Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 29, 2016

ထူးထူးဆက်-မှန်ရှေ့ကပုံပြင် (၂၀၀၀)


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 2 new photos.

ထူးထူးဆက်၊ ၊မှန်ရှေ့ကပုံပြင် (၂၀၀၀)
Metal Zone Band/Studio | မန်းသီရိ
မင်းချစ်သူ နိုင်းနိုင် အေးဘကျော် စိုင်းစိုင်း ရိုမီကို မျိုးမောင် ဆဲလ်စ်
01 ညွှတ်ကွင်း
02 မှန်ရှေ့ကပုံပြင်
03 ပင်လယ်ချစ်သူ
04 မှော်အိပ်မက်
05 ပိုင်ဆိုင်ခွင့်အနာဂတ်များ
06 ချစ်ခဲ့ဖူးကြသည်
07 အချစ်မဲ့တို့ကမ္ဘာ
08 လွမ်းရက် ခရစ္စမတ်
09 ပြဿနာမရှာနဲ့
10 ကောင်လေးတစ်ယောက်ကိုလွမ်းတဲ့ည
11 မနောက်နဲ့ အသည်းကွဲမယ်
12 ပင်လယ်ကြီးတစ်ဖက်မှာ

***Mgthura (Tape) & Ko Thein Htun (Digital Maker)***
To Save & Enjoy >
https://my.pcloud.com/publink/show…

မဆုံစည်းခဲ့နိုင်သူများ-ထူးထူးဆက်


ထူးထူးဆက်
မဆုံစည်းခဲ့နိုင်သူများ
၂၀၁၀
IRON CROSS/PTL
ဆဲလ် မင်းချစ်သူ ညီညီသွင် မြင့်မိုးအောင် ကေအေတီ ဧထက်
Harmony - Jubal
Ally music production
Design - Kyaw Min Maung
ငြိသွားတဲ့ကြိုးများ
မဆုံစည်းခဲ့နိုင်သူများ
တစ်ဦးတည်းသောချစ်သူ
ဒဏ်ရာဟောင်း
ရူးတတ်ရင်
လွမ်းတတ်ခဲ့ပြီ လွမ်းတတ်နေပြီ
မုန်းကြစို့လား
ပြန်ဆုံနိုး တွေ့လိမ့်နိုး
ပျော်ခွင့်ရှိတယ်
အမုန်းမရှိ
ချစ်ခြင်းအပြည့်နဲ့အိပ်မက်
ဒါတောင်မုန်းမရဘူး
320 kbps CD quality
Uploader - ငြိမ်းကိုသူ
DL link ➳ https://my.pcloud.com/publink/show…

ဖောက်ပြန်ခြင်း

ဖောက်ပြန်ခြင်း
=========

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေး
လောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသော
စည်းဖောက်မှူတစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောက်ျားများ စီးပွားရေး အဆင်ပြေလာခြင်း

carry = သယ်ဆောင်သည် ၊ ထမ်းသည် ။

1. carry = သယ်ဆောင်သည် ၊ ထမ်းသည် ။

2. carry away = လွင့်သွားသည် ၊မျောပါသွားသည်။

3. carry back = ပြန်သတိရသည်၊ ပြန်သယ်လာသည် ။

4. carry off = အနိုင်ရသည် ၊ ယူသည်။

5. carry on = ဆက်လုပ်သည်။

ခေတ်ပေါ်ကားစတီယာရင်ကွင်းပေါ်က ခလုတ်များနှင့် အာရုံခံဆင်ဆာထိန်းချုပ်မှုစနစ်များ

ခေတ်ပေါ်ကားစတီယာရင်ကွင်းပေါ်က ခလုတ်များနှင့် အာရုံခံဆင်ဆာထိန်းချုပ်မှုစနစ်များ

® ကားစတီယာရင်ကွင်း ဆိုတာ ကားတစ်စီး ဦးတည်ရာလမ်းများ ပြောင်းလဲနိုင်ရေးအတွက် ရှေ့ဘီး တာယာကို ဘယ်ညာလှည့်ကစားဖို့ ပြုလုပ်ထားတဲ့ ဒရိုင်ဘာလက်ကိုင် ကွင်းတစ်ခုပါပဲ။ ကားမောင်းနေရင်း ဟွန်းသံမြည်ဖို့ ဟွန်းခလုတ်ကို စတီ ယာရင်ကွင်းမှာ တစ်ခါတည်းတပ်ဆင် ထားပါတယ်။ အရင်ခေတ်ကာလ ကားဟောင်းတွေမှာ ကားစတီယာရင် ကွင်းဆိုတာ ရိုးရိုးရှင်းရှင်းလေးပါပဲ။

Monday, November 28, 2016

ညီဇော်၊ ၊သီချင်းများနဲ့ရင်ခုန်စို့ (၂၀၀၃)


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 10 new photos.

