Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 1, 2015

သူသိသွားလိမ့်မယ် ထင်ပါတယ်

 
 
သူသိသွားလိမ့်မယ် ထင်ပါတယ်
|| ဆောင်းဝင်းလတ် ||
ကျွန်တော်တို့ငယ်ငယ်တုန်းကလွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံဟာ ပါလီမန်ဒီမိုက ရေစီစနစ်နဲ့အုပ်ချုပ်တဲ့အရပ်သားအစိုးရခေတ် ဖြစ်ခဲ့တယ်။ တိုင်းပြည်ရဲ့စီးပွားရေးစနစ်ဟာလည်း ပြည်ပနိုင်ငံအားလုံးကိုတံခါးဖွင့်ပေးထားတဲ့ စီးပွားရေးစနစ်ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ ထဲက ထွက်တဲ့ကုန်ပစ္စည်းမျိုးစုံဟာလည်း ပြည်ပနိုင်ငံတွေ ကို လွတ်လွတ် လပ်လပ်ကူးသန်းရောင်းဝယ်နိုင်တဲ့ကုန်ပစ္စည်းတွေဖြစ်ခဲ့တယ်။ ပြည်တွင်းမှာပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးတွေ၊ ကုမ္ပဏီငယ်ကလေးတွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ပေးထားတယ်။ ဒီတော့ Export License ပြည်ပ ပို့ကုန်လိုင်စင်လျှောက်ထားရင် အရပ်သားအစိုးရရဲ့ ကူးသန်းရောင်း ဝယ်ရေးဌာနက ပုဂ္ဂလိကကုမ္ပဏီတွေကို ခွင့်ပြုချက် ချထားပေး လိုက်ပြီ ဆိုတာနဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ကုန်ပစ္စည်းတင်ပို့ခွင့် ရပြီဖြစ် ပါတယ်။
ပြည်ပကကုန်ပစ္စည်းရောင်းဝယ်ဖြန့်ဖြူးရေးကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်ခဲ့ကြတယ်။ ပြည်ပကကုန်ပစ္စည်းကိုကျွန်တော်တို့နိုင်ငံထဲသွင်းချင်၊ ရောင်းချင်၊ ဖြန့် ဖြူးချင်လည်း မြန်မာနိုင်ငံက အရပ်သား အစိုးရရဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတရားဝင်ခွင့်ပြုချက်ချပေးတဲ့ Import License အင်ပို့လိုင်စင်တွေနဲ့ ကုန်ပစ္စည်းမျိုးစုံမှာ ယူတင်သွင်းကြ တယ်။ မြန်မာနိုင်ငံကမြို့ကြီးပြကြီးတိုင်းမှာ ကုန်ပစ္စည်းမျိုးစုံရောင်းတဲ့ ဆိုင်ကြီးဆိုင်ငယ်တွေရှိတော့ အားလုံး ဈေးနှုန်းညှိပြီး ရောင်းချပေးကြတဲ့ အတွက် ဈေးအတက်အကျဟာပိုမိုလွန်ကဲသွားတာသိပ်ပြီးလျှောကျသွားတာမျိုးမရှိခဲ့ဘဲ ပုံမှန်အနေအထားပဲရှိခဲ့တယ်။ ‘ဆိုင်ကျ’ လို့ခေါ်တဲ့ စတိုးဆိုင်ကြီးတွေက ကိုယ်နိုင်သမျှ အရင်းအနှီးနဲ့ ဝယ်ပြီးလမ်းဘေး တစ်လျှောက်မှာ ပင်ရင်းဆိုင်ကြီးတွေထက် နည်းနည်းလေး၊ ကုန်ပစ္စည်း တစ်မျိုးကို ငါးပြားမြတ်၊ ဆယ်ပြားမြတ်၊ တစ်မတ်မြတ်၊ ငါးမူးမြတ်၊ အ မြတ် နည်းနည်းပါးပါး လောက်သာတင်ပြီးရောင်းတဲ့လမ်းဘေး အရောင်း ဆိုင်လေးတွေမှာ ဆိုရင် ညဥ့်လုံးပေါက် လမ်းလျှောက်ကြည့်ရင်း လမ်းသွားရင်း ကိုယ်ဝယ်ချင်တဲ့ပစ္စည်းလေးတွေကို အလွယ်တကူ အချိန်မရွေးဝယ်နိုင်တဲ့ခေတ် ဖြစ်ခဲ့တယ်။
