Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 3, 2015

မက်တယ်လောကမှ အမြင့်ပျံသမားများ (၂)

 
 
မက်တယ်လောကမှ အမြင့်ပျံသမားများ (၂)
(Judas Priest)
------------------

စတိလောက်ပဲ မိတ်ဆက်မယ်ဆိုပြီး ဒီလောက်ထိရှည်သွားလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ရဲ့သက်တမ်းက အခုဆို ၄၅ နှစ်လောက်ရှိပြီဆိုတော့ ကိုယ်တွေထက်တောင် အသက်ကြီးနေတဲ့ မက်တယ်အဖွဲ့၊ ဒါပေမယ့် ဖုတ်ချက်ဖုတ်ချက် အိညောင်အိညောင်လည်းမဟုတ်ဘဲ ရေလည်လန်းတဲ့သီချင်းတွေကို အသေဖြဲတဲ့အဖွဲ့ဆိုတော့ လေးစားသမှုနဲ့ စုံစုံလင်လင်တော့ရေးမှဖြစ်မှာမို့ပါ။ Black Sabbath၊ Led Zeppelin နဲ့ Deep Purple တို့ဟာ ဟဲဗီးမက်တယ်ရဲ့ Blueprint တွေဆိုရင် ခင်ဗျားတို့ကျွန်တော်တို့ ဒီနေ့သိနေတဲ့ ဟဲဗီးမက်တယ်ဆိုတာကို တည်ဆောက်သွားတာက Judas Priest ပါပဲ။ သူတို့ရဲ့ Dual Lead Guitar Attack နဲ့ High-pitched Vocal တွေဟာ သူတို့ကို လိုက်တုပသူတွေ အနမတဂ္ဂပေါ်ပေါက်လာစေပါတယ်။
ပြီးခဲ့တဲ့အပိုင်းကို အစပြန်ကောက်ရရင် Turbo နဲ့ Ram It Down မှာ Glam Metal ရေစီးကြောင်းကိုလိုက်ပြီး mainstream မှာပိုအောင်မြင်နိုင်ဖို့ guitar synthesizer တွေ glam metal element တွေကိုထည့်သွင်းအသုံးပြုခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ခဲ့တဲ့အပြင်၊ မက်တယ်လောကကြီးကလည်း new generation တွေရဲ့ Speed နဲ့ Thrash Metal လှုပ်ရှားမှုတွေဘက်ကို ပိုရောက်လာတော့ သူတို့ရဲ့ Opening Band (အဓိကအဖွဲ့ မဆိုခင် ရှေ့ထွက်ဆိုရတဲ့ အဖွဲ့) အဆင့်လောက်ဖြစ်တဲ့ Metallica၊ Megadeth၊ Anthrax နဲ့ Slayer တို့နဲ့တောင် မယှဉ်နိုင်တဲ့ အနေအထားမျိုးရောက်လာတယ်။ ပွဲဦးထွက် အယ်ဘမ်ကနေ Ram It Down အယ်ဘမ်အထိ ဒရမ်မာတွေသာ သုံးလေးယောက်လောက် ပြောင်းသွားပြီး အဆို Rob Halford၊ ဂစ်တာ K.K. Downing နဲ့ Glenn Tipton၊ ဘေ့စ် Ian Hill ဆိုတဲ့ line up ကတော့ အပြောင်းအလဲမရှိဘဲတည်ငြိမ်ခဲ့တာပါ။ ဒါဟာလည်းသူတို့ရဲ့ အောင်မြင်မှုရဲ့ အကြောင်းတရားတစ်ခုပါ။ ဒါနဲ့ ၁၉၈၉ မှာတော့ ထုံးစံအတိုင်း ဒရမ်မာ အပြောင်းအလဲဖြစ်ပါတယ်။ ဒါကလည်းပိုကောင်းဖို့ဖြစ်လာတာပါ။ အဲဒီသူကတော့ ၈၉ ခုနှစ်ကနေ ခုလက်ရှိအချိန်ထိအဖွဲ့နဲ့မြဲနေမယ့် Scott Travis ပါ။ သူက ခင်ဗျားတို့ကြိုက်တဲ့ Glam Metal အဖွဲ့ Mr. Big အဖွဲ့ရဲ့ ပဲ့ကိုင်ရှင် ဂစ်တာဂုရု Paul Gilbert ရဲ့ Side Project ဖြစ်တဲ့ Speed Metal တွေဖန်တီးတဲ့ Racer X ဆိုတဲ့အဖွဲ့ကပါ။
