မြို့တော်ဝန်တစ်ဦး၏ အရှက်တရား
+++++++++++++++++++++++++
အမေရိကန်နိုင်ငံတစ်ခုလုံး စီးပွားရေးပျက်ကပ် ကြုံတွေ့နေရတဲ့အချိန်အခါဖြစ်ပါတယ်။
၁၉၃၅ ခုနှစ်၊ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီရဲ့ နေ့တစ်နေ့မှာ နယူးယော့မြို့ ရဲ့တရားရုံးတစ်ခုမှာ အမူတစ်ခုကို စစ်ဆေးနေပါတယ်။
တရားခံဟာ အသက် ၇၀ ခန့်ရှိတဲ့ အဖွားတစ်ဦးဖြစ်ပါတယ်။ အ၀တ်အထည်များ ဟောင်းနွမ်းလှပြီး ပါးရည်များတွန့်နေတဲ့အတွက် အသက်ပိုကြီးရတယ်လို့ ထင်ရပါတယ်။ အဖွာအို တရားခံထိုင်ခုံမှာ ခေါင်းငုံ့ပြီးထိုင်နေပါတ ယ်။ ပေါင်မူန့်ခိုးမူနဲ့ အစစ်ခံနေရခြင်းဖြစ်ပါတယ်။ တရားသူကြီးက စတင်စစ်ဆေးပါတယ်။
တရားသူကြီး : ”တရားခံ၊ သင်ပေါင်မူန့် ခိုးယူတယ်ဆိုတာ ဟုတ်ပါသလား“
တရားခံ : ” ဟုတ်ပါတယ်။ ကျမ ပေါင်မူန့်ခိုးမိပါတယ်။”
တရားသူကြီး : ” သင်ဘာဖြစ်လို့ ခိုးရပါသလဲ၊ ငတ်မွတ်နေလို့လား ”
တရားခံ : ” ဟုတ်ပါတယ်ရှင့် ”
အဖွားအို တဖြည်းဖြည်းခေါင်းမော့လာပြီး
ဆက်ပြောပါတယ်။ ” ကျမတကယ်ဗိုက်ဆာပါတယ်။ ဒါပေမဲ့ ၊ မိဘမရှိတော့တဲ့ ကျမရဲ့
မြေးလေး သုံးယောက်ကို ကျွေးဖို့ ကျမခိုးရတာပါ။ သူတို့
ကလေးတွေဖြစ်ကြတာမို့ သူတို့ငတ်သေသွားမှာကို ကျမအရမ်းစိုးရိမ်လို့ပါ။ ”
အဖွားအို ရဲ့ စကားအဆုံးမှာ တရားရုံးတစ်ခုလုံး တီးတိုးစကားများနဲ့ ဆူညံသွားပါတယ်။
ဂျူတီလူကြီးများဟာလည်း တီးတီးတိုးတိုးနဲ့ တိုင်ပင်နေကြပါတယ်။
တရားသူကြီး တူတစ်ချက်ခေါက်လိုက်ပါတယ်။ ” အခုပြစ်ဒဏ်ကို ချမှတ်ပါ့မယ်။
” တရားခံ၊ ဥပဒေကြောင်းအရ ဥပဒေကို လူတိုင်းလိုက်နာရပါမယ်။ သင်ရွေးချယ်မူ ၂ မျိုးရှိပါတယ်။ ၁၀ ဒေါ်လာဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁၀ ရက် သင်ကျခံရပါ့မယ်။ သင်တစ်ခုခု ရွေးချယ်လို့ရပါတယ်။”
“ တရားသူကြီးမင်းရှင့်၊ ကျမ ၁၀ ဒေါ်လာရှိခဲ့ရင် ကျမပေါင်မူန့်ကို ဘယ်ခိုးတော့မလဲ၊ ကျမထောင်ဒဏ် ၁၀ ရက် ရွေးလိုက်ရင် ကျမမြေးလေးတွေဘယ်လိုလုပ်မ လဲ”
တရားခံအဖွားအိုက ဆို့နှင့်တဲ့အသံနဲ့ ဖြေလိုက်ပါတယ်။