နားထောင်ကြည့်စေချင်တယ် .. အသံကောင်း သီချင်းကောင်းတွေ
မပေါက်ခဲ့ဘူး .. အဲ့အချိန်က ဘာဗိုင်းရပ်စ်ဝင်နေခဲ့လို့လဲ .. ပြော
-------------------------------------------
ညီဇော်၊ ၊သီချင်းများနဲ့ရင်ခုန်စို့ (၂၀၀၃)
Section Players | M/Metal Zone | EMG
နောင်ကြီး ပါသဲ ညီဇော် လင်းသဲ

01 ရှား
02 ချစ်တဲ့စိတ်
03 လွမ်းလွန်းလို့မုန်းတက်ပြီ
04 မသိခရီး
05 နှုတ်ဆက်ချိန်
06 အချစ်၏နောက်ကွယ်
07 အတူတူကမယ်
08 အရိပ်များ
09 သီချင်းများနဲ့ရင်ခုန်စို့
10 မှားလား
11 လိုအပ်ချက်
12 အဖြူရောင်ဆုံမှတ်
ကျေးဇူးရှင်များ - Loud Speaker (Cover) & Ko Thet (Tracks)
To Save & Enjoy >
https://my.pcloud.com/publink/show…
#mgthuranyunt

Sunday, November 27, 2016

“In The Quiet Land”"အသံတိတ် တိုင်းပြည်ထဲမှာ"

"အသံတိတ် တိုင်းပြည်ထဲမှာ"
▄▄▄▄▄▄▄▄▄▄▄▄▄
ဒေါ်အောင်ဆန်းစုကြည်(မြန်မာ-အင်္ဂလိပ်)
အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။

INVICTUS အနိုင်မခံ( ဗိုလ်ချုပ်အောင်ဆန်း)

INVICTUS အနိုင်မခံ( ဗိုလ်ချုပ်အောင်ဆန်း)
▄▄▄▄▄▄▄▄▄▄
မူရင်း W.E.Henley ၏ Invictus

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊ ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ် သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
Out of the Night that covers me, black as the pit from pole to pole. I think what ever Gods may be for My unconquerable soul.
လောကဓံ တရားတို့၏ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါ ကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

သည်လို ညမျိုး ချောင်းတွေဆိုးခဲ့လျှင် ………….

 
 
သည်လို ညမျိုး ချောင်းတွေဆိုးခဲ့လျှင် ………….

နေ့ ခင်းပိုင်းအချိန်များတွင် ချောင်းဆိုးခြင်းသည် မသိလိုက် မသိသာ ဖြစ်ပေမဲ့ ညည ချောင်းဆိုးရင် အလွန်ပင် ဒေါသဖြစ်စရာတစ်ခုလို့ ဖြစ်ကြပါတယ် ။ နေ့ ခင်းပိုင်းချောင်းဆိုးခြင်းကြတော့ ဟိုသွားလိုက် ဒီသွားလိုက်ဖြစ်ပြီး နေ့ ခင်းအပူလည်းရှိ နေ့ ခင်းခန္ဓာကိုယ်လုပ်ရှားသည့်အတွက် ကိုယ်အပူငွေ့ လည်းရှိ စိတ်အသိစိတ်တွေကလည်း မသိမှု့ အတွက် ကြောင့် သတိမထားမိကြဘူးပေါ့ ။

Black Friday သို့မဟုတ် မင်္ဂလာမရှိသော သောကြာနေ့

Black Friday သို့မဟုတ် မင်္ဂလာမရှိသော သောကြာနေ့

ကျေးဇူးတော်နေ့ဆိုတာ နိုဝင်ဘာလရဲ့ စတုတ္ထအပတ် ကြာသပတေး မှာ လုပ်လေ့ ရှိတဲ့ အားလပ်ရက် တစ်ရက် ဖြစ်ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ အတော်များများ ပိတ်ရက် အဖြစ် သတ်မှတ် ကြပါတယ်။ ကျေးဇူးတော်နေ့ရဲ့ နောက်တစ်နေ့ကတော့ Black Friday (မင်္ဂလာ မရှိသောကြာနေ့... ကွကိုယ် နာမည်ပေးခြင်း 😁) ဖြစ်ပါတယ်။

" တေးရေးသဟာအောင် ပြောပြတဲ့ ဗိုလ်အောင်ဒင်သီချင်းဖြစ်ပေါ်လာပုံ"

" တေးရေးသဟာအောင် ပြောပြတဲ့
ဗိုလ်အောင်ဒင်သီချင်းဖြစ်ပေါ်လာပုံ"

