Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 7, 2015

အင်းစိန်ထောင်ထဲက အခြေအနေ နေရာထိုင်ခင် စုတ်ပြတ်လွန်းဟု ထောင်ကျခံ နယူဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိခင် ပြောကြား

 
 
အင်းစိန်ထောင်ထဲက အခြေအနေ နေရာထိုင်ခင် စုတ်ပြတ်လွန်းဟု ထောင်ကျခံ နယူဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိခင် ပြောကြား
---------

ဗုဒ္ဓပုံတော်တွင် နားကြပ်တပ်ထားပုံကို ဖေ့စ်ဘုတ်တင်မိသဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၂နှစ်ခွဲ ကျခံနေရသည့် နယူးဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်၏ မိဘများဖြစ်သော ဘရိုင်ယန်နှင့် အိန်ဂျယ်လာတို့က အင်းစိန်ထောင်အတွင်း အခြေအနေများကြောင့် အကျဉ်းကျခံနေရသည့် သားဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း အေဘီစီ သတင်းဌာနသို့ ပြောကြားသည်။
...
ဘရိုင်ယန်ဘလက်ဝုဒ်က “သူဟာ သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်ရပြီး အိပ်ယာခင်းက မွေ့ယာနဲ့ ခေါင်းအုံးတွေ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ ဘရိုင်ယန်က “ကျွန်တော်တို့ ရက်ပေါင်း ၅၀ လောက် ကြိုးစားပြီးမှ သူ့ဆီကို စောင်တစ်ထည်ပို့နိုင်ခဲ့ပြီး ခင်းအိပ်ဖို့ သုံးနိုင်ခဲ့ ပါတယ်။ နောက်ထပ် စောင်တစ်ထည်ထပ်ပို့နိုင်ခဲ့တော့ ခေါက်ပြီး ခေါင်းအုံး လုပ်လို့ရပါတယ်” ဟု ဆိုသည်။
“အကျဉ်းခန်းထဲမှာ အိမ်သာအဖြစ် ကြမ်းပြင်မှာ အပေါက်တစ်ပေါက် ဖောက် ထားပြီး သန့်ရှင်းရေးလုပ်ဖို့ ရေတစ်ပုံးပဲ ရပါတယ်။ ပိုးမွှားအကောင်တွေရဲ့ ကိုက်ခဲမှုကိုလည်း အချိန်နဲ့ မလပ် သူခံစားနေရတာ လေးလကျော်ခဲ့ပါပြီ။ သူခံစားနေရတာရဲ့ တစ်ဝက်လောက်တောင် ကျွန်တော်တို့ နားမလည်နိုင် ဘူးလို့ ထင်ပါတယ်” ဟု ဘရိုင်ယန်က ထပ်လောင်းပြောကြားသည်။
ဖိလစ်၏ဇနီးနာအိုမီအယ်လ်မိုနှင့် ၄င်းတို့၏ ၇ လအရွယ် သမီးငယ်တို့မှာ ၁၄ ရက်လျှင် တစ်ကြိမ် ဖိလစ်နှင့်တွေ့ဆုံခွင့်ရသည်ဟု ဆိုသည်။ ၄င်းက “ဖိလစ်ရဲ့ ကျန်းမာရေးဟာ ကျွန်တော်တို့ ပထမဦးစားပေး စိုးရိမ်ရတာပါ။ သူ့မှာ ပန်းနာရင်ကျပ်ရှိပြီး ရာသီဥတု ပူတာကလည်း သူ့ရောဂါကို ဆိုးရွားလာစေပါတယ်” ဟု ဘရိုင်ယန်က ပြောကြားခဲ့သည်။
ဖိလစ်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းကို ယူကျုံးမရဖြစ်နေသည်ဟု မိခင်ဖြစ်သူ အိန်ဂျယ်လာကဆိုသည်။ “ကျွန်မ အိပ်ယာဝင်ချိန် သက်တောင့်သက်သာရှိတဲ့ အိပ်ယာထဲမှာ အိပ်နေချိန်တိုင်း ဖိလစ် သစ်သားကွပ်ပျစ်ပေါ်မှာ အိပ်နေတာ ကို မြင်ယောင်နေပါတယ်။ သူ့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ရောဂါကူးစက် မှုတွေ အပေါ် စိုးရိမ်မိပါတယ်။ သိတဲ့အတိုင်း အဲဒီအကြောင်း စဉ်းစားရင် စိတ်ပူစရာတွေ ပိုများလာပါတယ်” ဟု အိန်ဂျယ်လာက ပြောကြားခဲ့သည်။
ဖိလစ်မှာ မတ် ၁၇ တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများက ထိုပြစ်ဒဏ်အား လွတ်လပ်စွာ ဖော်ပြခွင့်ကို ဖိနှိပ်ခြင်း အဖြစ် ကန့်ကွက်ခဲ့ပြီး ထိုအမှုတွင် အဖမ်းခံရသူ ဖိလစ်အပါအ၀င် ၃ ဦး ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဖိလစ်မှာ ဖေ့စ်ဘုတ်တွင်တင်ခဲ့သည့် ပုံအား ဒေါသတကြီး တုံ့ပြန်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ပုံကို ပြန်လည်ပယ်ဖျက်ကာ အွန်လိုင်းနှင့် တရားရုံး တွင် အကြိမ်ကြိမ် တောင်းပန်မှုပြုလုပ်ခဲ့သည်။
သို့သော် တရားသူကြီးဦးရဲလွင်က ဖိလစ်မှာ ဘာသာတရားကို ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။ ဖိလစ် ဘလက်ဝုဒ်၏ မိဘများက သားဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် အွန်လိုင်းအရေးဆိုမှုတစ်ခုကို ပြုလုပ်လျက်ရှိသည်။
မိခင်ဖြစ်သူ အိန်ဂျယ်လာက "မြန်မာပြည်က အကောင်းဆုံး ထောင်လို့ ဆိုတဲ့ ရန်ကုန်မြို့ က အင်းစိန်ထောင်ထဲက အခြေအနေ နေရာထိုင်ခင်းဟာ စုတ်ပြတ် လွန်းပါတယ်။ သူ့အနေနဲ့ ထောင်ချခဲ့ရမယ်ဆိုရင်လည်း ကျန်ရှိနေသေးတဲ့ နေရက်တွေကို နယူးဇီလန်နိုင်ငံက ထောင်ထဲမှာပဲ ကျခံစေချင်ပါတယ်။ အခု ကျမသားဟာ သူရဲ့ လူ့အခွင့်အရေး ထိခိုက်ပြီး လူ့သိက္ခာကိုပါ ကျဆင်းစေတဲ့ အခြေအနေနဲ့ ကြုံ တွေ့နေရပါတယ်" ဟု အေဘီစီသတင်းဌာန အား ပြောကြားခဲ့သည်။
The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။