Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 31, 2016

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် ၅၂ ခု #

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် ၅၂ ခု #

လှေကားထစ်နံပါတ် (၁)။ တိကျတဲ့ ဘဝရည်မှန်းချက်။

လူတယောက်ရဲ့ အနာဂါတ်ကို အတတ်ဟောဖို့ သင်ဟာ ဗေဒင်ဆရာ လက္ခဏာဆရာ တစ်ယောက်ဖြစ်နေစရာ မလိုပါဘူး။ သူ့ကို မေးခွန်းတိုလေး ၂ ခုပဲ မေးကြည့်ဖို့ လိုပါတယ်။ အဲဒီမေးခွန်းက
"ခင်ဗျားဘဝရဲ့ တိကျတဲ့ရည်မှန်းချက် (definite purpose) ဟာ ဘာလဲ။ အဲဒီ ရည်မှန်းချက်ရောက်ဖို့ ဘာအစီအစဉ်တွေ ချမှတ်ထားသလဲ"

တကယ်လို့ လူ ၁၀၀ ကို မေးလိုက်ရင် လူ ၉၈ ယောက်လောက်က အခုလိုမျိုး ဖြေကြပါလိမ့်မယ်။
"ကျနော့်ဘဝမှာ အဆင်ပြေပြေနေရပြီး အောင်မြင်သင့်သလောက် အောင်မြင်ဖို့ပါ"

အဲဒီအဖြေဟာ အပေါ်ယံ ကြည့်ရင်တော့ ဟုတ်သလို မှန်သလိုပါပဲ။ ဒါပေမဲ့ အတွင်းကျကျ အလေးအနက် စဉ်းစားလိုက်ရင် အဲဒီဖြေသူဟာ ဘဝရေစီးကြောင်းမှာ အလိုက်သင့် မျောပါနေသူတယောက်၊ အောင်မြင်ကြီးပွားမယ့်သူ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဘာကြောင့် ခုလို ပြောနိုင်ရတာလဲ။ သူ့မှာ တိကျတဲ့ ဘဝရည်မှန်းချက်မရှိဘူး။ ရည်မှန်းချက်ကို အကောင်အထည်ဖေါ်မယ့် အစီအစဉ် မရှိလို့ပါ။

လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက ကျနော်ဟာ ဒါးလတ်စ်မြို့မှာ Steward Austin Wier နဲ့ အသိမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်။ သူက ကျနော်လုပ်နေတဲ့ သတင်းစာတိုက်ကို ဆောင်းပါးလေးတွေ မှန်မှန်ရေးပြီး ပို့နေသူပါ။ ဆောင်းပါးရေးခ ရတဲ့ပိုက်ဆံလေးနဲ့ စားနေရတာပါ။

သူဟာ တနေ့မှာ အောင်မြင်နေတဲ့ တီထွင်သူတစ်ယောက်ကို အင်တာဗျူးလုပ် မေးမြန်းပြီး သူ့အကြောင်း ဆောင်းပါးတပုဒ် ရေးပါတယ်။ Steward ဟာ သူ့အကြောင်းကို ရေးရင်းနဲ့ သူ့လို အောင်မြင်ချင်စိတ်ပေါ်လာတယ်။ သူဟာ ဆောင်းပါးရေးတဲ့ အလုပ်ကနေ နားပြီး ရှေ့နေတစ်ယောက် ဖြစ်လာဖို့ ကျောင်းပြန်တက်မယ်လို့ သူ့သူငယ်ချင်းတွေကို ပြောပြတယ်။ သူက အမေရိကန်တနိုင်ငံလုံးမှာ အတော်ဆုံး ရှေ့နေတစ်ယောက် ဖြစ်လာရမယ်လို့ ပြောလိုက်တယ်။ သူ့သူငယ်ချင်းတွေက မယုံကြဘူး။ ဒါပေမဲ့ သူဖြစ်ချင်တဲ့ ရှေ့နေတစ်ယောက် တကယ်ပဲ ဖြစ်လာခဲ့ပါတယ်။

ရှေ့နေဖြစ်ပြီးတာနဲ့ သူဟာ အခက်ခဲဆုံးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးတယ်။ အမှုကြီးတွေ အတော်များများမှာ အနိုင်ရလို့ သူဟာ နာမည်ရလာတယ်။ အမှုသယ်တွေ အများကြီး သူ့ဆီ အမှုလာအပ်ကြတယ်။ သူ့ဝင်ငွေ အရမ်းကောင်းလာတယ်။ အလုပ် မနိုင်တော့လို့ လာအပ်တဲ့ အမှုတချို့ကို ငြင်းပယ်လိုက်ရတယ်။

