Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 1, 2015

သီချင်းရေးတဲ့ အဆိုတော် ညီမင်းခိုင်

♬ ♪ ♬ ♪သီချင်းရေးတဲ့ အဆိုတော် ညီမင်းခိုင် ♬ ♪ ♬ ♪
ရိန်းမိုး ဆိုတဲ့ "မြတ်နိုးခြင်း" ဆိုတဲ့ သီချင်းလေးက အဝေးကနေ လွင့်လာတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး စဉ်းစားမိရင်း တေးရေး၊တေးဆို " ညီမင်းခိုင် " ရဲ့အကြောင်းဆီ ရောက်သွားတယ်။ သူက "လက်ခံမလား" ဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်မထွက်ခင်ကတည်းက သီချင်းတွေ ရေးနေတဲ့ သူတစ်ယောက်ပါ။ ပရိသတ်တွေ သတိထားမိတာဆိုရင် ရတနာမိုင်ဆိုတဲ့ "ပြောခွင့်မရှိလို့" ၊ ၀ိုင်းစုဆိုတဲ့ "ပြန်လာခဲ့ပါ" နဲ့ ရိန်မိုး ဆိုတဲ့ "မြတ်နိုးခြင်း" ဆိုတဲ့ သီချင်းတွေပေါ့။ အဲဒီ့ တေးရေး၊တေးဆို ညီမင်းခိုင်နဲ့ စကားပြောကြည့်မိတော့...
Q.သီချင်းတွေကို ဘယ်ခုနှစ်ပိုင်းလောက်က စရေးခဲ့တာလဲ။
A .သီချင်းရေးတာကတော့ 2003 ခုနှစ်လောက်က စတာ။ အဲဒီ့အချိန်မှာ ကျွန်တော်က ရခိုင်ဘက်မှာပဲ ကျင်လည်နေတာဆိုတော့ ရန်ကုန်ကို 2008 လောက်မှ စရောက်လာတယ်။ အဲဒီ့အချိန်မှာ အခက်အခဲတွေကတော့ အများကြီးပေါ့။ အဆိုတော်တွေဆီကို သီချင်းတွေ သွားပြခဲ့ရတယ်။

Q ဘယ်လိုစေ့ဆော်မှုတွေကြောင့် သီချင်းတွေ ရေးဖြစ်ခဲ့တာလဲ။
A ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ရဲ့မွေးရာပါ ဗီဇလို့ဘဲ ပြောရမှာပေါ့။ ကျွန်တော် ငါးတန်း လောက်ကတည်းက ရည်မှန်းချက်က နှစ်ခုပဲ ရှိတယ်။ တစ်ခုက တေးရေး၊တေးဆို တစ်ယောက်ဖြစ်ရမယ်။ အဲဒါ မဖြစ်လာခဲ့ရင် နိုင်ငံခြားသွားပြီး အလုပ်လုပ်မယ်ပေါ့။ ရှစ်တန်းနှစ်မှာ သီချင်းစရေးခဲ့တယ်။ ဒါပေမယ့် သီချင်းတစ်ပုဒ်ရယ်လို့ မယ်မယ်ရရဖြစ်မလာခဲ့ဘူး။ ဒီ "ညီမင်းခိုင်" ဆိုတဲ့ နာမည်ကလည်း ရှစ်တန်းနှစ်လောက်ကတည်းက ကိုယ့်ဟာကိုယ် မှည့်ထားတာ။ သီချင်းရယ်လို့ သေသေချာချာ ရေးဖြစ်တာက အသက် 17 နှစ်ကျော်ကျော်လောက်မှပါ။ အခုနောက်ပိုင်းတော့ အဲဒီ့တုန်းက သီချင်းတွေက ကလေးသီချင်းတွေ ဖြစ်နေပြီပေါ့။

