=======================
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
....
.
.
Q - ကိုထီးရဲ့  သီချင်းတွေကို သွင်းတာ မန္တလေး ရုပ်ရှင်ခြံကနေ ဦးဘသိန်း စတူဒီယို၊ အဲဒီကနေ ရန်ကုန် ရုပ်ရှင်ခြံ၊ ပြီးတော့ ပန်းသာ ရုပ်ရှင်ခြံ၊ နောက်တော့ ဘယ်ကို ရောက်သွားသလဲ??
A - "စိတ္တအလွမ်း"မှာ "မေစတူဒီယို" ကို ရောက်သွားပါတယ်။ "စိတ္တဇအလွမ်း" ထဲမှာ "မောင့်လပြည့်ဝန်း" သီချင်း ပါတယ်။ မေ အသံဖမ်း ကိုရဲခေါင်က အစမ်းသဘောမျိုးပေါ့လေ။ လုပ်ဖို့ ခေါ်ပါတယ်။ မေ စထောင်တဲ့အချိန် စီးရီးမှ မသွင်းသေးဘူး။ "စိတ္တဇအလွမ်း" သွင်းတဲ့အချိန်မှာ Aces နဲ့ တီးလုံးတစ်ခွေ သွင်းဖူးတယ်။ နောက် ကိုဇော်ဝမ်း Aces နဲ့ တစ်ခွေသွင်းဖူးတယ်။ အဲဒါကလွဲရင် ကျန်တဲ့ဟာ မဂွိုက်စ်ရဲ့သီချင်းလေး နည်းနည်း ဖမ်းဖူးတယ်။ တစ်ခွေလုံး မဟုတ်ဘူး။ အဲဒါပဲ ရှိတဲ့အချိန်မှာ ကျွန်တော်က "မောင့်လပြည့်ဝန်း" ကို သွားသွင်းကြည့်တယ်။ အသံချိန်တာ တစ်နေကုန်ကြာတယ်။ တစ်ပုဒ်တည်းကို တစ်နေ့လုံး စမ်းဆိုတယ်။ အဲဒီကနေ အထိုင်ချတာပေါ့လေ။ မစ်ဆာစက်ကြီးကို အထိုင်ချပြီးတော့ "စိတ္တဇအလွမ်း" အခွေကို ကိုရဲခေါင် ကိုယ်တိုင် စဖမ်းတာ။ အဲဒီကနေ "မေ" မှ မြဲသွားတယ်။ ဒါပေမယ့် "လင်း" မှာ "ရန်ကုန်မှာ သာတဲ့လ" သွင်းဖူးသေးတယ်။ ယင်းမာက ထုတ်တာ။
Q - ကိုထီး ဆိုခဲ့တဲ့ သီချင်းတွေရဲ့  အရိတ်ခ်ျမင့်ကို ဘယ်သူလုပ်တာပါလဲ??
A - စုပေါင်းပြီး တာဝန်ယူ လုပ်တာပေါ့။ ခပ်များများကတော့ အရင်တုန်းကတော့ ကျွန်တော့်ထက် ပိုပြီးတော့ မြုးဇစ်ကို ပိုနိုင်နင်းတဲ့ စောဂျော်နီတို့ လုပ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းလာတဲ့အခါကျတော့ ဒရမ်မာဖြစ်တဲ့ ဂေါ်ဒင်ပေါလ်တို့၊ ကီးဘုတ်တီးတဲ့ ပီတာပါလ်တို့ကလည်း သီချင်း တော်တော် နားထောင်တဲ့သူတွေဆိုတော့ သူတို့ အရိတ်(ခ်ျ) လုပ်ပါတယ်။ နောက်ပိုင်းမှာကျတော့ ဒီမျိုးဆက်သစ်တွေကို ဆက်ထိန်းပြီးတော့ တီးနေရတဲ့အချိန်မှာ ကျွန်တော်ပဲ ရေးပြီး ချပေးလိုက်တယ်။
Q - စတေ့ခ်ျရှိုး စဆိုခဲ့တဲ့ပွဲကို မှတ်မိလား??
A - မန္တလေး တက္ကသိုလ်မှာတုန်းက မောင်မယ်သစ်လွင် ကြိုဆိုပွဲတို့၊ နှုတ်ဆက်ပွဲတို့ ကောင်းကောင်းလုပ်တော့ အဲဒီလိုမျိုး အချိန်က ကိုယ့်သီချင်းနဲ့ကိုယ် တက်ဆိုတာပေါ့။ စီးရီးမသွင်းရသေးတဲ့ သီချင်းတွေ။
Q - ရန်ကုန် စတေ့ခ်ျရှိုး အနေနဲ့ စတက်ခဲ့တဲ့ ပွဲကရော??
A - အဖွဲ့နဲ့ စတက်ဖူးတာတော့ "မာဃစင်"၊ ပြီးတော့ မြေနီကုန်း ပဒုမ္မာကွင်း။ အရင်တုန်းကတော့ စတိတ်ရှိုး ဆိုတာ လူတွေက မက်စရာတစ်ခုလို အရမ်း ဖြစ်တော့ ကြိတ်ကြိတ်တိုး ဖြစ်တာ၊ လုံခြုံရေးကို ထိန်းသိမ်းဖို့ တစ်မျိုးတော့ ခက်တာပေါ့။ ဟိုတုန်းကလည်း ပါမစ်တွေ ဘာတွေ ရတာက ကြောက်ကြောက်လန့်လန့်နဲ့ပေါ
Q - ကိုထီး သွင်းခဲ့တဲ့ စီးရီးအခွေပေါင်း ဘယ်လောက်ရှိမလဲ??
