ဟတ်ထိတယ်ဗျာ။
============
ကျွန်တော့်သားလေးကကျွန်တော် သင်္ဘောတက်ခါနီးမေးတယ်။
ဖေဖေဘယ်တော့ပြန်လာမှာလဲတဲ့။ ၆လလောက်ပေါ့ဖြေတော့
သူနားမလည်ဘူး။ကျွန်တော့်ဇနီးက ရက်တွေ နေ့ တွေအများကြီး
ပေါင်းထားတာ လပေါ့လို့ ဝင်ဖြေပေးတော့ ခလေးကစဉ်းစားပြီးဒါဆိုတရက်ပဲသွားတဲ့။ ကျွန်တော်က ၁ရက်ထဲဆိုဖေဖေတို့ ထမင်းစားဖို့ ငွေမလောက်ဘူးပြောတော့ သားသားထမင်းမစားပဲနေပါ့မယ်တဲ့ဗျာ။ ကျွန်တော်ရင်ထဲဆို့ နင့်သွားတယ်။ ဒါနဲ့ သူ့ အမေကကြားကဝင်ညှိပေးတယ်နဲနဲ ရက်တိုးပေးဖို့ ပြောပြီး ကျွန်တော့်ကိုမျက်ရိပ်ပြတယ် ။ဒါနဲ့သားလေးက သူ့ လက်ချောင်းလေးတွေထောင်ပြပြီး ဆယ်ရက်ဆိုရလားတဲ့ သားသားက၃ရက်ပဲပေးချင်တာ မေမေတို့ ကိုသနားလို့ တဲ့။
အခုသင်္ဘောပေါ်ရောက်နေတော့တရက် ပြီးတရက်သာကုန်သွားတယ်
ကျွန်တော်ပြန်မလာတော့ မေမေ ဖေဖေက၁၀ရက်ပဲဆိုအခုဘာလို့ 
ကြာနေတာလဲ မေမေပြောတော့သားသားမနက်အိပ် ယာနိုးတာ
၁၀ခါပြည့်ရင်ဖေဖေပြန်လာမယ်လို့ ပြောတာသားသားရီထားတာအမျာြး ကီးရှိနေပြီနော်တဲ့။ မေမေပြောတဲ့၁၀ရက်ကအကြာကြီးပဲတဲ့။
ကျွန်တော့်ဇနီးကသူ့ ကိုထပ်လှည့်စားဖို့ ကြံရတာပေါ့။သားသားအခုကျောင်းတက်နေတာမလား။သားကျောင်းပိ တ်ရင်ဖေဖေပြန်လာလိမ့်မယ်လို့ 
ပြောတော့ ကျောင်းရယ်မြန်မြန်ပိတ်ပါတော့လို့ ခေါင်းလေးငုံ့ လက်အုပ်လေး
ချီပြီးဆုတောင်းတာတွေ့ တော့ကျွန်တော့်ဇနီးလဲမျက်ရ ည်ကျခဲ့ရ
ပြန်ကြားရတဲ့ကျွန်တော်လဲဝမ်းနည်းယုံပဲပေါ့။
ဟိုတရက်ကသားလေးရဲ့အတန်းပိုင်ဆရာမကဇနီးဖြစ်သူကိုသားလေး
အဆင့်၂ကနေ၅အထိကျသွားလို့ ခေါ်ပြောတယ်။ခလေးကဥာဏ်ကောင်းရဲ့သားနဲ့ အတန်းထဲမှာစာသင်နေရင်တခုခု ကိုတွေးနေတတ်သလိုပဲတဲ့။
အိမ်ရောက်တော့ဇနီးဖြစ်သူကသားလေးကိုမေးကြည့်တော့အရင်ကဖေ ဖေနဲ့ တူတူကစားတာဖေဖေနဲ့ စကားပြောတာတွေပြန်စဉ်းစားေ နတာတဲ့။
တရက်သူ့ ကိုကျောင်းလိုက်ပို့ အပြီးအမေလုပ်တဲ့သူကစိတ်ထဲတ မျိုးဖြစ်လို့ 
သူ့ အတန်းဝကလှမ်းကြည့်တော့ တခြားခလေးတွေနဲ့ ဆော့ကစားခြင်းမရှိပဲ သူ့ ခုံပေါ်လက်လေးတင်ခေါင်းလေးေ မှးနေတာတွေ့ တော့အတန်းထဲဝင်ပြီး
သားလေးရဲ့ အဖေအကြောင်းတွေးနေတဲ့အတွေးစ တွေကို ဝင်ဖြတ်