အခုနှစ် တန်ဆောင်တိုင်ပွဲတော်နဲ့ ကထိန်အလှူပွဲတွေမှာ လူကြိုက်များနေတဲ့ အဆိုတော်မနောရဲ့ “ဗိုလ်အောင်ဒင်” သီချင်းကို ရေးသား ဖန်တီးသူ တေးရေး၊ တေးဆို သဟာအောင်က ” ဗိုလ်အောင်ဒင်” သီချင်း ဖြစ်ပေါ်လာပုံကို ပေါ်ပြူလာသို့ ပြောပြခဲ့ပါတယ်။

” ကျွန်တော် သီချင်းတွေကို ရေးဖြစ်နေတာ ကြာပါပြီ။ ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီ။ ကျွန်တော်ကဧရာဝတီတိုင်းသားပါ။ မန္တလေးကို တက်လာပြီး အလုပ်လာလုပ်တော့ ကိုမနောနဲ့ ဆုံတယ်ပေါ့။ ကိုမနောကလည်း မန္တလေးစက်မှုဇုန်မှာနေတယ်။ ကျွန်တော်ကလည်း စက်မှုဇုန်မှာ အလုပ်လုပ်တာဆိုတော့ တွေ့ဖြစ်သွားတာပါ။

မိသားစုဝင်များ

မိသားစုဝင်များ
▄▄▄▄▄▄▄▄▄
father (familiarly called dad) အဖေ
mother (familiarly called mum) အမေ
son သား
daughter သမီး
parent မိဘ
child (plural: children) ကလေး
husband ယောက်ျား
wife မိန်းမ
brother အကို/ညီ/မောင်
sister ညီမ/အမ
uncle ဦးလေး
aunt အဒေါ်

နုပျိုစေမည့် အားကစား ................

 
 
နုပျိုစေမည့် အားကစား ................

Stanford University School ၏ ဆေးပညာဆိုင်ရာ ဖော်ပြချက်တွင် ပုံမှန်လှုပ်လှုပ်ရှားရှား အပြေးလေ့ကျင့်တတ်သူသည် စွမ်းဆောင်ရည် ကျဆင်းခြင်း၊ ကင်ဆာစောစီးစွာဖြစ်ခြင်း၊ အာရုံကြောရောဂါ သို့မဟုတ် ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

အသက် ၅၀ ကျော်အရွယ် အပြေးလေ့ကျင့်တတ်သူနှင့် လုံးဝအပြေးမလေ့ကျင့်သူ အယောက်တစ်ထောင်စီကို လေ့လာကြည့်ရာ နှစ်ပေါင်း၁၉ နှစ်အကြာ၌ ပုံမှန်မပြေးသူ ၃၄ ရာခိုင်နှုန်းသည် သေဆုံးခဲ့ကြပြီး ၁၅ ရာခိုင်နှုန်းသော ပြေးတတ်သူများမှာ အသက်ရှင်လျက်ရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိထား၏။

Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း

Starrbuck အောင်မြင်ရတဲ့ အကြောင်းအရင်း

Starrbuck ကမ္ဘာမှာ အအောင်မြင်ဆုံး ကော်ဖီ ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်မှာ ဝန်ထမ်းအင်အား ၁သန်းခွဲကျော် မကနဲ့ လုပ်ငန်း လည်ပတ်လျက် ရှိပါတယ်။ သူ အောင်မြင်ရတဲ့ အကြောင်းအရင်းကို inc.com က စာရေး ဆရာတစ်ဦးဟာ လက်ရှိ Starbuck ရဲ့ စီအီးအို ဖြစ်သူ Howard Schultz ကို မေးမြန်းအင်တာဗျူးခဲ့ ပြီး ယခုလို အကြောင်းချက်များ ထုတ်ပြခဲ့ ပါတယ်။

ဟဲ့ " ပေါ်ဦး "


Saw Myo Min Hlaing added 2 new photos.Follow

ဟဲ့ " ပေါ်ဦး "
ခစားနေကြောင်းပါဘုရား
" ဗုံးထောင်တဲ့တရားခံကိုမိပြီလားဟဲ့ "
မှန်ပါ မိထားပြီဖြစ်ကြောင်းပါ
" အိန်း ကောင်းလေစွ၊ကောင်းလေစွ
ဒါနဲ့တရားခံက ဘယ်သူများလဲကွဲ့ "
မှန်လှပါ တရားခံကလူသားမဟုတ်
ကြောင်းပါဘုရား။
" ဟေ "
မှန်လှပါဘရား
တရားခံက သိုးမလေးပါဘုရား
" ဖမ်းခဲ့ပြီးလားဟေ့ "

