Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 31, 2016

လွတ်လပ်၍သန်မာပါစေ။

 Khant Naing

‪#‎ဒီပို့စ်ကိုမကျော်သွားပဲ့ဖတ်ကြည့်စေချင်တယ်‬
စာကတော့ ရှည်ပါတယ်။
Yin Yadanar ဆိုတဲ့ အမျိုးသမီးတစ်ဦးရေးသားပါတယ်။
ပိုစ့်ပိုင်ရှင်က Likeရော mentရော ပိတ်ထားတဲ့အတွက် ၊
ဒီစာဟာ ဒီ့ထက်မက ပျံနှံ့သင့်တယ်လို့ ယူဆတဲ့အတွက်
Copy ကူးတင်လိုက်ပါတယ်။

လိုတဲ့အချက်ယူ မလိုတဲ့အချက် ပယ်ကြရုံပေါ့။
အမျိုးသမီးဝါဒီဆိုပြီး ဖင်ပိတ်အော်နေတာထက်
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်တဲ့
လွတ်လပ်သန်မာတဲ့ အမျိုးသမီးတွေအဖြစ် တည်ဆောက်ကြဖို့က ပိုဖြစ်သင့်ဖြစ်ထိုက်ပါတယ်။
အသိဥာဏ်တံခါးတွေဖွင့်ထားလိုက်ရုံပါပဲ။
-----------------------------------
Credit - Yin Yadanar
လွတ်လပ်၍သန်မာပါစေ။
-----------
ဒီနေ့ခေတ် မြန်မာ အမျိုးသမီး အမျိုးသားကြားမှာ (အိမ်ထောင်သည်များကြားမှာသာမက) လူမှုရေးဖောက်ပြန်မှုတွေ ပိုမိုပေါများလာပြီး အများစုသော အမျိုးသမီးတွေက ထုံးစံအတိုင်း ပြုလုပ်ခံ (Object) တွေ ဖြစ်ကြတယ်။ တကယ်တော့ ဒီဖြစ်ရပ်တွေဟာ ဟိုးအရင်တည်းက ရှိတာတွေ ဖြစ်ပြီး မြန်မာ့လူမှုရေးကျင့်ဝတ်တွေ ၊ မယားဝတ္တရားဆိုတာတွေ ၊ အိမ်တွင်းမီး အိမ်ပြင်မထုတ်နဲ့ ဆိုတာတွေကြောင့် ဖြတ်သန်းလာခဲ့တဲ့ သက္ကရာဇ်အဟောင်းတွေထဲ နှုတ်ဆိတ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ တနေ့ထက် တနေ့ အမျိုးသားတွေရဲ့ စိတ်ဟာ တဖက်စောင်းနင်းဆန်လာပြီး၊ ကိုယ်ချင်းစာနာမှုတွေကင်းမဲ့လာတာကိုလည်း ကျမတို့တွေ တွေ့မြင်နေရတယ်။

ဒါတွေကို အမျိုးသမီးတွေ ဘယ်လိုကျော်လွှားကြမလဲ။ ဒူးနဲ့ မျက်ရည်သုတ်ပြီးနေရတဲ့ ဘဝထက်စာရင် ကိုယ့်ကောင်းကင်ထဲ ကိုယ် လွတ်လွတ်လပ်လပ်ပျံသန်းရတဲ့ ဘဝကို လူတိုင်းမက်မောကြလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ဒီစာကို ရေးဖြစ်သွားတာပါ။ အကြံပြုချက်တွေဆိုရင်လည်း မမှားပါဘူး။ Majority ကို အခြေပြုပြီး ရေးထားတာဖြစ်တာကြောင့် လူတိုင်းနဲ့တော့ ထပ်တူကျလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ အများအတွက် စဉ်းစားစရာ အတွေးတွေရလိမ့်မယ်လို့ ထင်ပါတယ်။
မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို လေးစားပါ ။
စိတ်က ခန္ဓာကိုယ်တစ်ခုလုံးကို ဆောင်ထားတဲ့ အရာပါ။ စိတ်နှလုံးသားပျော်ရွှင်မှုထက် ပိုပြီး တန်ဖိုးရှိတဲ့ အရာ မရှိပါဘူး။ အဲဒီ စိတ်ကို ပျော်ရွှင်အောင်ထားခြင်းဟာ မိမိကိုယ်မိမိ ပျော်ရွှင်အောင်ထားတာပဲ ဖြစ်ပြီး တနည်းအားဖြင့် မိမိကိုယ်မိမိလေးစားခြင်းပါပဲ။ ကိုယ့်စိတ်ကို ပင်ပန်းနာကျင်အောင် လုပ်တဲ့သူဟာ တကယ်တော့ ကိုယ်တိုင်ပဲ ဖြစ်တယ် ဆိုတာ သင်တို့ ကျမတို့ မေ့နေတတ်ကြတယ်။ ဒါကြောင့် ပြောင်းလဲသွားတဲ့အရာတွေကို ဆုပ်ကိုင်ထားပြီး ကိုယ့်ကိုယ် အနာတရတွေ ပေးနေကြတာပေါ့။
၁) အပျိုစင်ရောဂါ
လက်မထပ်ရခင် အတူနေမိတဲ့ မိန်းကလေးက သူ့ချစ်သူ သူ့ကိုထားခဲ့တဲ့ အခါမှာ “ငါဟာ အပျိုမဟုတ်တော့ဘူး ၊ သူက ငါ့ဘဝကို ဖျက်ဆီးသွားခဲ့ပြီ ၊ ငါ့ အပျိုစင်ဘဝကို ချိုးဖျက်ခဲ့ပြီ ၊ ငါဟာ တန်ဖိုးမရှိတော့ဘူး ၊ ငါဟာ မဖြူစင်တော့ဘူး၊ ပတ်ဝန်းကျင်က ငါ့ကို ဝိုင်းပြီး လက်ညှိုးထိုးတော့မယ် ၊ ငါ့ကို ဘယ်ယောက်ျားကမှ အတည်ယူမှာ မဟုတ်တော့ဘူး” ဆိုပြီး အမှောင်နေ့ရက်တွေထဲမှာ ကိုယ့်ကိုယ်ကို ဇောက်ထိုးဆွဲထားရင်း အနာဂတ်တွေကို ဖျောက်ပစ်တတ်ကြတယ်။
