Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 14, 2015

သင်! ဒါတွေကို သိပါသလား

သင်! ဒါတွေကို သိပါသလား
....................................
သတ္တဝါတိုင်းမှာ သူတို့ရဲ့ ထူးခြားချက်တွေ ရှိကြပါတယ် ။ လူမှာ အဆင့်မြင့်တွေးခေါ်နိုင်တဲ့ ဦးနှောက်ရှိပါတယ် ။ ပုရွက်ဆိတ်တွေက မအိပ်ကြပါဘူး ။ တချို.ပင့်ကူတွေက နှစ်နှစ်လောက်ထိ အစာမစားဘဲ အသက်ရှင်နိုင်ကြပါတယ် ။လင်းပိုင်တွေက ငါးမန်းတွေကို ကိုက်ဖြတ်စားသောက်ကြပါတယ် ။
အောက်မှာ အချက်အလက် ၇၈ ခုပေးထားပါတယ် ။ သတ္တဝါတွေရဲ့ ထူးခြားချက် သင် ဘယ်နှစ်ခု သိသလဲ စမ်...
းသပ်ကြည့်ပါ ။

၁။ သြစတေးလျမှာ နေထိုင်တဲ့ ခြ တွေဟာ အမြင့်ပေ ၂၀ အကျယ် ပေတရာ လောက်ထိ ခြအိမ်ဆောက်နိုင်ကြပါတယ် ။
၂။ ဌက်တွေဟာ ဆီး မသွားကြပါဘူး
၃။ ပုရွဲဆိတ်တွေဟာ လုံးဝမအိပ်ကြသလို ၊ သူတို့မှာ အဆုပ်လည်း မရှိကြပါဘူး ။ လုပ်သား ပုရွက်ဆိတ်တွေက ၇ နှစ်ထိ အသက်ရှင်သန်နိုင်ကြပြီး ၊ ပုရွက်ဆိတ် ဘုရင်မကတော့ ၁၅ နှစ်ထိ အသက်ရှည်နေနိုင်ကြပါတယ် ။
၎။ မြင်း နဲ့ နွားတွေဟာ မတ်တတ်ရပ်ရင်း အိပ်စက်ကြပါတယ်
၅။ သားပိုက်ကောင်တွေရဲ့ အမြီးကို မထားရင် မခုန်နိုင်ကြတော့ပါဘူး ။ အကြောင်းက သူတို့ဟာ ဟန်ချက်ထိမ်းဖို့ အမြီးကို သုံးကြလို့ပါပဲ

၆။ ကြံရဲ့ ဦးချိုဟာ အခြားသတ္တဝါတွေလို အရိုး သို့မဟုတ် သန်မာတဲ့ အရာဝတ္ထုတွေကနေ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ကျစ်လစ်သိပ်သည်းတဲ့ အမွေးတွေသာ ဖြစ်ပါတယ် ။
၇။ လင်းနို.ဟာ နို့တိုက်သတ္တဝါတွေထဲမှာ တမျိုးထဲသော ပျံသန်းနိုင်တဲ့ သတ္တဝါဖြစ်ပါတယ် ။ နောက်ခြေချောင်းတွေဟာ အလွန်သေးငယ်တာကြောင့် လမ်းမလျှောက်နိုင်ကြပါဘူး။
၈။ လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကို ချိုးကွေ.ထွက်ကြပါတယ်
၉။ အလွန်အဆိပ်ပြင်းတဲ့ တာရန်ကျူလာ အမွေးထူ ပင့်ကူကြီးတွေဟာ အစာမစားဘဲ ၂ နှစ်ထိ နေနိုင်ကြပါတယ်
၁၀။ မြွေဟာ မျက်စိပိတ်ထားပေမဲ့လည်း ၊ သူ့ရဲ့ မျက်ခွံကနေတဆင့် မြင်နေနိုင်ပါသေးတယ် ။