Q ဘယ်တေးရေးဆရာတွေကို ညီမင်းခိုင် ဘ၀မှာ Admire ဖြစ်ခဲ့လဲ။
A တေးရေးဆရာထဲမှာ ဦးစိုင်းခမ်းလိတ်ကို အရမ်းကြိုက်ခဲ့တယ်။ သူရေးပြီး ဦးစိုင်းထီးဆိုင် ဆိုတဲ့ သီးချင်းတွေနဲ့ပဲ ကျွန်တော်တို့ ဂစ်တာ စသင်ခဲ့ရတာပါ။ နောက်ပိုင်းလူတွေထဲမှာကျတော့ ကိုမောင်မောင်ဇော်လတ် နဲ့ ကိုအယ်ဖြူတို့ကို အရမ်းအားကျတယ်။ လောလောဆယ် ကြိုက်နေတာကတော့ ကိုရယ်ဂျီပေါ့။

Q ရန်ကုန်ရောက်ပြီး ဘယ်သူ့ကို သီချင်းစရောင်းဖြစ်လဲ။
A စရောင်းဖြစ်တာက မိုင်လေး (ရတနာမိုင်) ကိုပါ။ သူက ကိုယ့်ရခိုင်တိုင်းရင်းသားချင်းလည်းဖြစ်တယ် ဆိုပြီး သူ့ကို အားကိုးတကြီးနဲ့ သီချင်းသွားပြတော့ သူကကြိုက်တယ်။ သူကစပြီး ကျွန်တော့်သီချင်းကို Professional အနေနဲ့ ရွေးတယ်။ သူ့ရဲ့ "မရှိမဖြစ်" စီးရီးထဲမှာ ကျွန်တော့်ရဲ့ (ပြောခွင့်မရှိလို့) ဆိုတဲ့ သီချင်းလေးပါသွားတယ်။ အဲ့ဒီ့ကြားထဲမှာ အများကြီးရောင်းခဲ့ရသေးတယ်။ ၀ိုင်းစု (၀ိုင်းစုခိုင်သိန်း) နဲ့တွေ့တာက 2010 ကျမှပေါ့။

Q လောလောဆယ် ဘယ်သူ့ကို သီချင်းတွေ ပေးထားလဲ။
A ရောင်းပြီးသားထဲက မထွက်သေးတာဆိုရင် Lဆိုင်းဇီ၊ မဖြူဖြူကျော်သိန်း၊ ၀ိုင်းစု၊ မရှင်ဖုန်း၊ Nကိုင်ရာနဲ့ မိုင်လေးတို့ရှိမယ်။ တခြားအသစ်တွေ အများကြီးကိုလည်း ရေးပေးထားတယ်။ ၀တီရဲ့အခွေထဲမှာ 12 ပုဒ်တောင် ရေးပေးထားတယ်။ မခွန်းဆင့်နေခြည်တို့လည်း ထွက်သွားပြီ။

Q ညီမင်းခိုင်ကို သတိထားမိသွားစေတဲ့ သီချင်းတွေက ဘယ်သီချင်းတွေလဲ။
A ကျွန်တော့်ကို ပရိတ်သတ်သတိထားမိတာဆိုရင် မိုင်လေးဆိုထားတဲ့ (ပြောခွင့်မရှိလို့) နဲ့ ၀ိုင်းစု ဆိုတဲ့ "မျက်လှည့်" ထဲက "ပြန်လာခဲ့ပါ" ပေါ့။ ပြီးရင် ရွှေ FM မှာ ကိုရိန်းမိုးဆိုတဲ့ "မြတ်နိုးခြင်း" သီချင်းလေးကိုလည်း သိကြတယ်လို့ထင်တယ်။

Q ညီမင်းခိုင်ဆီကို သီချင်းအပ်တာက မိန်းကလေး အဆိုတော်တွေ ပိုများလား။
A .နောက်ပိုင်းတော့ မိန်းကလေး သီချင်းတွေ ရေးရတာပိုများတယ်ဗျ။ ကျွန်တော် ရောင်းပြီးသားတောင်မှ သီချင်းအပုဒ်ရေ 60 လောက်ရှိတယ်။

