Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 11, 2015

ရွှေရတု စိုင်းထီးဆိုင်"

 
ရွှေရတု စိုင်းထီးဆိုင်"
===============
{တွေ့ဆုံမေးမြန်းသူ - ဇောရိုး}
သရဖူ မဂ္ဂဇင်း (August 2000)
 

ဘဝနဲ့ အနီးစပ်ဆုံး ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် အောင်မြင်ထင်ရှားခဲ့သည့် ရှမ်းအမျိုးသား အဆိုတော် စိုင်းထီးဆိုင် ၏ ဘဝခရီးသည် လာမည့် စက်တင်ဘာ ၂၃ ရက်၊ ၂၀၀၀ ပြည့်နှစ်တွင် "ရွှေရတု" သို့ တိုင်ခဲ့လေပြီ။

စိုင်းထီးဆိုင် (ခေါ်) စိုင်းတင်ဦးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊
လင်းခေးမြို့ ၌ အဖ ဦးနန္ဒာ၊ အမိ ဒေါ်နန်းရင်တို့မှ မွေးဖွားခဲ့ပြီး သားသမီး ငါးဦးအနက် အကြီးဆုံးသား ဖြစ်သည်။ မွေးချင်းများမှာ ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိမ်းထွေးနှင့် ညီထွေး (စိုင်းအောင်ထီးခမ်း) တို့ ဖြစ်ကြသည်။

လွယ်လင် သာသနာပြုကျောင်းတွင် စတင် ပညာသင်ကြားခဲ့သည်။ အလယ်တန်း၊ အထက်တန်းပညာကို အ.ထ.က ၄ တောင်ကြီး (ယခင် နေရှင်နယ် ခရစ်ယာန် ဟိုက်စကူးကျောင်း) တွင် သင်ကြားခဲ့ပြီး လင်းခေး အ.ထ.က မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ မန္တလေး တက္ကသိုလ်၌ ဆိုက်ကိုမေဂျာ နောက်ဆုံးနှစ်အထိ တက်ရောက်သင်ကြားခဲ့ပြီး၊ ၁၉၇၄ - ၇၅ ခုနှစ်တွင် "သဘာဝ" တေးသီချင်းခွေဖြင့် ဂီတအနုပညာလောကသို့ အဆိုတော် ဂီတသမားအဖြစ် စတင် ဝင်ရောက်လာခဲ့သည်။ "ပျောက်ဆုံးနေသော နိဗ္ဗာန်" အခွေမှ 'မန္တလေးရောက် ရှမ်းတစ်ယောက်' သီချင်းဖြင့် လူသိများခဲ့ပြီး ကိုယ်ပိုင်သံစဉ် တေးစီးရီးခွေပေါင်းများစွာနဲ့ သီချင်းပုဒ်ရေ ၇၀၀ ကျော်ကို သီဆိုခဲ့ပြီး ဖြစ်သည်။

စိုင်းထီးဆိုင်၏ ဘဝခရီး နှစ် ၅၀ ရောက်ရှိချိန်တွင် သူ၏ အနုပညာခရီးမှာလည်း နှစ်ဆယ့်ငါးနှစ် (ငွေရတု) သို့ ရောက်ခဲ့လေပြီ။ စိုင်းထီးဆိုင် အနေဖြင့် သူကိုယ်တိုင် ရေးသားသီဆိုခဲ့သည့်အထဲမှ စိတ်ကြိုက်သီချင်းများကို ရွေးထုတ်၍ ရွှေရတု အထိမ်းအမှတ်အတွက် နာမည်ကြီး အဆိုတော် ၇ ယောက်နဲ့အတူ The Wild Onces တေးဂီတအဖွဲ့နဲ့ နဝရတ် စတူဒီယို၌ အသံသွင်းယူနေချိန်တွင် စာရေးသူမှ သွားရောက်၍ မေးခဲ့သည်များကို ဂီတချစ်သူ ပရိသတ်များအတွက် အမှတ်တရ တင်ပြလိုက်ရပါသည်။

Q - ကိုထီးအနေနဲ့ အဆိုတော်မဖြစ်ခင်၊ ဂီတနဲ့ ပတ်သက်ပြီးတော့ ဘယ်အချိန်လောက်က စပြီး လုပ်ခဲ့ပါသလဲ??

A - ဂီတကို ဝါသနာပါတယ်ဆိုတာတောင် တချို့ ကလည်း မွေးရာပါတော့ ရှိတာပေါ့။ ကျွန်တော့်မှာတော့ အနုပညာမျိုးရိုးလည်း မရှိဘူး။ ကျွန်တော် လူမှန်းသိတတ်တဲ့အချိန် ကျောင်းစာ စသင်တဲ့အချိန်မှာ ကျွန်တော့်ကို တခြားဟာနဲ့ ချော့လို့ မရဘူး။ တူရိယာပစ္စည်းနဲ့ဆိုရင်တော့ ဘာဖြစ်ဖြစ် ချော့လို့ ပြုလို့ရတယ်။ နောက်ပိုင်း ဂစ်တာလေး နည်းနည်း စတီးတတ်တဲ့အချိန်မှာ အတန်းသားတွေနဲ့ စုပြီး ကျောင်းကပွဲတွေမှာ တီးခဲ့တာ ရှိပါတယ်။ ယဉ်ကျေးမှု ယိမ်းအကတို့ဘာတို့မှာ နောက်ခံ ဆိုပေးတာတို့၊ သူများ ဆိုထားတဲ့သီချင်းလေးတွေ ပြန်ဆိုပြတာတို့၊ ကိုယ့်အရည်အချင်း ရှိရင် ရှိသလို ကျွန်တော်တို့ ကျောင်းက မြေတောင်မြှောက်ပေးပါတယ်။ တောင်ကြီး NCS ပေါ့လေ။ အမှတ် ၄ အ.ထ.က ဆိုရင် လူတိုင်း တော်တော် သိပါတယ်။ အတီးသမား၊ အဆိုသမား တော်တော်ထွက်တဲ့ ကျောင်းလို့ သတ်မှတ်ကြပါတယ်။