ရန်ကုန်လိုမြို့ကြီးမျိုးမှာဆိုရင်အခုအနော်ရထာလမ်းလို့ခေါ်တဲ့ ‘ဖရေဇာလမ်း’ ဘေးဝဲယာ တစ်လျှောက်မှာ အဲဒီ့လို လမ်းဘေး အရောင်းဆိုင်လေးတွေ ရှိခဲ့ဖူးတယ်။ ပြည်တွင်းက ကုန်ပစ္စည်းကို လိုင်စင်နဲ့ တင်ပို့ချင်တိုင်း တင်ပို့လို့ရသလို၊ ပြည်ပနိုင်ငံတွေက ကုန်ပစ္စည်းမျိုးစုံ ကိုလည်း လိုင်စင်နဲ့ တင်သွင်းရောင်းချဖြန့်ဖြူးခွင့်ရနေကြတော့ ‘မှောင်ခို’ ဈေးသည်လောက ဆိုတာမရှိခဲ့ဘူး။ ငွေတန်ဖိုး ကလည်း မြန်မာနိုင်ငံ ထဲမှာသာမကဘဲ ရောက်တဲ့နိုင်ငံ၊တိုင်း ပြည်မှာ ‘လဲလှယ်ခွင့်ရှိကြောင်းအာမခံသည်’ ဆိုတဲ့ ငွေစက္ကူတွေကို စည်းကမ်း တကျ ငွေကြေး မဖောင်းပွရလေအောင် စီးပွားရေးနဲ့ ဘဏ်လုပ်ငန်း၊ ဘဏ်စနစ် ကျွမ်းကျင်တဲ့ ပညာရှင် တွေနဲ့ညှိနှိုင်းပြီး အစိုးရက ရိုက်နှိပ် သုံးစွဲနေတော့ ငွေတန်ဖိုးဟာ တန်ဖိုးရှိရှိ သုံးခွင့်ရခဲ့တဲ့ ခေတ်ဖြစ်တယ်။
အစိုးရဌာနတွေမှာအလုပ်ဝင်လုပ်တဲ့ရုံးစာရေးလေးတစ်ယောက်ရဲ့လစာဟာ၁၂၆ကျပ်၊တိုင်းပြည်မှာ ငွေတန်ဖိုးကမဖောင်းပွတော့ဘတ်စ်ကားစီးရင် ခရီးနီးတဲ့အခါ အကြွေ ၅ ပြား ပေးစီးလို့ရတယ်။ ခရီးဝေးရင်အကြွေ ၁၀ ပြားပေး စီးလိုက်ရုံပဲ။ဆန်တစ်ပြည်သွားဝယ်ရင် ငွေတစ်မတ် (၂၅ ပြား) ပဲ ပေးရတယ်။ ဒီတော့ စာရေးလေးတစ်ယောက် ဟာ ချွေချွေ တာတာ သုံးရင် တစ်လလုံးသုံးလောက်တဲ့အပြင် မိသားစုကိုလည်း ခုခေတ်လို မ၀ရေစာ သဘောမျိုးမဟုတ်ဘဲလူတန်းစေ့ ကျွေးမွေးနိုင်တယ်။ ကလေးတွေ ကို ကျောင်းထားနိုင်တယ်။
ဒီတော့ကိုယ့်နိုင်ငံထဲကနေပြီးတခြားတိုင်း ပြည်တွေမှာသွား ‘ကျွန်ခံ’ ဖို့ စိတ်မကူးသလောက်ပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကဆိုရင် တခြားနိုင်ငံတချို့ ကတောင်မှ ကိုယ့်နိုင်ငံမှာလာပြီး အလုပ်မျိုးစုံအောက်ခြေသိမ်း လာလုပ် ကြတဲ့ လူမျိုးခြားတွေ ရှိခဲ့ဖူးတယ်။ နိုင်ငံခြား သင်္ဘောသား လုပ်ချင်တဲ့ သူ တောင်မှ ကျွန်တော်တို့နိုင်ငံထဲမှာခပ်နည်းနည်းရယ်။ လူတစ်ယောက်နိုင်ငံ ခြား တိုင်းပြည်သွားတဲ့အခါ ဟိုဟာ ဝယ်ခဲ့ပါ၊ ဒီဟာ ဝယ်ခဲ့ပါ ဆိုပြီးဝိုင်းမှာကြတာ မျိုးတောင် တော်တော်နည်းပါး တဲ့ ခေတ် မဟုတ်လား။ ဒီမှာလည်း ပစ္စည်းမျိုးစုံကလိုသလို ဝယ်လို့ရနေတာလေ။ အမှတ်တရ ဟိုဟာလေး ဒီဟာလေးအသေးအဖွဲဝယ်လာ တာက လွဲရင် ဘယ်သူမှနိုင်ငံခြားပစ္စည်းမက်မက်မောမောမရှိခဲ့တဲ့ခေတ်။
