Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 30, 2016

ဂီတလောကထဲ လူတစ်ယောက်ရောက်နေတယ်


Aung Myo Lwin added 4 new photos — with Aung Mhoe Thu and 39 others.

ဂီတလောကထဲ လူတစ်ယောက်ရောက်နေတယ်
နေချိုဆိုတဲ့ ကောင်လေးတစ်ယောက် ကျနော့်ကို page ကတဆင့် ဆက်သွယ်လာတယ်။ ကျနော့်သီချင်းတွေ နားဆင်ပြီး ဝေဖန်ပေးပါ၊ အဆင်ပြေရင် ပေ့မှာတင်ပေးပါလို့ request လုပ်လာတယ်။ Demo အဆင့်မှာ နားထောင်ကြည့်ရပေမယ့် အဆင်ပြေနေတာနဲ့ပဲ တစ်ပုဒ် နှစ်ပုဒ် တင်ပေးလိုက်ပါတယ်။ နောက် သူ့ဘာသာ video တွေပါတင်လာတာတွေ့ရတယ်။ စေတနာအကျိုးပေးတယ်ခေါ်မလား ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်အကြောင်း ဂုဏ်ပြုသီဆိုထားတဲ့ ဓမ္မစေတီသူရဲကောင်းသီချင်းဟာ အွန်လိုင်းသုံးသူတွေကြား တဖြည်းဖြည်း ပျံ့နှံ့လာတယ်။ အယ်လ်ဘမ်ထွက်လာပြီးနောက် ရဲချုပ်ကိုယ်တိုင် သူ့ကို ဂုဏ်ပြုလက်ဆောင် ပြန်ပေးတဲ့အထိ အောင်မြင်ခဲ့တဲ့သီချင်းလေးပေါ့။ သူ့သီချင်းတချို့ဟာ လူတွေထဲမှာ ဖြစ်ပျက်နေတာတွေကိုပဲ ရိုးရိုးရှင်းရှင်းတင်ပြလေ့ရှိတယ်။ လူငယ်ပီပီ အချစ်တွေပါတယ်။
သီဆိုတဲ့အခါမှာလည်း အရှိအတိုင်း ရိုးသားစွာ သီဆိုထားတာကြောင့် နားထောင်ရတာ အဆင်ပြေပါတယ်။ စကားပြောဆိုတဲ့အခါမှာလည်း နှိမ့်ချပြောဆိုတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး ခင်မင်နှစ်လိုဖွယ်ကောင်းပါတယ်။
၀၁၊ အဆုံးမဲ့မျှော်လင့်ခြင်း
ပထမဆုံးအပုဒ်မှာ ချစ်တတ်သူတယောက်အကြောင်း ဖော်ပြထားတယ်။♪ ♪ ကမ္ဘာမြေမှုန်ဝါးနေလည်း ငါမြင်တာမင်းတစ်ယောက်တည်း.... ကြယ်တွေမြေခလည်း ငါကြွေတာ မင်းတစ်ယောက်တည်း....♪ ♪စာသားတွေက ကောင်မလေးတွေ ကြွေကျသွားနိုင်တဲ့ သီချင်းလေးပါ။
၀၂၊ နေရင်းထိုင်ရင်း အသည်းကွဲရင်း
ကိုယ့်ဘက်က အပြစ်မလုပ်ရပါပဲ ချစ်သူက မုန်းသွားလို့ အသည်းကွဲနေရတဲ့ အကြောင်းပါ။ ♪ ♪ နေရင်းထိုင်ရင်း ငါ ငါ အသည်းကွဲရင်း ♪ ♬ အသည်းကွဲသမားတွေ လိုက်အော်ကြပေတော့ဗျာ။
၀၃၊ လူတစ်ယောက်ရောက်နေတယ်
ဘယ်သူ့အတွက် လူတစ်ယောက်လဲ၊ မိသားစုအတွက်လား မိတ်ဆွေအတွက်လား နေချိုကတော့ ချစ်သူအတွက် လူတစ်ယောက်ပါ၊ ချစ်သူအတွက် ကြိုးစားနေပေမယ့် ချစ်သူဘေးမှာ အခြားလူတစ်ယောက်ရောက်နေသောအခါ.....
၀၄၊ ကုန်းမတက်ကုန်းဆင်း
အယူသာရှိပြီး အပေးမရှိသော တချို့တချို့သော လူတွေအကြောင်းပေါ့..
၀၅၊ နင် ၁၂ခါ အသည်းခွဲဖူးတယ်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြတ်လိုက် ဆက်လိုက် ချစ်သူတွေအတွက် ...