အပျိုစင်ရောဂါဟာ အရမ်းကို လှိုက်စားတတ်ပြီး ကြောက်စရာကောင်းတယ်။ လူ့အသိုင်းအဝိုင်းဟာ အဲဒီ အပျိုစင်ရောဂါကို မျိုးဆက် တဆက်ပြီး တဆက်လက်ဆင့်ကမ်းကြတယ်။ ဒီနေရာမှာ လူ့အသိုင်းအဝိုင်းက အမျိုးသားကြီးစိုးသော လူ့အသိုင်းအဝိုင်းဆိုတာ မိန်းကလေးတွေ ကိုယ်တိုင် သတိချပ်ဖို့လိုတယ်။ အမျိုးသမီးတွေကို အမျိုးသားတွေက စင်းလုံးချောပစ္စည်းတစ်ခုလို ပိုင်ဆိုင်ချင်ကြတာကြောင့် သူတို့စိတ်ကြိုက်စံနှုန်းတွေ သတ်မှတ်လိုက်ကြတယ်။ အဲဒီ စံနှုန်းတွေက အမှန်ဆိုရင် ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေ တန်းတူပျော်ရွှင်ခဲ့ကြရမှာပေါ့။ ဒီတော့ မိန်းကလေးများ ၊ ကိုယ်လိုက်နာနေတဲ့ စံနှုန်းတွေဟာ ကိုယ်တွေအတွက် တကယ်ပဲ မျှတရဲ့လားဆိုတာ တွေးကြည့်စေချင်တယ်။ အမှားကို အမှားမှန်းသိရင် တော်လှန်စေချင်တယ်။ (ခပ်ပေါပေါ လူတိုင်းနဲ့ အိပ်ပစ်နိုင်တယ်လို့ မဆိုလိုပါ။)
ဒီနေရာမှာ သမီးရှင် အမေတွေက သဘောတူချင်မှ တူမယ်။ ကိုယ့်သမီးလေးကို ချစ်ကြ၊ တန်ဖိုးထားကြတာကိုး။ ဒီတော့ ကိုယ့်သမီး အိမ်ထောင်မကျခင် အပျိုရည် မပျက်စေချင်ဘူး၊ ဒါဟာ အမျိုးသားကြီးစိုးလူ့အဖွဲ့အစည်းရဲ့ စံနှုန်းမဟုတ်ဘဲ မေ့မေ့မေတ္တာတွေပါ လို့ စောဒက တက်ကြပါလိမ့်မယ်။ ဒါကြောင့် ရှေးခေတ်တရုတ်ပြည်က “ရွှေကြာထုပ်”လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ရွှေကြာထုပ်ဆိုတာ တခြားမဟုတ်ပါဘူး။ ကျမတို့ ကြားဖူးတဲ့ တရုတ်ခြေသေးလေးတွေပါပဲ။ အမျိုးသမီးမှာပဲ ရှိတာဖြစ်ပြီး မွေးရာပါသေးတာ မဟုတ်ပါဘူး။ ခြေဖဝါးအလျား ၄ လက်မလောက်ပဲ ရှိအောင် ခြေဖမိုးခုံးအရိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ ချိုးပြီး ကျပ်ထုပ်စည်းထားတာပါ။ ဒီအလေ့အကျင့်ဟာ ၁၀ ရာစု နဲ့ ၁၁ ရာစုလောက်က တရုတ်ပြည် နန်းတွင်းထဲက အထက်တန်းအဆင့် ကခြေသည်တွေနေတဆင့် တခြားသော လူ့အလွှာတွေဆီကို ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအရိုးချိုးထားတဲ့ ခြေထောက်လေးကို ရွှေကြာထုပ်လို့ ခေါ်ပြီး ချမ်းသာတဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ဖို့ သူတို့ခြေထောက်ကို သုံးစရာမလိုဘူးဆိုတဲ့ ဂုဏ်ရည်ကို ပြသရာရောက်ပါတယ်။ အမျိုးသားတွေအတွက် အဲဒီရွှေကြာထုပ် ခြေထောက်မျိုးရှိတဲ့ မိန်းကလေးဟာ လိင်ဆွဲဆောင်မှုပိုရှိတယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဒါကြောင့် အဲဒီခြေထောက်ပိုင်ရှင်ဟာ ပုံမှန်ခြေထောက်ပိုင်ရှင်ထက် ပိုပြီး လင်ကောင်းသားကောင်းရတယ်လို့လည်း လက်ခံကြတယ်။ အဲဒီခြေထောက်တွေက ခရီးဝေးမသွားနိုင်ဘူး။ အဲဒီခေတ်က အမျိုးသမီးတွေ လင်ရရင် ယောက်ျားအိမ်လိုက်နေကြရတာဖြစ်ပြီး ခရီးဝေးမသွားနိုင်တဲ့ ခြေထောက်လေးတွေဟာ မိဘအိမ်ကနေ ကုန်ပစ္စည်းတစ်ခုလို အမျိုးသားဆီ ပါသွားရပြီး မိဘကို လွမ်းလို့မှ အိမ်ပြန်နိုင်ရဲ့လား ၊ ယောက္ခမ (သို့) ယောက်ျား နှိပ်စက်နေလို့မှ ထွက်ပြေးနိုင်ရဲ့လား ဆိုတာ လူတိုင်း အသံမထွက်ဘဲ မေးမိမယ့် မေးခွန်းလေးတွေပါပဲ။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒီခြေထောက်လေးတွေကို ဘယ်သူချိုးပေးတာလဲတဲ့။ မိခင်တွေကိုယ်တိုင်ပါပဲ။ သမီးမိန်းကလေးတွေ အသက် ၄ ၊ ၅ နှစ်လောက်ဆို ရွှေကြာထုပ်စထုပ်ကြပါသတဲ့။ အရိုးနုစဉ်မှာ ချိုးတဲ့ သဘောပါ။ ပြီးရင် အဲဒီအရိုးကို အကျိုးပုံစံအတိုင်း အသားကျသွားအောင် ဆေးတွေနဲ့ ကျပ်ထုပ်စည်းထားရပါတယ်။ ရွှေကြာထုပ်ကောင်းကောင်း ရဖို့ ၅ နှစ်လောက် ညတိုင်း ငိုရတယ် လို့လည်း တရုတ်ရာဇဝင်တွေထဲမှာ ကြားဖူးပါတယ်။ အသဲခိုက်လောက်အောင် နာတဲ့ အဲဒီခြေချိုးတာကို “လင်ကောင်းသားကောင်းရရန်၊ တော်ဝင်ဆန်ရန်” ဆိုတဲ့ စိတ္တဇဂုဏ်ရည်အတွက် မိခင်ကိုယ်တိုင်က ကိုယ်မွေးထားတဲ့ သမီးလေးကို စီမံခဲ့ကြတာနော်။ မချစ်လို့ မဟုတ်ဘူး ၊ ခုခေတ် အမေတွေလိုပဲ ချစ်လို့။ မိခင်တွေကိုယ်တိုင်က ခြေထောက်အချိုးခံခဲ့ရပြီး လင်ရလို့ သမီးမွေးတဲ့အခါ သူတို့လိုပဲ လင်ကောင်း သားကောင်းရဖို့ သူတို့က အဲဒီအလေ့အထကို လက်ဆင့်ကမ်းကြတာပါ။ ဘယ်လောက်ရက်စက်လိုက်တဲ့ အလေ့အထလဲ။ အဲဒီအလေ့အထကို ဘယ်သူတွေက တွန်းအားပေးခဲ့ကြတာလဲ ။ ဟုတ်ပါတယ်။ အမျိုးသားတွေပါ။ အသေးထပ်စိတ်ရရင် အမျိုးသားတွေရဲ့ “ချိုးထားတဲ့ခြေထောက်တွေက လှပြီး လိင်ဆွဲဆောင်မှုပိုရှိတယ်” ဆိုတဲ့ တောင်းဆိုမှုတွေက အဲဒီ ရက်စက်တဲ့ အလေ့အထကို မျိုးဆက် တဆက်ပြီး တဆက် လက်ဆင့်ကမ်းဖို့ တွန်းအားပေးခဲ့တာပါ။ ဒါဟာ အမှန်တရားပါပဲ။
ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အပျိုစင်ရောဂါမှာလည်း သက်ရောက်မှုတွေက ရွှေကြာထုပ်ခြေထောက်တွေလိုပဲ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နာကျင်စရာတွေကို ပေးပါတယ်။ ရည်းစားပြတ်ပြီး အပျိုစင်မဟုတ်တော့လို့ ကိုယ့်ကိုယ် သတ်သေတဲ့ ဖြစ်ရပ်တွေရှိပါတယ်။ မထူးဇာတ်ခင်းပြီး ဘဝပျက်သွားတဲ့ မိန်းကလေးတွေ ရှိတယ်။ နောက်ထပ်ရည်းစားရရင်တောင် ဖွင့်လည်းမပြောရဲ .. မိမိကိုယ်ကိုလည်း မလုံမလဲနဲ့ နောက်က အရိပ်ဆိုးကြီး အလိုက်ခံနေရတဲ့ သားကောင်မိန်းကလေးတွေရှိတယ်။ ဒီတော့ မိန်းကလေးတွေ ကိုယ့်ကိုယ် မေးခွန်းတွေ ထုတ်ကြည့်ဖို့ လိုမယ်။ အပျိုစင်ဘဝဆိုတာ ဘာလဲ။ ကိုယ့်ရဲ့ ပညာရေးကို အထောက်အပံ့ပြုသလား ။ ကိုယ့်ရဲ့ ဘဝအောင်မြင်မှုအတွက် သော့ချက်လား။ အပျိုစင်ဘဝဆိုတာ အမြှေးပါးလေးတစ်ခုပါ။ စက်ဘီးစီး ၊ ပြေးခုန်ကစားလုပ်ရုံနဲ့တင် ပေါက်ပြဲနိုင်တဲ့ ဒီအမြှေးပါးလေးပေါ်မှာ ကိုယ့်ဘဝကို အခြေပြုတော့မလား ဆိုတာလည်း ထပ်ဆင့်စဉ်းစားစေချင်တယ်။ မိခင်တွေကိုယ်တိုင်ကရော အဲဒီ စံနှုန်းအလွဲကြီးကို ကိုယ့်သမီးလေးတွေ တန်ဖိုးထားမှားစေရက်သေးလား ဆိုတာ ကျမ ဒီနေရာမှာ မေးခွန်းလေးချန်ထားခဲ့လိုက်ပါပြီ။
၂) အပြောင်းအလဲတွေကို လက်ခံပါ။
ဒါဟာ အရမ်းခက်ပါတယ်။ ကိုယ့်ကို သိပ်ချစ်လို့ ယူခဲ့တဲ့ ယောက်ျားက မချစ်တော့ဘူး၊ နောက်တစ်ယောက်ကို တွေ့နေပြီ ဆိုရင် အဲဒီအပြောင်းအလဲကို အမျိုးသမီးတွေ ခံနိုင်ရည်မရှိကြပါဘူး။ အပြောင်းအလဲကို လက်မခံနိုင်လို့လည်း အခြေအနေတွေကို ကိုယ့်စိတ်ကြိုက် ပြန်ပြောင်းယူလို့ ရတာမှ မဟုတ်တာ။ အဲဒီမှာ အပြောင်းအလဲ နဲ့ ဆုပ်ကိုင်ထားချင်တဲ့ ကိုယ့်ရဲ့စိတ်ဟာ ပဋိပက္ခတွေဖြစ်ရပြီး ကိုယ့်စိတ်နှလုံးသားတွေ ပင်ပန်းနာကျင်ရပါတယ်။ ဒါကြောင့် ကျမပြောတာ ကိုယ့်စိတ်ကို နာကျင်အောင်လုပ်တာ ကိုယ်ပဲလို့။ ကျမတို့က အမျိုးသားတွေ ၊ ချစ်သူတွေကို မပိုင်ပါဘူး။ (အဲဒီလိုပဲ သူတို့ကလည်း ကျမတို့ကို မပိုင်ဘူးဆိုတာ သတိပြုစေချင်တယ်။) သူတို့ကို တသက်လုံး ချုပ်နှောင်ထားဖို့ ကြိုးစားတာဟာ သူရောကိုယ်ရော ပင်ပန်းသလို ပွတ်တိုက်ပါများလာရင် တဖက်က မချစ်တော့ရာကနေ မုန်းပါ မုန်းလာနိုင်ပါတယ်။ ကျမတို့ ရင့်ကျက်ကြရပါမယ်။ ကိုယ့်အနားမှာ မပျော်တော့တဲ့ သူကို ဥပဒေအရပဲ ဖြစ်ဖြစ်၊ တခြားအကြောင်းအရာကြောင့်ပဲ ဖြစ်ဖြစ် ဆွဲခေါ်ထားနိုင်တယ်ဆိုဦးတော့ ကျမတို့ ကိုယ်တိုင် ပျော်ပါ့မလား။ ဒါကြောင့် ပြတ်ပြတ်သာသား သွားခွင့်ပေးလိုက်ပါ။ (ဇရပ်လို သဘောထားပြီး ပြန်တက်မလာပါစေနဲ့။ ကိုယ့်ကိုယ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်ကိုလေးစားရပါမယ်။)
ဒီလိုပြောင်းလဲမှုက အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကျားကြီးစိုးဝါဒရဲ့ စံနှုန်းတွေအရ အမျိုးသမီးတွေ သဘောထားပြောင်းလဲရင် ရွလို့ ၊ တဏှာထလို့ဖြစ်ပြီး ကိုယ်ကျင့်သီလမကောင်းသော မိန်းမယုတ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အချစ်စိတ်ပြောင်းလဲခြင်းကိစ္စဟာ အမျိုးသမီးအများစုနဲ့ မဆိုင်သကဲ့သို့ ဖြစ်နေပါတယ်။ အမျိုးသားတွေကိုတော့ လူ့အသိုင်းအဝိုင်းက “ယောက်ျားပဲလေ” ဆိုပြီး ခွင့်လွှတ်တတ်ကြသလို သူတို့ကတော့ ဒီလို ရွလို့ ၊ တဏှာထလို့ လို့ သတ်မှတ်ခံရလည်း ဂရုမစိုက်ပါဘူး။ ဒါဟာ စိတ်လွတ်လပ်မှု နဲ့ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ပိုရှိလို့ပဲ ဖြစ်ပါတယ်။
၃) စိတ်လုံခြုံမှုရှိပါစေ။
