါစီးမျောကြတယ်။

Wednesday, April 8, 2015

တိုက်ဆိုင်မှု

 
 
တိုက်ဆိုင်မှု
======

(၁)
...
တရုတ်ပြည်မှာ..
ဟောင်ကောင်က ကျောင်းသားတွေ
ဆန္ဒပြတော့.. ကျောင်းသားလေးတွေဟာ..
သူတို့လေးစားတဲ့..သူတွေဖြစ်တဲ့..
ဒေါ်စုအပါအ၀င် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး
Icon တွေ့ရဲ့ ဓာတ်ပုံတွေကို သူတို့တီရှပ်ပေါ်မှာ
ပုံနှိပ်ပြီး ၀တ်ဆင်ကြတယ်..၊

အဲဒီမှာ မေးစရာဖြစ်လာတယ်..၊
ဒေါ်စုအပါအ၀င် ဓာတ်ပုံထဲပါတဲ့သူတွေဟာ..
သူတို့ကို ဘာမှလုပ်မပေးနိုင်ဘူး..
လုပ်ပေးလို့မရဘူး ဆိုတာကို..
သိသိကြီးနဲ့..ဘာဖြစ်လို့..
ဟောင်ကောင်ကျောင်းသားထုကြီးက..
ဒေါ်စုတို့ကိုလေးစားကြသလဲ...?
ဆိုတာပါ..၊

အဖြေကရှင်းရှင်းလေးပါ..

အမေရိကန်လူဇိုး (ခ) Kid Rock

 
 
အမေရိကန်လူဇိုး (ခ) Kid Rock
----------

သူဟာ အောက်ခြေလူတန်းစားဘဝကလာတယ်။ ဆေးခြောက်ရောင်းပြီးအသက်မွေးဖူးတယ်။ ကားရေဆေးဖူးတယ်။ ဒီဂျေလုပ်ဖူးတယ်။ ဟစ်ဟော့ပ်အဖွဲ့ဝင်ဖြစ်ဖူးတယ်။ rap-metal အဖွဲ့အဖြစ် ဆုတွေအများကြီးရဖူး၊ အောင်မြင်မှုတွေအများကြီးရဖူးတယ်။ အရက်သောက်ရင်း မကျေနပ်တဲ့ကောင်ကို ထထိုးဖို့ဝန်မလေးဘူး။ အသက်ကြီးလာတော့ ဂီတချစ်မြတ်နိုးမှုဟာ ရှေးရိုးဆန်တဲ့ရော့ခ်အင်ရိုးဖက်ပြောင်းသွားခဲ့တယ်။ သူ့နာမည်ကိုပြောရတာထက် သူ့ကိုချစ်တဲ့သူတွေရဲ့ စကားအတိုင်းပဲ သူ့ကိုမိတ်ဆက်ပေးချင်ပါတယ်။ My name is Kiddd...dddd Rockkk!!!

မြန်မာအသင်းမှ လက်ခံလျှင် နိုင်ငံကိုယ်စားပြု ကစားချင်ပါသည်ဟုအင်္ဂလန်ရောက် ကရင်တိုင်းရင်းသား Kler Heh ပြောကြား

 
 
မြန်မာအသင်းမှ လက်ခံလျှင် နိုင်ငံကိုယ်စားပြု ကစားချင်ပါသည်ဟု
အင်္ဂလန်ရောက် ကရင်တိုင်းရင်းသား Kler Heh ပြောကြား
=============================================

ရန်ကုန်၊ ဧပြီ ၇
...
အင်္ဂလန်ပထမ တန်း Sheffield United ကလပ် အသင်းမှာသာ ကစားနေသော်လည်း မြန်မာပြည်မှလက်ခံလျှင် မြန်မာ ပြည်ကိုယ်စားပြု ကစားသမား ဖြစ် ချင်ပါတယ်ဟု ကရင်တိုင်းရင်းသား Kler Heh က မြန်မာဘောလုံးချစ် မြတ်နိုးသူများဖေ့စ်ဘွတ်ခ်သို့ ပြော သည်။
ထိုင်း-မြန်မာနယ်စပ် Kwe Ko Lo ဒုက္ခသည်စခန်းမှ မွေးဖွား လာသည့် အသက်(၁၉)နှစ်အရွယ် ကရင်တိုင်းရင်းသား Kler Heh မှာ ၁ဝ နှစ်သား အရွယ်ကပင် အင်္ဂလန် နိုင်ငံကိုရောက်ရှိကာ ကျောင်းအ သင်းမှစတင် ဘောလုံးကစားခဲ့သူ ဖြစ်သည်။