ခဲ့ရတယ်ပြောတယ်။ပြီးတော့သူ( ကျွန်တော့်ဇနီး)လဲကြိတ်ငိုေ ပါ့။
ပြန်ကြားသိရတဲ့ ကျွန်တော်လဲ ရင်ထဲမီးတောက်တယ်ဗျာ။
တကယ်ပါ ကျွန်တော်တို့ သင်္ဘောသားတွေရောမိသားစုတွေေ ရာ သက်ဆိုင်ကြသူတွေ ဟာ အဲ့လိုမျိုးခံစားကြရပါတယ်။ ကျွန်တော်တို့ တွေ ပေးဆပ်ရတဲ့ မျက်ရည်တွေ
သောကတွေဗျာပါဒတွေပူဆွေးလွမ်းဆွတ်ရတာတွေ နဲ့ လဲယူရတဲ့ ဒေါ်လာငွေ တွေဟာ မျက်ရည်
တွေအသက်တွေအချိန်တွေနဲ့ လုပ်ထားတာလို့ ပဲမြင်တယ်ဗျာ။ဒါကြောင့်တန် ဖိုးကြီးကြီးပေးပြီးလဲထားရတဲ့ငွေကို မသုံးမဖြုံးပဲ အသောက်အစားကင်းပြီး ဘဝရှေ့ရေးအတွက် အကျိုးရှိရှိ စုဆောင်းနိုင်ကြပါစေ
လို့  အကြံပြုလိုက်ပါတယ်။
Credit to -Moe Zaw Tun(မိုးဇော်ထွန်း)
YTZA@MSU
============
ကျွန်တော့်သားလေးကကျွန်တော်
ဖေဖေဘယ်တော့ပြန်လာမှာလဲတဲ့။
သူနားမလည်ဘူး။ကျွန်တော့်ဇနီ
ပေါင်းထားတာ လပေါ့လို့ ဝင်ဖြေပေးတော့ ခလေးကစဉ်းစားပြီးဒါဆိုတရက်ပ
အခုသင်္ဘောပေါ်ရောက်နေတော့တရက်
ကျွန်တော်ပြန်မလာတော့ မေမေ ဖေဖေက၁၀ရက်ပဲဆိုအခုဘာလို့ 
ကြာနေတာလဲ မေမေပြောတော့သားသားမနက်အိပ်
၁၀ခါပြည့်ရင်ဖေဖေပြန်လာမယ်လ
ကျွန်တော့်ဇနီးကသူ့ ကိုထပ်လှည့်စားဖို့ ကြံရတာပေါ့။သားသားအခုကျောင
ပြောတော့ ကျောင်းရယ်မြန်မြန်ပိတ်ပါတေ
ချီပြီးဆုတောင်းတာတွေ့ တော့ကျွန်တော့်ဇနီးလဲမျက်ရ
ပြန်ကြားရတဲ့ကျွန်တော်လဲဝမ်
ဟိုတရက်ကသားလေးရဲ့အတန်းပိုင
အဆင့်၂ကနေ၅အထိကျသွားလို့ ခေါ်ပြောတယ်။ခလေးကဥာဏ်ကောင်
အိမ်ရောက်တော့ဇနီးဖြစ်သူကသာ
တရက်သူ့ ကိုကျောင်းလိုက်ပို့ အပြီးအမေလုပ်တဲ့သူကစိတ်ထဲတ
သူ့ အတန်းဝကလှမ်းကြည့်တော့ တခြားခလေးတွေနဲ့ ဆော့ကစားခြင်းမရှိပဲ သူ့ ခုံပေါ်လက်လေးတင်ခေါင်းလေးေ
သားလေးရဲ့ အဖေအကြောင်းတွေးနေတဲ့အတွေးစ
ခဲ့ရတယ်ပြောတယ်။ပြီးတော့သူ(
ပြန်ကြားသိရတဲ့ ကျွန်တော်လဲ ရင်ထဲမီးတောက်တယ်ဗျာ။
တကယ်ပါ ကျွန်တော်တို့ သင်္ဘောသားတွေရောမိသားစုတွေေ
သောကတွေဗျာပါဒတွေပူဆွေးလွမ်
တွေအသက်တွေအချိန်တွေနဲ့ လုပ်ထားတာလို့ ပဲမြင်တယ်ဗျာ။ဒါကြောင့်တန်
လို့  အကြံပြုလိုက်ပါတယ်။
Credit to -Moe Zaw Tun(မိုးဇော်ထွန်း)
YTZA@MSU
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။