Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 3, 2015

Ice-Cream band

 
 
ROCK ဂီတ မျိုးဆက်သစ်
Ice-Cream band

ဂီတလောကဟာ အခုချိန်မှာ ခိုးကူးတွေကြောင့် မတည်ငြိမ်ပေမယ့် ဂီတလောကသားတွေကတော့ ပရိသတ်အတွက်ဆိုတဲ့ အနုပညာခွန်အားနဲ့ အားတင်း ရပ်တည်နေကြပါတယ်။ ဂီတလောကထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ မျိုးဆက်သစ် လူငယ်အဖွဲ့လေးတွေကလည်း အများအပြားပါပဲ။ အဲဒီထဲကမှ ဆယ်ကျော်သက် လူငယ်များနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ Ice-Cream ဆိုတဲ့ Rock ဂီတ မျိုးဆက်သစ် Boy Band လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးချင်တာကြောင့် အခုလို တွေ့ဆုံခြင်း ဖြစ်ခဲ့ပါတယ်။
ပထမဦးဆုံး Ice-Cream ဆိုတဲ့ Band လေး ဖွဲ့ဖြစ်သွားပုံကို ပြောပြပါဦး။
ကျွန်တော် ( ရန်လေး ) နဲ့ အခု Drum သမား လင်းထက်က ဒဂုံ ( ၁ ) ကျောင်း သံစုံအဖွဲ့ကဗျ။ အရင်တုန်းက ကျွန်တော်တို့ Vocal သမားက Show ဆိုဖို့ လာခေါ်ရင်းနဲ့ အဲဒီမှာ စတီးဖြစ်ရင်းနဲ့ အဖွဲ့ ဖွဲ့ဖြစ်တာပါ။ အဲဒီတုန်းက အဖွဲ့နာမည်က Ice-Cream မဟုတ်သေးဘူး ။ Unknown ဆိုတဲ့နာမည်နဲ့ပါ။ နောက်မှ Ice-Cream ဆိုပြီး ဖြစ်လာတာပါ။

Ice-Cream Band ရဲ့ Player တွေကို ပြောပြပါဦး ။
မြိတ်သားက Second Lead နဲ့ Backing Guitar တီးတယ် ။ Drum က လင်းထက်၊ ရဲရင့်က Bass Guitar တီးတယ်။ Lead Guitar ကိုတော့ ကျွန်တော်ကတီးတယ်။

ညီလေးတို့ Ice-Cream Band ရဲ့ လက်ဦး ဆရာတွေကရော ......။
ကျွန်တော်တို့ အဖွဲ့ကို အဓိက ဦးဆောင်ပြီး သင်ပေးခဲ့တာက အခု ကျွန်တော်တို့ဝိုင်းက Bass သမားရဲ့အဖေ ဦးမောင်မောင်အေးပါ။ သူက ကျွန်တော်တို့ ကျောင်းသံစုံတီးဝိုင်းမှာကတည်းက ကျွန်တော်တို့ရဲ့ဆရာပါ။ အုပ်ချုပ်တာကတော့ သီးသန့်မန်နေဂျာတွေက အုပ်ချုပ်ပါတယ်။

ဒီ Ice-Cream အဖွဲ့က Drum တီးတဲ့ လင်းထက်က ဆို၊ က၊ ရေး၊ တီး မှာ ဆုတွေရခဲ့သေးတယ်နော်။ ဒီလို မြန်မာသံစဉ်ဘက်ကနေ အခု ဒီခေတ် ဂီတ အပေါ် ရောက်ဖြစ်ပုံကရော ...။
ဆို၊ က၊ ရေး၊ တီး မှာ အစက ကျွန်တော်က အက ပြိုင်တယ် ။ နောက်ကျမှ ဆိုင်းပြိုင်တယ်။ ဆုတွေလည်း ရဖူးပါတယ်။ ဒီဘက် ပြောင်းဖြစ်တာက ကျွန်တော်က ဂီတမိတ်မှာ တက်တယ်။ စတက်တော့ ကျွန်တော် စန္ဒရားသင်ရတယ်။ ( ၆ ) လလောက်ကို သင်လိုက်ရတယ်။ အဲဒီကမှ Drum ဆရာရောက်လာတော့ ကျွန်တော်ကလည်း I.C က ကိုခရမ်းရဲ့တီးချက်တွေကိုကြိုက်ပြီး Drum ကို ရူးနေတဲ့အချိန်ဆိုတော့ စန္ဒရားကိုမသင်တော့ဘဲ Drum ကိုပဲ သင်ဖြစ်သွားပြီး ဒီ ဂီတဘက်ကို ရောက်လာတာပါ။

