Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 7, 2015

လင်းယုန်ဌက်တို့၏ နိယာမများ

လင်းယုန်ဌက်တို့၏ နိယာမများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(၁) လင်းယုန်ဌက်တွေဟာ အလွန်မြင့်တဲ့ အမြင့်ပေ ကောင်းကင်မှာ တကောင်ထဲပဲ လွတ်လပ်စွာ ပျံသန်းပါတယ် ။ အခြားဌက်တွေနဲ့ အတူပျံသန်းခြင်း မရှိပါဘူး ။ မည်သည့် အခြားဌက်မျှ လင်းယုန်ဌက်ပျံသန်းတဲ့ အမြင့်ကို မပျံသန်းနိုင်ကြပါဘူး ။
စာကလေး ၊ ကျီးကန်းလို ဌက်မျိုးတွေနဲ့ ဝေးဝေးမှာပဲ ပျံသန်းလေ့ရှိပါတယ် ။...


သင်ခန်းစာ ........ လင်းယုန်ဌက်တွေဟာ အခြားလင်းယုန်ဌက်တွေနဲ့သာ အတူတူ ပျံသန်းကြပါတယ် ။

(၂) လင်းယုန်ဌက်တွေမှာ အလွန်အားကောင်းတဲ့ အမြင်အားရှိကြပါတယ် ။ ၅ ကီလိုမီတာ (၃.၁၂ မိုင်) အကွာအဝေးထိ ထင်ထင်ရှားရှားမြင်နိုင်စွမ်းရှိပါတယ် ။
လင်းယုန်ဌက်ဟာ သားကောင်တကောင်ကို ဖမ်းဆီးတဲ့အခါ ထိုသားကောင်ကိုသာ အာရုံစိုက်ပြီး ဖမ်းဆီးလေ့ရှိပါတယ် ။
မြင်ကွင်းကို နှောင့်ယှက်တဲ့ အခြားအရာတွေ ရှိခဲ့ရင်လည်း လျစ်လျူရှုပြီး သားကောင်ကို ဖမ်းဆီးရမိသည်အထိ အာရုံမရွေ.စေပါ ။

သင်ခန်းစာ ........ သင်လိုချင်တဲ့ အရာတွေပေါ်မှာသာ အာရုံစူးစိုက်ပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ၊ အောင်မြင်မှု ရရှိမှာ မလွဲပါ ။

(၃) လင်းယုန်ဌက်တွေဟာ အသေကောင်ပုပ်တွေကို မစားပါဘူး ။ လတ်ဆတ်တဲ့ သူတို့ကိုယ်တိုင် ဖမ်းဆီးထားတဲ့ အသားကိုသာ စားကြပါတယ် ။
လင်းဋ တွေကတော့ အသေကောင်ပုပ်တွေကိုစားကြပေမဲ့ လင်းယုန်ဌက်တွေကတော့ ဘယ်တော့မှ စားမှာမဟုတ်ပါ ။

သင်ခန်းစာ ........ သင့်ရဲ့ မျက်လုံးနဲ့ နား ကို သတိထားရပါလိမ့်မယ် ။ ဆိုလိုတာက နောက်ဆုံးရ သတင်းအချက်အလက်တွေ ၊ နည်းပညာတွေကို ဖတ်မှတ် ၊ နားထောင်ရပါမယ် ။

(၄) လင်းယုန်တွေဟာ မုန်တိုင်းလာရင် ပျော်ကြပါတယ် ။ တိမ်တွေစုဝေးလာရင်လည်း စိတ်လှုပ်ရှားကြပါတယ် ။ လင်းယုန်ဌက်ဟာ ပြင်းထန်တဲ့ မုန်တိုင်းလေအဟုန်ကို စီးပြီး မြင့်သထက်မြင့်အောင် ပျံသန်းကြပါတယ် ။ မုန်တိုင်း အားပြင်းလေ လင်းယုန်ဌက်တွေဟာ တိမ်တွေရဲ့ အပေါ်ကို ပျံသန်းနိုင်လေဖြစ်ပြီး လေထဲမှာ ဝဲ နေနိုင်တာကြောင့် တောင်ပံခတ်ရခြင်း ပင်ပန်းမှုကနေ အနားယူနိုင်ပါတယ် ။

တချိန်ထဲမှာပဲ အခြားဌက်တွေကတော့ မုန်တိုင်းလာရင် သစ်ပင်တွေ ခြုံပုတ်တွေထဲမှာ ပုန်းအောင်းနေကြလေ့ရှိပါတယ်

သင်ခန်းစာ ........ ကျွန်တော်တို့လည်း ဆိုးရွားတဲ့ ဘဝ မုန်တိုင်းတွေနဲ့ ကြုံတွေ.ရတဲ့အခါ ၊ စိန်ခေါ်မှုတွေကို အခွင့်အရေးတွေအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားနိုင်ကြပါတယ် ။

(၅) လင်းယုန်ဌက်တွေဟာ သူတို့ရဲ့ ကြင်ဖော်ရှာကြတဲ့အခါ ယုံကြည်မှုရလာသည်အထိ စမ်းသပ်ကြပါတယ် ။
လင်းယုန်ဌက်မ တကောင်ဟာ လင်းယုန်ဌက်ထီးတကောင်ကို မိတ်လိုက်ခွင့် မပြုခင် အကြိမ်ကြိမ် စမ်းသပ်လေ့ရှိကြပါတယ် ။
လင်းယုန်ဌက်မဟာ မြေပြင်အထိ ထိုးဆင်းသွားပြီး သစ်ခက် သို့မဟုတ် အရာဝတ္ထုတခုကို ကိုက်ချီပြီး အမြင့်ကို ပျံတက်ပါတယ် ။ အဲ့ဒီနောက် ထိုအရာကို အမြင့်ကနေ မြေကြီးဆီ လွတ်ချလိုက်တဲ့ အခါ လင်းယုန်ဌက်ထီးက မြေပြင်ပေါ်ကို တရာဝတ္ထုမကျခင် လိုက်လံ ဖမ်းဆီးရပါတယ် ။ ပြီးရင် လင်းယုန်ဌက်မ ဆီကို ပြန်ယူသွားပေးရပါတယ် ။ လင်းယုန်ဌက်မက လင်းယုန်ထီးဆီမှ အရာကိုပြန်ဖမ်းယူပြီး ပိုမိုမြင့်တဲ့ အမြင့်နေရာကို ပျံသန်းပြီး တဖန် လွတ်ချ ဖမ်းဆီးစေပြန်ပါတယ် ။
နာရီအတန်ကြာ ၊ အမြင့်ပေ မြှင့်မြှင့်ပြီး လင်းယုန်ထီးဟာ ဖမ်းဆီးခြင်းအပေါ်မှာ ဘယ်လောက်ကျွမ်းကျင်သလဲ စမ်းသပ်ပြီးမှ ထိုလင်းယုန်ဌက်ကို မိတ်လိုက်ဖို့ လက်ခံပါတယ် ။

သင်ခန်းစာ ........ ကျွန်တော်တို့ ဘဝမှာလည်း ဘဝအဖော်အတွက်သော်လည်းကောင်း စီပွားရေး မိတ်ဖက်အဖြစ်သော်လည်းကောင်း ရွေးချယ်ကြတဲ့အခါ လင်းယုန်ဌက်တွေလို စမ်းသပ်သင့်ကြပါတယ် ။

(၆) သားပေါက်ဖို့ အချိန်ကျလာတဲ့အခါ ၊ လင်းယုန်ဌက်တွေဟာ သားပေါက်ကလေးတွေကို စားသောက်မဲ့ သတ္တဝါတွေရန်က ဝေးတဲ့တောင်မြင့်တွေဆီ ပျံသန်းသွားကြပြီး အသိုက်ဆောက်ဖို့ နေရာရွေးကြပါတယ် ။ လင်းယုန်ဌက်ထီးဟာ အသိုက်ဆောက်ပါတယ် ။ ပထမအလွှာအနေနဲ့ ဆူးခက်တွေကို အသုံးပြုပြီး ထိုအပေါ်မှ သစ်ရွက် ၊ သစ်ခက် ၊ ထိုအပေါ်မှ ဆူးခက်ကို ကာကွယ်ရန် နူးညံ့တဲ့ မြက်ကို အသုံးပြု ထိုအပေါ်မှ သူတို့ရဲ့ အမွေးနဲ့ အသိုက်ဆောက်ကြပါတယ် ။ ဥဝပ်တဲ့အခါမှာလည်း အထီးနဲ့ အမ အလှည့်ကျ ဝပ်ပါတယ် ။
သားပေါက်ကလေးတွေ မွေးလာတဲ့အခါ လင်းယုန်ဌက်မဟာ ဌက်ငယ်လေးတွေကို အသိုက်အပြင်ကိုထုတ်ပါတယ် ။ ဌက်ကလေးတွေဟာ ကြောက်လို့ အသိုက်ထဲ ပြန်ခုန်ဝင်ပါတယ် ။ ဒီအခါ လင်းယုန်ဌက်မက အသိုက်ဆောက်တုန်းက သုံးခဲ့တဲ့ နူးညံ့တဲ့ အမွေးတွေနဲ့ မြက်ပင်တွေကို ဖယ်ရှားပြစ်ပါတယ် ။ အကြောင်းက ဌက်ငယ်လေးတွေ အသိုက်ထဲ ပြန်ဝင်ရင် ဆူးဆူးအောင်လို့ပါ ။ ထိုအခါ ဌက်ငယ်လေးတွေဟာ နာကျင်တဲ့အတွက် အသိုက်ထဲကို မဝင်တော့ဘဲ ၊ အသိုက်အပြင်မှာ နေထိုင်ကြရပါတော့တယ် ။ နောက်တော့ ဌက်ကလေးတွေကို အသိုက်ကနေ တွန်းချပြီး နောက်ကနေ လိုက်ပျံသန်းရင်း အန္တရာယ်မဖြစ်ဖို့ ကူညီစောင့်ရှောက်လေ့ရှိပါတယ် ။

