ပလေတို (Plato) ဆိုသည်မှာ
================
ဆိုကရေတီ၏တပည့် ပလေတိုသည်ထင်ရှားကြီးကျယ်သော ကမ္ဘာ့အတွေးအခေါ်ဒဿနပညာရှင်ကြီးဖြစ်ပြီး နိုင်ငံရေး၊သင်္ချာ၊နက္ခတ်..နယ်ပယ်စုံတွင်နှံ့စပ်သူဖြစ်သည်။
စံပြစိတ်ကူးနိုင်ငံ (Utopia) စီမံကိန်းကို ရှေးဦးစွာတင်ပြခဲ့သောပလေတိုသည် အေသင်မြို့၏ထင်ရှားကျော်စော သော ၊ကုံလုံကြွယ်ဝသော အမျိုးအနွယ်မှဆင်းသက်လာသည်။
ပလေတိုကိုမွေးဖွားသည့်အချိန်မှာ ဗုဒ္ဓ(၅၆၇ _၄၈၇)ပရိနိဗ္ဗာန်စံပြီး အနှစ် ၅၀ ကျော်လာပြီးသည့်အချိန်ဖြစ်သ ည်။
ပလေတိုမှာအဖက်ဖက်တွင် ကုသိုလ်ကံထူးသည်။ ရုပ်ရည်ရူပကာလှပတင့်တယ်ပြီး အမျိုးအနွယ်မြင့်မြတ်သည်။ စည်းစိမ်ဥစ္စာပေါများကြွယ်ဝသ ည်။
အသက် ၁၈-၂၀ အရွယ်တွင်ဆိုကရေတီနှင့် ရင်းနှီးမှုရလာသည်။ အပြင်ပန်းအနေအထားအရသူတို့
နှစ်ဦးမှာ မိးုနှင့်မြေပမာကွာသည်။ ဆိုကရေတီသည် နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူနှင့် ရုပ်ဆိုးဆိုးမွဲခြောက်ခြောက်။ ပလေတိုကမူ ရုပ်ရည်ရူပကာချောမောပြီး ဆွေဂုဏ်မျိုးဂုဏ်ကြီးသူဖြစ် သည်။ သို့ရာတွင်ဆိုကရေတီ၏ဆုံးအမဥ ပဒေသများက ပလေတိုကို ဆွဲဆောင်ခဲ့သည်။ ပလေတိုသည် ဆိုကရေတီ၏တပည့်ဖြစ်လာခဲ့၏။
ဆိုကရေတီကိုစွဲချက်တင် သောအခါပလေတိုသည် တရားရုံးတွင်ရှိနေခဲ့သည်။ ဆိုကရေတီအတွက် အာမခံပေးဖို့ပင်အဆိုပြုခဲ့သ ည်။
ဆိုကရေတီအဆိပ်သောက်သေစေသည့် အပြစ်ဒဏ်ပေးသောအခါပလေတိုမှာ ၂၈ နှစ်အရွယ်။ယင်းအဖြစ်အပျက်သည်ပလေတိုအပေါ်များစွာသြဇာသက်ေ ရာက်သွားသည်။ယင်းကြောင့်ပင် ပလေတိုသည် နိုင်ငံရေးကိုမျက်နှာလွှဲလို က်ပြီးလျှင်၊ဒဿနပညာသုတေသီဖြ စ်သွားလေသည်။
ပလေတိုသည်နိုင်ငံတကာ၊ ဒေသတကာတို့တွင်၁၂နှစ်တိတိခရီးလှည့်လည်ကာ၊အယူဝါဒအမျိုးမျိုးကိုသင်ကြားလေ့လာခဲ့သည်။ အီဂျစ်၊အီတလီမှ ဂင်္ဂါမြစ်ဝှမ်းမဇ္ဈိမဒေသအထိလှည့် လည်ခဲ့သည်
။ထို့နောက်အေသင်တွင် အကယ်ဒမီကျောင်းကိုတည်ထောင်ြ ပီးသက်ဆုံးတိုင် ပညာသင်ကြားသွားခဲ့သည်။(အရစ္စ တိုတယ်သည် ပလေတို၏အသက်၆၀ အရွယ်တွင် အကယ်ဒမီကိုရောက်ရှိကာပညာသင် ယူခဲ့သည်)
ထိုခေတ်ထိုအခါက ပလေတိုသည်ယောက်ျားမိန်မတန်း တူအခွင့်ရေးရရှိရေးကိုရဲဝံ့ စွာ တောင်းဆိုခဲ့လေသည်။
ပလေတို၏ဒဿနသဘောအခြေခံမှာ ဆိုကရေတီ၏ အမှန်သဘော(Reality)ဟူသောဝါဒ ဖြစ်သည်။
ယင်းဝါဒ၏ဆိုလိုရင်းမှာ အမှန်သဘော(၀ါ)ပရမတ်သဘော သည် စင်စစ်အားဖြင့်အရာဝတ္ထုတို့၏