ဒီ Ice-Cream အဖွဲ့ကလူတွေ အခုလို စုစည်းဖြစ်သွားပုံလေးကရော .....။
အရင်တုန်းက Bass သမားက အခု တစ်ယောက် မဟုတ်ဘူး။ အခြားတစ်ယောက် ရှိတယ်။ သူထွက်သွားတဲ့အချိန်မှာ ကျွန်တော်တို့က Show ပွဲတစ်ပွဲ ဆိုမယ့်အချိန်နဲ့တိုက်ဆိုင်နေတော့ Bass သမား အရမ်းလိုနေတဲ့အခါမှာ ကျွန်တော့ဆရာကို အကူအညီတောင်းတော့ ဆရာကသူ့သားကို ( ၆ ) လအတွင် Bass အပြတ်သင်ပေးပြီး မင်းတို့ဝိုင်းမှာ သွင်းပေးမယ်ဆိုပြီး ရဲရင့် ဝင်ဖြစ်လာတာပါ။ နောက်မှ Second Lead နဲ့ Backing Guitar တီးဖို့ မြိတ်သားကို ခေါ်ဖြစ်တာပါ။ Drum သမား လင်းထက်နဲ့ ကျွန်တော်နဲ့ကတော့ အစကတည်းက သူငယ်ချင်းတွေပါ။

ညီလေးတို့ Band က လူတွေက ငယ်သေးတယ်ဆိုတော့ ကျောင်းပညာရေး အခြေအနေတွေကရော ... ။
ကျောင်းပညာရေး အနေနဲ့ Drum သမားက ဒီနှစ် ( ၁၀ ) တန်း ၊ Vocal သမားဖြစ်တဲ့ ကျွန်တော်ရယ် ၊ Guitar သမား မြိတ်သားရယ်ကတော့ ( ၁၀ ) တန်း ပြီးသွားပါပြီး။

Ice-Cream အနေနဲ့ သီချင်း ဘယ်နှစ်ပုဒ်လောက် သွင်းပြီးပြီလဲ ...။
အပုဒ် သုံးဆယ်ကျော်လောက် ရှိပါပြီ။

ပွဲတွေမှာရော ညီလေးတို့ရဲ့အခွေကြမ်းတွေကို ဝေဖြစ်သလား ...။
အများစုကတော့ ဝေဖြစ်တာများပါတယ်။ ပွဲအခြေအနေကြည့်ပြီး ဝေဖြစ်တာပေါ့။ အဓိက အခွေပရိုမိုးရှင်းပွဲတွေမှာ ဝေဖြစ်တာများတယ်။ ကိုကျားပေါက်ရဲ့ AD 3000 အခွေ ပရိုမိုးရှင်း ပွဲမှာလည်း ဝေဖြစ်ခဲ့ပါတယ်။

ကျားပေါက်နဲ့ပတ်သက်တဲ့ ပွဲတွေမှာ Ice-Cream ကို အတွေ့များတယ်နော်။ညီလေးတို့က ကျားပေါက်နဲ့ ဘယ်တုန်းလောက်က စပြီး ရင်းနှီးခဲ့တာလဲ ...။
ကိုကျားပေါက်ကို ကျွန်တော်တို့ အဖွဲ့စဖွဲ့ကတည်းက သိတာ။ သူရဲ့သီချင်းတွေကို အရမ်းကြိုက်ရင်းကနေ ကိုကျားပေါက်နဲ့ အရမ်းခင်သွားတာပါ။

