Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 14, 2016

X-ray hazards ဓါတ်မှန်အန္တရာယ်

 
 
X-ray hazards ဓါတ်မှန်အန္တရာယ်

၁။ ကျွန်တော့အမျိုးသမီး အသက် ၃၁ နှစ်ပါ အခု တတိယမြောက် ကိုယ်ဝန် ၃လ ရှိနေပါပြီ။ ကိုယ်ဝန်ရှိနေမှန်းကို သတိမထားမိဘဲ သမီးကြီးဓါတ်မှန်ရိုဏ်ရာ x-ray ခန်းသို့ ၂ ခါ လောက် လိုက်ပါသွားမိတယ်ဆရာ။ ဗိုက်ထဲက ကလေးအတွက် စိတ်ပူလို့ပါ ကလေးရဲ့ကျန်းမာရေး နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ။ ဘယ်လို ကာကွယ်ရမှာလဲဆရာ။ ကျေးဇူးတင်ပါတယ်။

၂။ ဆရာ မင်္ဂလာပါ။ သမီးကိုမေးခွန်းတခုမေးခွင့်ပြုပါရှင့်။ ကျောက်ကပ်ထဲမှာ ကျောက်တည်နေတာကို specialist doctor က ၆လ တစ်ခါ x-ray စစ်ပြီး monitor လုပ်တာ သင့်တော်ပါလား။ x-ray ကြောင့် ကျောက်ကပ် function နဲ့ ကျောက်ကပ်ကို ပျောက်စီးစေပါသလား။ ကျေးဇူးအထူးပါဆရာ လေးစားစွာဖြင့်။

၃။ CXR ရိုက်တဲ့အခါမှာ radiation ဘယ်လိုပြန့်နှံ့သလဲ သိချင်ပါတယ်ဆရာ။ အခု မြန်မာပြည်မှာ Digital CXR စက်နဲ့ တွဲလျက် Computer screen ကိုကြည့်ပြီး RHC/ ဘုန်းကြီကျောင်း/ စာသင်ကျောင်းအခန်းလွတ်မှာ ဓါတ်မှန်ရိုက် တီဘီ ရှာဖွေနေပါတယ်။ Xrays hazard ဘယ်လိုများ ပြန့်နိုင်ပါလဲ။ ဆရာသိရင် ပြောပြပေးစေချင်ပါတယ်။

X-ray ဓါတ်မှန်မှာ လျှပ်စစ်သံလိုက်ရောင်ခြည်သုံးတယ်။ သတ္တု၊ အရိုး၊ သိပ်သည်းတဲ့အရာတွေကနေ ဓါတ်မှန် ရောင်ခြည်ကို ပိတ်ဆို့နိုင်တယ်။ ဒါကြောင့် ဓါတ်မှန်ဖလင်နဲ့ Digital sensor ဒစ်ဂျစ်တယ် ဆင်ဆာ တွေမှာ ဓါတ်ရောင်ခြည်ဖြတ်သွားနိုင်တာမှန်သမျှက အမည်းရောင်နဲ့ မဖြတ်နိုင်တာက အဖြူရောင်ထင်စေတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာထဲကို ဖြတ်သွားပြီးတာနဲ့ ဓါတ်ရောင်ခြည်ဟာ ကိုယ်ထဲမှာကျန်မနေရစ်ပါ။

ဆဲလ်တွေကို ပျက်စီးခြင်း
ဓါတ်ရောင်ခြည်ဖြတ်သန်းခံရရင် ကိုယ်မှာရှိတဲ့ ဆဲလ်လေးတွေ အနည်းငယ်ပျက်စီးနိုင်တယ်။ တချို့ကတော့ စောပြီးပျက်စီးသွားမယ်။ အစိုးရိမ်ကြီးစရာမလိုပါ။ လေယာဉ်စီးတဲ့အခါတိုင်းတွေ့ကြရတဲ့ Cosmic radiation ကော့စမစ်ရောင်ခြည်ထက် သက်သာပါတယ်။ ဆဲလ်တချို့က မသေပါ။ ဒါပေမဲ့ Genetic damage မျိုးဗီဇ ပျက်စီးသွားမယ်။ ဒီလိုဖြစ်တာ အင်မတန်ရှားတယ်။ ကင်ဆာဖြစ်စေနိုင်တယ်။

