ဘ၀ကြမ်းတမ်း ဆူခင်းလမ်း
===================
အဖဗိုလ်ချုပ်....
ဆင်းရဲတဲ့ ခေါင်းဆောင်မို့ အားနာမိရင်း
ကြေကွဲစရာ အတိတ်တချို့အတွက်
တို့ပြည်သူ "လူအ" များကိုတော့ ခွင့်လွတ်ခဲ့ပါ။
တိုင်းပြည်ကို ရှေ့တန်းတင်...
မပြည့်စုံတဲ့ မိသားစုကို နောက်မှာထားရင်း
အသက်ကိုစတေး ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်အတွက်
ကျုပ်တို့ရဲ့ ဦးခိုက်မှုပဲ ပေးနိုင်သေးတယ်။
ပြည်သူကို ကယ်တင်...
ငြိမ်းချမ်းရေးကိုတဖွဖွပြော ရင်း
ပြောင်မြောက်ခဲ့တဲ့ ဗိုလ်ချုပ်သမိုင်းအတွက်
ကျုပ်တို့ မပေးဆပ်ရသေးဘူး။
ရှက်တယ် ဗိုလ်ချုပ်....
များပြားတဲ့ ကျေးဇူး၊ မကုန်ခမ်းတဲ့ မေတ္တာ
တဘ၀လုံး ပေးဆပ်ခဲ့တာတောင်
ကျန်ရစ်တဲ့ ဗိုလ်ချုပ် မိသားစုအတွက်
ကျုပ်တို့က စောင့်ရှောက်မှု မပေးနိုင်ဘူး။
သူတို့လေ...
တော်ဝင်တဲ့ မုဆိုးမမိသားစုကို
အလိမ္မာနဲ့ ပြည်တော်နှင်လို့
အများအမြင်မှာ ဂုဏ်တင့်စေရင်း
တိုင်းပြည်နဲ့ဝေးရာကို ပို့ဆောင်ပြီး သမိုင်းဖျောက်ကြတယ်။
ဗိုလ်ချုပ်သမီး...
ကျုပ်တို့ရဲ့ အိမ်ရှေ့စံကို ဆက်ဆံကြပုံများ
တွေးမိတိုင်း အသဲနာလို့
ပြည့်ဖခင် မျက်နှာမှ မထောက်
လုပ်ရပ်တဲ့ မိစ္ဆာတွေက နေအိမ်အကျယ်ချုပ်ချသတဲ့။
အရပ်ရပ် နေပြည်တော်.. .
ကြားလို့မှ ကောင်းကြရဲ့လား...
စားခွက်လုရင်း မာန်ဖီတာတောင်
ကျေးဇူးရှင်ကိုပြန်ကိုက်တဲ့ ခွေး
လောကမှာ တကယ်ရှိတယ်။
အမေစု....
ဗိုလ်ချုပ်ရဲ့ သွေးတစက်...
တော်ဝင်တဲ့ အိမ်ရှေ့စံ...
မြန်မာပြည်ရဲ့ ဘုရင်မ..
မာန်မချတဲ့ ခွပ်ဒေါင်း...
ကံမလှလို့ နန်းမတက်ရရင်တောင်
ကျုပ်တို့ရဲ့ ထာဝရသခင်မပါ။
ဆယ်စုနှစ်များစွာ...
နေအိမ်မှာ အကျယ်ချုပ်တဲ့ ...
မရေရာတဲ့ မနက်ဖြန်၊ မသေချာတဲ့ လွတ်ရက်
စိတ်မမှန်တဲ့ မိစ္ဆာတို့ရဲ့ အကျဉ်းသား...
တင်းထားတဲ့ ပြည်ချစ်စိတ်
မဖိတ်စင်တဲ့ သမာဓိနဲ့
သီးခံတတ်တဲ့ အာဂမိန်းမသား
သားနှစ်ယောက်နဲ့ လင်သား
ပြည်ခြားနေတာတောင် မပြန်ချင်
ပြည်သူကို ပိုချစ်တဲ့ လူသား...
ကျုပ်တို့ ကြက်သီးတောင် ထမိတယ်။
မနေနိုင်ဘူး...
