Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 23, 2016

#ခေါင်းလောင်းကြီးရဲ့_အဖြစ်မှန်

#ခေါင်းလောင်းကြီးရဲ့_အဖြစ်မှန်

... ဒီမင်းလက်ထက်မှာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမရနိုင် ဓမ္မစေတီခေါင်းလောင်း (အစစ်) ဆယ်နိုင်လျှင် လျှာဖြတ်ခံမည် - ဒဿကျော်စွာ (ကိုယ်တိုင်ဓာတ်စီး၍ ရေးသားသည်)

ဓမ္မစေတီခေါင်းလောင်း အကြောင်းနဲ့ပတ်သက်ပြီး သတင်းတွေ ကြားနေရတာ ကြာပါပြီ။ ကိုယ်နဲ့ မဆိုင်တာမို့ ဘာမှဝင်မပြောပဲ နေခဲ့တယ်။
သဗ္ဗေသတ္တာ ကမ္မသကာပေါ့လေ။

သူ့သဘော သူဆောင်ကြပါလိမ့်မယ်ဆိုပြီး နေခဲ့တာ။ လတ်တလောလေးမှာတင်ပဲ ဒီခေါင်းလောင်းတော်ကြီးကို ရှာနေတာ နှစ်ယောက်ရှိပြီ။

တစ်ယောက်က သတင်းမြုပ်သွားတော့ နောက်တစ်ယောက် ရှာပြန်တယ်။ ရှာသူတိုင်းကလည်း တွေ့တော့မယ် ဆိုတာချည်းပဲ။ နေ့ပဲ တွေ့တော့မလိုလို ညပဲ တွေ့တော့မလိုလို။ အမယ် ခေါင်းလောင်းကြီး ရှာတာများ လွယ်လိုက်ပုံနှယ်။
“ကဲလာ ဥုံဖွ၊ ခေါင်းလောင်းကြီး မတ်တပ်ထ”
ဆိုရင်ပဲ ခေါင်းလောင်းကြီးက ...
နာခံလျက်ရှိကြောင်းပါ ဘုရား ဆိုတဲ့ အချိုးမျိုးနဲ့ မြစ်ကြမ်းပြင်ထက် တလှုပ်လှုပ် ပေါ်လာရမယ့်အချိုး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းတည်း အပြတ်ပြောပါမယ်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး (အစစ်)ကို ရှာလို့ မတွေ့နိုင်ပါ။

အထူးသဖြင့် ဒီမင်းလက်ထက်မှာ ရှာလို့ မတွေ့ နိုင်ပါ။ ဒါကြောင့် တစ်ခါတည်း ပြောချလိုက်တာ။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး (အစစ်)ကို ရှာလို့ တွေ့မယ်ဆိုရင် လျှာဖြတ်ခံမယ်လို့ပါ။

ရေးကတည်းက ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး (အစစ်)လို့ ကွင်းစ ကွင်းပိတ်ခံပြီး အတိအကျ ပြောထားပါတယ်နော်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး (အစစ်)က ဘယ်လိုလဲဆိုတာ တစ်ခါတည်း ပြောမယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီးဟာ ပိဿချိန်အားဖြင့် ၁၈၀,၀၀၀ ရှိတယ်။ တန်ချိန်ဖွဲ့ရင် ၂၉၄တန် ပေါ့လေ။

ဓမ္မစေတီခေါင်းလောင်း အကြောင်းက ၁၅၈၃ စက်တင်ဘာ နှောင်းပိုင်းမှာ ရေးခဲ့တဲ့ ဗင်းနစ်မြို့သား ကုန်သည် Gaspero Bilbiရဲ့ ခရီးသွားမှတ်တမ်း Voyage to Pegu, and Observations There, Circa 1583 အထင်အရှားပါတယ်။

ရွှေတိဂုံ ဘုရားကုန်းမြင့်ပေါ်ရောက်တော့ ခန်းမကြီးလို့တောင် တင်စားရလောက်တဲ့ အလွန်ကြီးတဲ့ ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့ကြောင်း၊ ခေါင်းလောင်းကြီး အ၀န်းက လူသုံးယောက် ဖက်စာလောက် ရှိပြီး အမြင့်က ခြေလှမ်းကျဲကျဲ ခုနှစ်လှမ်းစာလောက် ရှိမယ်လို့ အတိအလင်း ရေးထားခဲ့ပါတယ်။