၀၆၊ နင်မရှိတော့
လူငယ်ကြိုက် အသည်းကွဲသီချင်းတစ်ပုဒ်ပါပဲ။ ချစ်သူမရှိတဲ့ဘဝ လေလွင့်အဖြစ်အပျက်များပေါ့ နင်မရှိတော့
၀၇၊ တစ်နေ့တာ
UKULELE ဂစ်တာသံနဲ့ သံစဉ်လှတဲ့ အချစ်သီချင်းတစ်ပုဒ်၊ ချစ်သူနှစ်ယောက်ရဲ့တစ်နေ့တာမှနေ တစ်သက်တာထိ ချစ်သွားကြမယ့်အကြောင်း
၀၈၊ မငိုပါနဲ့
ချစ်သူကိုအားပေးရင်း ဒုက္ခတွေကြုံလည်း မငိုပါနဲ့တဲ့၊ အခက်အခဲတွေကြုံလည်း မငိုပါနဲ့တဲ့ `ထွေးပိုက်ထားမယ် အချစ်ရေမငိုပါနဲ့ အနာဂတ်များ အဆုံးထိရွက်လွှင့်ကြမယ်´♪ ♪
၀၉၊ လူတွေစုတ်ပြတ်နေတယ်
Rock and Roll ပုံစံအဟောင်း ကျနော်အကြိုက်ဆုံး တပုဒ်ပါ။ လူတွေပေါ်မှာနေပြီး လူလိုမသိသူတွေကြောင့် လူတွေစုတ်ပြတ်နေတယ်
၁၀၊ လှေနံနှစ်ဖက်နင်း
ကာရံနဘေနဲ့ စကားလုံးအမိုက်တွေနဲ့ မုန့်စားရင်းလှည်းစီးသူတယောက်အကြောင်းပါ။
၁၁၊ လေပြေညင်းရဲ့မုန်တိုင်းများ
အချစ်သီချင်းရိုးရိုးလေးတစ်ပုဒ်
၁၂၊ ပုံစံခွက်
ပုံစံခွက်ထဲက ခပ်မြူးမြူးအချစ်သီချင်းတစ်ပုဒ်
၁၃၊ မျက်ရည်များနဲ့မနက်ဖြန်
ဒီအခွေမှာ တစ်ပုဒ်တည်းသော စုံတွဲသီချင်း။ စုံတွဲအဆိုက မြင့်မြတ်အမည်ရ ကောင်မလေးတစ်ယောက်ပါ။ အပေးအယူမျှမျှ အသံချိုချိုနဲ့ နှစ်ယောက်သား မနက်ဖြန်တစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုနေကြတယ်။
၁၄၊ ဓမ္မစေတီသူရဲကောင်း
ဓမ္မစေတီလမ်းထောင့်က ယာဉ်ထိန်းရဲ ကိုခင်မြင့်မောင်ကို ဂုဏ်ပြုစပ်ဆိုသီဆိုထားတာပါ။ ဒီသီချင်းကြောင့် ကိုခင်မြင့်မောင်ရဲ့အပြုံးတွေဟာ ပိုပြီးတောက်ပြောင်လာတယ်။ ကြားရသူတွေလည်း ပိုပြီးချစ်ခင်လာစေပါတယ်။
သူ့အကြောင်း တီးခေါက်ထားတာ ဖတ်ကြည့်လိုက်ကြရအောင်ပါ။
Q. နေချိုဆိုတဲ့နာမည်က တစ်မျိုးပဲ၊ အမည်ရင်းလား
A. အရင်းက ဝေဖြိုးအောင်ပါ
ကိုဝေလနာမည်အရင်းနဲ့
အတူတူပဲ
Q. ဂီတကို ဘယ်အရွယ်လောက်တည်းက ခံစားဖန်တီးဖြစ်တာလဲ
A. ကျွန်တော်ငါးတန်းထဲကပါ
သီချင်းတွေစရေးတယ်
တီးလုံးကြီးပဲပါတဲ့ Tape ခွေတွေဝယ်ပြီး
လိုက်ရေးခဲ့တယ်
Q. ဘယ်လိုအကြောင်းအရာတွေ ရေးခဲ့တာလဲ
A. အဲ့တုန်းကတော့
ဂီတကိုရူးသွပ်တဲ့အကြောင်းတွေ
ရေးတယ်၊ အချစ်ကြောင်းတော့
ကောင်းကောင်းမသိသေးဘူး
Q. ဒီခွေစဖြစ်လာဖို့ ဘယ်အရာတွေက စေ့ဆော်ပေးခဲ့တာလဲ
A. တစ်ကိုယ်တော်အခွေ ထွက်ဖို့က
ကျွန်တော့်ရဲ့ အမြဲမက်ခဲ့ရတဲ့ အိမ်မက်လေးပါ
၈နှစ်လောက်မက်ခဲ့တယ်
အဲ့အိမ်မက်လေးကပဲ စေ့ဆော်ပေးခဲ့တာပါ
