ဂေါက်ရောဂါ နဲ့ အစားအစာ
.
နှစ်ပေါင်းများစွာ ဂေါက်ရောဂါကို ကုသရာမှာ ပြူရင်း ( purine )
အနည်းနဲ့ အများ ပါဝင်တဲ့ အစားအသောက် မှန်သမျှကို ရှောင်ကြဉ်ဖို့သာ
အာရုံစိုက်ခဲ့ကြပါတယ် ။
ရှောင်ရမယ့် အစားအစာ စာရင်းဟာ ရှည်လျားပြီး ၊ လိုက်နာဖို့လည်း
ခက်ခဲပါတယ် ။
.
အခုခေတ်မှာတော့ လေ့လာစူးစမ်းမှုများက ဂေါက်ရောဂါကုသရာမှာ
အစာအသောက် ပုံစံတွေကို ပြတ်ပြတ်ထင်ထင် ဖော်ထုတ်နိုင်လာပါတယ် ။
တချို့ အစားအသောက်ကတော့ လုံးလုံး ရှောင်သင့်ပြီး ၊
တချို့ ကတော့ ပြူရင်း ( purine ) ပါဝင်နေစေကာမူ ရှောင်စရာ
မလိုကြောင်း သိရှိလာပါတယ် ။
တချို့ ကိုတော့ ယူရစ်အက်ဆစ်ကို ထိန်းချုပ်ဖို့ ဖြည့်စွက် စားသောက်ဖို့
လိုကြောင်း တွေ့ ရှိလာပါတယ် ။
ရောဂါကုရာမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ၊ ကျန်းမာစေတဲ့
အစားအသောက် စားသောက်ဖို့ ဦးတည်ချက် ထားလာပါတယ် ။
.
စားသောက်ပုံ
.
ဝိတ်ချဖို့ လိုပါတယ် ..
အ၀လွန်ခြင်း ၊ အလွန်ဝခြင်း ဟာ ဂေါက်ရောဂါကို ပိုဆိုးစေပါတယ် ။
ပြူရင်း ကို ထိန်းဖို့သာမက ကယ်လိုရီ ထိန်းဖို့ပါ အရေးကြီးပါတယ် ။
ဝိတ်ကျလာပါက ပြူရင်း မရှောင်ရပဲနဲ့ ယူရစ်အက်ဆစ် ကျလာပြီး ၊
အဆစ်ရောင်တဲ့အကြိမ်ရေ လျော့သွားစေပါတယ် ။
ဝိတ်ကျသွားရင် အဆစ်တွေပေါ် ဒဏ်ပိတာလည်း လျော့သွားပါတယ် ။
.
ကာဘိုဟိုက်ဒြိတ်များ .
.
အသီး အရွက် အစေ့အနှံ ပိုစားပေးရပါမယ် ။
ပေါင်မုန့်ဖြူ ၊ ကိတ်မုန့် ၊ သကြားလုံး ၊ သကြားဓါတ်လွန်ကဲတဲ့
အချိုရည်များ ၊ ပြောင်းသကြား ( high-fructose corn syrup ) ပါတဲ့
အချိုရည် ( ဥပမာ ကုတ် ၊ ကိုလာ လို အချိုရည် ) တွေ ရှောင်ရပါမယ် ။
.
ရေ
.
ရေများများသောက်ပေးရပါမယ် ။
ရေများများသောက်ခြင်းက အဆစ်ကိုက်ခြင်း လျော့ပါးတာနဲ့ ဆက်စပ်မှု
ရှိပါတယ် ။
ရေကို တနေ့ ၈အောင်စ ခွက် ၊ ၁၆ခွက်လောက် သောက်ဖို့ လိုပါတယ် ။
ရေ ၈အောင်စ ဆိုတာ ၁လီတာ ရေသန့်ဗူး ၄ပုံ ၁ပုံ နီးပါး ရှိပါတယ် ။
.
အဆီ
.
ပြည့်ဝဆီများပေးသည့် အနီရောင်အသား ၊ အဆီများသော ကြက် ဘဲ ၊
အဆီများသော နို့ထွက်ပစ္စည်းတွေ ရှောင်ရပါမယ် ။
.
ပရိုတိန်း
.