Q အခုလိုမျိုး သီချင်းတွေရေးနိုင်ဖို့ ညီမင်းခိုင်အတွက် အဓိကလောင်စာက သီချင်းနားထောင်တာလား၊ စာဖတ်တာလား၊ ရုပ်ရှင်ကြည့်တာလား။
A .စာတော့ သိပ်မဖတ်ဖြစ်ဘူး အစ်ကို။ အဓိကကတော့ သီချင်းတွေနားထောင်တာပါမယ်။ ငယ်ငယ်ကတည်းက သီချင်းတွေ ရေးချင်တဲ့ ဗီဇကလည်း ပါလာတယ်။ ရုပ်ရှင်တွေလည်း ကြည့်ဖြစ်ပါတယ်။

Q ဖျက်ခနဲ ရလိုက်တဲ့ အတွေးလေးတွေ အကြောင်းအရာလေးတွေကို မှတ်ထားလေ့ရှိလား။
A .Record တော့လုပ်လေ့လုပ်ထမရှိဘူး။ သီချင်းရေးဖို့ ဒီနေ့ Mood လာရင် ဒီနေ့ ဂစ်တာကောက်ကိုင်ပြီးရေးတယ်။ နောက်မှ လိုအပ်တာတွေ ပြန်ဖြည့်တယ်။ တစ်ထိုင်တည်းနဲ့ ရေးပြီးသွားတဲ့ သီချင်းတွေလည်းရှိတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ထဲမှာ ပါတဲ့ "နွယ်နီ" သီချင်းဆိုရင် 2004 မှာရေးခဲ့တာ။ ကျောင်းတုန်းကဆိုရင် အဲ့ဒီသီချင်းကို ကျွန်တော်က တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ အရူးတစ်ယောက်လို ဆိုပြခဲ့ဖူးတယ်။

Q ညီမင်းခိုင်ရေးတဲ့ သီချင်းတွေကို ဂရုစိုက်ပြီး နားထောင်ပေးတဲ့ ပရိသတ်တွေအတွက်စကား။
A အဲဒီ့ ပရိသတ်တွေက အနုပညာပြည့်ဝတဲ့ ပရိသတ်တွေလို့ ကျွန်တော်ယူဆတယ်။ တချို့ ပရိသတ်တွေက ကန့်လန့်ကာ နောက်ကလူကို မကြည့်ဘူးလေ။ ကျွန်တော်လည်း အဲဒါလေး ပြောချင်တယ်။ ဟိုတစ်နေ့က ကျွန်တော့်ကို အင်တာဗျူးတဲ့သူက "၀ိုင်းစု သီချင်းကို ကြိုက်တယ်... အဲဒါ အစ်ကိုရေးထားတာလားတဲ့.." အဲလိုပြောရင်းနဲ့မှ သိသွားတာမျိုး မဖြစ်စေချင်ဘူး။ အနုပညာကို တကယ်နှစ်သက်တဲ့လူက ဒီအနုပညာကို ဘယ်သူဖန်တီးထားတာလဲ။ ဘယ်သူကဆိုပြီး ဘယ်တီးဝိုင်းက တီးပေးထားတာလဲဆိုတာ အားလုံးကို စိတ်ဝင်စားတက်တယ်။ ဘယ်တေးရေးဆရာပဲရေးရေး ဘယ်အဆိုတော်ပဲဆိုဆို သီချင်းတစ်ပုဒ်ကောင်းလို့ ကိုယ်နှစ်သက်တယ်ဆိုရင် ဒီသီချင်းကို ပုံဖော်ဖန်တီးထားတဲ့ သူတွေအကုန်လုံးကို အသိအမှတ်ပြုစေချင်ပါတယ်။ ဒါက ပရိသတ်တွေကို ကျွန်တော်ပြောချင်တဲ့စကားပါ။

from fashion magazine
special thanks to Myanmar Pyi Thar
*******************************.....******************************
လက်ခံမလား download linkတွေပါ။

Link1➳ http://www.solidfiles.com/d/50b4d73357/Nyi_Min_Khine.rar
Link 2 http ://drive.google.com/folderview?id=0B494pDoFHuIqZTM0NjVmZTgtZjJkOS00MzBmLWI2MTMtZmE5MThkZGE1MWJm&usp=sharing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။