ဒီ Ice-Cream Band ဝိုင်းတော်သားများရဲ့ ဂီတအပေါ်မှာထားတဲ့တစ်ဦးချင်းစီရဲ့ ခံယူချက်လေးတွေကို ပြောပြပေးပါဦး ... ။
ရန်လေး { Vocal }
ကျွန်တော်ကတော့ အစက Player သမားဗျ။ အခုမှ Vocal ဘက် ရောက်သွားတာပေါ့။ ကျွန်တော် အကြိုက်ဆုံးလိုင်းကတော့ Rock ပေါ့ဗျာ။ ဒီတော့ ကျွန်တော့အနေနဲ့ Rock ဂီတကို အခြေခံပြီး ပရိသတ်အတွက် သီချင်းအသစ်တွေ ဖန်တီးပြီး အကောင်းဆုံး သီဆိုသွားမယ်လို့ ရည်မှန်းထားပါတယ်။

မြိတ်သား { Guitar }
တခြား ဂီတတွေလည်း သူ့ဟာနဲ့သူ ကောင်းကြတာပေါ့။ ဒီတော့ ကျွန်တော်လည်း ကျွန်တော်ကြိုက်တဲ့ ဂီတနဲ့ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ခံယူထားပါတယ်။

ရဲရင့် { Bass Guitar }
ကျွန်တော်လည်း ဒီဂီတကို ကြိုက်တယ်။ ဒီတော့ ဒီဂီတနဲ့ အောင်မြင်အောင်လုပ်မယ်လို့ ခံယူထားပါတယ်။

လင်းထက် { Drum }
ကျွန်တော့်မှာ ဂီတနဲ့ပတ်သက်ပြီး လုပ်ချင်တဲ့ အိပ်မက်လေးတွေရှိတယ်။ ဒီ Rockတို့ Punkတို့နဲ့ မြန်မာဂီတကိုပေါင်းစပ်ပြီး အဆန်းအသစ်လေးတွေ လုပ်ချင်တဲ့ရည်ရွယ်ချက်လေးတွေ ရှိပါတယ်။

ပြည်တွင်း ပြည်ပမှာ ညီလေးတို့ လေးစား အားကျရတဲ့လူတွေကရော ဘယ်သူတွေပါလဲ ...။
ကျွန်တော်တို့က ပြည်ပကဆိုရင် အားလုံးကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီက တီးတဲ့လူတွေက တော်တော်ကောင်းတယ်။ တချို့ အသက်ငယ်ငယ်လေးနဲ့တီးတာတောင် အဆင့်မြင့်တယ်။ ပြည်တွင်းမှာဆိုရင် I.C တို့ Big Bagတို့ ကြိုက်ပါတယ်။ ဒီ လေးကလည်း ကိုကျားပေါက်ကို အားကျပြီး ဖြစ်လာတာပါ ။

Ice-Cream အနေနဲ့ ရှေ့ဆက်ပြီး ဒီအဖွဲ့သား ( ၄ ) ယောက်နဲ့ပဲ ဆက်ချီတက်သွားမှာလား။
ဟုတ်ကဲ့။ ရှေ့ဆက်သွားမယ့် ဂီတခရီးမှာ ဒီ ( ၄ ) ယောက်နဲ့ပဲ ဆက်လက် လက်တွဲချီတက်သွားမှာပါ။

ဒါနဲ့ ညီလေးတို့ အခွေကြမ်းလုပ်ထားတဲ့ သီချင်းအပုဒ် ( ၃၀ ) ကျော်ကရော Owne Tune တွေပဲလား ...။
ဟုတ်ကဲ့ ။ အကုန်လုံး ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။

ဒီသီချင်းတွေကိုရော အဖွဲ့သားအားလုံး ရေးကြတာလား ... ။
အားလုံးရေးတာထက်စာရင် ကျွန်တော် ( ရန်လေး ) နဲ့ Drum သမား လင်းထက်တို့ရေးထားတာ ပိုများပါတယ်။

ဒါဆိုရင် ရန်လေးကရော သီချင်းတွေကို ဘယ်အချိန်မှာ ခံစားရေးဖွဲ့ဖြစ်သလဲ ... ။
ကျွန်တော်က စိတ်ဝင်စားတဲ့အချိန်မှ သီချင်း ရေးဖြစ်တာ။ အဓိက တိတ်ဆိတ်နေတဲ့ အချိန်တွေမှာ စိတ်ပါလာပြီဆိုရင် ဂီတာ ကောက်ကိုင်ပြီး သီချင်း သံစဉ်ကို အရင်ရှာတယ်။ ပြီးမှ စာသားကို ပြန်သွင်းတာပေါ့နော်။