၁၁။ ပိုလာဝက်ဝံတွေရဲ့ အမွေးဟာ ဖြူဖွေးနေသော်လည်း သူ့ရဲ့ အရေပြားဟာ မည်းနက်နေပါတယ်
၁၂။ အိမ်တွေမှာ နေတဲ့ ယင်ကောင်လေးတွေဟာ သတင်းပတ် ၂ ပတ်ကနေ ၃ အထိပဲ အသက်ရှည်နိုင်ကြပါတယ်
၁၃။ ခြင်ထီးဟာ မကိုက်ပါဘူး ၊ ခြင်မကသာ ကိုက်ကြပါတယ်
၁၄။ ခြင်တွေမှာ သွား ၄၇ ချောင်းရှိပါတယ်
၁၅။ လူတယောက်ကို ပုရွဲဆိတ် တသန်းနဲ့ ညီမျှပါတယ် ။ ဆိုတော့ ကမ္ဘာမှာ လူဦးရေ ၇ ဘီလျံရှိပါတယ် ။ ဘီဘီစီကပြောတာကတော့ ကမ္ဘာမှာ ပုရွဲဆိတ် အကောင်ရေ သန်းပေါင်း ၁၀ ၀၀၀ ၀၀၀ ၀၀၀ တောင် ရှိပါသတဲ့ တသောင်းထြီလီယံ ဖြစ်ပါတယ် ။

၁၆။ ပုရွက်ဆိတ်အားလုံးရဲ့ အလေးချိန်ဟာ လူသားအားလုံးရဲ့ အလေးချိန်နဲ့ ညီမျှပါသတဲ့
၁၇။ လူတယောက်ဟာ အင်းဆက်ပေါင်း သန်း၂၀၀ နဲ့ ညီမျှပါသတဲ့
၁၈။ ကင်းမြီးကောက်တွေဟာ အနည်းငယ်မျှသော အရက် နဲ့ ထိမိတာနဲ့ ဆောက်တည်ရာမရ ဖြစ်ပြီး သေကြပါတယ် ။
၁၉။ မိကျောင်းခေါင်းတို နဲ့ ငါးမန်းတွေဟာ အသက် ၁၀၀ ထိ ရှင်သန်နိုင်ကြပါတယ်
၂၀။ ကြွက်တွေဟာ အသက် ၁၈ လ သားရောက်တာနဲ့ သားပေါက်နိုင်ကြပါပြီ ။ ကြွက်နှစ်ကောင်ဟာ ၁ သန်းပမဏာရှိတဲ့ ကြွက် ဆင့်ပွါး မျိုးဆက်တွေကို မသေခင်မှာ ဖန်တီးနိုင်ကြပါတယ် ။

၂၁။ လက်ဖက်ရည်တဇွန်း ပမာဏ ပျားရည်ရဖို့ ပျားတွေဟာ ပန်းပွင့်ပေါင်း လေးထောင်လောက်က ဝတ်ရည်ကို စုပ်ယူကြရပါတယ်
၂၂။ ပျားလုပ်သားမှာ အစာအိမ် နှစ် ခု ရှိပြီး တခုမှာ အစာအတွက် ၊ တခုက ပျားရည်အတွက် ဖြစ်ပါတယ်
၂၃။ ပျားတွေဟာ အစိမ်းရောင် အပြာရောင် နဲ့ အနီအောက် ရောင်ခြည်တွေကိုသာ ကွဲကွဲပြားပြား အရောင်ခွဲနိုင်ကြပါတယ် ။ ဥပမာ အနီရောင်ဆိုရင် သူတို့ဟာ အနက်ရောင်ပဲ မြင်ပါတယ်
၂၄။ မြွေဖြူဟာ အစာမစားပဲ သုံးလလောက် ခရီးသွားနိုင်ကြပါတယ်
၂၅။ မေလမှာသာတွေ.ရတဲ့ Mayflies လို့ခေါ်တဲ့ ပိုးပျံကောင်မျိုးဟာ ပိုးလောက်လန်း ဘဝနဲ့ ၁ နှစ်ကျော်နေနိုင်ကြပါတယ် ။ ပိုးပျံကောင်အဖြစ် အသွင်ပြောင်းပြီး အတောင်ပံပေါက် ပျံသန်းနိုင်ချိန်ရောက်ရင်တော့ နာရီအနည်းငယ်သာ အသက်ရှင်နိုင်ကြပါတော့တယ် ။

