အောင်မြင်မှု ဖေါ်မြူလာ။
အောင်မြင်မှုရစေတဲ့ ဖေါ်မြူလာ (Success Formula)က ဒီလိုပါ။
Success = Ability x Effort x Attitude
အောင်မြင်မှု = အရည်အချင်း x ကြိုပမ်းအားထုတ်မှု x စိတ်နေစိတ်ထား
အရည်အချင်း ရှိမယ်။ ကြိုးပမ်းအားထုတ်မှုလဲ ရှိမယ်။ စိတ်ထားမှန်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုရမယ်လို့ ပြောပြချင်တာပါ။
တချို့က အရည်အချင်း သိတ်မရှိပေမဲ့ ကြိုးပမ်းအားထုတ်မှုကြီးမားလို့ အောင်မြင်သွားသလို ကြိုးပမ်းအားထုတ်မှုနည်းပေမဲ့ လည်း အရည်အချင်းရှိလို့ အောင်မြင်သူတွေလည်း ရှိကြပါတယ်။
ဖေါ်မြူလာမှာ ဘာဆိုင်လို့ စိတ်နေစိတ်ထားက ပါနေရတာလဲလို့ မေးစရာရှိပါတယ်။
ကျနော် ကောလိပ်အောင်ပြီးတော့ ဂျပန်နိုင်ငံမှာ အလုပှ်ရှာရတာ အရမ်းခက်နေတယ်။ ကုမ္ပဏီတွေ စက်ရုံတွေကို တစ်ခုပြီးတစ်ခု သွားပြီး အလုပ်လျှောက်တယ်။ အလုပ်မရပါဘူး။ ကျနော် အရမ်းစိတဓါတ်ကျနေပြီး "ရော်ဘင်ဟုဒ်" တစ်ယောက် ဖြစ်ချင်လာတယ်။
ရော်ဘင်ဟုဒ်ဆိုတာ အင်္ဂလိပ်ပုံပြင်ထဲက လူစွမ်းကောင်းတစ်ယောက်ပါ။ မြှားပစ်တော်သလို ဓါးခုတ်ကျွမ်းကျင်တယ်။ သူက ချမ်းသာတဲ့လူတွေဆီက ရွှေငွေလက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေကိုဓါးပြတိုက်လုယူပြီး ဆင်းရဲသားတွေကို ဝေပေးတယ်။ ဆင်းရဲသားတွေအတွက် သူဟာ ကယ်တင်ရှင်သူရဲကောင်းတစ်ယော က် ဖြစ်နေပါတယ်။
ကျနော်လဲ ရော်ဘင်ဟုဒ်လို ချမ်းသာတဲ့လူတွေကို ဓါးပြတိုက်ပြီး ပိုက်ဆံလုယူချင်စိတ်ပေါက်နေ တယ်။ တကယ်လို့ အဲဒီစိတ်ကို မပယ်ဖျောက်ခဲ့ဘူးဆိုရင် ယနေ့ ကျနော်ဟာ လူဆိုးဂိုဏ်းခေါင်းဆောင်တစ် ယောက်
ဖြစ်နေမှာပါ။ ဘာကြောင့် ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာမယ်လို့
ပြောရတာလဲ။ ကျနော့်မှာ အရည်အချင်းရှိတယ်။ ဘာလုပ်လုပ် အစွမ်းကုန်
ကြိုးပမ်းအားထုတ် လုပ်တတ်တယ်။ ဒါပေမဲ့ ကျနော်သာ စိတ်ထားမမှန်ခဲ့ရင်
အခုလိုကြီးပွားအောင်မြင်နေမှာ မဟုတ်ပဲ ထောင်ထဲရောက်နေလောက်ပါပြီ။
ဒါကြောင့်ဘဝမှာ အောင်မြင်မှုရဖို့အတွက် အရည်အချင်း၊ ကြိုပမ်းအားထုတ်မှုနဲ့ စိတ်နေစိတ်ထားအားလုံး အရေးကြီးတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။
Kazuo Inamori ရေးတဲ့ "A Passion for Success" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၂-၀၇-၂၀၁၆
အောင်မြင်မှုရစေတဲ့ ဖေါ်မြူလာ (Success Formula)က ဒီလိုပါ။
Success = Ability x Effort x Attitude
အောင်မြင်မှု = အရည်အချင်း x ကြိုပမ်းအားထုတ်မှု x စိတ်နေစိတ်ထား
အရည်အချင်း ရှိမယ်။ ကြိုးပမ်းအားထုတ်မှုလဲ ရှိမယ်။ စိတ်ထားမှန်မယ်ဆိုရင် သေချာပေါက် အောင်မြင်မှုရမယ်လို့ ပြောပြချင်တာပါ။
တချို့က အရည်အချင်း သိတ်မရှိပေမဲ့ ကြိုးပမ်းအားထုတ်မှုကြီးမားလ
ဖေါ်မြူလာမှာ ဘာဆိုင်လို့ စိတ်နေစိတ်ထားက ပါနေရတာလဲလို့ မေးစရာရှိပါတယ်။
ကျနော် ကောလိပ်အောင်ပြီးတော့ ဂျပန်နိုင်ငံမှာ အလုပှ်ရှာရတာ အရမ်းခက်နေတယ်။ ကုမ္ပဏီတွေ စက်ရုံတွေကို တစ်ခုပြီးတစ်ခု သွားပြီး အလုပ်လျှောက်တယ်။ အလုပ်မရပါဘူး။ ကျနော် အရမ်းစိတဓါတ်ကျနေပြီး "ရော်ဘင်ဟုဒ်" တစ်ယောက် ဖြစ်ချင်လာတယ်။
ရော်ဘင်ဟုဒ်ဆိုတာ အင်္ဂလိပ်ပုံပြင်ထဲက လူစွမ်းကောင်းတစ်ယောက်ပါ။ မြှားပစ်တော်သလို ဓါးခုတ်ကျွမ်းကျင်တယ်။ သူက ချမ်းသာတဲ့လူတွေဆီက ရွှေငွေလက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေကိုဓါးပြတိုက်လုယ
ကျနော်လဲ ရော်ဘင်ဟုဒ်လို ချမ်းသာတဲ့လူတွေကို ဓါးပြတိုက်ပြီး ပိုက်ဆံလုယူချင်စိတ်ပေါက်နေ
ဒါကြောင့်ဘဝမှာ အောင်မြင်မှုရဖို့အတွက် အရည်အချင်း၊ ကြိုပမ်းအားထုတ်မှုနဲ့ စိတ်နေစိတ်ထားအားလုံး အရေးကြီးတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။
Kazuo Inamori ရေးတဲ့ "A Passion for Success" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။
ဗန်းမော်သိန်းဖေ
၂၂-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။