A (သို့) B အစား ဘာ့ကြောင့် C ဟာ ကွန်ပျူတာရဲ့ Default Drive ဖြစ်နေရသလဲ
-----------
ကျွန်ုပ်တို့ နေ့စဉ်အသက်ရှင်နေထိုင်ရင်း အရေးကြီးတဲ့အရာတွေ အမှတ်မထင် တွေ့ကောင်းတွေ့နိုင်ပါတယ်။ အများအားဖြင့် ထူးဆန်းတဲ့အရာကို ကျွန်ုပ်တို့ သတိမမူမိကြပါဘူး။ နည်းပညာတိုးတက်မှုနဲ့အတူ ကွန်ပျူတာသုံးစွဲမှုက လိုအပ်ချက် ဖြစ်လာခဲ့ပါတယ်။ နည်းပညာလောကရဲ့ လက်ရှိအနေအထားမှာ ကွန်ပျူတာက လူသားတွေရဲ့မရှိမဖြစ်အစိတ်အ ပိုင်းတစ်ခုလို့ ပြောရင် အံ့သြစရာမရှိပါဘူး။ နှစ်ပေါင်းများစွာ ကွန်ပျူတာအသုံးပြုလာခဲ့ကြသည့်တိုင် ကျွန်ုပ်တို့မသိသေးတဲ့အရာများစွာ ရှိနိုင်ပါတယ်။
ဘာကြောင့် drive တွေရဲ့နာမည်တွေ "C" ကနေစရသလဲ စဉ်းစားမိဖူးပါသလား။ A နဲ့ B ဘယ်ရောက်သွားကြလဲ။
သဲလွန်စတစ်ခု။ Floppy Drives ကို သိလား။
အဖြေကတော့…
· Hard disk drives က ၁၉၈၀ ကတည်းက စံပြဖြစ်လာခဲ့တာပါ။
· Hard disk drives မတိုင်ခင် Floppy disk drives တွေကို သိုလှောင်သိမ်းဆည်းရာအဖြစ် အသုံးပြုခဲ့ပါတယ်။
· Floppy disk က ၅ ၁/၄ လက်မနဲ့ ၃ ၁/၂ လက်မ အရွယ်အစားဖြစ်လာခဲ့တယ်။
· အဲဒီ Floppy disk drive နှစ်ခုကို Local Disk (A) နဲ့ Local Disk (B) နာမည်ပေးခဲ့တယ်။
· Hard disk တီထင်မှုအပြီး ၈ လက်မအရွယ် floppy disk ရှိလာပါတယ်။
ဒါ hard drives တွေကို အမည်ပေးမှုနောက်ကွယ်က အကြောင်းတရားလေး ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ drives တွေကို C၊ D၊ E လို့ နာမည်ပေးခဲ့ပါတယ်။ DVD drive နဲ့ USB drive ကို F၊ G လို့ နာမည်တပ်တယ် စသဖြင့်ပေါ့။
C drive ဟာ နဂိုအနေအထား default လို ဖြစ်နေပေမယ့် administrative rights ရှိပါက A or B သို့ ပြောင်းနိုင်ပါတယ်။
Ref: alltechbuzz
Victor.PaaTung - Trend Myanmar
-----------
ကျွန်ုပ်တို့ နေ့စဉ်အသက်ရှင်နေထိုင်ရင်း အရေးကြီးတဲ့အရာတွေ အမှတ်မထင် တွေ့ကောင်းတွေ့နိုင်ပါတယ်။ အများအားဖြင့် ထူးဆန်းတဲ့အရာကို ကျွန်ုပ်တို့ သတိမမူမိကြပါဘူး။ နည်းပညာတိုးတက်မှုနဲ့အတူ ကွန်ပျူတာသုံးစွဲမှုက လိုအပ်ချက် ဖြစ်လာခဲ့ပါတယ်။ နည်းပညာလောကရဲ့ လက်ရှိအနေအထားမှာ ကွန်ပျူတာက လူသားတွေရဲ့မရှိမဖြစ်အစိတ်အ
ဘာကြောင့် drive တွေရဲ့နာမည်တွေ "C" ကနေစရသလဲ စဉ်းစားမိဖူးပါသလား။ A နဲ့ B ဘယ်ရောက်သွားကြလဲ။
သဲလွန်စတစ်ခု။ Floppy Drives ကို သိလား။
အဖြေကတော့…
· Hard disk drives က ၁၉၈၀ ကတည်းက စံပြဖြစ်လာခဲ့တာပါ။
· Hard disk drives မတိုင်ခင် Floppy disk drives တွေကို သိုလှောင်သိမ်းဆည်းရာအဖြစ် အသုံးပြုခဲ့ပါတယ်။
· Floppy disk က ၅ ၁/၄ လက်မနဲ့ ၃ ၁/၂ လက်မ အရွယ်အစားဖြစ်လာခဲ့တယ်။
· အဲဒီ Floppy disk drive နှစ်ခုကို Local Disk (A) နဲ့ Local Disk (B) နာမည်ပေးခဲ့တယ်။
· Hard disk တီထင်မှုအပြီး ၈ လက်မအရွယ် floppy disk ရှိလာပါတယ်။
ဒါ hard drives တွေကို အမည်ပေးမှုနောက်ကွယ်က အကြောင်းတရားလေး ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ drives တွေကို C၊ D၊ E လို့ နာမည်ပေးခဲ့ပါတယ်။ DVD drive နဲ့ USB drive ကို F၊ G လို့ နာမည်တပ်တယ် စသဖြင့်ပေါ့။
C drive ဟာ နဂိုအနေအထား default လို ဖြစ်နေပေမယ့် administrative rights ရှိပါက A or B သို့ ပြောင်းနိုင်ပါတယ်။
Ref: alltechbuzz
Victor.PaaTung - Trend Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။