၂၆။ အသားစား ဝေလငါးတွေဟာ ငါးမန်းတွေကို အစာအိမ်အောက်တည့်တည့်ကနေ တိုက်ခိုက်သတ်ဖြတ်လေ့ရှိပါတယ် ။ အစာအိမ်ကို တိုက်ခိုက်တဲ့အခါ ငါးမန်းဟာ အလွယ်တကူ ဗိုက်ပွင့်ပြီး သေကြရပါတယ် ။ အသားစားဝေလငါးလို့သာ ခေါ်ပေမဲ့ တကယ်တော့ သူတို့ဟာ ဝေလငါး အမျိုးနွယ် မဟုတ်ကြပါဘူး ။ အဖြူနဲ့ အနက်ရောင်စပ် လင်းပိုင်တွေသာ ဖြစ်ကြပါတယ် ။
၂၇။ လူရဲ့ DNA ဟာ ချန်ပန်ဇီ မျောက်တွေရဲ့ ၉၈.၄ % တူညီကြပါသတဲ့
၂၈။ ပိုးဟပ်တွေဟာ ခေါင်းမရှိဘဲ တပတ်ခန့်ရှင်သန်နိုင်ကြပါတယ် ။ တပတ်လောက်ကြာလို့ သေသွားရခြင်းဟာ ခေါင်းမရှိလို့ မဟုတ်ဘဲ အစာမစားနိုင် ၊ ငတ်ပြတ်ပြီး သေရခြင်းသာ ဖြစ်ပါတယ် ။
၂၉။ လင်းပိုင်တွေဟာ ဖျားနာကြတဲ့အခါ ဝမ်းနည်းပြီး ငိုကြပါတယ် ။ ထိုအခါ အခြားလင်းပိုင်တွေက သူ့ကို ရေမျက်နှာပြင်ပေါ် ရောက်အောင် ကူညီကြပါတယ် ။ အသက်ရှုဖို့ပါ ။
၃၀။ ပုဇင်းတွေဟာ ၃၃ ပေအကွာအဝေးက အင်းဆက်ကို မြင်နိုင်ပါတယ်

၃၁။ ပုဇွန်ဆိတ်ရဲ့ နှလုံးဟာ ခေါင်းမှာ ရှိပါတယ်
၃၂။ ခရုဟာ ၃ နှစ်ဆက်တိုက် မထဘဲ အိပ်နိုင်ပါတယ်
၃၃။ ပျံလွားဌက်ဟာ အမြန်ဆုံး ပျံသန်းနိုင်တဲ့ ဌက်မျိုးဖြစ်ပြီး ၊ တနာရီကို ၁၀၆ မိုင်နှုံးနဲ့ ပျံသန်းနိုင်ကြပါတယ်
၃၄။ နို့စား နွားမတွေဟာ သူ့သက်တမ်း တလျှောက်လုံး နို.ဂါလံ နှစ်သိန်းထိ ထုတ်ပေးနိုင်ကြပါတယ်
၃၅။ လင်းပိုင်တွေဟာ အိပ်စက်တဲ့အခါ မျက်စိတလုံး နဲ့ ဦးနှောက် တခြမ်းသာ အိပ်စက်ကြပါတယ် ။

၃၆။ မျှော့တွေမှာ ဦးနှောက် ၃၂ လုံး ရှိကြပါတယ်
၃၇။ ကုလားအုပ်တွေမှာ မျက်ခွံ သုံးထပ်ရှိကြပါတယ် ။
၃၈။ အိမ်အပြင်မှာ ကြီးပြင်းကြရတဲ့ ကြောင်မျိုးတွေဟာ ၃ နှစ်အထိသာ အသက်ရှင်နေနိုင်ကြပေမဲ့ အိမ်မွေးကြောင်တွေကတော့ ၁၆ ကနေ အထက် ရှင်သန်နိုင်ကြပါတယ် ။
၃၉။ တပေါင် အလေးချိန် ပုဇွန်ထုပ်ဟာ အသက် ၇ နှစ်နှစ်ခန့် ရှိပါတယ်
၄၀။ ဝက်တွေဟာ နှစ်ပေါင်း ၁၅ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်