Q. ကိုယ်တိုင်ရေးထားတာတွေပဲ သုံးဖြစ်ခဲ့တဲ့အကြောင်းက
A. သီချင်းရေးရတာက
ကျွန်တော့်အဓိက ဝါသနာပါ
အဲ့ဝါသနာလေးကိုပဲ ချပြချင်လို့ပါ
Q. ဒီခွေအတွက် ကျေးဇူးအတင်ရဆုံးလူကို ပြပါဆိုရင် ဘယ်သူဖြစ်မလဲ
A. ကျွန်တော့်မိသားစုပါပဲ
Q. ညီရေးတဲ့သီချင်းတွေအတွက် အကြောင်းအရာက ဘယ်လိုရှာလဲ
A. ဟဲဟဲ နှလုံးသားနဲ့ပဲရှာပါတယ်ဗျ
Q. ဓမ္မစေတီသူရဲကောင်းကြီး ဂုဏ်ပြုသီချင်းအကြောင်း ပြောပြပါဦး
A. ကိုခင်မြင့်မောင်ကို တကယ်လေးစား
စာနာမိလို့ပါ ပြီးတော့ သူ့စေတနာလေး
ပိုပြီးပြည့်စုံသွားအောင်လို့ အဲလိုလူတွေ အများကြီးဖြစ်လာအောင်လို့ပါ
Q. အဲ့သီချင်းကြောင့် ပြန်လည်ဂုဏ်ပြုခံရတော့ ရင်ထဲကခံစားချက်က
A. အဲ့လိုတုံ့ပြန်လာမယ်လို့
မတွေးခဲ့မိလို့ အရမ်းပီတိဖြစ်ပါတယ်
Q. ကိုခင်မြင့်မောင်အပြင် ဘယ်သူ့ကိုရည်ရွယ်ဖွဲ့ဆိုထားတဲ့ သီချင်းတွေပါသေးလဲ
A. လူတစ်ယောက်ပါသေးတယ်၊
နံပတ် ၉ အပုဒ်၊ ဒါပေမယ့် ကျွန်တော်
ပြောလဲပြောချင်တယ် ပြောလဲပြောဘူး
တစ်ယောက်သောသူကိုရည်ရွယ်တာပါ၊
နိုင်ငံရေးရယ်တော့လဲ မဟုတ်ပါဘူးဗျာ
Q. Featuring တစ်ယောက်က ဘယ်လိုပါလာတာလဲ
A. သူကလဲ ဝါသနာအိုးလေးပါ
အသံလေးကလဲ ကလေးဆန်တယ်
Moodလေးလဲကောင်းတယ်
အဲ့သီချင်းလေးကကြာပါပြီ
အမှတ်တရအနေနဲ့ပါလာတာပါ
Q. လူတွေစုတ်ပြတ်နေတယ်ရဲ့ music arrangement အကြောင်းရယ်၊ အဲ့ဒီလိုပုံစံမျိုး တီးခတ်ဖြစ်တဲ့အကြောင်းလည်း ပြောပြပါဦး
A. အဲ့သီချင်း နဂိုပုံစံလေးက drum မပါပါဘူး hollow တစ်လက်ထဲပါ
ပဲခူးမှာshowသွားဆိုဖို့ သီချင်းတိုက်ကြတဲ့အချိန် ကိုညီငယ်(guitarist) နဲ့ ကိုရဲလေး(drummer)တို့က Bodyထည့်တီးကြည့်တော့ ပိုမိုက်သွားတယ် အဲ့ဒါနဲ့ သူတို့ Ideaတွေနဲ့ပဲ Oldies ပုံစံတီးဖြစ်တာပါ
Bandရဲ့ Arrangement တွေပါ
Ideaတွေပါ
Q. Mr.Radio music band နဲ့ မိတ်ဆက်ပေးပါဦး
A. ဟုတ်
Guitar - Ko nyi nge
Kb - Ko pei pe & Ko thi han
Drum- Ko ye lay
Bass- U george
တို့က တီးခတ်ပေးထားပါတယ်ဗျ
Q. နေချိုရဲ့ ကိုယ်ပိုင် band လို့ ပြောလို့ရမလား
A. ကိုယ်ပိုင်ဆိုတာထက်
ပင်တိုင်Band ပါဗျ
Q. သူများတွေ ဆယ်ပုဒ်လောက် လုပ်နေချိန်မှာ ဆယ့်လေးပုဒ်ထိ ထည့်ဖြစ်တဲ့အကြောင်းက
A. ကျွန်တော် ဘယ်သီချင်းပြန်လျှော့ရမှန်းကို
မသိတော့လို့ပါဗျ