ကိုယ့်မိသားစု ကိုယ့်အဆင့်အတန်း
ထမင်းရေသောက်နေရရင်တောင်
မခွဲချင်တဲ့ ကျုပ်တို့၊
ကိုယ့်သွေးကိုယ့်သား ပစ်မထားပဲ
တီတီတာတာ ချစ်စရာတွေနဲ့
အချိန်ကုန်နေတတ်တဲ့ ကျုပ်တို့၊
လွတ်လွတ်လပ်လပ် ရပ်တည်ရင်း
နေစားသွားလာနေတဲ့ ကျုပ်တို့၊
ပြန်တွေးရင်းရှက်မိပါရဲ့ဗျာ ။
မှန်တယ်...
ကျုပ်တို့ကိုယ်ချင်းမစာတတ် ဘူး...
အမေ့ဒုက္ခကို မမြင်၊ ကယ်တင်ရကောင်းမှန်မသိ
စိတ်ထင်ရာ လေလွင့်နေချိန်မှာ
အမေက ကျုပ်တို့အတွက် အခွင့်အရေးတွေကို အစာငတ်ခံ တောင်းဆိုနေသတဲ့....
ကိုယ့်ကိုကိုယ် ရှက်လိုက်တာဗျာ။
သားတွေနဲ့တွေ့ ....
လင်သားရဲ့ ထွေးပွေ့မှုကို
ဘယ်အိမ်ရှင်မက ငြင်းမလဲ...။
ကျုပ်မှားသွားတယ်...
အမေက ငြင်းလိုက်သတဲ့...
သန်း ၆၀ သောပြည်သူကို ဦးစားပေးရမယ် တဲ့..
ဆွံအသွားတဲ့ ကျုပ်လေ..
ထမင်းတောင် မြိုမကျ..
မျက်ရည်တွေ တွေတွေကျလို့
ရင်နာနာနဲ့ ငိုခဲ့ရသေးတယ်။
အမေ့အတွက် ဆုပေးပွဲတွေ..
နိုင်ငံတကာမှာ ခြိမ့်ခြိမ့်သဲ...
အမေ့သားတွေ လက်ခံရင်း
အမေ့ကိုယ်စား မိန့်ခွန်းပြောတာကို
အထီးကျန် အကျဉ်းကျသုံ့ပန်းဘ၀မို့
ရေဒီယိုအစုတ်တလုံးနဲ့ အားရနေတဲ့အပြုံးက
လမင်းထက်တော့ သာမယ်ထင်တယ်။
ရှုံ့ချည်နှပ်ချည်နဲ့ မျောက်စိတ်နဲ့ လူတွေကြား
ထားရာနေ စေရာသွား
ဂန္ထ၀င် အကျဉ်းသားအမေ့အတွက်
သားတို့တတ်နိုင်တာက
ဘေးမသီ ရန်မခ၊ အသက်ရှူခွင့်ရပါစေလို့...
ဆုတောင်းရုံပဲလား အမေ။
အမေအတွက်...
ဒေါသတွေထွက်ရင်း အကြမ်းဖက်ဖို့ဆိုတော့လည်း
အမေက တားတယ်လေ...
မကျေနပ်ဘူးအမေ...
သူသေကိုယ်သေ ရင်ဆိုင်ရင်း
ရရာလက်နက်စွဲကိုင်မယ်ဆိုတော့ လည်း
ပြည်သူတွေ သေကုန်မှာပေါ့ တဲ့...
"မင်းတို့ပြည်သူတွေ ချမ်းသာဖို့
ငါအသက်နဲ့လဲဆိုရင် ငါလဲရဲတယ်" တဲ့..
မရဘူးအမေ..
အမေလည်း မသေရဘူး..
ကျုပ်တို့လည်း မရမ်းတော့ဘူး..
အမေ့ကိုဝန်းရံရင်း
လာမယ့်မနက်ဖြန်တွေကို
အလှပဆုံး ထုဆစ်ကြတာပေါ့ အမေ။
(၂၀၁၅ ဖေဖော်ဝါရီမှာ ထုတ်သော ဗိုလ်ချုပ် နှစ်တရာပြည့်အမှတ်တရ စာအုပ်မှ... )
Credit
===================
အဖဗိုလ်ချုပ်....