၄၁။ ငါးမန်းဟာ လုံးဝ မဖျားမနာတဲ့ တမျိုးထဲသော သတ္တဝါ ဖြစ်ပါတယ် ကင်ဆာကအစ သူတို့ရဲ့ ခုခံအားစံနစ်နဲ့ ပျေက်ကင်းနိုင်ကြပါတယ်
၄၂။ ဆိတ်တွေရဲ့ မျက်လုံး သူငယ်အိမ်တွေဟာ အဝိုင်းမဟုတ်ဘဲ စတုဂံပုံစံ ဖြစ်ပါတယ်
၄၃။ မြည်းတွေရဲ့ မျက်လုံးဟာ သူတို့ ခြေလေးချောင်းစလုံးကို မြင်နိုင်ကြပါတယ်
၄၄။ လင်းပိုင်တွေရဲ့ အကြားအာရုံဟာ ရေအောက်က ၁၅ မိုင်အကွာအဝေးက အသံကို ကြားနိုင်ကြပါတယ် ။
၄၅။ မြင်းကျားတွေရဲ့ အဆင်းကြောင်းတွေဟာ တကောင်နဲ့တကောင် လုံးဝ ပုံစံမတူကြပါဘူး

၄၆။ လိပ်ပြာတွေဟာ သူတို့ရဲ့ နောက်ခြေထောက်နဲ့ အရသာကို စမ်းသပ်သိနိုင်ကြပါတယ် ။
၄၇။ ပင့်ကူ အထီးတွေရဲ့ အင်္ဂါဟာ နောက်ခြေထောက်မှာ ရှိကြပါတယ် ။
၄၈။ ဌက်တွေဟာ သူတို့ရဲ့ အသိုက်တွေမှာ အိပ်စက်လေ့ မရှိကြပါဘူး ။ တခါတလေလောက် မှေးစက် အနားယူတာမျိုးသာ ရှိကြပါတယ် ။ တကယ်အိပ်တဲ့နေရာက တနေရာမှာပါ ။
၄၉။ ပုဇွန်ထုပ်ကြီးတွေဟာ နှစ်ပေါင်း ၅၀ လောက်ထိ အသက်ရှည်နိုင်ကြပါတယ် ။
၅၀။ ပုရစ်ရဲ့ နားရွက်ဟာ ရှေ.ခြေထောက်ရဲ့ ဒူးအောက်နားမှာ တည်ရှိကြပါတယ် ။

၅၁။ ပျားမှာ မျက်လုံး ၅ လုံး ရှိပြီး ၊ ရှေ.မှာ မျက်လုံးကြီး နှစ်လုံးရှိပြီး ခေါင်းပေါ်မှာ မျက်လုံးငယ် သုံးလုံး ရှိကြပါတယ် ။
၅၂။ ဝက်တွေဟာ သူတို့ သဘာဝ အရ ကောင်းကင်ကို ကြည့်ဖို့ မဖြစ်နိုင်ကြပါဘူး ။
၅၃။ ပိုလာဝက်ဝံတွေကို အနီအောက် ရောင်ခြည် ကင်မရာတွေနဲ့ ရိုက်လို့မရပါဘူး ။ အကြောင်းက သူတို့ရဲ့ အမွေးတွေဟာ အလင်းပေါက်လို့ပါတဲ့ ။
၅၄။ ခရုတွေဟာ တဘဝမှာ တခါပဲ မိတ်လိုက်ကြပါသတဲ့ ။
၅၅။ ယင်ကောင် မျက်လုံး တလုံးမှာ မှန်ဘီလူးပေါင်း လေး ထောင်ကျော်ပါဝင်ပါသတဲ့

၅၆။ ပုဇွန်ဆိတ်ဟာ ရှေ.ကိုမသွားနိုင်ဘဲ နောက်ပြန်သာ သွားနိုင်ပါတယ် ။
၅၇။ ဇီးကွက်ဟာ အမှောင်ထဲမှာ ကြွက်ကို ဖမ်းဆီးနိုင်ပါတယ် ။ အလွန်တိုးညင်းတဲ့ အသံက သားကောင် ဘယ်နေရာမှာ ဆိုတာ ညွန်ပြနေပါသတဲ့
၅၈။ အရွယ်အစားတူညီတဲ့ ပင့်ကူမြှင်ဟာ သံမဏိ မြှုင်ထက် ပိုခိုင်မာပါတယ် ။
၅၉။ ရှည့်တွေ မြေပြင်မှာ ပြေးတာထက် သစ်ပင်ပေါ်မှာ ပိုမြန်မြန် ပြေးနိုင်ကြပါတယ် ။
၆၀။ ကျားဟာ အရေပြားက အစင်းကြောင်းတွေ ဖြစ်ပြီး ၊ အမွေးကြောင့် အဆင်းကြောင်းတွေ ဖြစ်နေခြင်း မဟုတ်ပါ