သီချင်းတစ်ပုဒ်ကိုရေးတဲ့အခါ ရန်လေးအနေနဲ့ အချိန် ဘယ်လောက်ပေးရသလဲ ... ။
မြန်တယ်ဆိုရင် ကျွန်တော် ချက်ချင်းတောင် ထွက်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော် တွေးထားတဲ့ဟာတွေနဲ့ ပြန် Mix လုပ်လိုက်တာပေါ့နော်။ ဒီနားမှာ ဒါထည့်မယ်၊ ဟိုဟာထည့်မယ်ဆိုပြီး လုပ်လိုက်တာ။ ပြီးတော့မှ Drum သမားနဲ့ ကျွန်တော် ပြန်တိုင်ပင်တယ်။ ပြီးတော့မှ အားလုံးနဲ့ညှိပြီး ဖန်တီးတာပေါ့နော်။

ဒီက ညီလေး လင်းထက်ကရော ဘယ်အချိန်တွေမှာ သီချင်းရေဖြစ်လဲ ... ။
ကျွန်တော့အိမ်မှာက အမြဲတမ်း လူရှိတာများတယ်။ ဒီတော့ ကျွန်တော်က အိမ်မှာ လူတစ်ယောက်မှ မရှိတဲ့အချိန်ဆိုရင် သီချင်းစပ်ဖြစ်တယ်။ အခုနောက်ပိုင်း ကျွန်တော်စပ်ဖြစ်ရင်လည်း ကိုမောင်မောင်ဇော်လတ်တို့လို ပေါ့ပေါ့ပါးပါး လွပ်လွပ်လပ်လပ်တွေ စပ်ဖြစ်တယ်။ နောက် ဟာသ ပုံစံမျိုးလေးတွေ စပ်ဖြစ်ပါတယ်။ တစ်ခါတလေကျတော့လည်း ကိုယ်က သီချင်းအအေး စပ်မယ်ဆိုရင်းနဲ့ အမြူးဘက်ကို ရောက်သွားသလို အမြူးစပ်နေရင်းကလည်း အအေးဘက် ရောက်သွားတာမျိုးလည်းရှိတယ်။ သီချင်းစပ်ရင် ကျွန်တော်က စာသားကို အဓိက ထားပြီး စပ်ပါတယ်။ ပြီးမှ သံစဉ်ရှာပါတယ်။

Ice-Cream Band အပေါ် မိဘတွေရဲ့ ပံ့ပိုးကူညီမှုကရော ဘယ်လိုရှိလဲ ... ။
စစလုပ်တုန်းကတော့ အားမပေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ရုန်းကန်ခဲ့ရတော့ တဖြည်းဖြည်းနဲ့ ပံ့ပိုးလာပါတယ်။ စစချင်းတုန်းကတော့ တကယ်ကို ဒုက္ခခံခဲ့ရတာပေါ့နော်။ Studio ကို သွားရင်လည်း လမ်းပျောက်ပြီး ဘယ်နားမှန်းမသိ၊ ဘာမှန်းမသိ လိုက်ရှာနေရတာတွေကတော့ အမှတ်တရပါပဲ။

ဒီ Band လေးကို ဘယ်နှခုနှစ်လောက်က စဖွဲ့ဖြစ်တာလဲ ... ။
ကျွန်တော်တို့အဖွဲ့ကို ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့မှာ စပြီး ဖွဲ့ဖြစ်သွားတာပါ။ ဒီဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ရောက်တိုင်း ကျွန်တော်တို့ Band ရဲ့ ပါတီပွဲလေး ကျင်းပလေ့ရှိပါတယ်။

ပထမဆုံး စင်ပေါ်တက်တုန်းက ခံစားချက်ကရော ... ။
စင်ပေါ်တက်တော့ ကျွန်တော်တို့ကလည်း သိပ်မကြောက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျောင်းမှာလဲ အမြဲ စင်ပေါ်တက်နေကျဆိုတော့ သိပ်တော့ အခက်အခဲမရှိလှပါဘူး။