အဲဒီအချိန်မှာ ဂျူတီလူကြီးအနားမှာ ထိုင်နေတဲ့ အသက် ၄၀ ကျော်အရွယ်ခန့် အမျိုးသားတစ်ဦး မတ်တတ်ရပ်ပြီး အဖွားအိုအား ဦးထုပ်ချွတ်ကာ အလေးပြုဂါရ၀ ပေးလိုက်ပါတယ်။
အဲဒီနောက်၊ဒေါ်လာ ၁၀ ကျပ်တန်တစ်ရွက်ကို ထုတ်ပြီး ဦးထုပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးနောက် အဖွားအိုအား
” အဖွား၊ ငွေဒဏ် ၁၀ဒေါ်လာကို လက်ခံပေးပါ။”
အဲဒီအမျိုးသားဟာ ပရိသတ်ဘက်လှည့်ပြီးတော့မြှေ ပာလိုက်ပါတယ်။
” ကျနော်ဟာ နယူးယော့မြို့ ရဲ့ လက်ရှိမြို့တော်ဝန် Fiorello H. La Guardia ဖြစ်ပါတယ်။ အခုအားလုံး ပြား၅၀ ဒဏ်ငွေကို ထုတ်ထားကြပါ။ ကျနော်တို့ အားလုံး ပေါင်မူန့်ခိုးယူပြီးမြေးက လေးအသက်ရှင်အောင်ကျွေးမွေးရ တဲ့အဖွားအိုနေတဲ့ မြို့မှာနေထိုင်တဲ့ အတွက် ဒဏ်ငွေဆောင်ရပါလိမ့်မယ်။ #ကျနော်တို့အားလုံးအေးတိေ အးစက်နိုင်လွန်းလှတဲ့အရှက် တရားအပေါ် ဒဏ်ငွေဆောင်ခိုင်းရခြင်းဖြ စ်ပါတယ်။ ”
မြို့တော်ဝန်စကားအပြီးမှာ တရားခွင်တစ်ခုလုံး အပ်ကျတဲ့သံကအစ ကြားရလောက်အောင် ငြိမ်သက်သွားပါတယ်။ တရားသူကြီး၊ ဂျူတီလူကြီး၊ တာဝန်ကျရဲသား၊ လာရောက်နားထောင်သူအားလုံြး ပား ၅၀ ဆီ မြို့တော်ဝန်ရဲ့ ဦးထုပ်ထဲကို ထည့်လိုက်ကြပါတယ်။ ရရှိတဲ့ ဒဏ်ငွေအားလုံး အဖွားကို ပေးလိုက်ပါတယ်။ #အေးတိအေးစက်နိင်လွန်းလှတဲ့ အရှက်တရားဆိုတဲ့ စကားဟာလည်း နယူးယောက့်မြို့ မှာရာဇ၀င်တွင်တဲ့ စကားဖြစ်သွားပါတော့တယ်။
ကျနော်တို့ တိုင်းပြည်မှာလည်း အရှက်တရား ကြံကြံဖန်ဖန် ရှာဖွေတတ်သော လူကြီးမင်း များများပေါ်ထွန်းနိုင်ပါစေ ။
Ref: WeChat
Credit;Sayar Aung Ko Latt
+++++++++++++++++++++++++
အမေရိကန်နိုင်ငံတစ်ခုလုံ
၁၉၃၅ ခုနှစ်၊ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီရဲ့ နေ့တစ်နေ့မှာ နယူးယော့မြို့ ရဲ့တရားရုံးတစ်ခုမှာ အမူတစ်ခုကို စစ်ဆေးနေပါတယ်။
တရားခံဟာ အသက် ၇၀ ခန့်ရှိတဲ့ အဖွားတစ်ဦးဖြစ်ပါတယ်။ အ၀တ်အထည်များ ဟောင်းနွမ်းလှပြီး ပါးရည်များတွန့်နေတဲ့အတွက် အသက်ပိုကြီးရတယ်လို့ ထင်ရပါတယ်။ အဖွာအို တရားခံထိုင်ခုံမှာ ခေါင်းငုံ့ပြီးထိုင်နေပါတ
တရားသူကြီး : ”တရားခံ၊ သင်ပေါင်မူန့် ခိုးယူတယ်ဆိုတာ ဟုတ်ပါသလား“