ဒီလိုနဲ့ ၁၉၉၀ မှာတော့ ဟဲဗီးမက်တယ်လောကတစ်ခုလုံးကို ကိုင်လှုပ်လိုက်တဲ့၊ သူတို့ကိုလိုက်လံတုပနေတဲ့အဖွဲ့တွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့၊ ဟဲဗီးမက်တယ်ပရိသတ်တွေရဲ့နားစည်ကို တစ်သက်မေ့မရအောင် ရိုက်ခတ်တုန်ဟီးသွားစေခဲ့တဲ့၊ သူတို့ရဲ့ ဂီတသက်တမ်းတစ်လျောက် ပါဝါအပြင်းဆုံး၊ အမြန်ဆုံး Painkiller ဆိုတဲ့အယ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့ပါတယ်။ ဒီအယ်ဘမ်မှာ Scott Travis ရဲ့speed metal drumming တွေက အရမ်းအလုပ်ဖြစ်ခဲ့ပြီး အဓိကကျောရိုးဖြစ်ခဲ့တယ်။ K.K. Downing နဲ့ Glenn Tipton တို့ရဲ့ guitar riff တွေနဲ့ solo တွေကလည်း ကြမ်းတမ်းသလောက်နားစွဲလွယ်ပြီး အရသာရှိလှပါတယ်။ အားလုံးထက် အထူးခြားဆုံးကတော့ Rob ရဲ့အဆိုပိုင်းတွေပါ။ ဒရမ်ပိုင်းတွေ၊ ဂစ်တာပိုင်းတွေက သိပ်ကောင်းတာမှန်ပေမယ့် intensity ကိုပဲကွက်ပြောမယ်ဆိုရင်တော့ အဲဒီအချိန်မှာ extreme metal တွေအရမ်းအရှိန်ရနေပြီဖြစ်လို့ drumming, riffing, shredding တွေမှာသူတို့ထက်မြန်ဆန်ပြင်းထန်တဲ့ အယ်ဘမ်တွေ၊ သီချင်းတွေအများကြီးထွက်နှင့်နေပါပြီ။ ဒါပေမယ့် ဒီအခွေက Rob ရဲ့အဆိုနဲ့ ပါဝါချင်း၊ သက်လုံချင်း၊ အမြင့်သံတွေကို ဖိဖိစီးစီးနိုင်နိုင်နင်းနင်းသီဆိုနိုင်ပုံချင်း ယှဉ်နိုင်တဲ့သူ မရှိသလောက်ပါပဲ။ ဒီအချက်တွေကို album opener လည်းဖြစ် title song လည်းဖြစ်တဲ့ Painkiller တစ်ပုဒ်ကိုနားထောင်ကြည့်လိုက်ရုံနဲ့တင် သူ့အသံဟာ တခြားကမ္ဘာကလာတဲ့သူလို့ ထင်ရလောက်အောင် တိကျပြတ်သားအားပါတာကိုသိသွားမှာပါ။ ဒီသီချင်းကို ကာဗာပြန်လုပ်ကြပေမယ့် အားလုံးဟာ Metal God Rob ရဲ့ အသံပါဝါရှေ့မှောက်မှာ ဒူးထောက်သွားရတာပါပဲ။ Key မီရင် ပါဝါမမီဘူး၊ ပါဝါမီရင် Pitch မမိဘူး၊ Key ရော Power ရော မီရင် aggressiveness နဲ့ brutality မှာလိုပြန်တယ်။ ကျွန်တော် အကြိုက်ဆုံး death metal band ဖြစ်တဲ့ DEATH က