Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 7, 2015

ကမ္ဘာကြီးကို တုန်လှုပ်ခဲ့စေသည့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်

 
 
ကမ္ဘာကြီးကို တုန်လှုပ်ခဲ့စေသည့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
|| သရော်စာဆောင်းပါး - စိုပြေ ||
တစ်ကမ္ဘာလုံး တုန်လှုပ်သွားစေသော သတင်းတစ်ပုဒ် တက်လာ သည်။ နိုဘယ်ဆု ပေးခဲ့သည့် သမိုင်းကြောင်း တလျှောက် ဒီလိုကိစ္စမျိုးလည်း မဖြစ်ခဲ့စဖူး။ တိရိစ္ဆာန်တစ်ကောင် နိုဘယ်လ်ဆုရတာ သင်တို့ သက်တမ်းမှာ ကြားခဲ့ဖူးပါသလား။ အခုတော့ အားလုံး မထင်မှတ်ထားတာ ဖြစ် သွားပြီ။ မြန်မာနိုင်ငံက ဆင်ဖြူတော်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်တော့မည်ဆိုသည့် သတင်း။
အချို့ကလည်း တိရိစ္ဆာန်ကို နိုဘယ်ဆုပေးမည် ဆိုတော့ နောက်နေ တာလားဟု မေးကြသည်။ ယုံလည်း မယုံကြ။ တသက်နဲ့ တကိုယ် မကြုံဖူး သဖြင့် မယုံတာလည်း အပြစ်မဆိုသာ။ သို့သော်လည်း လာမည့် နိုဘယ် ဆုပေးပွဲတွင်တော့ သူတို့ တအံ့တသြဖြစ်သွားလိမ့်မည်သာ။ ထိုအချိန်ကြမှ သူတို့ ဆင်ဖြူတော်ကို ကိုးကွယ်လာကြလိမ့်မည်။
အခုလို ဆင်ဖြူတော် တစ်ကောင်အနေဖြင့် ငြိမ်းချမ်ရေး နိုဘယ်ဆု ရရှိစေသည့် ကိစ္စသည် လွယ်တော့ မလွယ်လှ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရဖို့ ငြိမ်းချမ်းရေး ကိစ္စကို လုပ်မှ ဖြစ်မည်။ ငြိမ်းချမ်းရေး ဆိုသည်မှာ မြန်မာပြည် က လူတိုင်း လိုချင်နေသော အရာ။
လက်နက်ကိုင် အဖွဲ့ကြီးငယ် ငါးဆယ်ကျော်ရှိသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေးသည် ခက်ခဲနေသည်။ MPC မှ အကျိုးဆောင်ဟု ခေါ်သော ပွဲစားများဖြင့် ငြိမ်းချမ်ရေး ရရန် လုပ်ဆောင်ပါသော်လည်း နှစ်တွေသာ ကြာပြီး သိပ်အဆင်မပြေလှ။ အခြား ပွဲစားများ ငှားပြီး လုပ်ဆောင် ပါသော်လည်း အခြေအနေမကောင်း။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အပစ်ခဏ ရပ်။ ပွဲပြီးလျှင် ပြန်ပစ်။ ဆွေးနွေးပွဲသည် အနားယူသည့် သဘောဖြစ်နေ သဖြင့် အဆင်မပြေ။
ဟော.... အခုတော့ လူသားတို့ မရယူနိုင်ခဲ့သည့် ငြိမ်းချမ်းရေးကို ဆင်ဖြူတော် က အချိန်တိုတိုလေးအတွင်း ရယူပေးခဲ့လေပြီ။ ၀တ္ထုတစ်ပုဒ် ထဲက စကား ငှားသုံးရလျှင်တော့ တင်မောင်ဆွေမှာ မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ။ ရှမ်းလေးယောက်မှာ အတုံးအရုံး ဆိုသည့် စကား လိုပင်။ ဆင်ဖြူတော်မှာ မည်သို့ မည်ပို့ လုပ်လိုက်သည် မသိ။ ငြိမ်းချမ်းရေးကြီး ရသွားချေပြီ။
ဆင်ဖြူကို လွန်ခဲ့သည့် တစ်လကပင်တွေ့သည်။ တွေ့ပြီး တလပင် မကြာပင် မကြာ။ ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထူးဆန်းပေစွ။ MPC က လူတွေကတော့ အောင့်သက်သက်ဖြစ်ကုန်သည်။
ထိုသတင်းကို စောင်ရေ သန်းချီထုတ်လုပ်သော နိုင်ငံပိုင် သတင်းစာကြီးက ဧပြီ ငါးရက်နေ့တွင် ဦးဦးဖျားဖျား ဖော်ပြလိုက်သည်။ ဆင်ဖြူတော် ရတနာ က ဆောင်ကြဉ်းခဲ့သော နမိတ်ကြောင့် ငြိမ်းချမ်းရေး ရရှိလေပြီ။ ဟူသတဲ့ .။
ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ပေးနေသော ဥရောပက ဒိုနာတွေပင် ကိုယ့်နဖူး ကိုယ်ရိုက်ပြီး “အိုးမိုင်ဂေါ့ခ်” ဟု ရေရွတ်ကာ “ဒီလိုမှန်း သိ MPC က လူတွေကို ဒေါ်လာ အများကြီး ပေးမနေပါဘူး။ ဆင်ဖြူတော် ပဲ တော နင်းပြီး ရှာတာပေါ့” ဟု အချင်းချင်းပြောကြကုန်သည်။
ကဲ.... ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငြိမ်းချမ်းရေးဆိုတာကြီးတော့ ရချေပြီ။ လွန်ခဲ့သည့် ၂ နှစ်ကျော်ကလည်း တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်သည်ဟု ဆိုကာ သမ္မတကြီးဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုပေးမည်ဟု ၂ နှစ်ဆက်တိုက် အသံထွက် လာဖူးလေ သည်။ သို့သော်လည်း တကယ်ပေးတော့ ဦးသိန်းစိန်မရခဲ့။ ထိုကိစ္စကို အစိုးရ အဖွဲ့အနေဖြင့် အခဲမကျေ။ သို့သော်လည်း မတတ်နိုင်။
ဒီနှစ်အတွက်တော့ ဦးသိန်းစိန် မမျှော်မှန်းနိုင်တော့။ ကျောင်းသားသပိတ်ကို ဖြိုခွင်းသည့်ကိစ္စ။ မြို့တော်ခန်းမရှေ့ကိစ္စ။ တိုက်ပွဲများ ကိစ္စတွေကြောင့် ရနိုင်မည်မဟုတ်။ ဒါကြောင့် ဦးသိန်းစိန် မရမည့်အတူတူ ငြိမ်းချမ်းရေးကို ရအောင် ယူပေးခဲ့သည့် ဆင်ဖြူတော်ကိုပဲ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် အမည်စာရင်း တင်သွင်းလိုက်လေတော့သည်။
နိုဘယ်ဆုပေးသည့် အဖွဲ့ကလည်းကလည်း မြန်မာနိုင်ငံက သတင်းများကို မပြတ်ဖတ်ရှုနေရာ ဆင်ဖြူတော်ကြောင့် ငြိမ်းချမ်းရေး ရရှိသည်ဆိုသည့် သတင်းကိုလည်း သိရှိလက်ခံပါ၏။ ဒါကြောင့်လည်း မြန်မာနိုင်ငံက ဆင်ဖြူတော်လေးခမြာ နိုဘယ်ဆုရရှိရန် သေချာသလောက်ရှိနေကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြနေခြင်းဖြစ်ပါ၏။
လက်ရှိ အချိန်တွင်တော့ ဆင်ဖြူတော်ကို ဖမ်းမိသည်မှာ မကြာသေးသဖြင့် ဆင်တို့ တတ်အပ်သော အဌာရသပညာများကို ဆင်ဦးစီးများက ထူးခတ်ပြီး ချွန်းပေါက်ကာ သင်ကြားပေးနေလေ၏။
ထို့ပြင်တ၀ ငြိမ်းချမ်းရေးနိုဘယ်ဆု သွားရောက် ယူရာတွင် စီးနင်းရန် ဆင်ဖြူတော်လေးအတွက် အထူးစပါယ်ရှယ်လေယာဉ်ကို ဘိုးရင်းကုမ္ပဏီက တီထွင်နေပါ၏။ ယင်းလေယာဉ်မှာ နိုဘယ်ဆုယူရာတွင် သွားရောက် စီးနင်းရန် အတွက်သာ မဟုတ်။ ဆုယူပြီးချိန်တွင်တော့ ကမ္ဘာအနှံ့ မငြိမ်းချမ်းသော နေရာများသို့ ဆင်ဖြူတော်က လှည့်လည်ကာ ငြိမ်းချမ်းရေး ရယူပေးမည်ဖြစ်၏။
ထိုအတွက်လည်း ကုလသမဂ္ဂက မြန်မာအစိုးရထံ၌ ဆင်ဖြူတော်ကို ခေတ္တ ငှားရမ်းပါရန် အသနားခံစာ တင်ထားပြီး ဖြစ်သည်။
ဟော.....။ အခုဆိုလျှင်တော့............။ ငြိမ်းချမ်းရေး အမှတ်တံဆိပ်အဖြစ် ထားရှိသော သံလွင်ခက်ကို ချီလာသည့် ဂျိုးငှက် အစား။ ကြံတစ်ချောင်းကို စားနေသည့် ဆင်ဖြူတော်ပုံကို ပြောင်းလဲ အသုံးပြုတော့မည်ဖြစ်၏။
ဆောင်းပါးရှင် - စိုပြေ
ကာတွန်းသရုပ်ဖော် - လဂွန်းအိမ်

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။