အမျိုးသမီးတွေက J ဝင်တတ်ကြတယ် ဆိုတာ လူသုံးများတဲ့ စကားပဲ။ ဒါဟာ ကျားမ ကွဲပြားမှုအပေါ် အခြေပြုပြီး တိုက်ခိုက်ခံရတဲ့ စကားဖြစ်တာကြောင့် ကျမ သိပ်မုန်းပါတယ်။ ဘာကြောင့် မနာလိုဖြစ်ကြတာလဲ ။ လူတိုင်း မိမိကိုယ်ကို စိတ်လုံခြုံမှုနဲ့ ယုံကြည်ချက်မရှိရင် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မနာလိုဝန်တိုတတ်ကြပါတယ်။ သားသမီးတွေမွေးပြီးလို့ ကိုယ့်ခန္ဓာကိုယ်ကဝဖိုင့်ဖိုင့် ဖြစ်လာတဲ့အခါ အသက်ငယ်ရွယ်ပြီး ကျစ်လစ်တဲ့ကိုယ်ခန္ဓာရှိတဲ့ အမျိုးသမီးနဲ့ ကိုယ့်အမျိုးသား ပြုံးပြနှုတ်ဆက်ရင်တောင် (ပါးစပ်ကတော့ ထုတ်မပြောသေးဘူး) ကျမတို့ စိတ်ထဲ သဝန်တိုနေတတ်ကြပါတယ်။ နောက်ပြီး ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ ယောက်ျားဖုန်းတွေ မသိအောင် ယူစစ်တတ်ကြတယ်။ (အမျိုးသားတွေက အိမ်က မိန်းမတွေဖုန်း၊ အကောင့် Password က အစ စစ်ဆေးထိန်းချုပ်ထားကြတာလည်း ရှိပါတယ်။) အဲဒါမကောင်းပါဘူး။ မိမိဟာ သူ့အတွက် အကောင်းဆုံးလက်တွဲဖော် ဟုတ် ၊ မဟုတ် ကိုယ်တိုင် မသေချာဖြစ်နေကြတာပါ။ စိတ်ကို ထိန်းမရလို့ ကိုယ်ခန္ဓာကို အချုပ်ထဲ ထည့်ထားတာမျိုးပါပဲ။ နောက်ပြီး သူ့ရဲ့ ကိုယ်ရေးလုံခြုံခွင့်ကို စွက်ဖက်ရာရောက်ပါတယ်။ လူတိုင်းမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက် တစ်ခုခုအမြဲလိုလိုရှိတတ်ကြပါတယ်။ ကိုယ့် Partner ကို အားလုံးအသိပေးထားတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ဥပမာ- Porn Video တွေ ကြည့်တတ်တဲ့ အမျိုးသမီးက ကျမတော့ ဒါတွေ ကြည့်ပါတယ်လို့ ချစ်သူ ခင်ပွန်းကို ပြောပြတဲ့သူ ဘယ်နှယောက်ရှိမလဲ။ မိမိဘာသာလိင်စိတ်ဖြေတတ်တဲ့ သူကရော သူဒီလို လုပ်လေ့လုပ်ထရှိပါတယ်လို့ ပြောမလား။ ဒါကြောင့် လူတိုင်းမှာ သူတစ်ဦးတည်း ပိုင်ဆိုင်တဲ့ ကိုယ်ရေးလုံခြုံခွင့် ရှိပါတယ်လို့ ပြောတာပါ။ (ဒီနေရာမှာ မိန်းမက ဖုန်းခိုးစစ်လိုက်တော့မှ ကြူထား၊ ရှုပ်ထားသမျှမိခံရတဲ့ ယောက်ျားကလည်း အသက်ကြီးမှ ခိုးကြောင်ခိုးဝှက်လုပ်တတ်တာ ရှက်ဖို့ သိပ်ကောင်းပါတယ်။ လက်ရှိကို မချစ်တော့ဘူး၊ နောက်တစ်ယောက်တွေ့နေပြီဆိုရင်လည်း လူပီပီသသ ဖွင့်ပြောပြသင့်ပါတယ်။ ဒါမှလည်း လက်ရှိမယားကို လေးစားရာရောက်ပြီး နောက်တစ်ယောက်လည်း လေးစားရာရောက်မှာပါ။ အဲလိုမှ မဟုတ်ရင်တော့ သူလည်း စိတ်လုံခြုံမှုမရှိတဲ့အတွက် ကိုယ့်ဘဝကိုယ် လုံအောင်ဖုံးနေရတဲ့ ယောက်ျားပါပဲ။)
မိမိကိုယ်ကို စိတ်လုံခြုံပြီဆိုရင် လက်ထပ်ပြီးဖြစ်ဖြစ်၊ မထပ်ခင်ဖြစ်ဖြစ် သူ့ကို ကိုယ် အကောင်းဆုံးချစ်ပေးခဲ့ပြီးပြီ။ ပိုင်ဆိုင်ရရှိလိုစိတ်ထက် ချစ်တဲ့သူနဲ့ အတူနေပြီး သူ့ကို ဂရုစိုက် ကြင်နာပေးတာ၊ သူ့အတွက် အကောင်းဆုံးတွေကိုပဲ မျှော်လင့်ထားတာမျိုးပါ။ သင့်ထက်ချစ်နိုင်တဲ့သူ မရှိတော့ဘူးဆိုတာ သူ့ပါးစပ်က ထုတ်ပြောမှ သိရမှာ မဟုတ်ဘဲ သင့်ကိုယ်သင့် ယုံကြည်မှုရှိရမှာပါ။ သူက သင့်ထက်ပိုချစ်နိုင်တဲ့သူဆိုပြီး ရွေးချယ်သွားရင်လည်း သူ့အတွက် အကောင်းဆုံးမျှော်လင့်ထားတဲ့အတိုင်း ဆုမွန်ကောင်းသာတောင်းပေးလိုက်ပါ။ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကိုလား။ ဆောရီးပါ။ သင့်ကိုပျော်အောင် ပတ်ဝန်းကျင်က မလုပ်ပေးဘူး။ သူတို့က ကဲ့ရဲ့တာတစ်ခုတည်း တတ်တာ။ (ဒီနေရာမှာ တွေ့တိုင်းကြုံတိုင်း နှိုက်မြည်းတတ်တဲ့ ယောက်ျားတွေအတွက် သူတို့ရဲ့ အောက်တန်းကျလှတဲ့ စိတ်ဓာတ်တွေကို သင်ဘာမှ တာဝန်ယူ တာဝန်ခံပေးလို့မရပါဘူး။ သင်ဝမ်းနည်းပက်လက် ငိုကြွေးနိုင်ပါတယ်။ ဒါပေမဲ့ မြင့်မားတဲ့ သင့်ရဲ့ စိတ်ဓာတ်ခံယူချက်က နိမ့်ကျတဲ့သူ့ရဲ့စိတ်ဓာတ်အတွက် အရှက်ရပေးလို့မရ သလို အဲဒါ သင့်တာဝန်လည်း မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်ပါတယ်။)
ဒီလို အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုင်ပိုင်နိုင်နိုင် လေးစားဖို့ဆိုတာ မိမိရဲ့ ရုပ်ပိုင်ဆိုင်ရာကို လေးစားမှုရှိရှိနဲ့ ဖြည့်ဆည်းထားပြီးမှလည်း အောင်မြင်နိုင်မှာပါ။
မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာကို လေးစားပါ။
၎) လက်မထပ်ခင် အတူနေခြင်း