မျိုးပွါးဆဲလ်တွေထိခိုက်ခြင်း
ကင်ဆာဖြစ်စေနိုင်တာထက် ပိုဆိုးတာက မျိုးပွါးဆဲလ်တွေထိခိုက်တာဖြစ်တယ်။ အမျိုးသမီး မျိုးဥနဲ့ အမျိုးသား သုက်ပိုးတွေကို ဓါတ်ရောင်ခြည်သင့်ရင် (၁) အင်္ဂါချို့ယွင်းတဲ့ သန္ဓေသားနဲ့ (၂) ကိုယ်ဝန်ပျက်ကျတာဖြစ်စေနိုင်တယ်။ ဒါကြောင့် ဆရာဝန်တွေက ဓါတ်မှန်ရိုက်မဲ့ အမျိုးသမီးတွေကို အကာကွယ်လုပ်ပေးပြီးမှသာ ဓါတ်မှန်ရိုက်ပေးတာ ဖြစ်ပါတယ်။ Lead shield ခဲနဲ့လုပ်ထားတဲ့ အကာဖြစ်တယ်။ အဲလိုလုပ်ပြီးမှ ဓါတ်မှန်ရိုက်ရင် မျိုးပွါးလမ်းကို အန္တရာယ်မပေးနိုင်ပါ။ အစဉ်အလာစွဲထားတဲ့ ဆရာဝန်တွေကတော့ မျိုးပွါးနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေကို ဓါတ်မှန် ရိုက်ပြီးနောက် ရာသီလ နှစ်လ ကြာပြီးနောက်မှသာ ကိုယ်ဝန်ဆောင်စေပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသီးနဲ့ မွေးလာမဲ့ကလေး
ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်တည်လာတဲ့ ဆဲလ်တွေဟာ အလွန်မြန်မြန်ဆန်ဆန် ကြီးထွား ပွါးများ လာနေကြတယ်။ ဒီအချိန်မှာ ဓါတ်ရောင်ခြည်ဒဏ်ကိုမခံနိုင်ကြပါ။ အမေရိကန် ဖက်ဒရယ်စံချိန်သတ်မှတ်ချက်ကတော့ 0.5 rem or 500 millirems over 9 months ဖြစ်ပါတယ်။ Note: A millirem, mrem, millirad and mrad are all the same thing. Also, 1 mSv = 100 millirem

အများဆုံး (၁ဝ)
သတ်မှတ်ချက်ဟာ ကိုယ်ဝန်ဆောင်နေတဲ့သားအိမ်နေရာကို 10 medical x-rays အများဆုံးရှိရမယ်လို့ ဆိုလိုတာ ဖြစ်တယ်။ ရောဂါသိပ်ဆိုးလို့ အဲလိုအထိဓါတ်မှန်ရိုက်ရတယ်ဆိုတာ အင်မတန်ရှားပါတယ်။ အကာအကွယ်တွေလဲ အသေအချာသုံးမှာဖြစ်ပါတယ်။

သွားအတွက်ရိုက်ရတဲ့ဓါတ်မှန်ကနေ မမွေးသေးတဲ့ကလေးကိုထိခိုက်ဘို့ရာလဲ မဖြစ်သလောက်လို့ ဆိုနိုင်ပါတယ်။ အဲလိုဓါတ်မှန်က ရိုးရိုးဓါတ်မှန်ရဲ့ ၃ ပုံ ၁ ပုံသာရှိပြီး ရိုက်မဲ့နေရာကိုသာ စူးစိုက်ထားလို့ပါ။ သတိထားနိုင်လေကောင်းလေ ဥပဒေသကိုတော့ လက်မလွှတ်ပါနဲ့။

သတိနဲ့သုံးပါ
ကိုယ်ဝန်ဆောင်ရင် သတိရှိပါ။ ဆရာဝန်ကိုပြောပါ။ ရာသီရက်ကျော်နေရင် Urine pregnancy test ဆီးစစ်ပြီးပါ။ အခုမရှိသေးပေမဲ့ ဓါတ်မှန်ရိုက်ပြီးနောက် မကြာခင်မှာ ကိုယ်ဝန်ယူတော့မယ်ဆိုလဲပြောပါ။ အကာအကွယ် လုပ်ပေးထားပါမယ်။ အဲလိုကြိုတင်ကာကွယ်မှုမလုပ်ပဲ ဓါတ်မှန်ရိုက်လိုက်ရပြီဆိုရင်လဲ အစိုးရိမ်မကြီးပါနဲ့။ သတ်မှတ်ချက်ထက်မကျော်ရင် စိုးရိမ်စရာမရှိပါ။

ကင်ဆာအန္တရာယ်
အတော်နည်းပါးပါတယ်။ အမေရိကန်အစိုးရရဲ့လေ့လာမှုတခုအရ တနှစ်မှာ ဓါတ်ရောင်ခြည် 5000 millirem (50 mSv) အထိရရင် ကင်ဆာကြောင့် သေဆုံးနိုင်ခြေ 0.3% ရှိတယ်။ အဲတာလဲ မဖြစ်စလောက်လို့ ပြောနိုင်တယ်။ ဒီလိုဖြစ်ဘို့က တနှစ်မှာ ဓါတ်မှန်ပေါင်း ၃ဝဝ ရိုက်မှသာဖြစ်မယ်။ ကင်ဆာဖြစ်နိုင်ခြေ ၁% တိုးမယ်။