******အရက်​ဆိုတာ*****

******အရက်​ဆိုတာ*****

အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် ဘီယာ အပျော့မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်းမှာ ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊
ရှယ်ရီနှင့် ဝိုင်မှာ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်မှာ ၄ဝ ရာခိုင်နှုန်း၊ ဘရမ်ဒီမှာ ၄၅ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ရမ်မှာ ၅ဝ ရာခိုင်နှုန်းမှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ အသီးသီး ပါဝင် နေပါတယ်။ Ethyl Alcohol ဟာ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တာကြောင့်လည်း ရေမွှေး၊ ပေါင်ဒါမှုန့်၊ မိတ်ကပ် စတဲ့ အလှကုန် ပစ္စည်းတွေမှာ သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စသည်ဖြင့် လူသုံး ကုန်ပစ္စည်း တွေမှာပါ ထည့်သွင်း ဖော်စပ်လေ့ ရှိပါတယ်။

လူကြိုက်မများတဲ့ စတေးတပ်

လူကြိုက်မများတဲ့ စတေးတပ်
-
စာဖတ်ပါ

လူဆိုးလုပ်မယ်ဆိုလည်း ဖတ်ပါ
လူကောင်းလုပ်မယ်ဆိုလည်းဖတ်ပ
( စာဖတ်သူက မဖတ်သူရဲ့အထက်မှာအမြဲရှိတယ် )

ဖေ့ဘုတ်မှာ ဆယ်လီဖြစ်ချင်လည်း စာဖတ်ပါ
$ဖောင်းထုချင်လည်း စာဖတ်ပါ
( ဗဟုသုတ ကြွယ်သူက မကြွယ်သူကို စိတ်ကြိုက်အမှန်အမှားလုပ်လို့ရတယ် )

ဖွန်ကြောင်ချင်လည်း စာဖတ်ပါ
လူလည်လုပ်ချင်လည်းစာဖတ်ပါ
( စာဖတ်ရင် ကျိန်းသေတော်ကီတော့ ကောင်းလာမှာပါ )

ကျွန်တော့်ချစ်သူပြောသော စကားတစ်ခွန်း အဝေးရောက်ချစ်သူတိုင်းအတွက်…….

ကျွန်တော့်ချစ်သူပြောသော စကားတစ်ခွန်း
အဝေးရောက်ချစ်သူတိုင်းအတွက်…….
========================

ကျွန်တော့်ချစ်သူကကျွန်တော့်ကို စကားတခွန်းပြောဖူးပါသည်.
လူတစ်ယောက်ကို ကိုယ်ကသတိရနေတဲ့အခါ ထိုလူကလည်း ကိုယ့်ကိုပြန်သတိရနေတတ်တယ်တဲ့…..

သူကဒီအယူအဆကို ယုံကြည်သူပါ.စိတ်ချင်းဆက်နေတယ်လို့ခေါ်တယ်တဲ့..

သူဒီစကားပြောတော့ မဖြစ်နိုင်ဘူးလို့ အကြောက်အကန်ငြင်းခဲ့ဖူးပါသည်။

ကျွန်တော်ကလက်တွေ့သမား.ဒီလိုစိတ်ချင်းဆက်တာမဖြစ်နိုင်မှန်း ယုံကြည်သူပါ

``သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးသင့် မပေးသင့်.``

``သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးသင့် မပေးသင့်.``
...............................

ခုလို သက်ငယ်မုဒိမ်းမှုကိစ္စတွေ လှုပ်ရှားပျံ့နှံ့မလာခင် အချိန်ကတည်းက သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဒီဝတ္ထုလေး ရေးခဲ့ဖူးပါတယ် ။ ဘယ်သူမဆို သက်ငယ် မုဒိမ်းမှုကို သေဒဏ်ပေးစေချင်မှာ သေချာပါတယ် ။ ကျမလည်း ဒီသဘောပဲရှိပါတယ် ။ စိတ်ခံစားချက်အားဖြင့်တော့ မှန်ပါတယ် ။ ဒါပေမယ့် ဥပဒေဆိုတာက စိတ်ခံစားချက်ထက် ပိုပြီး ကျယ်ပြန့်နက်ရှိုင်းပါတယ် ။

Facebook တွင် Unfriend လုပ်သင့်သော လူများ


Facebook တွင် Unfriend လုပ်သင့်သော လူများ
***************************************

Facebook သုံးလိုက်လို့ ဖုန်းဘေလ်ကုန်တာကတစ်မျိုး၊ အာရုံနောက်တာကတစ်မျိုးဆိုရင် မကောင်းလှပါဘူး။ အဲဒီလိုဖြစ်နေရင်တော့ မိမိအကောင့်သန့်ရှင်းရေး လုပ်ဖို့လိုလာပါပြီ။ ဘယ်လိုလူမျိုးတွေကို Unfriend လုပ်သင့်သလဲဆိုတာကို ဖော်ပြပါမယ်။