စိတ်ကူးဖြစ်သောအသွင်အပြင်၌သာရှိသည်။
ယင်းအမှန်သဘောသည် ပြည့်ဝသည်၊ တည်မြဲသည်၊ ပြောင်းလဲသည်ဟူ၍မရှိ။
အာရုံခံတို့ဖြင့်သိရ၊ မြင်ရသော၊ ပြောင်းလဲတတ်သော၊
မပြည့်ဝသောအရာဝတ္ထုများ၏အောက်ခြေမူလ၌ ရှိနေသည်။
ယင်းသို့အားဖြင့် ပလေတိုသည်ဆိုကရေတီ၏ အယူအဆများကိုမျိုးစေ့ဗီဇအနေ ဖြင့်ယူငင်ပြီးလျှင် မိမိ၏အတွေးအခေါ်များကို စည်ပင်ဖွံဖြိုးစေခဲ့သည်။
ရီပတ်ဗလစ်သည်ပလေတို၏ အကျော်ကြားဆုံး အရေးပါဆုံးကျမ်းဂန်ဖြစ်သည်။ ယင်းကျမ်းကိုပလေတိုသည် အတွေးအခေါ်ရင့်ကျက်ပြီးသည့်အ ချိန် အသက်၄၀အရွယ်တွင်ရေးခဲ့သည်။
ရီပတ်ဗလစ်သည် အကျင့်စာရိတ္တပညာဖြင့်လည်းကောင်း၊နီတိဆိုင်ရာဒဿနပညာများ ဖြင့်လည်းကောင်းအစပျိုးထားသ ည်။ ကျမ်စ၏အစမှာပင် တရားမှုဟူသည်မှာအဘယ်နည်းဆိုေ သာ ပြဿနာကိုဖော်ထုတ်ထားသည်။
ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်အရည်အချင်းများ၏တိုးတက် ကြီးပွားမှုသည်ပညာအရသာလျှင်ြ ဖစ်နိုင်သည်။မြင့်မြတ်ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အုပ်ချုပ်သူတို့ကိုပညာပေးဖို့လိုအပ်သည်။ထို့ကြောင့်ရီပ တ်ဗလစ်၌ ပညာနှင့်ပတ်သက်သော
ပြဿနာများကိုရဲဝံ့ပြတ်သားစွာ ဖွင့်ပြထားသည်။ပြင်သစ်အတွေး အခေါ်ပညာရှင်ရူးဆိုးက
“ရီပတ်ဗလစ်သည် နိုင်ငံရေးကျမ်းဂန်မဟုတ်။ ပညာနှင့်ပတ်သက်၍ မပေါ်ဖူးသေးသောကျမ်းဂန်ဖြစ်သ ည်” ဟူ၍ရေးသားထားသည်။
ပလေတိုအပေါ်၌ ပိုက်သာဂိုရပ်၏ သြဇာလည်းလွှမ်းမိုးခဲ့လေသည်။ ပိုက်သာဂိုရပ်၏နောက်လိုက်တပ ည့်များသည် ဂဏန်းသင်္ချာအား သဘာဝ၏လျှို့ဝှက်ချက်များကို ဖွင့်ရန်အတွက် သော့ချက်ဖြစ်၏ဟု ယူဆကြသည်။
ပလေတိုသည်လည်း ဂဏန်းသင်္ချာအား ဒဿနပညာ၏ ပထမလှေကားထစ်အဖြစ်အလေးပေးထားသည်။ စင်ကြယ်သောအမှန်တရားရရှိရေး ၌ စင်ကြယ်သောအသိဥာဏ်အသုံးပြု ခင်းကို ဂဏန်းပညာကိုအသုံြး့ပု၏ ဟုဆိုထားသည်။
ထိုခေတ်က ဂဏန်းသချာင်္ကိုစစ်ရေးစစ်ရာများတွင်လည်းအသုံးပြုသည်။
ပလေတို၏ အကယ်ဒမီကျောင်းအ၀င်တံခါးတွင် “ဂဏန်းပညာတတ်ကျွမ်းသူများသာ လျှင် ဤကျောင်း၌၀င်ခွင့်ရှိနိုင်သ ည်”် ဟူသောစာတမ်းကိုရေးသားထားသည် ။
ပလေတိုသည် နက္ခတ္ထဗေဒ(Astronomy)နှင့် အသံညှိအတတ်(Harmonies) ကိုလည်းသင်ကြားပို့ချပေးခဲ့ လေသည်။ နက္ခတ္ထဗေဒပညာရပ်၌ ဂြိုဟ်နက္ခတ်တို့၏ သွားလာလည်ပတ်မှု