ဟိုတုန်းကကျွန်တော်တို့မြန်မာနိုင်ငံမှာပင်လယ်ကူးသင်္ဘောကြီးတွေ လွန်းတင်ပြင်ဆင်ဖို့ Dock yard လွန်းကျင်းရယ်လို့ အကြီးစားကြီးတွေ မရှိသေးလေတော့ သင်္ဘောကြီးတွေဟာတစ်နှစ်တစ်ခါ Annual Docking လို့ ခေါ်တဲ့ လွန်းတင်စစ်ဆေးပြုပြင်စရာရှိရင် စရိတ်စက အကုန်အကျ သက်သာ တဲ့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတွေမှာ Docking သင်္ဘောလွန်းတင်ဖို့သွားကြတယ်။ ကိုယ့်မြန်မာနိုင်ငံထဲမှာ လိုချင်တာ ဝယ်လို့ရတဲ့ ခေတ်ဆိုတော့ သင်္ဘောသားတွေ ဟာ ဟောင် ကောင်နဲ့ စင်ကာပူရောက်ရင် ရတဲ့လစာတွေ ပိုလျှံတဲ့အပြင် အလုပ်အားလပ်တဲ့အခါဟို လျှောက်လည်၊ ဒီလျှောက်လည်၊ စားကြသောက်ကြ အပျော်သဘောမျိုးလောက်ပါပဲ။
စီးပွားရေးလည်း ကိုယ့်တိုင်းပြည်လိုပဲလေ။ ဒုတိယကမ္ဘာ စစ်ကြီးနောက်ပိုင်း ဟောင်ကောင်တို့ စင်ကာပူတို့မှာ ကိုယ့်တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့အတွက် အလုပ်တွေ ကတော့ ကိုယ်စီကိုယ်ငှကြိုးစားခဲ့ ကြတယ်။ အလုပ်လုပ်နိုင်တဲ့ အမျိုးသားတွေရော အမျိုးသမီးတွေရော မပျင်းမရိအလုပ်လုပ်ကြတယ်။ ဥပမာပြော ရရင် ကျွန်တော်စောစော ကပြောသလို ဟောင်ကောင်နဲ့စင်ကာပူက Dock yard သင်္ဘောကျင်းကြီး တွေဆိုပါစို့။ လွန်းကျင်းပေါ်တင်ထားတဲ့ သင်္ဘောကြီးတွေမှာသံချေးခွာတာ၊ သံချေးခေါက်တာ၊ ဆေးသုတ် တာကအစ အမျိုးသားတွေနဲ့ရင် ပေါင်တန်းပြီး အမျိုးသမီးတွေက အလုပ်ဝင်လုပ်ကြတယ်။
ဒီလိုအလုပ်ကြိုးစားမှုတွေကြောင့် ဟောင် ကောင်တို့ စင်ကာပူတို့ဟာ တစ်စထက် တစ်စတိုးတက်လာကြတယ်။ စင်ကာပူနိုင်ငံ အကြောင်း ပြောရရင် စီးပွားရေးတိုးတက်အောင် စီမံခန့်ခွဲမှုကောင်း တဲ့ ခေါင်းဆောင် လီကွမ်ယုရဲ့အခန်းကဏ္ဍကလည်း သိပ်ပြီး အရေးပါ ခဲ့တယ်။ စင်ကာပူနိုင်ငံဟာ ဟိုတုန်းကဗြိတိသျှ ကိုလိုနီပိုင်နက်ထဲက ကျွန်းငယ်ကလေးပါ။ ဒါပေမဲ့လီကွမ်ယုဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ကြိုးပမ်း အားထုတ်မှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး အချက်အချာ ကျတဲ့နိုင်ငံဖြစ်လာခဲ့ရတာပါ။