ဒီအပုဒ်ကို ကာဗာပြန်လုပ်တော့ (သူတို့ရဲ့နောက်ဆုံးထွက်သွားခဲ့တဲ့ The Sound of Perseverance အယ်ဘမ်ရဲ့ Bonus Track) ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ဂစ်တာသမား၊ သီချင်းရေးဆရာ၊ ဝိုင်းခေါင်းဆောင် Chuck Schuldiner ဟာ death metal vocalist ပီသစွာ aggressiveness နဲ့ brutality မှာ အမီလိုက်နိုင်ပေမယ့် key မီအောင်အသက်ထွက်မတတ်ဆိုနေရတာကို ဝမ်းနည်းစရာပဲနားထောင်ရတယ်။
ပြောရမယ်ဆိုရင် ဒီအခွေမှာ အားနည်းတာဆိုလို့ One Shot at Glory ဆိုတဲ့ တစ်ပုဒ်လောက်ပဲရှိမှာဖြစ်ပြီး ကျန်တဲ့အပုဒ်တွေအားလုံး ထိပ်တန်းဟဲဗီးမက်တယ်အဆင့်ကနေ တစ်ပြားသားမှမလျော့ပါဘူး။ အကြိုက်ဆုံးကတော့ Painkiller နဲ့ Hell Patrol တို့ပါပဲ။ ဒီနှစ်ပုဒ်နဲ့အတူ Night Crawler (ချမ့်ခိုင် - လျှပ်စီးရိုက်ချက်)၊ A Touch of Evil (လေးဖြူ - သွေးရူးသွေးတမ်း နေ့များ) နဲ့ Metal Meltdown တို့ဟာလည်း သူတို့ ရှိုးပွဲတိုင်းရဲ့ set list တွေမှာမပါမဖြစ် ပရိသတ်အတောင်းဆုံးသီချင်းတွေပါ။ All Guns Blazing၊ Leather Rebel နဲ့ Between the Hammer & the Anvil တို့ဟာလည်းအမိုက်စား traditional heavy metal တွေပါ။ ဒီအခွေထဲက Hell Patrol ဆိုတဲ့သီချင်းဟာ ပင်လယ်ကွေ့စစ်ပွဲတုန်းက သွားတိုက်တဲ့ US Air Force က ပိုင်းလော့တွေအကြောင်းစပ်ဆိုထားတာဖြစ်တဲ့အကြောင်း Rob ကအင်တာဗျူးတစ်ခုမှာပြောပါတယ်။ ဒီသီချင်းဟာ Painkiller လောက်ပြင်းထန်ကျယ်လောင်မှု မရှိပေမယ့်၊ သူ့ရဲ့ Chorus ပိုဒ်ဖြစ်တဲ့
"Crome Masters
Steel Warriors
Soul Stealers
Ripping out hearts
They're Devil Dogs
The Hell Patrol" ဆိုတဲ့နေရာမှာ တစ်ကြောင်းချင်းတစ်ဆင့်ချင်း အသံမြင့်သွားတာကို အေးအေးဆေးဆေး ဆိုပြသွားတဲ့ အသံပါရမီကတော့ သီချင်းဆိုတတ်သူတိုင်း လိုက်ဆိုကြည့်ရင် လေးစားအားကျသွားစေရမယ်လို့ အာမခံပါတယ်။