Q. အွန်လိုင်းပေါ်က ပရိသတ်ရဲ့တုံ့ပြန်မှုကရော
A. Accထဲကရော
Pageထဲက Fanတွေပါ အားပေးကြပါတယ်၊
သူတို့ဆီကပြန်လာတဲ့ Feedbackက
သိပ်နားထောင်ကောင်းပါတယ်၊
ဝယ်ပြီးတော့ အားပေးကြပါတယ်၊
Photo လေးတွေရိုက်ပြီး cb ဒါမှမဟုတ်
wallမှာtagပြီး တင်ပေးကြတယ်၊
ဓမ္မစေတီသူရဲကောင်း သီချင်းကနေ
ကျွန်တော့်ကို စသိတာလို့
ပြောကြပါတယ်။
Q. ဈေးကွက်ကိုရော အားရတယ်ပေါ့
A. အခွေထုတ်ပြီး ၂ပတ်ကျော်လောက်မှာ
City martတွေကနေ
Order ထပ်တက်တယ်လို့
Bo Bo က ပြောပါတယ်ဗျ
Q. အားရတဲ့အတိုင်းအတာကိုရော ရောက်ပြီထင်လား
A. ကျွန်တော်ကြိုးစားတုန်းပါ
အစ်ကို
Q. ရှေ့ဆက်ဖို့အားအင်တွေရှိလာပြီ ဘာတွေဆက်လုပ်ဦးမလဲ၊ နောက်တခွေလား mtvလား
A. Mtvပါ အစ်ကို
Q. သရုပ်ဆောင်မလေးတွေနဲ့ တွဲခုတ်မယ်ပေါ့
A. အဲ့လိုတော့လဲ
မဟုတ်ရပါဘူးဗျ ခ်ခ်
Mtv ဆို ကျွန်တော်က သိပ်ဂျီးများတာ
လာဦးမယ်အစ်ကိုရေ
Q. mtv မှာ ကိုခင်မြင့်မောင်ကို သုံးဦးမလား
A. ဟုတ် သုံးမှာပါအစ်ကို
Q. ရှိုးပွဲတစ်ခု အခြားတစ်ယောက်နဲ့ဖျော်ဖြေခွင့်ရမယ်ဆို ဘယ်သူနဲ့တွဲမလဲ
A. ကိုဝေလနဲ့ပါ
Q. ညီလေးရဲ့ idol က ဝေလပေါ့
A. ဟုတ် နောက်ပြီး ကိုကျားပေါက်ပါ
Q. နှစ်ပုဒ်အမြည်းပေးဖို့ ဘယ်အပုဒ်တွေရွေးချယ်မလဲ
A. 1.အဆုံးမဲ့မျှော်လင့်ခြင်း
9. လူတွေစုတ်ပြတ်နေတယ်
Q. အကြောင်းပြချက်က
A. ကျွန်တော်သိပ်ချစ်ရတဲ့
သီချင်းတွေမို့ပါ
Q. အားပေးနေတဲ့ပရိသတ်တွေအတွက် စကားလေးပြောပေးပါဦး
A. ဒီအခွေလေးကို အခက်ခဲများစွာထဲက ကြိုးစားလုပ်ခဲ့ရတာပါ
တယုတယ ပြုစုခဲ့ရတာပါ
အဲ့ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့
အသိမှတ်ပြု အားပေးစေချင်ပါတယ်
ဝယ်ယူသူတွေအတွက်
နားထောင်သူတွေအတွက်
တန်အောင်လုပ်ထားပါတယ်ခင်ဗျ
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ
အစ်ကို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
၁။ အဆုံးမဲ့မျှော်လင့်ခြင်း
https://my.pcloud.com/publink/show…
၂၊ လူတွေစုတ်ပြတ်နေတယ်
https://my.pcloud.com/publink/show…
ဓမ္မစေတီသူရဲကောင်း video link
https://m.facebook.com/story.php…
ကြိုက်နှစ်သက်တယ်ဆို ကြုံတဲ့အခါ မူရင်းခွေဝယ်ယူအားပေးလို့ ဂီတလောကကြီးကို ကယ်တင်ကြပါစို့
‪#‎ဂီတအာပလာလောက်စပီကာ‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။