နယူးဇီလန်နိုင်ငံမှ တွမ်ကာရီဆိုသူသည် Pokemon Go ဂိမ်းအကောင်းဆုံး ကစားနိုင်သူ ဖြစ်လာရန်အတွက် ပင်လယ်ကမ်းခြေ စားသောက်ဆိုင်တစ်ဆိုင်၏ ဘားတွင်အဖျော်ယမကာ ဖျော်စပ်သည့် barista အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မိဘများမှာ စိတ်အနည်းငယ် ရှုပ်ထွေးခဲ့ကြောင်း တွမ်ကာရီက BBC Newsbeat သို့ပြောကြား သွားခဲ့သည်။ “ကျွန်တော်အလုပ်ထွက်တဲ့ အချိန်က ဘာအကြောင်းနဲ့ ထွက်လဲဆိုတာ မန်နေဂျာကို မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့သတင်း ထွက်လာတဲ့ အချိန်မှာတော့ သူ့ဆီကို ဖုန်းဆက် လိုက်ပါတယ်။ သူ့ဆီက အလွန်ကောင်းတဲ့ တုံ့ပြန်ချက်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုအခါတွင် တွမ်သည် Pokemon Go ဂိမ်းရှိ Pokemon ၁၅၁ ကောင်အနက် ၉၁ ကောင် ဖမ်းမိထားပြီ ဖြစ်သည်။ “အဖေက ကျွန်တော် တစ်နေ့ကျော်ကြားမယ်ဆိုတာ သူအမြဲသိတယ်လို့ text message ပို့ခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။ ဂိမ်းနှင့်ပတ်သက်၍ အကောင်းဆုံးအပိုင်းမှာ ခရီးသွားခြင်းနှင့် အပေါင်းအသင်း trainer များ၏ ကြင်နာမှုဖြစ်ကြောင်း တွမ်က ဖွင့်ဟပြောကြားခဲ့သည်။
“ကျွန်တော့်ကို မှတ်မိတဲ့ Pokemon trainer တချို့က လာပြီး မိတ်ဆက်ကြပါတယ်။ လူတွေက ဓာတ်ပုံတွေ တောင်းကြသလို တစ်ယောက်ဆိုရင် ကျွန်တော့်ကို သူ့ရဲ့ သူရဲကောင်းဆိုပြီး ခေါ်နေပါတယ်။ ကျွန်တော့် Facebook မှာ အမေရိက၊ အိုင်ယာလန်၊ ကနေဒါ၊ အိန္ဒိယနဲ့ နီပေါ အားပေးတဲ့ ကမ္ဘာတစ်ဝန်းက message တွေလည်း ရပါတယ်။ ကျွန်တော် ခရီးစဉ် ပြီးသွားတဲ့အချိန်မှာ အော့ခ်လန်းကို ပြန်ပါမယ်။ အလုပ်ရှာပြီး လုပ်ငန်းသစ်ကို ဆက်လုပ်သွားမှာပါ။ Pokemon တွေလည်း ဆက်ဖမ်းသွားမှာပါ” ဟု တွမ်ကာရီက ပြောဆိုခဲ့သည်။
Pokemon Go ဆာဗာများသည် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပြတ်တောက်ခဲ့သည်။ ဟက်ကာအဖွဲ့တစ်ခုက ထိုလုပ်ရပ်အတွက် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
Ref: TimesofIndia

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။