တရားခံ : ” ဟုတ်ပါတယ်။ ကျမ ပေါင်မူန့်ခိုးမိပါတယ်။”
တရားသူကြီး : ” သင်ဘာဖြစ်လို့ ခိုးရပါသလဲ၊ ငတ်မွတ်နေလို့လား ”
တရားခံ : ” ဟုတ်ပါတယ်ရှင့် ”
အဖွားအို တဖြည်းဖြည်းခေါင်းမော့လာပြီ
အဖွားအို ရဲ့ စကားအဆုံးမှာ တရားရုံးတစ်ခုလုံး တီးတိုးစကားများနဲ့ ဆူညံသွားပါတယ်။
ဂျူတီလူကြီးများဟာလည်း တီးတီးတိုးတိုးနဲ့ တိုင်ပင်နေကြပါတယ်။
တရားသူကြီး တူတစ်ချက်ခေါက်လိုက်ပါတယ်။
” တရားခံ၊ ဥပဒေကြောင်းအရ ဥပဒေကို လူတိုင်းလိုက်နာရပါမယ်။ သင်ရွေးချယ်မူ ၂ မျိုးရှိပါတယ်။ ၁၀ ဒေါ်လာဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁၀ ရက် သင်ကျခံရပါ့မယ်။ သင်တစ်ခုခု ရွေးချယ်လို့ရပါတယ်။”
“ တရားသူကြီးမင်းရှင့်၊ ကျမ ၁၀ ဒေါ်လာရှိခဲ့ရင် ကျမပေါင်မူန့်ကို ဘယ်ခိုးတော့မလဲ၊ ကျမထောင်ဒဏ် ၁၀ ရက် ရွေးလိုက်ရင် ကျမမြေးလေးတွေဘယ်လိုလုပ်မ
တရားခံအဖွားအိုက ဆို့နှင့်တဲ့အသံနဲ့ ဖြေလိုက်ပါတယ်။
အဲဒီအချိန်မှာ ဂျူတီလူကြီးအနားမှာ ထိုင်နေတဲ့ အသက် ၄၀ ကျော်အရွယ်ခန့် အမျိုးသားတစ်ဦး မတ်တတ်ရပ်ပြီး အဖွားအိုအား ဦးထုပ်ချွတ်ကာ အလေးပြုဂါရ၀ ပေးလိုက်ပါတယ်။
အဲဒီနောက်၊ဒေါ်လာ ၁၀ ကျပ်တန်တစ်ရွက်ကို ထုတ်ပြီး ဦးထုပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးနောက် အဖွားအိုအား
” အဖွား၊ ငွေဒဏ် ၁၀ဒေါ်လာကို လက်ခံပေးပါ။”
အဲဒီအမျိုးသားဟာ ပရိသတ်ဘက်လှည့်ပြီးတော့မြှေ
” ကျနော်ဟာ နယူးယော့မြို့ ရဲ့ လက်ရှိမြို့တော်ဝန် Fiorello H. La Guardia ဖြစ်ပါတယ်။ အခုအားလုံး ပြား၅၀ ဒဏ်ငွေကို ထုတ်ထားကြပါ။ ကျနော်တို့ အားလုံး ပေါင်မူန့်ခိုးယူပြီးမြေးက
မြို့တော်ဝန်စကားအပြီးမှာ တရားခွင်တစ်ခုလုံး အပ်ကျတဲ့သံကအစ ကြားရလောက်အောင် ငြိမ်သက်သွားပါတယ်။ တရားသူကြီး၊ ဂျူတီလူကြီး၊ တာဝန်ကျရဲသား၊ လာရောက်နားထောင်သူအားလုံြး
ကျနော်တို့ တိုင်းပြည်မှာလည်း အရှက်တရား ကြံကြံဖန်ဖန် ရှာဖွေတတ်သော လူကြီးမင်း များများပေါ်ထွန်းနိုင်ပါစေ
Ref: WeChat
Credit;Sayar Aung Ko Latt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။