နှင့်ပတ်သက်သော ကျယ်ပြန့်သည့်အသိဥာဏ်ကိုသာလျှင်မက ဂြိုဟ်နက္ခတ်တို့၏အသွားအလာကို
ဖြစ်ပေါ်စေသော အကြောင်းအရာနှင့်ပတ်သက်သောသ င်ကြားလေ့လာမှုကိုအလေးအနက် ပြုထားလေသည်။
ပလေတို၏စံပြစိတ်ကူးနိုင်ငံ (Utopia) ကိုမူချွတ်ယွင်းချက်များရှိ ၍အရစ္စတိုတယ်ခေတ်ကာလမှစ၍ အပြင်းအထန်အဝေအဖန်ခံလာရသည်။
( ယူနောပိယား Utopiaးသည် ဂရိဘာသာတွင် မရှိဟူသောအနက်ကိုဟောသည့် Ou နှင့် နေရာကိုဟောသည့်
Topos တို့ကိုပေါင်းစပ်တီထွင်ထားသ ည့်စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာမည်သည့်နေရာမှမရှိဟုဆိုလိုသည်။ သက္ကတဘာသာ၌အမှန်တကယ်မရှိသည့် နေရာကိုဂန္ဓဗ္ဗနဂရဟုခေါ်သည်။)
လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀သမိုင်းတစ်လျှောက် ကျယ်ပြန့်ကြီးမားသောနိုင်ငံ များကိုတည်ထောင်သည့်ဘုန်းလက်ရုံးနှင့်ပြည်စုံသော ဘုရင်များ၊သူရသတ္တိနှင့်ပြည့် စုံသောဧကရာဇ်များ၊ လိမ္မာကျွမ်းကျင်သော နိုင်ငံရေးသုခမိန်များ၏အရေ အတွက်မှာမနည်းလှပေ။ သို့ရာတွင်ယင်းတို့အနက် မည်သူမှပလေတိုလောက် နိုင်ငံရေးအတွေးအခေါ်များအပေါ်၌သြဇာမလွှမ်းမိုးနိုင်ပေ။သူ ၏ စာပေကျမ်းဂန်များကို နှစ်ပေါင်း ၂၄၀၀ ကျော်ခဲ့ပြီဖြစ်သော်လည်းယနေ့ တိုင်လေးစားစွာဖတ်ရှုလေ့လာ
နေရသည်။ယင်းစာပေကျမ်းဂန်များမှလှုံဆော်အားပေးမှုကိုရယူကြ ရသည်။
ယင်းစာပေကျမ်းဂန်များကိုအြေ ခပြုလျက်မိမိတို့၏ အယူအဆများကိုသန်မာထွားကျိုင်းအောင်ပြုကြရသည်။
(လျှို့ဝှက်ဂန္ဓာရီပညာလေ့လာလိုက်စားသူများကမူ အော်ဖီးရပ်စ်၊ပိုက်သာဂိုရပ် နှင့်ပလေတိုကို ထိပ်တန်းဂန္ဓာရီပညာရှင်ကြီးများအဖြစ်မှတ်ယူကြသည်။ အော်ဖီးရပ်စ်သည် ဂီတသံစဉ် ၇ပါးကိုဖော်ထုတ်ခဲ့သူဖြစ်ပြီး၊ကျားခြင်္သေ့သားရဲများကိုပ င်ဂီတဖြင့်ယဉ်ပါးအောင်ပြုနိုင်စွမ်းရှိသူဖြစ်သည်။အော်ဖီးရပ်စ်မတိုင်မီကဂီတသံစဉ်၃ပါးကိုသာသိခဲ့ကြသည်။ပလေတို၏ ဂရိအသံထွက်မှာ ပလာတုန်)
ကျမ်းကိုး။ ။ ဒေါက်တာသန်းထွန်း(ကျော်စွာ၁ ၀၀)၊ပါရဂူ(ခေါမဒဿနပညာရှင်ကြီးများ)
Credit; ခိုင်ထူးသစ်
================
ဆိုကရေတီ၏တပည့် ပလေတိုသည်ထင်ရှားကြီးကျယ်သေ
စံပြစိတ်ကူးနိုင်ငံ (Utopia) စီမံကိန်းကို ရှေးဦးစွာတင်ပြခဲ့သောပလေတိ
ပလေတိုကိုမွေးဖွားသည့်အချိန
ပလေတိုမှာအဖက်ဖက်တွင် ကုသိုလ်ကံထူးသည်။ ရုပ်ရည်ရူပကာလှပတင့်တယ်ပြီး