Thursday, November 24, 2016

"ဂျက်မားနှင့် အလီဘာဘာ" စာအုပ်သစ်

"ဂျက်မားနှင့် အလီဘာဘာ" စာအုပ်သစ်

ဂျက်မား (Jack Ma) ဆိုတဲ့ နာမည်ဟာ မြန်မာစာဖတ်ပရိသတ်အတွက်တော့ မစိမ်းဘူးလို့ ထင်ပါတယ်။

ဂျက်မားအကြောင်းကို ကျနော့်ရဲ့ ပထမဆုံးစာအုပ် "သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ" နဲ့ ဒုတိယစာအုပ် "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" တို့မှာ ရေးပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ အဲဒီစာအုပ်တွေမှာ ရေးခဲ့တာတွေက အင်တာနက်မှာ ရှာတွေ့တဲ့ သတင်းတွေအပေါ် အခြေခံရေးထားတာမို့ ပြည့်ပြည့်စုံစုံ မဟုတ်ပါဘူး။ အကျဉ်းချုပ် သဘောလေးပါပဲ။

ကမ္ဘာပေါ်ရှိ ကလေးတိုင်း မိခင်ဖခင်တို့ရဲ့ မေတ္တာ၊အချိန် အပြည့်အဝ ရကြပါစေ။

- ကလေးတွေ ရှေ့ရေးအတွက် ငွေရှာနေရလို့...

- အလုပ် က ပြန်လာရင် ပင်ပန်းနေလို့....

- သွားစရာရှိလို့...

-stress တွေများလို့...

ရပ်နေ တာဟာ နောက်ဆုတ်နေတာ နဲ့ အတူတူပါပဲ ခင်ဗျာ..

ရပ်နေ တာဟာ နောက်ဆုတ်နေတာ နဲ့ အတူတူပါပဲ ခင်ဗျာ..

ဘယ်အရာကိုမှ မလေ့လာ မကြိုး စားပဲ နဂိုလေးအတိုင်းပဲ နေနေ လိုက်မယ် ဆိုရင် လည်း မပြောင်းလဲ မတိုးတက် မကောင်းမွန်လာနိုင်တဲ့ ကိုယ့်ဘဝ အတွက် ကိုယ် အပြစ်မတင် လိုက်မိပါစေနဲ့
.......................

ကိုယ်ဘာတွေ လုပ်ခဲ့သလဲ ဘယ်လိုကြိုးစားခဲ့ သလဲ ဆိုတာ ကိုယ့်ရဲ့ အခြေအနေ တွေက ပဲပြောပြ သွားပါ လိမ့်မယ် .

မင်္ဂလာပါသူဌေးမင်းကြီးမှ

" လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု "

" လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု "

အဖွဲ့အစည်းများတွင် တာဝန်သိမှု၊တာဝန်ယူမှု၊ တာဝန်ခံမှုစသည်ဖြင့် အရေးတယူပြောဆိုနေကြသောအချိန်တွင်မည်မျှလုပ်
ပိုင်ခွင့်ရောပေးထားသနည်းဆိုသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်။

လုပ်ငန်းဝေါဟာရစကားနှင့်ပြောလျှင်delegation ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုတွင် အဆင့်တိုင်းအတွက် သူ့အဆင့်နှင့်သူ၊ လုပ်ပိုင်ခွင့်ထားရှိပေးရပါသည်။ စေခိုင်းသောတာဝန်တွင် လုပ်ပိုင်ခွင့်မရှိပါက လုပ်ကိုင်သောအဆင့်တိုင်းအတွက်အထက်သို့သာအစီရင်ခံခြင်းဖြင့် အချိန်ကုန်တတ်ကြသည်။ အစီရင်ခံခြင်းဆိုသည်မှာလည်း မလိုအပ်သောအရာမဟုတ်၊လိုအပ်သောအရာဖြစ်သည်။ သို့သော်လည်း အဆင့်တိုင်းအတွက် အသေးစိတ်အစီရင်ခံရမှုမျိုးများသည် လုပ်ငန်းခွင်ကိုထိခိုက်စေတတ်သည်။

အဖြူရောင် မုသား

အဖြူရောင် မုသား
*************

တစ်ခါက လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ကြီး ၌ အုပ်ချုပ်သည့် ဘုရင်ကြီး
သည် ခက်ထန်ကြမ်းတမ်း ရက်စက်သော ဘုရင် တစ်ပါး ဖြစ်သည်။

တစ်နေ့တော့ ဘာသာစကားမတူသော
လူတစ်ယောက် ကို တိုင်းခန်းလှည့်လည်စဉ်
သူအားမော့ကြည့်မိတာ ကို အပြစ်ရှာပြီး
" သတ်စေ " အမိန့် ထုတ်ပြန်ချိန် အပြစ်ပေး
ခံရသော လူက သူတို့ ဘာသာစကား ဖြင့်
ဘုရင်ကြီးအား ပက်ပက်စက်စက် ဆဲဆို ကျိန်ဆဲ ပါလေတော့ သည်။