သင်ခန်းစာ ........ လင်းယုန်ဌက်တွေ အသိုက်အတွက် ပြင်ဆင်ကြပုံဟာ ကျွန်တော်တို့တွေ အပြောင်းအလဲတွေအတွက် ပြင်ဆင်ကြပုံနဲ့ တူပါလိမ့်မယ် ။ လူ့ဘဝဆိုတာ အဆိုး ၊ အကောင်းတွေနဲ့ ရောထွေး ပြည့်နှက်နေတတ်လို့ပါပဲ ။
မိဘတွေက သားသမီးတွေကို မချစ်လို့ ၊ ဆူးဆူးစေတာမဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားနဲ့ ပျံသန်းစေချင်လို့ တွန်းအားပေးတာဟာ မိဘတွေရဲ့ မွန်မြတ်တဲ့ စိတ်ထားသာဖြစ်ပါတယ် ။
ဘဝရဲ့ ဆူးတွေကလည်း ကျွန်တော်တို့ကို ဘယ်လို ကြီးပြင်း ရှင်သန်ရမယ်ဆိုတာ သွန်သင်တဲ့ အရာတွေ ဖြစ်နေပြန်ပါတယ် ။ နာကျဉ်မှုတွေကနေ သင်ခန်းစာယူရင်း လှပတဲ့ ဘဝတွေကို ပုံဖော်နိုင်ကြပါတယ် ။

(၇) လင်းယုန်ဌက်တွေ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ အမွေးအတောင်တွေဟာ အိုမင်းလာမှုနဲ့အတူ ထူထဲလာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာတယ် ။ နုတ်သီး နဲ့ ခြေသည်းတွေဟာ ရှည်လျားလာပြီး ကွေးညွတ်လာတာကြောင့် သားကောင်ကို ဖမ်းဆီးဖို့အတွက် ခက်ခဲလာတယ် ။ ဒီလိုသားကောင် မရတော့တဲ့အခါ အားနည်းလာပြီး သေဖို့ပဲ ရှိပါတော့တယ် ။
ထိုအခါ လင်းယုန်ဌက်တွေအတွက် ရွေးချယ်စရာဟာ နည်း ၂ နည်းပဲရှိပါတော့တယ် ။ ပထမနည်းက အသက်အသေခံတဲ့နည်း ၊ ဒုတိယက အသားအနာခံပြီး ရှိသမျှ အမွေးတွေကို နုတ်ပြစ်ပြီး အသစ်ပြန်ပေါက်အောင်လုပ်တဲ့နည်းပါ ။
လင်းယုန်ဌက်တွေဟာ ဆက်လက် အသက်ရှင်ဖို့ အပြောင်းအလဲအတွက် ဒုတိယနည်းကို ရွေးချယ်ကြပါတယ် အလွန်မြင့်တဲ့ ကျောက်တောင်တွေဆီကို တက်သွားပြီး ပထမဆုံး နုတ်သီးကို ကျောက်တောင်နဲ့ ရိုက်ပြီး ချွတ်ပါတယ် ။ နုတ်သီးအသစ်ထွက်လာတဲ့အခါ ခြေသည်းတွေကို နုတ်ပါတယ် ။ နောက်ဆုံးမှ အမွေးဟောင်းတွေကို နုတ်ပြစ်ပြီး အမွေးလဲကြပါတယ် ။ ဒီလို အားလုံး အသစ်ဖြစ်ဖို့ ရက်ပေါင်း ၁၅၀ (နှစ်ဝက်လောက်) လိုအပ်ပါတယ် ။
ဒီလိုနာကျဉ်ခက်ခဲစွာ အသစ်တွေ ဖြစ်အောင် ပြောင်းလဲလိုက်ခြင်းအတွက် လင်းယုန်ဌက်တွေဟာ နောက်ထပ် အနှစ် ၃၀ လောက်အထိ ဆက်လက် ရှင်သန်နိုင်ကြပါတယ် ။

သင်ခန်းစာ ........ဌက်သတ္တဝါဖြစ်တဲ့ လင်းယုန်တွေတောင် ဆက်လက်ရှင်သန်ဖို့ သူတို့ရဲ့ မလိုအပ် ၊ အသုံးမဝင်တော့တဲ့ အရာတွေကို နာကျဉ်ခက်ခဲစွာ ပြောင်းလဲနိုင်သေးရင် ၊ ကျွန်တော်တို့လည်း ဘဝအတွက် လိုအပ်တဲ့ အပြောင်းအလဲ (change) မလုပ်နိုင်ဘူးလား ၊ မသာယာတဲ့ မှတ်ဥာဏ်တွေ ၊ မလိုအပ် အကျင့်ဟောင်းတွေ ၊ အတိတ်က ဝန်ထုပ်ဝန်ပိုးတွေကို စွန့်လွတ်ပြစ်ပြီး ပစ္စုပ္ပန်ရဲ့ အကျိုးဖြစ်စေမဲ့အရာတွေနဲ့ ပြောင်းလဲ လဲလှယ်နိုင်ရပါမယ် ။

ရဲသူရိန်မင်း
040415

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။