ဆင်းရဲတဲ့ ခေါင်းဆောင်မို့ အားနာမိရင်း
ကြေကွဲစရာ အတိတ်တချို့အတွက်
တို့ပြည်သူ "လူအ" များကိုတော့ ခွင့်လွတ်ခဲ့ပါ။
တိုင်းပြည်ကို ရှေ့တန်းတင်...
မပြည့်စုံတဲ့ မိသားစုကို နောက်မှာထားရင်း
အသက်ကိုစတေး ပေးဆပ်ခဲ့တဲ့ ဗိုလ်ချုပ်အတွက်
ကျုပ်တို့ရဲ့ ဦးခိုက်မှုပဲ ပေးနိုင်သေးတယ်။
ပြည်သူကို ကယ်တင်...
ငြိမ်းချမ်းရေးကိုတဖွဖွပြော
ပြောင်မြောက်ခဲ့တဲ့ ဗိုလ်ချုပ်သမိုင်းအတွက်
ကျုပ်တို့ မပေးဆပ်ရသေးဘူး။
ရှက်တယ် ဗိုလ်ချုပ်....
များပြားတဲ့ ကျေးဇူး၊ မကုန်ခမ်းတဲ့ မေတ္တာ
တဘ၀လုံး ပေးဆပ်ခဲ့တာတောင်
ကျန်ရစ်တဲ့ ဗိုလ်ချုပ် မိသားစုအတွက်
ကျုပ်တို့က စောင့်ရှောက်မှု မပေးနိုင်ဘူး။
သူတို့လေ...
တော်ဝင်တဲ့ မုဆိုးမမိသားစုကို
အလိမ္မာနဲ့ ပြည်တော်နှင်လို့
အများအမြင်မှာ ဂုဏ်တင့်စေရင်း
တိုင်းပြည်နဲ့ဝေးရာကို ပို့ဆောင်ပြီး သမိုင်းဖျောက်ကြတယ်။
ဗိုလ်ချုပ်သမီး...
ကျုပ်တို့ရဲ့ အိမ်ရှေ့စံကို ဆက်ဆံကြပုံများ
တွေးမိတိုင်း အသဲနာလို့
ပြည့်ဖခင် မျက်နှာမှ မထောက်
လုပ်ရပ်တဲ့ မိစ္ဆာတွေက နေအိမ်အကျယ်ချုပ်ချသတဲ့။
အရပ်ရပ် နေပြည်တော်.. .
ကြားလို့မှ ကောင်းကြရဲ့လား...
စားခွက်လုရင်း မာန်ဖီတာတောင်
ကျေးဇူးရှင်ကိုပြန်ကိုက်တဲ့
လောကမှာ တကယ်ရှိတယ်။
အမေစု....
ဗိုလ်ချုပ်ရဲ့ သွေးတစက်...
တော်ဝင်တဲ့ အိမ်ရှေ့စံ...
မြန်မာပြည်ရဲ့ ဘုရင်မ..
မာန်မချတဲ့ ခွပ်ဒေါင်း...
ကံမလှလို့ နန်းမတက်ရရင်တောင်
ကျုပ်တို့ရဲ့ ထာဝရသခင်မပါ။
ဆယ်စုနှစ်များစွာ...
နေအိမ်မှာ အကျယ်ချုပ်တဲ့ ...
မရေရာတဲ့ မနက်ဖြန်၊ မသေချာတဲ့ လွတ်ရက်
စိတ်မမှန်တဲ့ မိစ္ဆာတို့ရဲ့ အကျဉ်းသား...
တင်းထားတဲ့ ပြည်ချစ်စိတ်
မဖိတ်စင်တဲ့ သမာဓိနဲ့
သီးခံတတ်တဲ့ အာဂမိန်းမသား
သားနှစ်ယောက်နဲ့ လင်သား
ပြည်ခြားနေတာတောင် မပြန်ချင်
ပြည်သူကို ပိုချစ်တဲ့ လူသား...
ကျုပ်တို့ ကြက်သီးတောင် ထမိတယ်။
မနေနိုင်ဘူး...