အဆီနည်းသောအသား ၊ ငါး ၊ ကြက် ၊ ဘဲ တို့ကို
တနေ့ ၇ ကျပ်သားကနေ ၁၀ကျပ်သားလောက်ပဲ စားရပါမယ် ။
အဆီထုတ်ထားတဲ့ နို့ ၊ အဆီနည်းတဲ့ ဒိန်ချဉ် စားနိုင်ပါတယ် ။
.
အောက်ပါ အစားအစာတွေက ဖြည့်စွက်စားရမယ့် အစားအစာတွေ
ဖြစ်ပါတယ် ။
~ ပြူရင်း များစွာပါဝင်သော ဟင်းရွက်များ ( High-purine vegetables )
.
ပြူရင်းများစွာပါဝင်သော ဟင်းရွက်များက ဂေါက်ရောဂါကို ပိုပြီး မဆိုး
စေနိုင်ပါဘူး ။
ပြူရင်းအတော်အတန် များများပါဝင်တဲ့
ကညွတ် ( asparagus )
ဟင်းနုနယ် ( spinach )
ပဲစေ့ ၊ ပဲပင် ( peas )
ဂေါ်ဖီပန်းပွင့် ( cauliflower )
မှို ( mushrooms )
ပဲတောင့် ( beans )
ပဲနီလေး ( lentils )
စ တာတွေဟာ ပရိုတိန်းဓါတ်ကြွယ်ဝလို့ စားပေးရပါမယ် ။
မရှောင်ရပါဘူး ။
.
ရှောင်ရမယ့် အစားအစာများ .
~ ပြူရင်များသော ကလီစာများ ( Organ and glandular meats )
အသည်း ( liver )
ကျောက်ကပ် ( kidney )
တို့ဟာ ပြူရင်းများစွာပါဝင်ပြီး ယူရစ်အက်ဆစ် တက်စေလို့ ရှောင်ရပါမယ် ။
~ ပင်လယ်စာများ
ငါးပါးနီ ( anchovies )
ငါးသလောက် ( herring, )
ဆာဒင်း ( sardines )
ယောက်သွား ( mussels )
ခုံးကောင် ( scallops )
ထရောက်ငါး ( trout )
ငါးကြီးဆီထုတ်ယူနိုင်သော ငါးကြီး ( haddock )
မက်ကရယ်ငါး ( mackerel )
တူနာငါး ( tuna )

~ အရက် ( Alcohol )
အယ်ကိုဟော ဇီဝကမ္မဖြစ်စဉ်က ယူရစ်အက်ဆစ် ထုတ်လုပ်မှု
များလာစေတယ် လို့ ယူဆပါတယ် ။
အယ်ကိုဟောက ရေဓါတ် ခန်းခြောက်စေပါတယ် ။
ဘီယာကတော့ ဂေါက်ရောဂါကို ပိုလည်းဆိုးစေပါတယ် ၊
ထပ်ထပ်ပြီးလည်း ဖြစ်စေပါတယ် ။
ဝိုင်အကြောင်းကတော့ မသဲကွဲပါဘူး ။
( အရက်သောက်သင့် မသောက်သင့်ကတော့ မိမိဆရာဝန် အကြံညာဏ်နဲ့
မိမိအတွေ့ အကြုံ ကို လိုက်နာရမှာ ဖြစ်ပါတယ် ။
~ ဗီတာမင် စီ ( Vitamin C )
ဗီတာမင် စီ က ယူရစ်အက်ဆစ် ပမာဏ လျော့ကျစေပါတယ် ။
ဗီတာမင် စီ ၂၅၀ မီလီဂရမ် ၂ပြား ( 500-milligram vitamin C )
ကို နေ့စဉ် ဖြည့်စွက် စားပေးနိုင်ပါတယ် ။
~ ကော်ဖီ ( Coffee )
ကော်ဖီက ဂေါက် ကို သက်သာစေပါတယ် ။
~ ချယ်ရီ ( Cherries )
ချယ်ရီသီးများစားခြင်းက ဂေါက်ကိုက်ခဲခြင်းများ အဖြစ်နည်းစေပါတယ် ။
.
ပြောင်းလဲလာတဲ့ ကုသမှုများကို သိရှိနိုင်စေဖို့ တင်ပြရခြင်း ဖြစ်ပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ
Dr. Myint Thein
July 23, 2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။