Q - အဲဒီတော့ တေးဂီတလောကကို စပြီး ဝင်ရောက်လာတဲ့အချိန်နဲ့ ဝင်ရောက်လာပုံလေးကို ပြောပြပါဦး??

A - ကျွန်တော် မန္တလေးတက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်မှာ ပလေးဘွိုင်းက သီချင်းတွေ 'ခေါက်ထား' တို့၊ 'ဂရုမစိုက်' တို့ ဘာတို့ ပေါ်နေတဲ့ အချိန်မှာ ကျွန်တော်က နားထောင်နေရတဲ့အချိန်မှာပေါ့။ ရုတ်တရက် သီချင်းတစ်ပုဒ်ကလည်း ပါလာတယ်။ အဲဒါက ကျွန်တော်တို့ ဆရာစိုင်းခမ်းလိတ် ရေးထားတဲ့ ရှမ်းသီချင်းတစ်ပုဒ်ကို "လယ်သူမလေးချစ်သူ" ဆိုပြီး စာသားလေး ထည့်ဆိုထားတာကို ကြားလိုက်ရတာပေါ့လေ။ အဲဒီမှာ ကျွန်တော်တို့ တီးချင်၊ ဆိုချင်စိတ်တွေ ဖြစ်လာတယ်။ ဆရာကလည်း ဒီ့ထက်မက ရေးနိုင်ပါတယ်ပေါ့လေ။ ရှမ်းလို ရေးနေတယ်ဆိုတာက အမျိုးသားရေးတာဝန်တစ်ခုအနေနဲ့ ရှမ်းစာ မတတ်သူ ပပျောက်ရေး ကိစ္စတွေမှာ အထောက်အကူပြုအောင် ဆိုပြီးတော့ ရေးတာ။ အဲဒါတွေက ပေါ်ပြုလာသီချင်းတွေ ဖြစ်လာလိမ့်မယ်လို့တော့ မထင်ဘူးပေါ့။ သူ ရေးမယ်ဆိုတဲ့အချိန်မှာ ဆိုဖို့ အသံသွင်းဖို့ လူက လိုလာတယ်။ အဲဒီအချိန်မှာ သူ့ညီ 'စိုင်းခမ်းသီ' နဲ့ ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ထားတာရှိတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ဘုရားကျောင်းတို့ ကျောင်းကပွဲတို့မှာ တီးတာ။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့အခါကျတော့ သူ့ညီနဲ့ ကျွန်တော်နဲ့ ဆိုမယ်ပေါ့။ ပထမစီးရီးမှာတော့ 'စိုင်းခမ်းသီ' က ဒရမ်တီးရတဲ့အတွက် အတွေ့အကြုံနဲ့ လေ့လာစရာ များသေးတယ်ဆိုပြီး မဆိုဖြစ်ဘူး။ နောက်ပိုင်းမှ သူဆိုပါတယ်။ The Wild Onces ဆိုတာကလည်း အဲဒီက စပြီး ဖြစ်လာတာပါ။ ဆရာစိုင်းခမ်းလိတ်နဲ့ ကျွန်တော်တွဲနေတဲ့အချိန် သူ့ညီနဲ့ ကျွန်တော်တို့ The Wild Onces အဖွဲ့သားဖြစ်လာမယ့် ဂျော်နီတို့၊ ဂျက်ဆင်တို့၊ ခွန်မျိုးလွင်တို့၊ စောသိမ်းဝင်းတို့ သူငယ်ချင်းတစ်စုပေါ့။ ဒီလူတွေ အားလုံး မန္တလေးတက္ကသိုလ်မှာ လာပေါင်းမိတဲ့အချိန်ကျတော့ တစ်ဖွဲ့တည်းဖြစ်သွားပြီး The Wild Onces ကို တည်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာခမ်းလိတ်က 'သဘာဝရဲ့  ရင်သွေးငယ်လေး' ဆိုတဲ့ သီချင်းလည်း ရေးပြီးသွားပြီ။ အဲဒီသီချင်းနာမည်လေးလည်း ကြိုက်တယ် ဆိုပြီးတော့ ... အဲဒါ ၁၉၇၄ - ၇၅ ခုနှစ်အတွင်းမှာပါ။

-----------။-------------
(အပိုင်း ၂ ဆက်ရန်ရှိသေးသည်)

\m/ Welcome to Rock 'n' Roll \m/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။