စင်ကာပူနိုင်ငံသားဖြစ်တဲ့ လီကွမ်ယုကို စက်တင်ဘာ ၁၆ရက် ၁၉၂၃ မှာ မွေးဖွားခဲ့တာပါ။ ကောလိပ် ကျောင်းသားဘ၀နဲ့ ၁၉၄၂ခုနှစ်က ၁၉၄၅ ခုနှစ်အထိ ပညာသင်နေတုန်းဒုတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့တယ်။
ဖက်ဆစ်ဂျပန်တပ်တွေက စင်ကာပူကို ဝင်ပြီးသိမ်းပိုက်ကြတယ်။ ၁၉၄၆ခုနှစ်မှာ သူဟာအင်္ဂလန်ကို ထွက်ခွာသွားပြီး ကိန်းဘရစ်တက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။ ဥပဒေပညာရှင် တစ်ယောက်ဖြစ် လာခဲ့ပါတယ်။ စင်ကာပူကို ၁၉၅၄မှာ သူ ပြန်ရောက်လာတယ်။ ပြည်သူ့လှုပ်ရှားမှု ပါတီဝင်ဖြစ်ခဲ့ပြီး၁၉၅၅မှာလွှတ် တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်။၁၉၅၉ခုနှစ် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ် ခဏ ရပ်တန့်သွားပြီး ဗိုလ်ချုပ်ကြီး နေဝင်းတို့ စစ်အရာရှိကြီးတွေက အိမ်စောင့် အစိုးရ Care Taker Government တာဝန်ယူထားတုန်းမှာပဲ စင်ကာပူမှာတော့ လီကွမ်ယုက ပထမဆုံးဝန်ကြီးချုပ်တာဝန်ယူလိုက်ပါတယ်။ အင်္ဂလိပ် တွေက သူတို့နိုင်ငံကိုကာကွယ်ရေးနဲ့နိုင်ငံခြား ဆက်ဆံရေး ကလွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ပါတယ်။
စင်ကာပူနိုင်ငံဟာ အင်္ဂလိပ်လက်အောက်က လုံးဝလွတ်မြောက်သွားပြီလို့ ဝန်ကြီးချုပ် လီကွမ်ယု ကြေညာလိုက်တာကတော့ ၁၉၆၃ ခုနှစ်ပါပဲ။ ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော်တို့နိုင်ငံပါ။ ၁၉၆၃ မှာ စစ်အာဏာရှင်တော်လှန်ရေးကောင်စီဝင်တွေက မြန်မာပြည်သူလူထုကို စပြီး လက်ဝါးကြီးအုပ်ထားခါစ သမယ ဖြစ်နေပါတယ်။
စင်ကာပူဟာ မလေးရှားဖက်ဒရေးရှင်းနိုင်ငံဖွဲ့ဖို့ မလေးရှားနဲ့ ပူးပေါင်းတယ်။ ဒါပေမဲ့၁၉၆၅မှာ ခွဲထွက်တယ်။ လွတ် လပ်တဲ့နိုင်ငံဖြစ်သွားတယ်။ ဝန်ကြီးချုပ် လီကွမ်ယုဟာ ‘ဈေးကွက်အလိုကျမူဝါဒ’ သမားဖြစ်တယ်။ စင်ကာပူနိုင်ငံ စီးပွားရေးကအစ အထက်တန်းကျလာအောင် စွမ်းဆောင်နိုင်စွမ်းရှိခဲ့တယ်။ ကွာခြားချက်က တော့သူအဲဒီ့လိုကြိုးပမ်းအားထုတ်အောင်မြင်နေတဲ့ ၁၉၆၅ ခုနှစ်က ၁၉၉၀ အတွင်းမှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စစ်ဖိနပ်တွေ ရဲ့ အောက်မှာ ‘ကမ္ဘာ့အဆင်းရဲအမွဲတေဆုံးနိုင်ငံ’ စာရင်းဝင် ဘ၀နဲ့ အောက်တန်းနောက်တန်းကျခဲ့ရတာပါပဲ။
