Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 30, 2016

လူငယ်တိုင်းလုပ်လို့ရတဲ့ အချက် (၄) ချက်...

လူငယ်တိုင်းလုပ်လို့ရတဲ့ အချက် (၄) ချက်...

၁- ပုံမှန်ပိုက်ဆံစုပါ
၂- ပုံမှန်စာဖတ်ပါ
၃- အင်္ဂလိပ်စာလေ့လာပါ
၎- စည်းကမ်းတကျအမှိုက်ပစ်ပါ

၁- #ပုံမှန်ပိုက်ဆံစုပါ

ဝင်ငွေရှိတဲ့ လူငယ်က ဝင်ငွေကိုစုပါ
မုန့်ဖိုးရတဲ့ လူငယ်က မုန့်ဖိုးကိုစုပါ
အနည်းဆုံး ရသမျှပိုက်ဆံထဲက
၁ဝ ရာခိုင်နှုန်းလောက်ပဲ ပုံမှန်စုကြည့်ပါ
ပိုများများစုနိုင်ရင်တော့ ပိုကောင်းတာပေါ့
ပိုက်ဆံစုတတ်တဲ့အကျင့်လေးစွဲသွားတဲ့အခါ
ပိုက်ဆံရဲ့တန်ဖိုးကို နားလည်လာပါလိမ့်မယ်
စုထားတဲ့ပိုက်ဆံလေးတွေကိုကြည့်ပြီး
ပီတိဖြစ်လာတဲ့အခါ ပိုပိုစုချင်လာလိမ့်မယ်
မလိုအပ်တာတွေကို ကုန်ရမှာ နှမြောတတ်လာမယ်
တကယ်လိုအပ်လာတဲ့အခါ သုံးစရာပိုက်ဆံက
အဆင်သင့်ရှိနေမယ်
သုံးတာနဲ့ ဖြုန်းတာကို ခွဲခြားတတ်သွားမယ်
ပိုက်ဆံစုတဲ့နေရာမှာ
ပညာရှိတွေရဲ့စကားကို ယူသုံးရရင်တော့
စုပြီး ပိုတာကိုပဲ သုံးပါ၊ သုံးပြီး ပိုတာကို မစုပါနဲ့တဲ့
ပိုက်ဆံစုတတ်တဲ့အကျင့်လေးတေ
လူငယ်တွေမှာ ကူးစက်လာတဲ့အခါ
လူငယ်တွေအတွက်ရော နိုင်ငံ့အတွက်ရော
မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေ ရလာပါလိမ့်မယ်...

၂- #ပုံမှန်စာဖတ်ပါ

တစ်နေ့ကို နာရီဝက်လောက်ပဲ အချိန်ပေးပြီး ဖတ်ကြည့်ပါ
ဂန္ထဝင်စာပေတွေဖတ်မှ မဟုတ်ပါဘူး
စာကြည့်တိုက်သွားပြီးဖတ်မှ မဟုတ်ပါဘူး
ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေ ဆောင်းပါးလေးတွေလည်း
ဖတ်လို့ရပါတယ်
စာအုပ်ကိုင်ဖတ်မှ မဟုတ်ပါဘူး
အွန်လိုင်းပေါ်မှာလည်း ဖတ်လို့ရပါတယ်
ဖုန်းထဲမှာလည်း ဖတ်လို့ရပါတယ်
စာဖတ်ဖို့ မအားတဲ့သူတွေက
Audio book လေးတွေလည်း နားထောင်နိုင်ပါတယ်
ဒါပေမဲ့ မြန်မာဘာသာနဲ့ audio book ကတော့
တော်တော်ရှားပါတယ် ဒါမှမဟုတ်
ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေသွားပါ
ကိုယ်လေ့လာလိုတဲ့ ကိုယ်အားသာတဲ့
စာပေအမျိုးအစားတွေကို ရှာဖတ်ပါ
ဖတ်ရင်း ဖတ်ရင်း စာဖတ်တဲ့ခံစားမှုကို
သဘောတွေ့ပြီး တခြားကဏ္ဍက စာပေတွေကိုပါ
မြည်းစမ်းချင်စိတ်ပေါ်လာပါလိမ့်မယ်
အနည်းဆုံး သုတ၊ ရသ ဘာမှ မဖတ်ချင်ရင်တောင်
ကိုယ့်ကျောင်းစာ၊ ကိုယ့်အသက်မွေးမှုနဲ့ ပတ်သက်တဲ့
စာပေတွေကို ရှာဖတ်ရင် အကျိုးရှိပါတယ်
စာဖတ်လို့ရလာမယ့် အကျိုးကျေးဇူးတွေကတော့
များလွန်းလို့ အသေးစိတ် မရေးတော့ပါ...