အနောက်တိုင်း အခေါ်ကတော့ Living Together ပါ။ အသက် ၁၈နှစ်ပြည့်တာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကြတဲ့ အတွက် အရာရာအားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်ပါပဲ။ ဒီအရှေ့တိုင်းနိုင်ငံတွေမှာလို မိသားစုချစ်ခင်ခြင်း၊ မိသားစုတန်ဖိုးထားခြင်းဆိုတဲ့ ဆင်ခြေတွေနဲ့ ကိုယ့်ရဲ့ လိင်ကိစ္စတွေအထိ ဘယ်မိသားစုဝင်မှ ဝင်မစွက်တတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ မိသားစု ၊ အဘိုးအဘွား၊ ညီအကိုမောင်နှမ ချစ်ခင်ကြတယ်။ ဒီနိုင်ငံမှာလို သူစိမ်းဖက်တာနဲ့ ရန်ဖြစ်တတ်ကြ၊ အမွေလုတတ်ကြတဲ့ အဖြစ်မျိုးက သူတို့ဆီမှာ ကြုံတောင်ကြုံခဲပါ။ ဒီတော့ သူတို့ရဲ့ Living Together ဆိုတာ တည်းခိုခန်းတွေမှာ နာရီပိုင်းကြေးနဲ့ အတူနေတာမျိုးမဟုတ်ဘဲ တိုက်ခန်းတစ်ခန်း၊ အိမ်ခန်းတစ်ခန်းမှာ အတူတူနေထိုင်ကြတာပါ။ လိင်ကိစ္စတင်မဟုတ်ဘဲ Companionship ဆိုတဲ့ အပေါင်းအဖော်ဖြစ်မှုကိုပါ အဓိကထားကြပါတယ်။ ငွေကြေးပိုင်းအရ တစ်ယောက်ယောက်က မှီခိုထားတာလည်း ဖြစ်နိုင်သလို၊ တစ်ယောက်ကို တစ်ယောက်လုံးဝမမှီခိုထားတာလည်းရှိပါတယ်။ တစ်ယောက်ရဲ့အဆင်မပြေမှုကို တစ်ယောက်က နှစ်သိမ့်တယ်၊ထွေးပွေ့တယ်၊ အတူတူကျော်ဖြတ်ကြတယ်။ အဆင်ပြေတယ်၊ သဘောမျှတယ်ဆို လက်ထပ်တယ်။ အဆင်မပြေရင် ဘယ်သူ့ ဘယ်သူမှ မတားဘူး။ ချုပ်နှောင်မထားဘူး။ အဲဒီ ဘဝတွေမှာ တစ်ယောက်ကိုတစ်ယောက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျောရရုံကြံတယ်ဆိုတာမရှိသလို၊ တာဝန်ယူကို ယူရမယ်ဆိုတာလည်းမရှိပါဘူး ။ ခုနကပြောခဲ့သလို အမျိုးသမီးတွေအတွက် အပျိုစင်ဖြစ်ခြင်း၊ မဖြစ်ခြင်းက အရေးမပါသလို အမျိုးသားတွေကလည်း အဲဒါကို စိတ်မဝင်စားပါဘူး။ ပြောရမယ်ဆိုရင်တော့ အဲ့ အမြှေးပါးပဲ စိတ်ဝင်စားတဲ့ နှာဗူးတွေ မဟုတ်ကြဘူးပေါ့လေ။ ကိုယ်လျှိုကြည့်လို့ မတော်တဲ့ ဖိနပ်တစ်ရံကို မိသားစုသိက္ခာကြောင့်၊ အပျိုရည်ပျက်ခြင်းကြောင့်၊ ပတ်ဝန်းကျင်ကြောင့်ဆိုတဲ့ အရာတွေအတွက် တစ်သက်လုံးဒုက္ခခံမစီးကြပါဘူး။
မိမိကိုယ်ခန္ဓာကို မိမိပိုင်ပါတယ်။ မိမိခန္ဓာကိုယ်ကို ဘယ်သူမှ မတော်တဆတောင် အထိခံစရာမလိုဘူး။ မိမိခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကမှ သူစိမ်းအမျိုးသားတွေ သွားရည်တမြားမြားနဲ့ ကြည့်စရာ၊ မတော်တဆလိုလို အသားယူထိတွေ့ကိုင်တွယ်ခံလို့မရဘူး။ အဲဒီအတွက် ကိုယ်က အမြဲ သတ္တိရှိပါစေ။ အဲဒီလိုကျူးလွန်သူကို ဥပဒေအတွင်းက သင်ခန်းစာကောင်းကောင်းပြန်ပေးပါ။ ကလေးတွေဘဝမှာလည်း ရှိတတ်တယ်။ “မီးမီးရဲ့ ပိပိလေးကို ပြပါလား၊ ဦးဦးမုန့်ကျွေးမယ်” ဆိုတာတွေရှိပါတယ်။ ဒီအတွက် ကလေးဘဝကတည်းက ကိုယ့်ခန္ဓာ ကိုယ်ပိုင်တယ်၊ ကိုယ့်ဆုံးဖြတ်ချက်ဆိုတာ သေချာအသိပေးထားသင့်တယ်။ နောက်ပြီး “ကိုယ့်ကိုချစ်ရင် အတူပေးနေပါ” ဆိုတဲ့ အပေါစားစကားတွေကို သက်သေပြဖို့လောက်နဲ့ ခန္ဓာကိုယ်မပေးပါနဲ့။ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေမှာလည်း လိင်စိတ်ဆာလောင်မှု ထကြွမှုရှိတယ်။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ရှူနာရှိုက်ကုန်း မကျန်းမမာဆိုရင် ဒီစိတ်တွေမဖြစ်နိုင်ပါဘူး။ ကိုယ်က ကျန်းမာနေလို့ ဖြစ်တာကြောင့် ဒါကို မရှက်ဘဲ လက်ခံသင့်တယ်။ နောက်ပြီး ကိုယ်နဲ့အဆင်ပြေမယ့် တကိုယ်ရေအာသာဖြေမှုတွေလုပ်လိုက လုပ်နိုင်တယ်။ အမျိုးသားတစ်ယောက်နဲ့အတူနေဖို့ကျတော့ သူ့ကို ကိုယ်တကယ်ချစ်ရဲ့လား၊ လက်ထပ်နိုင်ရဲ့လား၊ ကိုယ်က သူ့ကို တက်မက်နေတာလား၊ ချစ်နေတာလားဆိုတာတွေ သဲကွဲဖို့ လိုမယ်လို့ ထင်ပါတယ်။ နောက်ပြီး သူ့ဘက်က ကိုယ့်ကို ဘယ်လိုသဘောထားလဲဆိုတာလည်း အရေးကြီးပါတယ်။ နောက်ပြီး ချုပ်နှောင်ထားတဲ့ အတ္တတွေ မပါဖို့လည်း အရေးကြီးသေးတယ်။ အရာရာဟာပြောင်းလဲနေတာဆိုတော့ သူ (သို့) ကိုယ် လည်း ပြောင်းလဲသွားနိုင်တယ်လေ။ မဟုတ်ရင် တကယ်ချစ်လို့ ၊ ဆုံးဖြတ်ချက်ခိုင်မာလို့ လက်ထပ်ရတာမျိုးမဟုတ်ဘဲ ရေရှည်ပျော်စရာကောင်းမယ့် အိမ်ထောင်ရေးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ (အမျိုးသားတွေကလည်း အလကားရရင် ဆွဲမယ် ဆိုတဲ့ အောက်တန်းကျတဲ့ ၊ လိင်အသားပေး နှာဗူးစိတ် မထားသင့်ဘူး။ ဒီနေ့ခေတ် အတူနေစုံတွဲတွေမှာ ကောင်လေးဘက်က တားဆေးဝယ်တိုက်ရင်တောင် ကံကောင်းတယ်ပြောရမယ်။ တာဝန်ယူမှုက လုံးဝဥသုံ ပျောက်ရှနေပြီး လူ့အရိုင်းတွေဖြစ်နေကြတာပါ။ အမျိုးသားတွေကို အကြံပေးချင်တာက ကိုယ်ချင်းစာပါ။ ကွန်ဒုံးလည်း မသုံးဘဲ ကိစ္စပြီးဆုံးတဲ့အထိ ကိုယ်ကတော့ ဇိမ်ယူချင်၊ ပြီးတော့မှ ခပ်လွယ်လွယ်နဲ့ ဈေးပေါပေါတားဆေးတွေဝယ်တိုက်လို့ သူများ ခန္ဓာကိုယ်ထဲကို ဘာမှန်းမသိတဲ့ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေ မရောက်စေသင့်ဘူး။ ဆေးတွေမှာ ဆိုးကျိုးသက်ရောက်မှုတွေရှိကြတယ်။ ကိုယ်မဟုတ်တဲ့ ခန္ဓာကိုယ် ၊ ဖြစ်ရင်လည်း သူခံဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်မထားသင့်ပါဘူး။) အမျိုးသမီးတွေကလည်း ကိုယ့်ခန္ဓာကိုယ်ကို လေးစားပါ။ ဘာမှန်းမသိတဲ့ (ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ထားတာမဟုတ်တဲ့) ဆေးဝါးတွေ ရမ်းပြီး မသောက်သုံးပါနဲ့။ အဖော်ဆောင်တာ အကောင်းဆုံးပါပဲလို့ အကြံပေးပါရစေ။
ကိုယ်တကယ်ချစ်ခင်နှစ်သက်လို့ အတူနေဖြစ်လိုက်ပြီဆိုရင်လည်း အဲဒါကို အပျိုစင်ဘလာဘလာတွေ၊ မိဘတွေ ဂုဏ်သိက္ခာ၊ ဆွေမျိုးအသိုင်းအဝိုင်း စတာတွေနဲ့ ရောယှက်မခံပါနဲ့။ အမျိုးဂုဏ်တွေ စောင့်ဖို့ ကိုယ်က မိသားစုပိုင် Showcase ထဲက ရှေးဟောင်းပစ္စည်းလည်းမဟုတ်ဘူးလေ။ (ဒီနေရာမှာ အရက်သောက် လောင်းကစားလုပ်နေတဲ့ သားယောက်ျားလေးဆိုရင် မိဘတွေက မိုက်လုံးကြီးရဲ့၊ ဆွေမျိုးအလယ်အရှက်ကွဲရဲ့၊ ငါတို့ ပတ်ဝန်းကျင်မှာ ဘယ်လိုမျက်နှာပြရတော့မှာလဲလို့ သဲသဲမလှုပ်ကြတာကို ထောက်ပြချင်ပါတယ်။ မိဘဆွေမျိုးဂုဏ်သိက္ခာစောင့်ထိန်းဖို့ ဘာကြောင့်များ သမီးမိန်းကလေးကိုပဲ တာဝန်ပေးလိုက်ကြသလဲဆိုတာ အမျိုးသားကြီးစိုးဝါဒရဲ့ တောင်းဆိုမှုတွေ၊ စံနှုန်းတွေကြောင့်ပဲ ဆိုတာ မမေ့စေချင်ပါဘူး။)
၅) ကိုယ်ဝန်ဆောင်ခြင်း
“မောင့်အတွက် သားလေးမွေးပေးပါ” လို့ပြောတဲ့ ယောက်ျား၊ ကလေးမွေးပြီးတဲ့အခါ (ကလေးတဖက် ပိုသီဘတ်သီနဲ့ သင့်ကို ငြီးငွေ့လို့) အသစ်ရှာသွားတဲ့အခါ သင်ဘယ်သူ့ကို အပြစ်တင်မလဲ။ ကိုယ့်ခန္ဓာ ကိုယ်ပိုင်ပါလျက်နဲ့ သူများဆုံးဖြတ်ချက်နောက် သင်မလိုက်မိပါစေနဲ့ လို့ အကြံပြုပါရစေ။ ကလေးကိုယ်ဝန်ဆောင်ဖို့ သင့်ရဲ့ ရုပ်ရော စိတ်ပါ အဆင်သင့်ဖြစ်ပြီလား။ ရုပ်ဆိုတာ ငွေကြေးအပါအဝင်ပါ။ နောက်ပြီး မိသားစုအစီအမံတွေ ချပြီးပြီလား။ သူနဲ့ တိုင်ပင်ပြီးပြီလား။ သူ့ဆီက သဘောတူညီချက်တောင်းဖို့လိုအပ်ပါတယ်။ သူ ဖခင်ဖြစ်ဖို့ အဆင်သင့်ဖြစ် မဖြစ် သူပဲ သိမှာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတောင်းနေလို့ ကိုယ့်စိတ်က အဆင်သင့်မဖြစ်သေးဘဲ (တချို့က မီးဖွားရမှာကို သေမလောက်ကြောက်သည်၊ တချို့ ပညာဆက်လက်ရှာချင်သည်၊ တချို့က လုပ်ငန်းခွင်အောင်မြင်မှုရလိုသေးသည် စသဖြင့်) သူ စိတ်ခုသွားမှာ ၊ နောက်တစ်ယောက်ရှာသွားမှာကို ကြောက်လို့ ကိုယ်ဝန်ဆောင်ရအောင် သင်က ကလေးထုတ်တဲ့ စက်ရုံမဟုတ်ပါ။ ဝါသနာကြီးတဲ့ ယောက်ျားက သင် အလိုလိုက်လည်း ကြီးနေမှာပါပဲ။
၆) ပညာရေး နဲ့ လုပ်ငန်းခွင် မှာ အောင်မြင်သန်မာခြင်း
မြန်မာ့ပညာရေးမှာ မိန်းကလေးတွေ ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ ၁) မိသားစုက ခွဲခြားခြင်း။ ရှေးက တောရွာတွေမှာ ပိုအဖြစ်များပါတယ်။ မိန်းကလေးနဲ့ သားယောက်ျားလေးယှဉ်ရင် မိန်းကလေးကို ကျောင်းနှုတ်ပြီး အိမ်အလုပ်တွေကူခိုင်းကာ သားယောက်ျားလေးကိုတော့ ပညာရှာစေပါတယ်။ သဘောကတော့ မိန်းကလေးက ကြီးရင် လင်ယူမှာဖြစ်သလို ၊ မိဘကွယ်ရာ ပညာသွားရှာ ၊ အလုပ်သွားလုပ်ဖို့လည်း မသင့်တော်ဘူးလို့ သတ်မှတ်ထားကြပါတယ်။ မြန်မာ့လူနေမှုအသိုင်းအဝိုင်းကလည်း