တခြားအရေးပါတဲ့အန္တရာယ်တွေ
မျိုးဗီဇတည်ဆောက်မှုကိုသက်ရောက်နိုင်တာဟာ တခြားအရေးပါတဲ့အန္တရယ်ဖြစ်တယ်။ ဆိုလိုတာက ကိုယ့်အမျိုး၊ မျိုးရိုး (မိသားစုရာဇဝင်) ထဲမှာ ကင်ဆာဖြစ်သူရှိနေသူတွေမှာ ကိုယ့်မှာပါ ကင်ဆာ ဖြစ်နိုင်ခြေ ပိုတယ်။ အဲလိုလူတွေက ဓါတ်မှန်ရိုက်ရင် ပိုသတိထားဘို့လိုနိုင်တယ်။ တကယ်လိုအပ်မှသာ ဓါတ်မှန်ရိုက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။

နောက်ခံဓါတ်ရောင်ခြည်
ဓါတ်ရောင်ခြည် ဘယ်လောက်များများသင့်ရင် ကင်ဆာဖြစ်စေမလဲဆိုတာ ဘယ်သူမှ မသိကြပါ။ အကောင်းဆုံး ခန့်မှန်းခြေကတော့ ဓါတ်ရောင်ခြည်များလေလေ ကင်ဆာဖြစ်နိုင်ခြေပိုကဲလေလေ။ ဓါတ်ရောင်ခြည် နည်းနည်း သင့်ခံရသူတွေ ဓါတ်မှန်ရိုက်ပြီးနောက် ၅-၃ဝ နှစ် (ဒိထက်လဲပိုနိုင်တယ်) နေရင် ကင်ဆာဖြစ်နိုင်တယ်။ ကျွန်တော်တို့မှာ ဓါတ်မှန်ရိုက်တာကနေသာမဟုတ်ပဲ သဘာဝဝန်းကျင်ကနေ ဓါတ်ရောင်ခြည် သင့်ခံနေကြရတယ်ဆိုတာလဲ သိရပါမယ်။အဲတာကို နောက်ခံဓါတ်ရောင်ခြည် ခေါ်တယ်။ Radon gas ရက်ဒွန်ဓါတ်ငွေ့၊ အာကာသ၊ ကျောက်တုံးနဲ့ မြေကြီးတွေကနေရတဲ့ ကော့်စမစ် ရောင်ခြည်တွေ ဖြစ်တယ်။ လူတွေဟာ တပါတ်မှာ ခန့်မှန်းခြေ 5 millirems ရနေကြရတယ်။ အတြာဟာ ဆေးစစ်ဓါတ်မှန် ၁ ကြိမ်၊ ဒါမှမဟုတ် သွားဓါတ်မှန် ၃ ကြိမ်နဲ့ညီတယ်။

CAT scan စီတီစကန်
CAT scan ဆိုတာ Computed Axial Tomography x-ray scan ကိုခေါ်တယ်။ ပုံမှန် မနစ် ၃ဝ ကြာတယ်။ တစ်ခါရိုက်ရင်ဓါတ်ရာင်ခြည် 1000 millirems (10 mSv) ရစေတယ်။ လိုနှုးန့ နှမှာ ၅ ခါအထိရိုက်ရင် စိုးရိမ်စရာမရှိပါ။ ဒိထက်များလာရင် ကင်ဆာဖြစ်နိုင်ခြေ ၁ % တိုးနိုင်တယ်။ ဒီလိုရိက်တာဟာ သဘာဝကနေ ရနေတဲ့ ဓါတ်ရောင်ခြည် ၃ နှစ်စာနဲ့ညီမျှတယ်။ လူတယောက်ဟာ တနှစ်မှာ CAT scans ၅ ခါရိုက်ရတယ် ဆိုတာ မရှိပါ။

ကိုယ်ဝန်ဆောင်နဲ့ စီတီစကန်
ကိုယ်ဝန်ဆောင်နေစဉ်မှာ လိုအပ်မှသာ CAT Scan ရိုက်ပါ။ ဆရာဝန်ကို တကယ်လို မလိုမေးပါ။

အချုပ်
လူအတော်များများက ဓါတ်မှန်ကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဆေးစစ်ဓါတ်မှန်နဲ့ သွားဓါတ်မှန်ကနေ ကျန်းမာရေး အန္တရာယ် မရှိသလောက်ပါ။ လူတယောက်ဟာ တနှစ်မှာ ရိုးရိုးဓါတ်မှန် အကြိမ် ၃ဝဝ အထိရိုလဲ စိုးရိမ်စရာ မရှိပါ။ ကိုယ်ဝန်ဆောင်တယောက်ဟာ ၁ဝ ကြိမ်အထိ အဲလိုဓါတ်မှန်ရိုက်လို့ရတယ်။ CAT scan တော့ ဖြစ်နိုင်သလောက် မရိုက်သင့်ပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။