ပထမဦးဆုံးပွဲမှာရော ပရိသတ်နဲ့ အပေးအယူ မျှခဲ့ရဲ့လား ... ။
ပထမဦးဆုံးပွဲကတော့ အပေးအယူ တော်တော်မျှခဲ့ပါတယ်။ ရန်ကုန်ပွဲ အများစုကတော့ ပရိသတ်နဲ့ အဆင်ပြေတယ်။ နယ်ပွဲပရိသတ်က သိပ်မသိတော့ နည်းနည်း အဆင်မပြေ ဖြစ်တာတော့ ရှိပါတယ်။

ဒါဆိုရင် ဒီ Ice-Cream အဖွဲ့ရဲ့ အဓိက လှုပ်ရှားမှုက Show ပွဲတွေပဲပေါ့ ... ။
ဟုတ်ကဲ့ ။ အဓိကကတော့ Show ပွဲတွေနဲ့ပဲ လှုပ်ရှားလာတာပါ။ Show ပွဲမှာရှိတဲ့လူတွေနဲ့ အနီးစပ်ဆုံး ထိတွေ့ပြီး လှုပ်ရှားလာတာပါ။

Show ပွဲတွေမှာ အနုပညာကြေးရော ရပြီလား ... ။
ဟုတ်ကဲ့။ အခုတော့ စရနေပါပြီ။ ဒီလို စရတဲ့ အချိန်မှာတော့ တော်တော်ပျော်တာပေါ့ဗျာ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဒါ ငါနဲ့တန်လို့ ရတာ၊ အသိအမှတ်ပြုပြီဆိုပြီး အရမ်းတန်ဘိုးထား ဝမ်းသာမိပါတယ်။

ညီလေးတို့ Band အနေနဲ့ ထွက်ထားတာ ဘယ်နှခွေရှိပြီလဲ။ အတွဲခွေအနေနဲ့ပေါ့။
( ၂ )ခွေ ရှိပါပြီ။ အရူးရင့်ရင့် အိပ်မက်များရယ်၊ အပြောင်းအလဲရယ် ဒါပဲ ရှိပါတယ်။ Rock United ကတော့ စီဒီအဆင့်ပဲ ရှိပါတယ်။ ဗီစီဒီကတော့ ထွက်မလာသေးပါဘူး။

Ice-Cream Band ထဲမှာ ရန်လေးနဲ့ လင်းထက်တို့က လူငယ်တွေဆိုတော့ ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ကို ဘယ်လို ဖြတ်သန်းမယ်လို့ စိတ်ကူးထားပါလဲ။
ရန်လေး -----ကျွန်တော်ကတော့ ချစ်သူမရှိတဲ့အတွက် ဒီအတိုင်း အေးဆေးပါပဲ။
လင်းထက် --- ကျွန်တော်က ဖေဖေါ်ဝါရီ (၁၄) ရက်ကို ကျွန်တော်တို့ Band နှစ်ပတ်လည်နေ့လို့ပဲ သတ်မှတ်ထားပါတယ်။ သူများတွေ သတ်မှတ်တဲ့ Valentine Day လို့ မသတ်မှတ်ချင်ပါဘူး။

ခုနောက်ဆုံး Ice-Cream Band အဖွဲ့က ပရိသတ်ကို ပြောချင်တဲ့စကားတွေကရော ... ။
ကျွန်တော်တို့အဖွဲ့က ကလေးအဖွဲ့ပါ။ စင်ပေါ်မှာပဲ ဖြစ်ပါစေ၊ အပြင်မှာပဲဖြစ်ပါစေ ကျွန်တော်တို့အဖွဲ့ရဲ့ သီချင်းတွေကို ဝေဖန်ပေးပါလို့။ ကျွန်တော်တို့က အတွေ့အကြုံ နုနယ်သေးတဲ့အတွက် ဝါရင့် Band တွေလောက်တော့ အတွေ့အကြုံ မရှိသေးပါဘူး။ ဒီတော့ နားလည်လက်ခံပေးပါလို့။ ပရိသတ်က ကျွန်တော်တို့ကို အားပေးဖို့ပဲ ဆုတောင်းမိပါတယ်။

ဝေယံလှိုင်ဝင်း ၊ နန္ဒာနိုင်
Hipster Hippyipster Hippy Hippy
Ice Cream-ရေခဲမုန့်ရောင်းရန်ရှိသည် download link➳ ➳ http://www.mediafire.com/…/Ice_Cream_-_ရေခဲမုန့်ရောင်းရန်ရှ…

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။