၃- #အင်္ဂလိပ်စာလေ့လာပါ

ကျောင်းနေဖူးသူတိုင်းတော့ အင်္ဂလိပ်စာနဲ့
ရင်းနှီးကြတာပါပဲ၊ ဘွဲ့ရတိုင်းလည်း
အင်္ဂလိပ်စာကောင်းကောင်းသင်ဖူးတာပဲ
ဒါပေမဲ့ အာရုံစိုက်မလေ့လာရင် ဝါသနာမပါရင်
တော်ရုံတန်ရုံဆေးညွန်းတောင် မဖတ်နိုင်ပါ
နောက်ပြီး ဘာလို့ အင်္ဂလိပ်စာအရေးကြီးလဲဆိုတော့
သူက ကမ္ဘာသုံးဘာသာစကားဖြစ်နေလို့ပါ
အနည်းဆုံး အင်္ဂလိပ်လို မပြောနိုင်၊ မရေးနိုင်ရင်တောင်
ကောင်းကောင်းဖတ်နိုင်တဲ့အဆင့်လောက်တော့
လူငယ်တိုင်းရှိနေအောင် ကြိုးစားသင့်ပါတယ်
မြန်မာဘာသာနဲ့ ရှိနေတဲ့ အရာဆိုတာက
အင်္ဂလိပ်ဘာသာနဲ့ ရှိနေတဲ့ အရာနဲ့ ယှဉ်လိုက်ရင်
အဆပေါင်းများစွာနည်းပါတယ်
ဆိုလိုတာက အင်္ဂလိပ်စာကို ကောင်းကောင်းဖတ်နိုင်သူရဲ့
သိမြင်နိုင်မှုနယ်ပယ်ကြီးက သိပ်ကိုကြီးလွန်းပါတယ်
ဥပမာ မြန်မာလိုရေးထားတဲ့စာအုပ်က တစ်အုပ်ရှိရင်
အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်က တစ်သိန်းရှိပါတယ်
နောက်တစ်ခုက ဒီနေ့ခေတ်လို လုပ်ငန်းခွင်ထဲမှာ
အင်္ဂလိပ်စာတတ်တဲ့လူနဲ့ မတတ်တဲ့လူ
အလုပ်၊ လစာ၊ ရာထူး စသဖြင့် ကွာသွားပါတယ်
ဘာသာစကားလေ့လာတယ်ဆိုတာ
သင်တန်းသွားတက်မှ မဟုတ်ပါဘူး
တစ်ယောက်တည်းလည်း လေ့လာလို့ရပါတယ်
လက်ထဲမှာ အင်တာနက်ရှိနေတယ် ဖုန်းရှိနေတယ်
ကြိုက်တဲ့အချိန် အင်္ဂလိပ်စာလေ့လာလို့ရပါတယ်
တစ်နေ့ကို နာရီဝက်လောက်ပဲ အချိန်ပေးပြီး
လေ့လာကြည့်ပါ သေချာပေါက် အကျိုးရှိပါတယ်
အင်္ဂလိပ်ကားတို့၊ အင်္ဂလိပ်သီချင်းတို့၊ အင်္ဂလိပ်စာအုပ်တို့
ကြည့်တာ၊ နားထောင်တာ၊ ဖတ်တာလည်း
အင်္ဂလိပ်စာလေ့လာတာပါပဲ
အင်္ဂလိပ်မှ မဟုတ်လည်း ဂျပန် တရုတ်ဆိုစတဲ့
ဘာသာစကားအသစ်တွေကို လေ့လာတာလည်း
အကျိုးရှိတာပါပဲ...