ခေါင်းလောင်းတော်ကြီးရဲ့ ပုံသဏ္ဌာန်ဟာ စောက် ၁၂တောင်၊ အ၀ ၇တောင် ရှိပါတယ်။ ခေါင်းလောင်းကြီး အလယ်ဖောင်းရစ်မှာ နှစ်ကျိပ်ရှစ်ဆူပါတဲ့ ဖောင်းကြွဘုရား ၂၈ဆူရှိပြီး သူ့အပေါ်ဘက်မှာ တစ်တွဲကို ကျောက်သံပတ္တမြား ၄၅လုံးပါတဲ့ အတွဲ ၄၅တွဲ၊ အတန်းနှစ်တန်းပါလို့ ၄၅လုံး+၄၅တွဲ+၂တန်း စုစုပေါင်း ကျောက်သံပတ္တမြား ၄၀၅၀လုံးပါတယ်။ အခု လက်ရှိ အနေမှာ ခေါင်းလောင်းကြီးရဲ့ ဖောင်းရစ် အနည်းငယ် အက်ကွဲနေပြီး ကျောက်သံပတ္တမြား ဒုတိယတွဲဟာ အနည်းငယ် ပြုတ်လျက် ရှိပါတယ်။ ဒါပေမဲ့ ခေါင်းလောင်းတော်ကြီးကနေ လုံးဝ ပြုတ်ထွက်သွားတာ မဟုတ်ပဲ တွဲလျက်သား ရှိပါသေးတယ်။

ဒီတော့ ခေါင်းလောင်းတော်ကြီး အစစ် ဟုတ်မဟုတ် စမ်းကြည့်ချင်ရင် အလွယ်လေးပါ။

၁။ အလေးချိန်၊ ၂။ အလယ်ဖောင်းရစ်တော်က နှစ်ကျိပ်ရှစ်ဆူသော ရွှေဘုရားတွေ ပါမပါ။ ၃။ ကျောက်သံပတ္တမြား ၄၀၅၀ လုံးပါတဲ့ အတန်းနှစ်တန်း ပါမပါ စစ်လိုက်တာနဲ့ ချက်ချင်း ပေါ်ပါလိမ့်မယ်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်ပါတယ်။ မင်းကွန်း ခေါင်းလောင်းတော်ကြီးထက် ၃ဆကျော်ပိုတယ်။

လက်ရှိ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ရုရှားနိုင်ငံ မော်စကိုမှာရှိတဲ့ ဇာကိုလိုကော ခေါင်းလောင်းဟာ တန်ချိန် ၂၀၀ကျော်သာ ရှိတဲ့အတွက် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအောက် သုံးပုံနှစ်ပုံပဲ ရှိပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ ရွှေတိဂုံ ရင်ပြင်တော်မှာ ၁၂၃နှစ်တိတိ တည်ရှိခဲ့ပြီး ၁၆၁၂ ခုနှစ်က ငဇင်ကာ သန်လျှင်ကို သယ်ရာမှာ မြစ်ထဲကျခဲ့တာ ဖြစ်ပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီးဟာ နဂါးပြည်(ရေထဲ)မှာ နှစ် ၅၀၀ တိတိ စံပယ်ပါမယ်။ နှစ်၅၀၀ ပြည့်ရင် ဆယ်ယူနိုင်မယ့်သူ ပေါ်လာပါလိမ့်မယ်။

အခုလက်ရှိအားဖြင့် ၄၁၃ နှစ်ပဲ ရှိသေးတာမို့ ဆယ်လို့ မရနိုင်ပါ။

နောက်ပြီးတော့ မြန်မာ့သမိုင်းအတွက် တဘောင် တစ်ခု ရှိပါတယ်။ ကလိယုဂ်ခေတ်မှာ မြန်မာနိုင်ငံကို အရင်ဆုံး ယက္ခရာဇာ အုပ်စိုးမယ်။ နောက် ဣတိရာဇာ၊ ဒီနောက်မှာမှ ဓမ္မရာဇာ အုပ်စိုးပါလိမ့်မယ်။ ဓမ္မရာဇာ အုပ်စိုးတဲ့ ခေတ်မှာမှ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ပြန်ပေါ်လာမှာပါ။

တစ်ဆက်တည်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို မယုံမကြည် ဖြစ်နေကြသူတွေကိုလည်း သက်သေပြစရာ တစ်ခုရှိတယ်။ ဦးကုလား ရာဇ၀င်ကြီးကို ဖတ်ကြည့်ကြပါ။ အဲဒီရာဇ၀င်မှာ... အလောင်းစည်သူမင်းဟာ “ကြေးစင်တုလာ တသောင်းကိုသွန်းသော ခေါင်းလောင်းတော်ကြီး နှစ်လုံးတို့ကို သဗ္ဗညုဘုရားမှာ တစ်လုံး၊ ရွှေကူဘုရားမှာ တစ်လုံး လှူတော်မူသည်”လို့ အတိအလင်း ရေးထားပါတယ်။