မိန်းကလေးတစ်ယောက် မိဘရပ်ဝေးမှာ နေထိုင် ပညာရှာ လုပ်ကိုင်ဖို့ စိတ်ချရတဲ့ အနေအထားမှာ မရှိပါဘူး။ ဒီနေ့ခေတ်မှာ အဲဒီ မလုံခြုံမှုက ပိုဆိုးလာနေပါတယ်။ ၂) နိုင်ငံတော်အဆင့်က ခွဲခြားသတ်မှတ်ထားခြင်း။ ဒါကတော့ အားလုံးသိပြီးတဲ့အတိုင်း အမျိုးသား အမျိုးသမီး ဝင်ခွင့်အမှတ် ခွဲခြားခံထားရတဲ့ ကိစ္စပါပဲ။ အမျိုးသားတွေတန်းတူ အမျိုးသမီးတွေ ဦးနှောက်အတွေးခေါ်ပိုင်းရော ငွေကြေးပိုင်းမှာပါ သန်မာဖို့ လိုပါတယ်။ ဒါမှ စိတ်ရော ကိုယ်ပါ အမှီအခိုကင်းပြီး “သူထားခဲ့ရင် ငါတော့ ကလေးတွေနဲ့ ဒုက္ခရောက်ပါပြီ” ဆိုတဲ့ အတွေးကနေ နိုးထနိုင်မှာ ဖြစ်ပါတယ်။ အိပ်ပျော်နေခဲ့ရတဲ့ ခေတ်အဆက်ဆက် ပညာရေးမှာသာမက လုပ်ငန်းခွင်၊ အတွေ့အကြုံပိုင်းမှာ အမျိုးသမီးတွေဟာ မိရိုးဖလာယုံကြည်ချက်ကြောင့်၊ မိဘဂုဏ်သိက္ခာကို ငဲ့ကွက်သောကြောင့်၊ အမျိုးသမီးနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားမှုများကြောင့် စသဖြင့် ခြေထောက်ကို သံခြေကျင်းအကြီးကြီး အခတ်ခံခဲ့ရပြီး ဒီနေ့ခေတ်ကျမှ ယောက်ျား နဲ့ မိန်းမ တန်းတူရင်ဘောင်တန်းဆိုတော့ မတရားတာတော့ အမှန်။ ဒါပေမဲ့ ကျမတို့တွေ ဦးနှောက်နဲ့ ငွေကြေး သန်မာဖို့ အဲဒီသံခြေကျင်းတွေထဲက ရုန်းထွက်ဖို့လိုပါတယ်။ ဒါဆို အမျိုးသားတစ်ယောက်ကို ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုဆိုတာထက်ပိုပြီး မှီခိုစရာလိုမယ်မထင်ပါ။ သူက သစ္စာဖောက်တဲ့အချိန်၊ ဒါမှမဟုတ် နောက်တစ်ယောက်ရသွားတဲ့အခါ၊ အကျင့်သီလ အောက်တန်းကျလို့ ကိုယ့်လေးစားမှုတွေ ဆိတ်သုန်းကုန်တဲ့အခါ အမျိုးသမီးများ ကိုယ့်ကိုယ်ကို လေးစား၊ ကိုယ့်စိတ်နှလုံးကို လေးစားလို့ ခေါင်းမော့ပြီး လမ်းခွဲလို့ရပြီ။ အလုပ်လုပ်နေတဲ့ မိခင်တွေဟာ အိမ်ထဲမှာပဲ နေတဲ့ မိခင်တွေထက် သားသမီးကို ပိုပြီး လမ်းကြောင်းပေးနိုင်သလို၊ သားသမီးထက်ရှေ့ကို အမြဲခြေတလှမ်းသာနေပါတယ်။ (ဒီနေရာမှာလည်း ကိုယ်ဘယ်လောက်ချမ်းသာချမ်းသာ သူနဲ့ရတဲ့ ကလေးအတွက် တရားဥပဒေအရ ကလေးစရိတ်ရခွင့်ရှိသလို ကလေးကိုလည်း သူနဲ့ပေးတွေ့တာမျိုး လုပ်သင့်တယ်လို့ ထပ်ပြီး အကြံပြုချင်ပါတယ်။ ကလေးတွေ ငယ်စဉ်မှာ အဖေနဲ့ အမေကွဲတာ စိတ်ဒဏ်ရာရတယ်ဆိုတာ မှန်ပေမယ့် သူသိနိုင်သလောက် ကိုယ်က လူကြီးအရာထားပြီး ရှင်းပြသင့်ပါတယ်။ သူလုံးဝနားလည်နိုင်တဲ့အရွယ်မှာ သင့်ကို သူနားလည်လာမှာပါ။)
၇) လင်ကောင်မဖေါ်ဘဲ ကလေးမွေးခြင်း
လင်ကောင်မပေါ်ဘဲကလေးမွေးတာ ကျမတို့ အသိုင်းဝိုင်းမှာ သိပ်ကိုဆိုးရွားတဲ့ကိစ္စပါပဲ။ လူတွေက အဲလိုမိန်းမကို ကဲ့ရဲ့ကြတယ်၊ ခွဲခြားဆက်ဆံကြတယ်၊ ကိုယ်ကျင့်တရားနိမ့်တဲ့၊ လိင်ကိစ္စလွယ်ကူတဲ့ အမျိုးသမီးအဖြစ်သတ်မှတ်ထားကြတယ်။ တာဝန်မယူချင်လို့ ဖျက်ချခိုင်းတဲ့၊ ကိုယ်လွတ်ရုန်းပြေးတဲ့ ယောက်ျားတွေထက် ပိုပြီးဆိုးဆိုးရွားရွား ဆက်ဆံခံကြရပါတယ်။ ဒီနေရာမှာ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသမီး အချင်းချင်း ကဲ့ရဲ့ရှုတ်ချတာပိုပြီး ကြည့်ရဆိုးတယ်။ ကျမတော့ အဲလိုအချင်းချင်းကဲ့ရဲ့တတ်တဲ့ အမျိုးသမီးတွေကို လုံးဝမလေးစားဘူး။ မိခင်ရဲ့မြင့်မြတ်မှုအကြောင်း သူတို့ကောင်းကောင်းသိရဲ့လားဆိုတာ ကျမ မသေချာဘူး။ အမျိုးသား အတော်များများဟာဆိုရင်လည်း အဲလို single mother ကို တွေ့ရင် ကူညီဖို့ထက် ဇရက်တောင်ပံကျိုးလောက် သဘောထားပြီး ပွဲလန့်တုန်းဖျာခင်းရင်ခင်း ၊ ဂွင်ဖန်ပြီး မြည်းရင်မြည်း လုပ်ဖို့လောက် ပစ်မှတ်ထားကြပါတယ်။ အဲဒီလိုပဲ အဲဒီ single mother ဟာ မိဘဆွေမျိုးတွေရဲ့ ခွဲခြားနှိမ်ချခြင်းကိုလည်း ခံရနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေကတော့ သူ့မှာ ကလေးပြုစုပျိုးထောင်ဖို့ ဝင်ငွေရှိတဲ့ အလုပ်မရှိတာပါပဲ။ (နိုင်ငံတော်အဆင့်အနေနဲ့ ဒါကို မူဝါဒချမှတ်ပြီး မြှင့်တင်သင့်ပါတယ်။) ဒါတွေရဲ့ အကျိုးဆက်ကြောင့် လင်ကောင်မပေါ်ဘဲ ကလေးမွေးပြီး ကလေးစွန့်ပစ်မှုတွေ ပိုပိုများလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးမွေးကင်းစလေး ဘယ်လမ်းထောင့်၊ ဘယ်အမှိုက်ပုံမှာ စွန့်ပစ်ထားတယ်လို့ သတင်းတွေတက်တိုင်း အဲဒီသတင်းပို့စ်တွေအောက်မှာ အမျိုးသမီးတွေရော ၊ အမျိုးသားတွေရောက ကလေးစွန့်ပစ်တဲ့ မိခင်ကိုပဲ ပယ်ပယ်နယ်နယ် ဆဲကြတာကို တွေ့ရပါတယ်။ နောက်ပြီး အမျိုးသားတွေက ကိုယ်ဝန်မဆောင်ရပါဘူး။ ကလေးလည်း မမွေးရဘူး။ ကိုယ်လွတ်ရုန်းချင်ရင်တောင် အသာလေးရုန်းထွက်နိုင်တဲ့ အနေအထားမျိုးမှာ ကိုယ်ဝန်ဖျက်ချတဲ့ (သို့) ကလေးစွန့်ပစ်တဲ့ မိခင်ကို “မိခင်စိတ်မရှိဘူး၊ ကိုယ်ယားတုန်းကတော့ နေထားပြီး ကလေးမွေးမှ စွန့်ပစ်တယ်၊ ဖျက်ချတယ်” လို့ ပြောဆိုသံတွေကြားရရင် သိပ်ကိုခံပြင်းရပါတယ်။ ကျမတို့ မမြင်တဲ့ အခြားဖက်တခြမ်းမှာ လူမဆန်တဲ့ ယောက်ျားတစ်ဦးရှိနေနိုင်တယ်၊ စားသုံးလို့မရတဲ့ မိဘဆွေမျိုး ဂုဏ်သိက္ခာတွေရှိနေနိုင်တယ်၊ နောက်ပြီး ဆင်းရဲမွဲတေမှုရဲ့ လက်မည်းကြီးလည်းရှိနေတယ်ဆိုတာ ကျမ ဒီနေရာကနေ ရဲရဲကြီးပြောနိုင်တယ်။ (ကလေးမွေးပြီး မလိုချင်လို့၊ မမွေးနိုင်လို့ စွန့်ပစ်ခြင်းများရဲ့ နောက်ထပ်တရားခံကတော့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေး အသိပညာကင်းမဲ့လို့ပါ။ ဒါကိုတော့ ဒီနေရာမှာ အကျယ်မဆွေးနွေးလိုတော့ပါ။)
အမျိုးသမီးတွေအားလုံး အိမ်ထောင်ရေး ၊ လူမှုရေး ထမင်းလုံးတစ္ဆေခြောက်ခံရတာကနေ နိုးထနိုင်ဖို့ ၊ အမှီကင်းပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ လွတ်လပ်ဖို့ တခြားနိုင်ငံတော်အဆင့် လိုအပ်ချက်တွေရှိပါသေးတယ်။ ဟုတ်တာပေါ့။ ဒါဟာ သိပ်ကိုကျယ်ပြန့်တဲ့ ကိစ္စပါပဲ။
၈) လိင်နဲ့ မျိုးဆက်ပွားအသိပညာပေးမြှင့်တင်ခြင်း နဲ့
တရားဝင်ပဋိသန္ဓေဖျက်ချခြင်း ဥပဒေ
ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး၊ RC တွေ ၊ အစ္စလာမ်မစ်တွေနဲ့ အခြားဘာသာတွေလည်း ကန့်ကွက်ကြမယ့် ဥပဒေပါ။ ဒီနေ့ထိ ကျမတို့နိုင်ငံမှာတော့ မိခင်ရဲ့ ကျန်းမာရေးအကြောင်းပြချက်ကြောင့်ကလွဲရင် ကလေးဖျက်ချခွင့်မရှိသေးပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို နိုင်ငံတော်နဲ့ လင်ယောက်ျားကများ ပိုင်ဆိုင်နေကြသလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ကိုယ်ဝန်ရဲ့ဘယ်နှလအထိ မိခင်ရဲ့ အခွင့်အရေးက ပိုများပြီး ဘယ်နှလကျော်သွားရင်တော့ ဗိုက်ထဲက ကလေးရဲ့ အသက်ရှင်ခွင့်က ပိုများသွားပြီဆိုတာ ဥပဒေမှာ အတိအကျဖြစ်သင့်ပါတယ်။ ၁) လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေး အသိရှိဖို့ နိုင်ငံတော်ကရော၊ မိဘတွေကပါ ပေးရမှာဖြစ်ပါတယ်။ ဒါမှ မလိုချင်တဲ့ ကိုယ်ဝန်ကို စနစ်တကျကာကွယ်နိုင်မှာပါ။ အိမ်ထောင်ကျပြီးတာတောင် မမျှော်လင့်ပဲ ကိုယ်ဝန်ရလာတာမျိုးဟာ အဆင်မပြေသေးရင် (ငွေ၊အချိန်၊လူ၊ ခွန်အား) မွေးဖို့ခက်ပါတယ်။ ဒါကြောင့် ၂ ) တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိသင့်တာပါ။ ဒါဆို အရပ်လက်သည်ရဲ့ ဖဲထီးသံချောင်းနဲ့ အမွှေခံရတဲ့ နောက်ဆက်တွဲ အသက်သေဆုံးတဲ့အထိ ပြသနာတွေကနေ ကင်းဝေးမှာပါ။
နောက်ဆုံးရေးချင်တဲ့ တဖက်စောင်းနင်းဆန်ပြီး ကျားဝါဒီရှိတဲ့ အမျိုးသားတွေအတွက် အကြံပြုချက်ကတော့ ၁ ချက်တည်းပါပဲ။
သနပ်ခါးကို ဘယ်ညာလူး၊ ဆံထုံးလေးပါထုံးဆိုတဲ့ ယဉ်ကျေးမှုထက်ကျော်ပြီး နိုင်ငံသားယဉ်ကျေးမှုကို မြင်အောင်ကြည့်ပေးကြပါလို့ပဲ တိုက်တွန်းချင်တယ်။ သူတို့က စိတ်ရောကိုယ်ပါ လွတ်လပ်ပြီးသားဆိုတော့ လူပီသပေးပါ ဆိုတာထက်ပိုပြီး အကြံပေးစရာလည်း မလိုတော့ပါဘူး။ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို လေးစားမှုရှိပေးစေချင်ပါတယ်။
အမျိုးသမီးများ စိတ်ရောကိုယ်ပါ လွတ်လပ်လို့ တွေကြုံရလေ့ရှိတဲ့ လူမှုရေးပြသနာတွေကနေ အမြန်ဆုံး ကင်းလွတ်ကြပါစေ။ ။
Credit - Yin Yadanar
Via..အိအိမွန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။