A - မမှတ်မိတော့ဘူး။ သုံးဆယ်ကျော်လောက် ရှိမယ် ထင်တယ်။
Q - ဆိုခဲ့တဲ့ သီချင်း အပုဒ်ရေ ပေါင်းရော??
A - ခုနှစ်ရာလောက်တော့ ရှိမယ်။
Q - ဆရာ စိုင်းခမ်းလိတ် ကိုထီးကို နောက်ဆုံး ရေးပေးဖြစ်ခဲ့တဲ့ စီးရီးနာမည်က??
A - "ချစ်ဂေဟ"
Q - ဘယ်နှခုနှစ်လောက်က ထွက်တာလဲ??
A - ၁၉၉၉ ထဲမှာပါ။
Q - ဆရာ စိုင်းခမ်းလိတ်က တခြား အဆိုတော် အတွက်ရော မရေးဘူးလား??
A - အဲဒီလို မဟုတ်ပါဘူး။ သူက ရေးမြဲ ရေးလျက်ပါပဲ။ သူရေးတဲ့သီချင်းတွေက တခြား အဆိုတော်တွေ ကျတော့လည်း သူ့ရဲ့  ဂုဏ်ရှိန်နဲ့ဆိုရင် ချီးမြှင့်ရတာလည်း မြင့်တဲ့ သဘောရှိတယ်။ အဲဒီအခါကျတော့ အဆက်အသွယ်နည်းတော့လည်း ချဉ်းကပ်ဖို့ ခက်ခဲနေမှာပေါ့လေ။ အဲဒါအကြောင်းကြောင်းလည်း ဖြစ်ချင်ဖြစ်မယ်။ တချို့ ကျတော့ မရင်းနှီးလို့၊ အခက်တွေ့မှာစိုးလို့ လက်တွန့်တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့။ အခုလောလောဆယ်တော့ သူ့သမီးလေး "နန်းခမ်းနွဲ့လိတ်" လည်း သူ့သီချင်းတွေ ဆိုနေတယ်ဆိုတော့ သူက ဒီအလုပ်ကို သမီးအတွက်တော့ လုပ်ပေးနေတာပဲ။ သမီးကလည်း အသစ် အသစ်တွေ ဆိုရင်းနဲ့ အခုဆို တော်တော် စုံနေပါပြီ။ ဓမ္မသီချင်းတွေလည်း ဆိုတယ်။ ဆရာကလည်း ဒါမျိုးတွေ ရေးတယ်ဆိုတော့ သူက ရေးလျက်ပါပဲ။ သူ့လက်ကို အနားတော့ ပေးထားမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့က မဖြစ်သေးဘူးဆိုတာ ကျွန်တော်ကလည်း လုပ်စရာရှိတာတွေ ဆက်တိုက် လုပ်လိုက်မယ်ဆိုရင် အချိန်ကိုလည်း မပေးနိုင်သေးဘူး။ လောလောဆယ်ကျတော့ အဟောင်းတွေက ဗီစီဒီအဖြစ်၊ ကာရာအိုကေအဖြစ် ပြန် တွင်ကျယ်နေတဲ့အခါကျတော့ အသစ်ကို ရုတ်တရက် ချပြလိုက်ရင် ဆရာရဲ့သီချင်း ခါတိုင်းကလည်း လူတွေ ပြောစမှတ် ရှိတာက သီချင်းကို ချက်ချင်း နားထောင်၊ ချက်ချင်း မစွဲဘူးပေါ့။ တဖြည်းဖြည်း တစိမ့်စိမ့် နားထောင်ပြီး ကြာတော့မှ အလိုက်လေး ရလာမှ စွဲမြဲမယ် ဆိုပြီးတော့၊ တချို့ လည်း ပြောကြတယ်။ အသစ် အသစ်တိုင်း ဟုန်းခနဲ၊ ဟုန်းခနဲ လူကြားထဲမှာ ပေါ်ထွက်မသွားဘူး။ အဲလို ဖြစ်တတ်တော့ တဖြည်းဖြည်းချင်းတော့ ပေါ်ထွက်လာမှာပဲ။ သူရေးတဲ့ လက်ရာတွေ အများကြီးပဲ။ ရေးလို့လည်း မကုန်နိုင်ဘူးပေါ့လေ။ ကျွန်တော်မြင်တာကတော့ သူက ဖွဲ့ကို ဖွဲ့တတ်တယ်။ ဒီအတိုင်း နေနေရင်းနဲ့လည်း စာဖွဲ့ရင် ဖွဲ့နေမှာပဲ။ အသံဖွဲ့ရင် ဖွဲ့နေမှာပဲ။ ပြောလို့ မရဘူး ဆိုတဲ့အခါကျတော့ သူက မရေးဘဲကို မနေပါဘူး။
----------။-----------
(အပိုင်း ၄ ဆက်ရန်ရှိသေးသည်)
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။