မြန်မာ့ရိုးရာ အချင်အတွယ်ကို နားလည်သူတိုင်း သိကြမှာပါ။ ငါးကျပ်ကို တစ်ပိုလ်၊ ပိုလ်တစ်ရာ တစ်တုလာဆိုတော့ အလောင်းစည်သူမင်း ကောင်းမှုတော် ခေါင်းလောင်းတွေကတောင် ပိဿချိန် ငါးသောင်းစီ ရှိနေပါပြီ။ အဲဒီထက် အများကြီး နောက်ကျတဲ့ခေတ်မှာ ပိဿချိန် တစ်သိန်းကျော် ဘာလို့ မလုပ်နိုင်ရမှာပါလဲ?

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ခုလိုရေနန်း စံတော်မူနေတာဟာ ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ လက်ရှိ ရှိနေတဲ့ ခေါင်းလောင်းတော်ကြီးတွေနဲ့လည်း ဆက်စပ်မှုကြီးစွာ ရှိနေပါတယ်။

ရင်ပြင်တော်ပေါ်မှာ လက်ရှိ ခေါင်းလောင်းတော်ကြီး နှစ်ခု ရှိနေပါတယ်။ စဥ့်ကူးမင်း ခေါင်းလောင်းတော်ကြီးနဲ့ သာယာဝတီမင်း ခေါင်းလောင်းတော်ကြီးပါ။

စဥ့်ကူးမင်း ခေါင်းလောင်းတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၁၄၀ ပြည့်နှစ် တပို့တွဲလဆန်း ၁ ရက်နေ့မှာ သွန်းလုပ်ခဲ့ပြီး သာယာဝတီမင်း ခေါင်းလောင်းတော်ကြီးကို ၁၂၀၃ခု သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့မှာ သွန်းလုပ်ခဲ့တယ်။

လောကီပညာ လိုက်စားလိုသူတွေ အတွက် သဲလွန်စတစ်ခု ပေးခဲ့ပါမယ်။ ရွှေတိဂုံ ရင်ပြင်တော်ထက်က ထင်ရှားတဲ့ ခေါင်းလောင်းကြီး သုံးခုလုံးဟာ လဆန်းရက်တွေမှာချည်း သွန်းလုပ်တာကလည်း တစ်ချက်။ နောက်ပြီး လက်ရှိ ရင်ပြင်တော်ပေါ်မှာ ဆက်ရှိနေတဲ့ ခေါင်းလောင်းတော်ကြီး နှစ်လုံးဟာ လဆန်း ၁ရက်နဲ့ လဆန်း ၁၀ရက်တွေမှာ သွန်းလုပ်ခဲ့တာ ဖြစ်နေပြီး ရေအောက်ရွှေ့ပြောင်း စံတော်မူတဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကတော့ မြန်မာသက္ကရာဇ် ၈၅၁ခုနှစ် တပေါင်းလဆန်း ၈ရက် ကြာသပတေးနေ့မှာ သွန်းလုပ်ခဲ့တာ ဖြစ်နေတယ်။ နေ့နံတွေ့ရဲ့ ထူးခြားမှုကို သတိပြုပါ။

နောက်ပြီးတော့ အများသိတဲ့ သမိုင်းတစ်ခုနဲ့ အဲဒီသမိုင်းရဲ့ အများမသိတဲ့ နောက်ဆက်တွဲ လျှို့ဝှက်ချက်ကို ဆက်လက်ဖော်ထုတ် ရေးသားပါ့မယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီး စတင်သွန်းလုပ်စဉ်မှာ လောကဉာဏပဏ္ဏိ အမတ်က ခေါင်းလောင်းကြီး သွန်းတဲ့ အချိန်ဟာ မိချောင်း နက္ခတ်နဲ့ ကြုံကြိုက်တာမို့ အသံကောင်းစွာ မမြည်နိုင်လို့ ဟောကြားခဲ့ကြောင်း ခေါင်းလောင်းကြီး သွန်းပြီးတော့ တကယ် အသံကောင်းစွာ မမြည်လို့ အဲဒီအမတ်ကြီးအား ဇပရောဟိဘွဲ့ ချီးမြှင့်ကြောင်း သမိုင်းကို လူအများ သိကြပါတယ်။