*** မိမိ​ဘာသာ စီ​စ​ဥ်​၍ ခရီး​သွား​န​ည်း ***

*** မိမိ​ဘာသာ စီ​စ​ဥ်​၍ ခရီး​သွား​န​ည်း ***

တစ္ခါ​တေ​လ ခရီး​သြား​တဲ့​အခါ
သူမ်ား​အစ​အဆုံး စီ​စ​ဥ​္ေ​ပး​တာမ်ိ​ဳး မ​ဟုတ္ဘဲ
ကို​ယ့်​လက်ကို​ယ်ြေ​ခနဲ့​ စိတ်တို​င်းကျ စီ​စ​ဥ်ြ​ပီး
သွား​တာမျိုး​က ပို​ပျော်​စရာေ​ကာ​င်း​ပါ​တ​ယ်...

လူ​င​ယ်ေ​တွ​အတွက်ဆို
ကို​ယ့်​အား​ကိုယ်ကိုး​တဲ့​တတ်တဲ့​အကျ​င့်​အြ​ပ​င်
လွတ်လပ်မှု​ကို တာ​ဝန်သိ​စိတ်နဲ့​​အတူ
ြ​မတ်နိုး​တတ်လာ​မှာ​ပါ...

Wednesday, November 23, 2016

သတ္တိကုန်တဲ့ခေတ်.။

 
 
သတ္တိကုန်တဲ့ခေတ်.။

ဒီခေတ်က ဟိုတုန်းကထက်
ကိုယ်ရည်ကိုယ်သွေးရော.
နှလုံးရည်ရော..ကျဆင်းတဲ့ခေတ်.။

တကယ်တန်းဆို..
တဖွဲ့နဲ့ တဖွဲ့ မကျေနပ်ရင်
ကောင်းဘွိုင်းခေတ်ကလို.
တယောက်ချင်း မက္ကစီကန် ဖိုက်
ဖိုက်ချင်ဖိုက်။

အလီဘာဘာနဲ့ဂျက်မား။


သုတဇုန် added 5 new photos.

အလီဘာဘာနဲ့ဂျက်မား။
================
ရေးသားသူ - ဗန်းမော်သိန်းဖေ
အလီဘာဘာဆိုတဲ့ ကုမ္ပဏီနာမည်ကိုကြားဖူးနေတာကြာပါပြီ။ စင်္ကာပူကလူငယ်တွေပြောနေကြတာ မကြာခနကြားနေရတယ်။ ဒါပေမဲ့ အလီဘာဘာဆိုတာ သူခိုးပုံပြင်ထဲကနာမည်မို့ စိတ်မဝင်စားခဲ့ဘူး။ နောက်ပြီးအလီဘာဘာဟာ တရုပ်ပြည်ကကုမ္ပဏီတခုမို့ ပိုလို့စိတ်မဝင်စားသေးတယ်။
မနှစ်က စက်တင်ဘာလထဲမှာ အလီဘာဘာကုမ္ပဏီက အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုးအစုရှယ်ယာ(IPO)တွေ ထုတ်ရောင်းတာကြောင့် ကမ္ဘာပေါ်မှာ ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့စံချိန်တင်သွားတယ် ဆိုတဲ့သတင်းရယ်၊ ကုမ္ပဏီပိုင်ရှင် ဂျက်မား(Jack_Ma)ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့်တရုပ်ပြည်ရဲ့အချမ်းသာဆုံးလူတယောက်ဖြစ်လာတယ် စတဲ့သတင်းတွေကိုအင်တာနက်နဲ့သတင်းစာတွေမှာတွေ့လာမိတော့စိတ်ဝင်စားလာတယ်။ ဒါကြောင့် အင်တာနက် မဂ္ဂဇင်းတွေ Youtube မှာရှာကြည့်မိတယ်။ ရှာကြည့်တော့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေတွေ့ရတယ်။ မြန်မာလူငယ်တွေအားကျအတုယူစရာတွေပါလို့ ရှယ်ပေးလိုက်ပါတယ်။

'' #သွေးစက်ပေါ်က_ဒိုင်ယာရီ ''