Painkiller နဲ့ တစ်ကျော့ပြန်အောင်ပွဲခံခဲ့တဲ့ Priest တို့အတွက် ၁၉၉၀ ဟာ အဆိုးလောကဓံကိုလည်း သယ်ဆောင်လာခဲ့တာပါ။ ဒါကတော့ ၁၉၉၀ ဂျူလိုင်မှာ သူတို့တရားစွဲခံရတာပါပဲ။ ၁၉၈၅ ခုနှစ်နှောင်းပိုင်းမှာ ဆေးကွဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီးသတ်သေကြတဲ့ ဆယ်ကျော်သက်နှစ်ယောက်ဟာ အဲလို သတ်မသေခင် Priest တို့ရဲ့ ၁၉၇၈ အယ်ဘမ်ထဲက "Better By You, Better Than Me" ဆိုတဲ့သီချင်းကိုနားထောင်ခဲ့ကြပြီး အဲဒီသီချင်းထဲက "do it" ဆိုတဲ့ message ဟာ ဒီသတ်သေမှုကို အားပေးခဲ့တယ်လို့ သေဆုံးသူတွေရဲ့မိဘတွေက စွပ်စွဲပြီး ၁၉၉၀ မှာ တရားစွဲတာပါ။ ဒါပေမယ့် သက်သေပြစရာ ခိုင်လုံမှုမရှိလို့ ဒီအမှုကို ပလပ်လိုက်ပါတယ်။ ဒီတရားခွင်မှာ ရင်ဆိုင်ဖို့ရှိတာကြောင့် Painkiller ကိုအသံသွင်းပြီးတာတောင် မထုတ်နိုင်ခဲ့ပဲ၊ တရားရင်ဆိုင်မှုပြီးတဲ့နောက် ၁၉၉၀ စက်တင်ဘာမှသာ Painkiller ကိုထုတ်ဝေနိုင်ခဲ့ပါတယ်။
ကံဆိုးခြင်းဟာ အပေါင်းအသင်းနဲ့လာတယ်ဆိုတဲ့အတိုင်း သူတို့ရဲ့ အဆိုးတွေဟာ ဒါနဲ့တင်မရပ်သေးပဲ ၁၉၉၂ မေလမှာ Rob ကသူ့ရဲ့ စိတ်ကူးသစ်တွေကို အဖွဲ့သစ် Fight နဲ့ အကောင်အထည်ဖော်ဖို့ Judas Priest ကိုကျောခိုင်းသွားပါတော့တယ်။ ဒီအကြောင်းတစ်ခုတည်းမဟုတ်ဘဲ အခြားအကြောင်းတရားများစွာလည်းရှိသေးတဲ့အတွက် သူတို့ ခွါမပြဲဖို့ ဘယ်လိုမှ စေ့စပ်ညှိနှိုင်းလို့မရတော့ပါဘူး။ တခြားအဖွဲ့တွေမှာဆိုရင် member တစ်ယောက်ထွက်သွားရင် အလွယ်အစားထိုးနိုင်သလို၊ အဖွဲ့ကိုလည်း သိပ်မထိခိုက်ပါဘူး။ တစ်ခါတစ်လေ အသစ်ဝင်လာသူနဲ့မှ ပိုအောင်မြင်တာမျိုးတောင်ရှိပါတယ်။ ဥပမာ Iron Maiden ရဲ့ ပထမအဆိုတော် Paul Di'Anno ထွက်သွားလို့ အစားထိုးလိုက်တဲ့၊ NWOBHM အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Samson ကအဆိုတော် Bruce Bruce (Iron Maiden ရောက်တော့ Bruce Dickinson ဖြစ်သွား) ကအဖွဲ့နဲ့ပိုအံဝင်ပြီး ဒီအဖွဲ့ဆို ဒီအသံ၊ ဒီအဆိုတော်နဲ့မှ ဆိုတာမျိုးဖြစ်သွားလောက်အောင် အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် တကယ့်ပါရမီရှင်တွေ ထွက်သွားရင်တော့ ဒီအဖွဲ့ဟာ ယိုင်ထွက်သွားတတ်ပါတယ်။ အထူးသဖြင့် အဆိုတော်ထွက်သွားတဲ့အခါတွေမှာပေါ့။ Iron Maiden ရဲ့ သင်္ကေတအသံဖြစ်လာတဲ့ Bruce Dickinson ပြန်ထွက်သွားတဲ့အခါ၊ Black Sabbath က Ozzy Osbourne၊ Judas Priest က Rob Halford တို့ထွက်သွားတဲ့အခါတွေမှာ အဖွဲ့ရဲ့ ဖန်တီးမှု၊ အောင်မြင်မှု၊ အခွေရောင်းအား စသည်အားလုံးကျဆင်းသွားရပါတယ်။ ဒီလို တစ်ခေတ်မှာ တစ်ယောက်အဆိုတော်တွေကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်သလောက်ဆိုတော့ သူတို့ထွက်သွားခြင်းဟာ ကိုယ့်အသွေးအသား နှလုံးသဲပွတ်ကို ခွဲထုတ်ပစ်လိုက်ရသလိုပါပဲ။