Tuesday, April 7, 2015

ကမ္ဘာကြီးကို တုန်လှုပ်ခဲ့စေသည့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်

 
 
ကမ္ဘာကြီးကို တုန်လှုပ်ခဲ့စေသည့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
|| သရော်စာဆောင်းပါး - စိုပြေ ||
တစ်ကမ္ဘာလုံး တုန်လှုပ်သွားစေသော သတင်းတစ်ပုဒ် တက်လာ သည်။ နိုဘယ်ဆု ပေးခဲ့သည့် သမိုင်းကြောင်း တလျှောက် ဒီလိုကိစ္စမျိုးလည်း မဖြစ်ခဲ့စဖူး။ တိရိစ္ဆာန်တစ်ကောင် နိုဘယ်လ်ဆုရတာ သင်တို့ သက်တမ်းမှာ ကြားခဲ့ဖူးပါသလား။ အခုတော့ အားလုံး မထင်မှတ်ထားတာ ဖြစ် သွားပြီ။ မြန်မာနိုင်ငံက ဆင်ဖြူတော်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်တော့မည်ဆိုသည့် သတင်း။

အင်းစိန်ထောင်ထဲက အခြေအနေ နေရာထိုင်ခင် စုတ်ပြတ်လွန်းဟု ထောင်ကျခံ နယူဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိခင် ပြောကြား

 
 
အင်းစိန်ထောင်ထဲက အခြေအနေ နေရာထိုင်ခင် စုတ်ပြတ်လွန်းဟု ထောင်ကျခံ နယူဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိခင် ပြောကြား
---------

ဗုဒ္ဓပုံတော်တွင် နားကြပ်တပ်ထားပုံကို ဖေ့စ်ဘုတ်တင်မိသဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရသည့် နယူးဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိဘများဖြစ်သော ဘရိုင်ယန်နှင့် အိန်ဂျယ်လာတို့က အင်းစိန်ထောင်အတွင်း အခြေအနေများကြောင့် အကျဉ်းကျခံနေရသည့် သားဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း အေဘီစီ သတင်းဌာနသို့ ပြောကြားသည်။

ဇနီးသည်ပေးတဲ့ မုန့်ဖိုးကိုသာသုံးတဲ့ သန်းကြွယ်သူဌေး .. တော်လိုက်တာ grin emoticon

 
 
ဇနီးသည်ပေးတဲ့ မုန့်ဖိုးကိုသာသုံးတဲ့ သန်းကြွယ်သူဌေး .. တော်လိုက်တာ grin emoticon
----------------------------------------------------------------------------------
အင်္ဂလန်မှာနေထိုင်တဲ့ Steve Smith ဆိုသူဟာ စတာလင်ပေါင်သန်း ၅၀ တန်တဲ့ သူ့ရဲ့ကုမ္ပဏီကို ရောင်းချလိုက်ပြီးတဲ့နောက် သူရဲ့မိဘတွေကို ပေါင် ၂၅ သန်းခွဲပေးလိုက်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ အဖေဖြစ်သူ စိုက်ထုတ်ပေးခဲ့တဲ့ ပေါင် ခြောက်ထောင်နဲ့ အရင်းအနှီးစတင်ခဲ့တာဖြစ်လို့ ကျေးဇူး ပြန်ဆပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ စကားပုံများ(က မှ အ ထိ)

 
 
 
မြန်မာ စကားပုံများ(က မှ အ ထိ)
=======================
က

၁. “ကြက်ကန်း ဆန်အိုးတိုး”...

၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”

ဘယ်သူက အပျော်ဆုံးလဲ

 
ဘယ်သူက အပျော်ဆုံးလဲ
................................
တခါက ကျီးကန်းတကောင်ဟာ သူ့ဘဝသူ ကျေနပ် ပျော်ရွှင်နေပါသတဲ့ ။
တနေ့မှာ ငန်းဘဲဖြူတကောင်ကို ကျီးကန်းက တွေ.တဲ့အခါ ။
ဒီငန်းဘဲကတော့ ဖြူစွတ်နေတာပဲ ၊ သူဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးသူ ဖြစ်နိုင်တယ် လို့ တွေးမိပြီး ၊ ငန်းဘဲကို သူ့အတွေးအကြောင်းပြောပြတယ် ။...

ငန်းဘဲကလည်း သိပ်မှန်တာပေါ့ ။ ငါဟာ ကြက်တူရွေးကို မမြင်ဘူးခင်ထိ ငါကိုယ်ငါ ဂုဏ်ယူပြီး အပျော်ရွင်ဆုံးလို့ ထင်ခဲ့တယ် ။ ကြက်တူရွေးက အရောင်