ဒါပေမဲ့ လူမသိတာက အဲဒီအမတ်ကြီးရဲ့ နောက်ဆက်တွဲ ဟောချက်ပါပဲ။ မိချောင်းနက္ခတ်နဲ့ ယှဉ်တဲ့ ခေါင်းလောင်းတော်ကြီးမို့ ကုန်းမှာ နှစ်၁၀၀ကျော် စံပြီးရင် ရေမှာ နှစ် ၅၀၀ တိတိ စံပယ်ရမယ်လို့ သူ အတိအကျ ဟောခဲ့ပါတယ်။ အဲ့ဒီဟောချက်ကိုလည်း ပုရပိုက်နဲ့ အတိအကျ မှတ်တမ်းတင် ထားခဲ့ပါတယ်။

အဲဒီပုရပိုက်မှာပဲ တစ်ပါတည်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ရေးထွင်းထားတဲ့ စာတွေ အကြောင်း ရေးသားထားတာရှိတယ်။

အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ ဗင်းနစ်မြို့သား ကုန်သည် Gaspero Balbiရဲ့ မှတ်တမ်းမှာပဲ အဲဒီ စာတွေအကြောင်း ရေးထားတာရှိတယ်။

အထက်မှ အောက်အထိ စာအပြည့်ပါရှိပြီး အရေးအသား လှပ၍ စိပ်လွန်းကာ စာတစ်လုံးနှင့်တစ်လုံး ထိနေသည်။ သို့ရာတွင် ထိုစာကို ဖတ်ရှုနိုင်သူ တစ်ဦးမှ မရှိနိုင်ပါတဲ့။ လောကီပညာရှင်တွေသာ ဖတ်ရှုနိုင်မယ့် စာမျိုးဖြစ်ပါတယ်။

အဲဒီစာတွေမှာ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရေနန်းပြောင်းရွှေ့ စံတော်မူမယ့် အချက်ကို အတိအလင်း ကြိုတင်ရေးသားထားသလို ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးနဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့ စဥ့်ကူးမင်း ခေါင်းလောင်း၊ သာယာဝတီမင်း ခေါင်းလောင်းတော်ကြီးတွေ ရှေ့မှာ ပြုလုပ်စီရင်နိုင်တဲ့ အစီအရင်ကြီး တစ်ရပ်ကို ရေးသားထားတာ ရှိပါတယ်။

အဲဒီအစီအရင်အကြောင်း စာရေးသူတို့ ဆရာအစဉ်အဆက် မှတ်သားခဲ့ဖူးတာမို့ မှတ်မိသလောက် ပြန်ဖော်ပြပေးပါ့မယ်။

ခေါင်းလောင်းကြီး သုံးခုရှေ့မှာ တစ်ရက်တည်း နေ့မွန်းမတည့်ခင် ပြီးအောင် လုပ်ရမှာပါ။

အရင်ဆုံး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးရှေ့မှာ လုပ်ရမယ်။ နောက်တစ်ဆက်တည်း စဥ့်ကူးမင်း ခေါင်းလောင်းတော်၊ နောက်ဆုံး သာယာဝတီမင်း ခေါင်းလောင်းတော်တို့ ရှေ့မှာ လုပ်ရမယ်။ အစီအရင်ကတော့ အင်းမီးထွန်းတာရယ်၊ ပုတီးစိပ်တာရယ်ပါပဲ။

ခေါင်းလောင်း တစ်ခုရှေ့မှာ အဲဒီခေါင်းလောင်းတော်နဲ့ သက်ဆိုင်တဲ့ အင်းကို မီးထွန်း၊ နောက်သက်ဆိုင်ရာ မန္တာန်ကို ပုတီးစိပ်ရမှာ ဖြစ်တယ်။ ဒီအတိုင်း ခေါင်းလောင်းတော်ကြီး သုံးခုလုံးပြည့်အောင် စီရင်နိုင်ရင် လောကီလိုရာ ဆန္ဒပြည့်ဝနိုင်တယ်လို့ ဆိုတယ်။

နောင်အလျဉ်းသင့်ရင် အဲဒီအစီအရင်ကို ဖော်ပြ ပေးသွားပါဦးမယ်။ ဒီစာကို ရေးတဲ့အခါ ဒဿကျော်စွာ ကော်လံလို့ ဘေးခေါင်းစဉ်တပ်တာ အကြောင်းရှိပါတယ်။ ဒဿကျော်စွာရဲ့ ကိုယ်ပိုင် အာဘော်သာ ဖြစ်ပြီး ဒီစာစောင် အယ်ဒီတာ အဖွဲ့နဲ့ မသက်ဆိုင်ပါ။ ဒီစာကိစ္စ အလုံးစုံကို စာရေးသူ တာဝန်ယူပါတယ်။

ဒဿကျော်စွာ

credit to U Zaw U ZAw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။