ရော့ခ်ဂီတရဲ့ စွမ်းအား
--------------------------
နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဖူဂျီရော့ခ်ဂီတပွဲတော် (Fuji Rock Festival)ဟာ အာရှမှာ အကြီးမားဆုံးဂီတပွဲတော်ဖြစ် တယ်။ ၃ရက်ကြာကျင်းပတဲ့ ပွဲဖြစ်တယ်။ ကမ္ဘာ့တစ်ဝှမ်း အနယ်နယ်အရပ်ရပ်က လူပေါင်း ၁သန်းကျော်တို့ဟာ အဲဒီပွဲတော်မှာ ဂီတရဲ့ဆွဲငင်ခြင်းကို လာရောက်ခံယူကြတယ်။ ကမ္ဘာ့အရပ်ရပ်က အဆိုတော် ၂ဝဝကျော်တို့ရဲ့ တေးဂီတသံစဉ်နောက်လိုက်ပြီး လူငယ်လူရွယ်တွေဟာ ကိ...ုယ်ကိုလှုပ်ရမ်းကြ၊ အော်ဟစ်လိုက်ဆိုကြနဲ့ ကောင်းကင်ကြီးပြိုပျက်မတတ် ဂီတနဲ့အမြင့်ဆုံးအရှိန်ထိ လိုက်ပါစီးမျောကြတယ်။
လူတွေကို အံ့သြတုန်လှုပ်စေတာက ဒီပွဲတော်မှာ များပြားလှတဲ့ လူအရေအတွက်ကြောင့်မဟုတ်သလို အကောင်းဆုံးတေးဂီတကြောင့်လည်း မဟုတ်ပါဘူး။ ပွဲမှာရှိတဲ့ ပရိသတ်တွေကြောင့်ဖြစ်ပါတယ်။
ပရိသတ် ၁သန်းကျော်ဟာ ၁ဝနာရီကျော်လောက် ပွဲကြည့်ခဲ့ကြပေမယ့်၊ မိုးရွာပြီးစ ရွံတွေနဲ့ဆိုပေမယ့် အဲဒီပွဲခင်းမှာ အမှိုက်တွေ ကျမနေခဲ့ပါဘူး။ ဆေးလိပ်သောက်သူတွေက ဆေးလိပ်ပြာခွက်တစ်ခုကို လွယ်ထားကြပါတယ်။ လူတိုင်းရဲ့ဘယ်ဘက်လက်မှာ အမှိုက်အိတ်တစ်လုံး ကိုယ်စီကိုင်ထားကြပါတယ်။ တေးသီချင်းတွေနဲ့ ၁ဝနာရီကျော်လောက် လိုက်က၊ လိုက်ခုန်ပြီး ပွဲသိမ်းချိန်မှာ အားလုံးမောပန်းနွမ်းနယ်နေကြ ပြီဆိုပေမယ့် အချိန်ပေးပြီး သူတို့အမှိုက်လည်းကျင်းကြပါတ ယ်၊ ပြီးရင် အချိန်ပေးပြီး တန်းစီအမှိုက်ပစ်ကြတယ်၊ ရေသန့်ဗူးကို သပ်သပ်ခွဲပြီး တစ်နေရာပစ်တယ်၊ အဖုံးကို တစ်နေရာပစ်တယ်၊ စက္ကူကို တစ်နေရာ၊ ဖန်ပုလင်းတွေကို တစ်နေရာ ခွဲပစ်ကြတယ်။ နောက်တစ်ရက်မှာ အဲဒီပွဲခင်းက နဂိုအတိုင်း သန့်ရှင်းနေပြန်တယ်။ သူတို့ရဲ့ အစီအစဉ်ကျနပုံက တခြားနိုင်ငံကလာရောက်သူတွေကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။
အဲဒီပွဲကို သွားရောက်ခဲ့ဖူးတဲ့ တရုတ်အဆိုတော်တစ်ဦးက “ကြောက်ဖို့တောင်ကောင်းတယ်” လို့ အံ့အားသင့်ပြောခဲ့ပါတယ်။ လူသန်းပေါင်းများစွာရဲ့ စည်းကမ်းရှိခြင်း၊ ကိုယ့်စည်းကမ်းနဲ့ကိုယ်နေထိုင်ခြင်းက ဒီဂီတပွဲတော်မှာ ရော့ခ်အဖြစ်ဆုံးလို့ သူပြောခဲ့ပါတယ်။
ရော့ခ်ဆိုတာ ရေသန့်ဗူးနဲ့ပစ်ပေါက်ရိုက်ခွဲပြီး အင်အားကိုပြတာမဟုတ်ပါဘူး။ ငယ်ရွယ်နုပျိုစိတ်ကို သင်နှိုးဆွ၊ မြှင့်တင်နိုင်ပေမယ့် အသိမဲ့လို့မရပါဘူး။ ဂီတက လူကို ပေါ့ပါးဖြည်လျော့စေပါတယ်၊ ပေါက်ကွဲကျူးလွန်စေတာ မဟုတ်ပါဘူး။ ဒါကမှ ရော့ခ်ဂီတရဲ့စွမ်းအားဖြစ်ပါ တယ်။
http://en.wikipedia.org/ wiki/Fuji_Rock_Festival
မူရင်းလင့် -- http://www.85nian.net/ chushi/20064.html
နိုင်းနိုင်းစနေ (April. 9 2015)
--------------------------
နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဖူဂျီရော့ခ်ဂီတပွဲတော် (Fuji Rock Festival)ဟာ အာရှမှာ အကြီးမားဆုံးဂီတပွဲတော်ဖြစ်
လူတွေကို အံ့သြတုန်လှုပ်စေတာက ဒီပွဲတော်မှာ များပြားလှတဲ့ လူအရေအတွက်ကြောင့်မဟုတ်သလို
ပရိသတ် ၁သန်းကျော်ဟာ ၁ဝနာရီကျော်လောက် ပွဲကြည့်ခဲ့ကြပေမယ့်၊ မိုးရွာပြီးစ ရွံတွေနဲ့ဆိုပေမယ့် အဲဒီပွဲခင်းမှာ အမှိုက်တွေ ကျမနေခဲ့ပါဘူး။ ဆေးလိပ်သောက်သူတွေက ဆေးလိပ်ပြာခွက်တစ်ခုကို လွယ်ထားကြပါတယ်။ လူတိုင်းရဲ့ဘယ်ဘက်လက်မှာ အမှိုက်အိတ်တစ်လုံး ကိုယ်စီကိုင်ထားကြပါတယ်။ တေးသီချင်းတွေနဲ့ ၁ဝနာရီကျော်လောက် လိုက်က၊ လိုက်ခုန်ပြီး ပွဲသိမ်းချိန်မှာ အားလုံးမောပန်းနွမ်းနယ်နေကြ
အဲဒီပွဲကို သွားရောက်ခဲ့ဖူးတဲ့ တရုတ်အဆိုတော်တစ်ဦးက “ကြောက်ဖို့တောင်ကောင်းတယ်”
ရော့ခ်ဆိုတာ ရေသန့်ဗူးနဲ့ပစ်ပေါက်ရိုက်ခ
http://en.wikipedia.org/
မူရင်းလင့် -- http://www.85nian.net/
နိုင်းနိုင်းစနေ (April. 9 2015)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။