'' #သွေးစက်ပေါ်က_ဒိုင်ယာရီ ''
--------------------
ဝတ္ထုတို
--------------------

(၁)
'' ဘယ်နေ့က ပြန်ရောက်လာတာလဲ ကိုနေ၊ အကြောင်းမကြား ဘာမကြားနဲ့၊ ကိုနေ ပြန်ရောက်တာ ကျွန်တော်တို့တောင် မသိလိုက်ဘူး ''
'' ဒီမနက်ပဲ ရောက်တာ ဇော်ဇော်ရေ၊ အလုပ်လည်းပါးတုန်း၊ အိမ်ကိုလည်းလွမ်းသလိုလိုဖြစ်လို့ ပြန်ချင်စိတ်ပေါ်လာတာနဲ့ ချက်ချင်းထထွက်လာတာ၊ ညကားနဲ့ဆိုတော့ ဒီမနက် လေးနာရီလောက်ထဲက ရောက်လာတာ၊ အိမ်ရောက်ရောက်ချင်း မင်းအဒေါ် ငါ့အမေက သူ့တူလေးဇော်ဇော်တောင် ကလေးအဖေဖြစ်တော့မယ်တဲ့၊မင်းမိန်းမ ဗိုက်နာလာလို့ မနေ့ကပဲ ဆေးရုံတက် ခွဲမွေးနေရတယ်ပြောတာနဲ့ ငါလည်း ခဏနား၊ တရေးတမောအိပ်ပြီး နိုးနိုးချင်း ဒီကို လာခဲ့တာ ''
'' ဒေါ်လေးရော သူ့မြေးလေးကို လာမကြည့်ဘူးလား ''

Look before you leap!!!