၆၁။ ခလောက်မြွေတွေဟာ ဆောင်းတွင်းမှာ အတူအိပ်ဖို့ စုဝေးကြပါတယ် ။ အုပ်စုလိုက်အိပ်တော့ ပိုနွေးပြီး တခါတလေ အကောင် တထောင်ကျော်အောင် စုဝေးကြပါတယ်
၆၂။ နွားတွေမှာ အစာအိမ် ၄ ခုရှိပါတယ်
၆၃။ ပျားဆိုတဲ့ သတ္တဝါတွေ ပေါ်ထွန်းလာတာဟာ နှစ်သန်းပေါင်း ၃၀ လောက်ပဲ ရှိပါသေးတယ်
၆၄။ ဆင်ဟာ ၃မိုင်အထိ ကွာဝေးတဲ့ အရပ်က ရေ ရဲ့ အနံ့ကို သိပါတယ်
၆၅။ ခရုရဲ့ မျက်လုံးကို ဖြတ်လိုက်ရင် အသစ်ပြန်ပေါက်ပါတယ်

၆၆။ မုတ်ကောင် တွေဟာ လိင် အထီး ၊ အမ သဘာဝ ပြောင်းလဲနိုင်ကြပါတယ်
၆၇။ ကြွက်တွေဟာ စားစရာမရှိတဲ့အခါ သူတို့ အမြီး သူတို့ ပြန်စားကြပါတယ်
၆၈။ ငါးမန်းတွေဟာ ဒိုင်နိုဆောတွေ မပေါ်ခင်ကတည်းက တည်ရှိနေခဲ့တဲ့ ငါးမျိုးဖြစ်ပါတယ်
၆၉။ လိပ်ပြာမှာ မျက်လုံးပေါင်း တသောင်း နှစ်ထောင် ရှိပါတယ်
၇၀။ ၇၅ ရာခိုင်နှုံးသော ဌက်တွေရဲ့ သက်တမ်းဟာ ၆ လသာ ကြာမြင့်ကြပါတယ်

၇၁။ သစ်ကုလားအုပ်တွေရဲ့ လည်တိုင်ရိုး အရေအတွက်ဟာ လူရဲ့ လည်တိုင်ရိုး အရေအတွက်နဲ့ အတူတူပါပဲ
၇၂။ အရွယ်ရောက်ပြီး ခြင်္သေ့ရဲ့ ဟောက်သံဟာ ငါးမိုင်လောက် အကွာအဝေးထိကြားနိုင်ပါတယ်
၇၃။ ငါးအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါကို ပြောင်းလဲနိုင်ကြပြီး ၊ ရေနက်ငါး အများစုကတော့ အထီး အမ လိင်နှစ်ခုစလုံး ရှိကြပါတယ်
၇၄။ ဥစားကြက်တွေဟာ တနှစ်ကို ဥပေါင်း ၂၅၇ ဥထိ ဥနိုင်ကြပါတယ်
၇၅။ ခုံးကောင်တွေဟာ အပြာရောင် မျက်လုံး ၃၅ လုံးရှိကြပါတယ်
၇၆။ ခွေးဟာ သင့်ကို ဖြောင့်တမ်းတဲ့ ရှာနဲ့ တို့ထိခဲ့ရင် ၊ I Love You လို့ ပြောခြင်း ဖြစ်ပါတယ်
၇၇။ ပင့်ကူတွေဟာ နှစ်ပေါင်း သန်း၃၀၀ လောက်ကတည်းက တည်ရှိနေခဲ့ကြပါပြီ ။
၇၈။ နို့တိုက်သတ္တဝါတွေရဲ့ သွေးဟာ အနီရောင် ၊ အင်းဆက်တွေရဲ့ သွေးဟာ အဝါရောင်နဲ့ ပုဇွန်တွေရဲ့ သွေးဟာ အပြာရောင်တွေ ဖြစ်ကြပါတယ်

ကဲ ဘယ်နှစ်ခုများ သိကြပါသလဲ ကွန်မဲ့န်ပေးကြည့်ကြပါ

ရဲသူရိန်မင်း
130415

ဆောင်းပါးအသစ်များတင်တိုင်း ဖတ်ရှု.နိုင်ဖို့ အောက်ကလင့်ခ်ကို နှိပ်ပြီး Page ကို Like လုပ်ထားပါ ။
 
No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။