ကိုယ့်မိသားစု ကိုယ့်အဆင့်အတန်း
ထမင်းရေသောက်နေရရင်တောင်
မခွဲချင်တဲ့ ကျုပ်တို့၊
ကိုယ့်သွေးကိုယ့်သား ပစ်မထားပဲ
တီတီတာတာ ချစ်စရာတွေနဲ့
အချိန်ကုန်နေတတ်တဲ့ ကျုပ်တို့၊
လွတ်လွတ်လပ်လပ် ရပ်တည်ရင်း
နေစားသွားလာနေတဲ့ ကျုပ်တို့၊
ပြန်တွေးရင်းရှက်မိပါရဲ့ဗျာ
မှန်တယ်...
ကျုပ်တို့ကိုယ်ချင်းမစာတတ်
အမေ့ဒုက္ခကို မမြင်၊ ကယ်တင်ရကောင်းမှန်မသိ
စိတ်ထင်ရာ လေလွင့်နေချိန်မှာ
အမေက ကျုပ်တို့အတွက် အခွင့်အရေးတွေကို အစာငတ်ခံ တောင်းဆိုနေသတဲ့....
ကိုယ့်ကိုကိုယ် ရှက်လိုက်တာဗျာ။
သားတွေနဲ့တွေ့ ....
လင်သားရဲ့ ထွေးပွေ့မှုကို
ဘယ်အိမ်ရှင်မက ငြင်းမလဲ...။
ကျုပ်မှားသွားတယ်...
အမေက ငြင်းလိုက်သတဲ့...
သန်း ၆၀ သောပြည်သူကို ဦးစားပေးရမယ် တဲ့..
ဆွံအသွားတဲ့ ကျုပ်လေ..
ထမင်းတောင် မြိုမကျ..
မျက်ရည်တွေ တွေတွေကျလို့
ရင်နာနာနဲ့ ငိုခဲ့ရသေးတယ်။
အမေ့အတွက် ဆုပေးပွဲတွေ..
နိုင်ငံတကာမှာ ခြိမ့်ခြိမ့်သဲ...
အမေ့သားတွေ လက်ခံရင်း
အမေ့ကိုယ်စား မိန့်ခွန်းပြောတာကို
အထီးကျန် အကျဉ်းကျသုံ့ပန်းဘ၀မို့
ရေဒီယိုအစုတ်တလုံးနဲ့ အားရနေတဲ့အပြုံးက
လမင်းထက်တော့ သာမယ်ထင်တယ်။
ရှုံ့ချည်နှပ်ချည်နဲ့ မျောက်စိတ်နဲ့ လူတွေကြား
ထားရာနေ စေရာသွား
ဂန္ထ၀င် အကျဉ်းသားအမေ့အတွက်
သားတို့တတ်နိုင်တာက
ဘေးမသီ ရန်မခ၊ အသက်ရှူခွင့်ရပါစေလို့...
ဆုတောင်းရုံပဲလား အမေ။
အမေအတွက်...
ဒေါသတွေထွက်ရင်း အကြမ်းဖက်ဖို့ဆိုတော့လည်း
အမေက တားတယ်လေ...
မကျေနပ်ဘူးအမေ...
သူသေကိုယ်သေ ရင်ဆိုင်ရင်း
ရရာလက်နက်စွဲကိုင်မယ်ဆိုတော
ပြည်သူတွေ သေကုန်မှာပေါ့ တဲ့...
"မင်းတို့ပြည်သူတွေ ချမ်းသာဖို့
ငါအသက်နဲ့လဲဆိုရင် ငါလဲရဲတယ်" တဲ့..
မရဘူးအမေ..
အမေလည်း မသေရဘူး..
ကျုပ်တို့လည်း မရမ်းတော့ဘူး..
အမေ့ကိုဝန်းရံရင်း
လာမယ့်မနက်ဖြန်တွေကို
အလှပဆုံး ထုဆစ်ကြတာပေါ့ အမေ။
(၂၀၁၅ ဖေဖော်ဝါရီမှာ ထုတ်သော ဗိုလ်ချုပ် နှစ်တရာပြည့်အမှတ်တရ စာအုပ်မှ... )
Credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။