သူ ဘာလို့ အောင်မြင်သွားရတာလဲ။ တိကျတဲ့ ရည်မှန်းချက်ရှိပြီး အဲဒီရည်မှန်းချက်ရောက်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့လို့ပါ။

သင့်မှာ ရည်မှန်းချက် တိတိကျကျ မရှိရင် ဘဝမှာ ဘယ်လိုအောင်မြင်မှာလဲ။ သင်ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိရင် သင့်အပေါင်းအသင်းတွေက သင့်ကို ဘယ်လို ကူညီနိုင်မှာလဲ။ တိကျတဲ့ ဘဝရည်မှန်းချက်ရှိမှသာ အကောင်အထည်ဖေါ်တဲ့အခါ တွေ့ကြုံလာမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မှာပါ။

နောက်တယောက် ရှိသေးတယ်။ သူ့နာမည်က Lee Maranz ပါ။ စက်မှုအင်ဂျင်နီယာတစ်ယောက်ပါ။ အိုက်စကရင်းမုံ့ကို အအေးခံတဲ့ စက်တစ်လုံးကို တီထွင်လိုက်တယ်။ ဒါပေမဲ့ သူက အမေရိကန်နိုင်ငံတခွင်မှာ အိုက်စကရင်းမုံ့ရောင်းတဲ့ ဆိုင်တွေ အများကြီးပေါ်လာတာကို မြင်ချင်နေတယ်။ သူဖြစ်ချင်တာကို လုပ်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်တယ်။

သူက အိုက်စကရင်ဆိုင် ဖွင့်ချင်သူတွေကို ဆိုင်ခန်းပုံစံတွေ ဆွဲပေးတယ်။ သူ့ အိုက်စကရင် အအေးခံစက်တွေကို အကြွေးနဲ့ ရောင်းပေးတယ်။ မကြာခင် သူ့ရဲ့အအေးခံစက်တွေ အများကြီး ရောင်းရသလို သူမြင်ချင်တဲ့ အိုက်စကရင်းဆိုင်တွေ အမေရိကန်နိုင်ငံမှာ အများအပြား ပေါ်ပေါက်လာခဲ့တယ်။

သင့်မှာ သင်ဖြစ်ချင်တာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေရင် ဘယ်လိုအခက်အခဲကိုဖြစ်ဖြစ် ဖြေရှင်းကျော်လွှားနိုင်မှာပါ။

သင်ဘဝမှာ အောင်မြင်မှုရချင်ရင် အိပ်ပျော်မနေပါနဲ့တော့။ အိပ်ယာက နိုးထပြီး တိကျတဲ့ ရည်မှန်းချက်တစ်ခုကို ခုချက်ချင်း ချမှတ်လိုက်ပါ။ အဲဒါကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ မမေ့အောင် နေ့စဉ်ဖတ်ပါ။ မနက်အိပ်ယာထ တစ်ကြိမ်နဲ့ ညမအိပ်ခင် တစ်ကြိမ် အသံထွက်ဖတ်ပါ။ နောက်ပြီး အဲဒီရည်မှန်းချက်ဆီ ရောက်စေဖို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ချရေးလိုက်ပါ။ ပြီးတာနဲ့ အကောင်အထည် စဖေါ်ပါ။ ဘယ်တော့ လုပ်ရမှာလဲ။ အခု လုပ်ရမှာပါ။ မြန်မြန်ချမ်းသာချင်ရင် အချိန် ဆွဲမနေပါနဲ့။

သင် အနာဂါတ်မှာ အောင်မြင်ကြီးပွားသူ တစ်ယောက်ဖြစ်လာဖို့ ဘယ်သူ့ကိုမှ အားကိုးလို့ မရပါဘူး။ ကိုယ်အားကိုယ် ကိုးရမှာပဲဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထားပါ။

"Napolean Hill Foundation" က ရေးသားထုတ်ဝေတဲ့ "52 Steps to Achieving Life's Rewards" စာအုပ်ပါ ဆောင်းပါးကို မှီးထားတာပါ။

ဗန်းမော်သိန်းဖေ
၃၁-၀၇-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။