ကိုယ့်နိုင်ငံထဲက ပညာရှင်တွေနဲ့ သာမန်လက်လုပ် လက်စားတွေဟာ ကိုယ့်နိုင်ငံထဲမှာ ဆင်းရဲမွဲတေလာတော့ ထိုင်း၊မလေးရှား၊ စင်ကာပူနိုင်ငံတွေဘက် ထွက်ပြီးအိမ်ဖော်အလုပ်၊ ပန်းကန်ဆေး၊ အမှိုက်သိမ်း၊ စားပွဲထိုးအလုပ် တွေကအစလုပ်လာခဲ့ကြရတာဒီနေ့အထိပါပဲ။ ကိုယ့်နိုင်ငံနဲ့ တစ်ချိန်က ‘တန်းတူ’ဖြစ်ခဲ့တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေ က အစစအရာရာ ကိုယ့်ထက်အဆပေါင်း များစွာသာ သွားပြီလေ။ ဒီလိုသူ့တိုင်းပြည်၊ သူ့နိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ပေးသွားနိုင်တဲ့ ဝန်ကြီးချုပ်လီကွမ်ယုဟာ ၁၉၉၀ ပြည့်နှစ်မှာ ရာထူးက အနားယူခဲ့တယ်။ သူဟာအခု ၂၀၁၅ ခုနှစ်မှာအသက် ၉၁ နှစ်အရွယ်ဖြစ်လာခဲ့တယ်။
သူဟာ၁၉၉၀ ပြည့်နှစ်ရာထူးကအနားယူခဲ့တယ်။ မတ်လ ၂၃၊ ၂၀၁၅ မနက်ပိုင်းမှာတော့ လီကွမ်ယုဟာကွယ်လွန်သွားခဲ့ရှာပါတယ်။ သူ တိမ်းပါးသွားပေမယ့်သူ့ရဲ့ ‘ဒီမိုကရေစီ’ အတွေးစကားလေး တစ်ခွန်း ကတော့ မှတ်မှတ်ရရဖြစ်စရာပါ။ ‘နိုင်ငံသစ်တွေမှာရိုးသားတဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်တဲ့ အစိုးရရှိမှသာ ဒီမိုကရေစီဆိုတာ အလုပ်ဖြစ်တယ်။ ရလဒ်တွေ ဖန်တီးပေးနိုင်တယ်။ ပြောရမယ် ဆိုရင် အဲဒီ့လို အစိုးရမျိုးရွေးချယ်နိုင်ဖို့အတွက် ပြည်သူတွေက လိမ္မာပါးနပ်ရမယ်။
တစ်ခုတော့ သတိရပါ။ ရွေးကောက်ခံအစိုးရ တွေဆိုတာ သူတို့ကိုရွေးချယ်တဲ့ ပြည်သူတွေကောင်းသလောက်ပဲ ကောင်းပါလိမ့်မယ်’ ဆိုတဲ့ လီကွမ်ယုရဲ့စကားတစ်ခွန်းက တန်ဖိုးရှိလှပါတယ်။ ပြန်ဆန်းစစ်ကြည့် လိုက်တဲ့ အခါကျ တော့ ဒီနေ့ကျွန်တော်တို့ ပြည်သူလူထု က ရွေးကောက် ထားတဲ့ ရွေးကောက်ခံအစိုးရဆိုတာ မြန်မာနိုင်ငံမှာတကယ်ပဲရှိနေပါရဲ့လား။ ‘ရွေးကောက်ခံအစိုးရဆိုတာ သူတို့ကိုရွေးချယ်တဲ့ ပြည်သူတွေကောင်း သလောက်ပဲ’ ဆိုတော့ ကျွန်တော်တို့ မြန်မာပြည်သူလူထုဘက်ကဘာမှ ‘မဆိုး’ သေးဘဲ ‘လူ့အခွင့်အရေးတောင်းဆိုမှု’ နွံအိုင်ကြီး ထဲမှာပဲ ကယ်ဆယ်စောင့်ရှောက် ပေးမယ့်သူ ကင်းမဲ့လှစွာနွံနစ်နေကြတုန်း ပါပဲဆိုတာ ကွယ်လွန်သူ စင်ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုလည်း သိကောင်း သိသွားပါလိမ့်မယ်လို့ယူဆမိပါတယ်။ ပြီးတော့ ထပ်ဆင့်ပြော ချင်တာ တစ်ခုက မြန်မာပြည်သူလူထုရဲ့ဘ၀မှာ ‘တကယ့်ရွေးကောက်ခံ အစိုးရစစ်စစ်’ ကို လိုလားတောင့်တနေကြပါပြီဆိုတာပါပဲ။
ဆောင်းဝင်းလတ်
The Ladies News Journal ပါ ဆောင်းပါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။