၎- #စည်းကမ်းတကျအမှိုက်ပစ်ပါ

ဒီအချက်လေးက ထွေထွေထူးထူးပြောဖို့ မလိုပါ
သို့သော် လူငယ်တော်တော်များများ မလိုက်နာကြပါ
စည်းကမ်းမဲ့ အမှိုက်မပစ်နဲ့ဆိုတာ
သိပ်ပြီး တင်းကြပ်လွန်းတဲ့ ကျင့်ဝတ်မျိုး မဟုတ်ပါ
လွယ်လွယ်ကူကူလိုက်နာလို့ရပါတယ်
တချို့က အမှိုက်ဆိုတာကို အရွယ်အစားနဲ့
ဆုံးဖြတ်ပြီး ကြီးရင်တော့ မပစ်ဘူး
သေးရင်တော့ ပစ်တယ်ဆိုပြီး လုပ်ပါတယ်
တကယ်က ကြီးကြီးသေးသေး အမှိုက်က အမှိုက်ပါပဲ
ဆေးလိပ်တိုလေးပဲမို့လို့၊ သကြားလုံးခွံလေးပဲမို့လို့
တစ်ရှူးလေးပဲမို့လို့ ပစ်တာပါဆိုပြီး လုပ်လို့မရပါ
နောက်တစ်ခု အမှိုက်တော့ပစ်ပါရဲ့
ဘယ်သွားပစ်လည်းဆိုတော့ မြောင်းထဲပစ်ကြတယ်
လမ်းမပေါ်တော့ မပစ်ဘူး
လမ်းဘေးတော့ ပစ်တယ်ဆိုတာမျိုးတွေရှိပါတယ
တချို့က အမှိုက်ပုံးမှ ထားမပေးတာဆိုပြီး
ဆင်ခြေပေးပါတယ် တကယ်က မဆိုင်ပါဘူး
ကိုယ့်ဆီက ထွက်လာတဲ့အမှိုက်ကို တာဝန်ယူရမှာ
ကိုယ်ကိုယ်တိုင်ပါ အမှိုက်ပုံးမရှိရင်
ရှိတဲ့နေရာအထိ အမှိုက်ကို သယ်သွားပါ
အပန်းမကြီးပါဘူး၊ လူငယ်တွေအနေနဲ့
အမှိုက်ပစ်တဲ့ စည်းကမ်းလောက်ကို လိုက်နာနိုင်မှ
သူ့ထက်မြင့်တဲ့ စည်းကမ်းတွေကို
ဘဝတစ်လျှောက်မှာ လိုက်နာနိုင်လာမှာပါ
ဆိုတော့ ကိုယ့်ကြောင့် တစ်ရှူးလေးတစ်စတောင်
ကမ္ဘာပေါ်မှာ ပရမ်းပတာ ပြန့်ကြဲမနေမိပါစေနဲ့...
အခုရေးပြခဲ့တဲ့ အချက် (၄) ချက်ဟာ
လူငယ်တွေအတွက်
အချိန်တွေလည်း အများကြီး မပေးရပါဘူး
ပိုက်ဆံတွေလည်း အများကြီး မကုန်ပါဘူး
လုံ့လဝီရိယတွေလည်း အများကြီး မစိုက်ရပါဘူး
တခြားအပျော်တွေကိုလည်း မစွန့်လွှတ်ရပါဘူး
လက်ရှိလုပ်နေတာတွေကိုလည်း မထိခိုက်ပါဘူး
ဘဝနဲ့လည်း မရင်းရပါဘူး...
သို့သော် ပုံမှန်လုပ်ဖြစ်နေမယ်ဆိုရင်တော့
ရရှိလာမယ့် အကျိုးကျေးဇူးတွေက
ကိုယ့်အတွက်ရော
ကိုယ့်မိသားစုအတွက်ရော
ကိုယ့်ပတ်ဝန်းကျင်အတွက်ရော
ကိုယ့်နိုင်ငံအတွက်ရော
နောက်ဆုံး ကမ္ဘာကြီးအတွက်ပါ
သိပ်ကိုအကျိုးကျေးဇူးများသွားမှာပါ...
ဟုတ်ကဲ့ လူငယ်တော်တော်များများလည်း
အခုပြောခဲ့တဲ့အချက်တွေကို ဒါမှမဟုတ်
အခုပြောခဲ့တဲ့အချက်တွေထက်ပိုပြီး
ကြိုးစားရုန်းကန်နေကြမယ်လို့ ယုံကြည်မိပါတယ်...

Wai Phyo Maung
29.7.2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။