Look before you leap!!!

~~~~~~~~~~~~~~~~~~

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ဖြစ်ပေါ်နေတဲ့ စင်္ကာပူနိုင်ငံ မှာ နေထိုင်ကုန်ကျစရိတ် (the cost of living in Singapore) ကို တင်ပြပါရစေ။

စင်္ကာပူနိုင်ငံဟာ ရေပတ်လည်ဝန်း
ရံနေတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ နေထိုင်စရိတ်မြင့်မားတဲ့မြို့များစာရင်းမှာ စင်္ကာပူလည်းပါဝင်ပါတယ်။

ဒါဆိုရင် တစ်လ မှာ လူတစ်ကိုယ်စာ ကုန်ကျစရိတ် ဘယ်လောက်ရှိမှာလဲ။

ပန်းတော်ဝင်စားသောက်ဆိုင်နှင့် စည်သာကော်ဖီတို့ရဲ့ပဲကိုင်ရှင် ဦးမင်းလှိုင်

ပန်းတော်ဝင်စားသောက်ဆိုင်နှင့်
စည်သာကော်ဖီတို့ရဲ့ပဲကိုင်ရှင် ဦးမင်းလှိုင်
........................................ ယခုလို ဆောင်းဦးပေါက်ရာသီ နိုဝင်ဘာလမှာ ကော်ဖီပူပူနွေးနွေးလေးသောက်ပြီး အပန်းဖြေချင် သူတွေအတွက် ကော်ဖီလုပ်ငန်းများနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ ပြင်ဦးလွင် ပန်းမြို့တော်က ပန်းတော်ဝင် စာသောက်ဆိုင်နဲ့ စည်သာကော်ဖီတို့ရဲ့ပဲ့ကိုင်ရှင် ဦးမင်းလှိုင်ကို တွေ့ဆုံပြီး အခုလို သူ့အတွေ့အကြုံအချို့ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ငါးရှဥ့်ပုံပြင်

ငါးရှဥ့်ပုံပြင်
========
ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက
သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်
သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား
တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ
မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေ
ထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိ
လာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို
ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

Am,is,are (question)

Unit(2)
Am,is,are (question)
=================
'အားလုံးမင်္ဂလာပါ'
ဒီနေ့ဆရာသင်မှာကတော့ "am,is,are" ကိုအမေးအဖြေပြုလုပ် ခြင်းပဲဖြစ်ပါတယ်။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း "I" ဆို "am" နဲ့တွဲပြီးတော့ "He,She,It" ဆို is နဲ့တွဲပါတယ်။ "we, you , they " ဆိုရင်တော့ "are" နဲ့တွဲပါတယ်။ဘာမှတော့ မခက်ပါဘူး။ မေးခွန်းလုပ်တော့မယ် ဆိုရင် "am,is,are" Subject ရှေ့ပို့ရင်ရပါပြီ။
-Example Sentences
-Am I late?No, you are on time.
(ကျွန်တော်နောက်ကျလား။ မကျပါဘူး အချိန်ကွက်တိပါပဲ။)

Essay, Letter ရေးသားရာတွင် အရေးပါသော စကားလုံးများ

Essay, Letter ရေးသားရာတွင် အရေးပါသော စကားလုံးများ
*****************************************************

1. By the way = ဒါနဲ့ စကားမစပ်
2. If so = ဒီလိုဆိုရင်​၊ဒါဆိုရင်
3. So = ထို့​ကြောင့်
4. Therefore = ထို့​ကြောင့်
5. Thus = ထို့ကြောင့်၊ ဤသို့ဖြင့်၊
6. That is why = ဒါ့ကြောင့်
7. For this reason = ဤအကြောင်းကြောင့်

ဂျပန်တွေရဲ့ ကလေးငယ်ပြုစုပျိုးထောင်နည်း

ဂျပန်တွေရဲ့ ကလေးငယ်ပြုစုပျိုးထောင်နည်း
--------------------------------------------
(၁) နေအိမ်ဆိုတာ အကျင့်တွေမွေးဖွားရာနေရာ၊
မိဘဆိုတာ အကျင့်တွေကို မွေးဖွားပေးတဲ့ဆရာဖြစ်တယ်။
.
(၂) ကလေးငယ်တွေရဲ့အပြုအမူ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး
(ဥပမာ- ကိစ္စရပ် ၅ရပ်ဆိုပါစို့)
ကိစ္စရပ် ၃ရပ်ကို ချီးကျူးပါ၊ ကျန်ကိစ္စရပ် ၂ ရပ်ကို ဝေဖန်ပါ။
(ချီးကျူးတဲ့စကားက ဝေဖန်တဲ့စကားထက်ပိုပါစေဆိုတဲ့သဘော)
ကောင်းတဲ့ဘက်ကို သူဦးတည်ပြီး တိုးတက်ကြီးပြင်းလာပါလိမ့်မယ်။

Tuesday, November 22, 2016

အချမ်းသာဆုံး ပုဂ္ဂိုလ်တို့၏ သြ၀ါဒ (၁၃) ချက်

အချမ်းသာဆုံး ပုဂ္ဂိုလ်တို့၏ သြ၀ါဒ (၁၃) ချက်
--------------------
၁။ ငါရတဲ့ ဝင်​​ငွေရဲ့ တစိတ်​တပိုင်းသည်​ ငါ့အတွက်​ ကိုယ်​ပိုင်​ ဥစ္စာ ဖြစ်​​စေရမည်​။
၂။ အိတ်ကပ်ထဲ ထည့်​လိုက်​တဲ့​ ပိုက်​ဆံ ဆယ်​ပြားမှာ ကိုးပြားကို ပဲ သုံးတယ်​ ဆိုတဲ့ ​လေ့ကျင့်​ခန်းကို အမြဲ မပျက်​ ​ဆောင်​ရွက်​မည်။
၃။ ​ငွေ​ကြေးကို စနစ်​တကျ ခန့်​ခွဲ သုံးစွဲမည်။ (လိုအပ်​ချက်နှင့်​ အလိုဆန္ဒ ကို ခွဲခြားရမည်)
၎။ စု​ဆောင်းမိတဲ့ အသပြာ​ငွေတိုင်းကို ကျွဲနွားများသဖွယ်​ ထိန်း​ကျောင်း ခိုင်း​စေဖို့၊ သူတို့ရဲ့ အမျိုးအနွယ်​ ​တွေ ထပ်​ဆင့်​ ​ပေါက်​ဖွား​ပေး​စေဖို့ စီစဉ်​ရမည်။ အဲ့ဒီနည်းအားဖြင့်​ ကိုယ့်​​ငွေအိပ်​ထဲကို ဓန​ကြေး​ငွေ ​တွေ တသွင်​သွင်​ စီးဝင်​​စေဖို့ စီမံဖန်​တီးရမည်။

နိုက်ထရိုဂျင် ထိုးတာ ရိုးရိုးလေးထိုးတာထက် ဘာတွေကောင်းလဲ?

နိုက်ထရိုဂျင် ထိုးတာ ရိုးရိုးလေးထိုးတာထက် ဘာတွေကောင်းလဲ?
♻♻♻♻♻

တာယာတွေကိုရိုးရိုးလေပဲထိုးတာထက် နိုက်ထရိုဂျင်ဓါတ်ငွေ့ထိုးပေးတာကပိုကောင်းပါတယ်။
📍ပြိုင်ကားတွေ
📍စစ်တပ်သုံးကားတွေ
📍လေယာဉ်ဘီးတွေမှာ နိုက်ထရိုဂျင်ကိုပဲထိုးကြပါတယ်။
🌟အာကာသလွန်းပျံယာဉ်တွေ မှာတောင်တာယာကို နိုက်ထရိုဂျင်ပဲထိုးပါတယ်။
ရိုးရိုးလေထဲမှာ ရေခိုးရေငွေ့ တွေအပြင် နိုက်ထရိုဂျင်(၇၈)ရာခိုင်နှုန်း အောက်ဆီဂျင်(၂၁)ရာခိုင်နှုန်း အာဂွန်ကာဗွန်ဓါတ်ငွေ့တွေနဲ့အိုဇုံးတို့ကတော့အနည်းအကျဉ်း ရောနှောနေပါတယ်။