ဒီနေရာမှာ စကားစပ်လို့ စိတ်ဝင်စားစရာကောင်းတာလေးပြောရရင် Judas Priest နဲ့ Iron Maiden တို့ဆိုတာက ခေတ်သစ် ဟဲဗီးမက်တယ်ရဲ့ ခေါင်းကိုင်ဖခင်တွေဖြစ်တာချင်း၊ အကြီးကျယ်ဆုံး၊ အအောင်မြင်ဆုံး၊ အော်ရီဂျင်နယ်အဖြစ်ဆုံး (သူတို့ ၂ဖွဲ့လုံး ဟဲဗီးမက်တယ်ပေမယ့် စတိုင်လ်လုံးဝကွဲပါတယ်) သက်တော်ရှည်အဖွဲ့တွေဖြစ်တာချင်း၊ အကြီးဆုံး သစ္စာအရှိဆုံးပရိသတ်အင်အားစုကို သိမ်းသွင်းထားနိုင်တာချင်း၊ အမိုက်စား အဆိုတော်တွေ ပိုင်ဆိုင်တာချင်းတူရုံတင်မက ကိုယ့်ရဲ့ signature vocalist တွေထွက်သွားတာချင်း၊ သူတို့ထွက်သွားပြီး အဖွဲ့ image နဲ့ fan base ကျသွားတာချင်း၊ အဆိုတော်အသစ်တွေနဲ့အံဝင်အောင်လို့ သီချင်းပုံစံပြောင်းရေးရလို့ အချို့ ပရိသတ်တွေရဲ့ ကျောခိုင်းခံရတာချင်းပါအတူတူပဲဗျ။
ဒါတင်မကဘူး Rob (၁၉၉၂) နဲ့ Bruce (၁၉၉၃) တို့ထွက်သွားတဲ့ အချိန်ချင်း၊ သူတို့ ၂ ယောက်လုံး solo album တွေထုတ်ပြီးအောင်မြင်ကြတာချင်း၊ Rob က Fight အဖွဲ့နဲ့ studio album ၂ခွေ၊ Halford အဖွဲ့နဲ့ ၄ခွေ၊ စုစုပေါင်း ၆ခွေ၊ Bruce က Bruce Dickinson နာမည်နဲ့ချည်းပဲ studio album ၆ခွေ ထုတ်တာချင်း၊ ကိုယ့်ဘာသာ အောင်မြင်နေပေမယ့် သူတို့ရဲ့ မိခင်အဖွဲ့က ပြန်ခေါ်တော့ ပြန်သွားကြတာချင်း၊ သူတို့နေရာဝင်တဲ့သူတွေ (Tim Ripper Owen က Rob နေရာ၊ Blaze Bayley က Bruce နေရာ) မူရင်းအမာခံပရိသတ်ရဲ့ အမုန်းခံရတာချင်း၊ အယ်ဘမ် ၂ ချပ်စီထုတ်အပြီးမှာ ထွက်သွားရတာချင်းပါ တူနေတာပါ။
ဒီတစ်ခါလည်း လေရှည်နေတာနဲ့ မပြီးပြန်ဘူးဗျို့။ စိတ်မရှိရင် နောက်တပိုင်းလောက်ရေးပါရစေဗျ။ Tim Ripper Owen ဝင်လာတဲ့အပိုင်းနဲ့ Rob ပြန်ရောက်လာတဲ့အကြောင်းလေးတွေပေါ့။
ဒီဘီဒီ
Death Bloody Death
ဒေါင်းရန် လင့်ခ် => Metal Works 73-93 album
http://www.mediafire.com/downlo…/85qlm92i87cyoe9/JP73931.rar
http://www.mediafire.com/downlo…/9a66b1u0wzn1s94/JP73932.rar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။