အသက် ၁၈-၂၀ အရွယ်တွင်ဆိုကရေတီနှင့် ရင်းနှီးမှုရလာသည်။ အပြင်ပန်းအနေအထားအရသူတို့
နှစ်ဦးမှာ မိးုနှင့်မြေပမာကွာသည်။ ဆိုကရေတီသည် နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူနှင့် ရုပ်ဆိုးဆိုးမွဲခြောက်ခြောက
ဆိုကရေတီကိုစွဲချက်တင် သောအခါပလေတိုသည် တရားရုံးတွင်ရှိနေခဲ့သည်။ ဆိုကရေတီအတွက် အာမခံပေးဖို့ပင်အဆိုပြုခဲ့သ
ဆိုကရေတီအဆိပ်သောက်သေစေသည့်
ပလေတိုသည်နိုင်ငံတကာ၊ ဒေသတကာတို့တွင်၁၂နှစ်တိတိခရ
။ထို့နောက်အေသင်တွင် အကယ်ဒမီကျောင်းကိုတည်ထောင်ြ
ထိုခေတ်ထိုအခါက ပလေတိုသည်ယောက်ျားမိန်မတန်း
ပလေတို၏ဒဿနသဘောအခြေခံမှာ ဆိုကရေတီ၏ အမှန်သဘော(Reality)ဟူသောဝါဒ
ယင်းဝါဒ၏ဆိုလိုရင်းမှာ အမှန်သဘော(၀ါ)ပရမတ်သဘော သည် စင်စစ်အားဖြင့်အရာဝတ္ထုတို့၏
စိတ်ကူးဖြစ်သောအသွင်အပြင်၌သ
ယင်းသို့အားဖြင့် ပလေတိုသည်ဆိုကရေတီ၏ အယူအဆများကိုမျိုးစေ့ဗီဇအနေ
ရီပတ်ဗလစ်သည်ပလေတို၏ အကျော်ကြားဆုံး အရေးပါဆုံးကျမ်းဂန်ဖြစ်သည်။
ရီပတ်ဗလစ်သည် အကျင့်စာရိတ္တပညာဖြင့်လည်းကေ
ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်အရည်အချင်းများ၏တိုးတက်
ပြဿနာများကိုရဲဝံ့ပြတ်သားစွ
“ရီပတ်ဗလစ်သည် နိုင်ငံရေးကျမ်းဂန်မဟုတ်။ ပညာနှင့်ပတ်သက်၍ မပေါ်ဖူးသေးသောကျမ်းဂန်ဖြစ်သ
ပလေတိုအပေါ်၌ ပိုက်သာဂိုရပ်၏ သြဇာလည်းလွှမ်းမိုးခဲ့လေသည်။
ပလေတိုသည်လည်း ဂဏန်းသင်္ချာအား ဒဿနပညာ၏ ပထမလှေကားထစ်အဖြစ်အလေးပေးထာ
ထိုခေတ်က ဂဏန်းသချာင်္ကိုစစ်ရေးစစ်ရာမျ
ပလေတို၏ အကယ်ဒမီကျောင်းအ၀င်တံခါးတွင
ပလေတိုသည် နက္ခတ္ထဗေဒ(Astronomy)နှင့် အသံညှိအတတ်(Harmonies) ကိုလည်းသင်ကြားပို့ချပေးခဲ့
နှင့်ပတ်သက်သော ကျယ်ပြန့်သည့်အသိဥာဏ်ကိုသာလ
ဖြစ်ပေါ်စေသော အကြောင်းအရာနှင့်ပတ်သက်သောသ
ပလေတို၏စံပြစိတ်ကူးနိုင်ငံ (Utopia) ကိုမူချွတ်ယွင်းချက်များရှိ
( ယူနောပိယား Utopiaးသည် ဂရိဘာသာတွင် မရှိဟူသောအနက်ကိုဟောသည့် Ou နှင့် နေရာကိုဟောသည့်
Topos တို့ကိုပေါင်းစပ်တီထွင်ထားသ
လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀သမိုင်းတစ်လျှောက် ကျယ်ပြန့်ကြီးမားသောနိုင်ငံ
နေရသည်။ယင်းစာပေကျမ်းဂန်မျာ
ယင်းစာပေကျမ်းဂန်များကိုအြေ
(လျှို့ဝှက်ဂန္ဓာရီပညာလေ့လာလ
ကျမ်းကိုး။ ။ ဒေါက်တာသန်းထွန်း(ကျော်စွာ၁
Credit; ခိုင်ထူးသစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။