Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 24, 2016

ကြီးပွားချမ်းသာသူများဟာ ရေရှည်အတွက် တွေးတတ်ကြတယ်။

ကြီးပွားချမ်းသာသူများဟာ ရေရှည်အတွက် တွေးတတ်ကြတယ်။

## တကမ္ဘာလုံးက လူတွေကို အုပ်စု (၅) မျိုး ခွဲခြားသတ်မှတ်လို့ ရပါတယ်။
အုပ်စု (၁)။ အရမ်းဆင်းရဲသူများ
အုပ်စု (၂)။ ဆင်းရဲသူများ
အုပ်စု (၃)။ အလယ်အလတ်တန်းစားလူများ
အုပ်စု (၄)။ ချမ်းသာသူများ
အုပ်စု (၅)။ အရမ်းချမ်းသာသူများ (Millionaires, Billionaires)

## သူတို့ရဲ့ စဉ်းစားတွေးတောမှုကို သုံးသပ်ကြည့်ရင်
အုပ်စု (၁)။ အရမ်းဆင်းရဲသူများဟာ တနေ့တာအတွက်ပဲ စဉ်းစားကြတယ်။
အုပ်စု (၂)။ ဆင်းရဲသူများဟာ တပါတ်စာအတွက်ပဲ စဉ်းစားကြတယ်။
အုပ်စု (၃)။ အလယ်အလတ်တန်းစားလူတွေဟာ တလစာပဲ စဉ်းစားကြတယ်။
အုပ်စု (၄)။ ချမ်းသာသူများဟာ တနှစ်စာအတွက်ပဲ စဉ်းစားကြတယ်။
အုပ်စု (၅)။ အရမ်းချမ်းသာသူတွေကတော့ အနည်းဆုံး ၁၀ နှစ်စာ အထိ စဉ်းစားကြတယ်။

## သူတို့ရဲ့ အဓိကရည်မှန်းချက်တွေကို သုံးသပ်ကြည့်ပြန်ရင်
အုပ်စု (၁) နဲ့ (၂) - ဆင်းရဲနဲ့ အရမ်းဆင်းရဲအုပ်စုရဲ့ ရည်မှန်းချက်က အသက်ရှင်ရပ်တည်ရေးတစ်ခုပဲ။
အုပ်စု (၂) - အလယ်လတ်တန်းစားလူတွေရဲ့ ရည်မှန်းချက်က ချောင်ချောင်လည်လည် နေနိုင်ဖို့ပါ။
အုပ်စု (၃) နဲ့ (၄) - ချမ်းသာနဲ့ အရမ်းချမ်းသာအုပ်စုက ပူပန်ကြောင့်ကျကင်းတဲ့ ဘဝကို ရရှိဖို့ပါ။

## အခုတစ်ခါ အုပ်စုတွေက လူတွေဟာ ဘယ်လိုလူမျိုးတွေလဲ။
အုပ်စု (၁) အရမ်းဆင်းရဲသူများမှာ တနေ့လုပ်မှ တနေ့စားရတဲ့ အလုပ်ကြမ်းသမာတွေ၊ နေ့စား အလုပ်အလုပ်သမားတွေပါဝင်ကြပါတယ်။ နေ့စဉ်နေ့တိုင်း စားဖို့သောက်ဖို့ ပူပန်နေကြရတယ်။
အုပ်စု (၂)။ ဆင်းရဲသူများဟာ တပါတ်စာလုပ်ခရတာလေးနဲ့ တပါတ်စာ လောက်ငအောင် သုံးကြသူတွေပါ။ တပါတ်တခါ ပိုက်ဆံ ကုန်ခါနီးကျရင် ပူတတ်သူတွေပါ။
အုပ်စု (၃)။ အလယ်အလတ်တန်းစားလူတွေကတော့ လခစားဝန်ထမ်းတွေပါ။ သူတို့ဟာ လကုန်ခါနီးကျရင် နောက်လဆန်းတာနဲ့ ရေဖိုး၊ မီဖိုး၊ အိမ်ခန်းငှားခ၊ ကလေးကျောင်းလခပေးဖို့တွေ ပူပန်နေကြရပြီ။ တလတစ်ခါ ပူပန်နေကြရသူတွေပါ။
အုပ်စု (၄)။ ချမ်းသာသူများဟာ တနှစ်စာဝင်ငွေကို ရှိနေကြလို့ တနှစ်မှ တစ်ခါလောက် ပူပန်ကြတယ်။
အုပ်စု (၅)။ အရမ်းချမ်းသာသူတွေကတော့ ဝင်ငွေ စုဆောင်းငွေ အများကြီးရနေသူတွေမို့ သူတို့ဟာ အနည်းဆုံး ၁၀ နှစ်စာအထိ အနာဂါတ်ကို စဉ်းစားထားကြတယ်။

အုပ်စု (၃) ထဲမှာပါပြီး လခစားလုပ်နေတဲ့ ကျနော်ဟာ ဒီအချက်တွေကို သိလာတဲ့အတွက် ပထမဆုံး တနှစ်တာအတွက် ဝင်ငွေရအောင် စဉ်းစားတဲ့ အကျင့်တစ်ခု လုပ်လိုက်တယ်။ ကျနော့်ကိုယ် ကျနော် ပြန်မေးတယ်။ "ငါ့ဝင်ငွေကို ဒီတနှစ်အတွင်း ၂ ဆ တိုးအောင် ဘယ်လိုလုပ်ရမလဲ"။ အဲဒီလို တကယ်တွေး ကြည့်လိုက်တော့ ဝင်ငွေရနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့လာတယ်။ လုပ်ကြည့်တယ်။ ဝင်ငွေဟာ ၂ ဆ အထိ တိုးမသွားပေမဲ့ အရင်ကထက် အများကြီး တိုးလာခဲ့တယ်။ ကျနော် အားတက်လာတယ်။

ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားရှာဖွေအားတက်လာလို့ လခစားအလုပ်က ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းတစ်ခုလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ၁၀ နှစ်စာ ဝင်ငွေတိုးဖို့ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားလာတယ်။ ရှာတွေ့တဲ့ နည်းလမ်းတွေကို အသီအစဉ်ချမှတ်ပြီး အကောင်အထည် ဖေါ်တယ်။ ဝင်ငွေတွေ အများကြီး တိုးလာတယ်။ အခု ကျနော်ဟာ အချမ်းသာဆုံးလူတစ်ယောက်လို့ မပြောနိုင်သေးပေမဲ့ အုပ်စု (၄) လူချမ်းသာစာရင်း ဝင်နေပါပြီ။ အခု လက်ရှိမှာတော့ ကျနော်ဟာ နောင်အနှစ်၂၀ ကာလအတွက် တွေးနေပါပြီ။

အဲဒါဟာ မီလျံနာသန်းကြွယ်သူဋ္ဌေးကြီးတွေရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ တစ်ခုပါ။

သင်လဲ ကြီးပွားချမ်းသာချင်ရင် ရေရှည်အတွက် စဉ်းစားတွေးခေါ်ပါ။ စဉ်းစားတွေးခေါ်ဖို့ အရင်းအနှီး စိုက်စရာ၊ ငွေတစ်ပြားမှ ပေးစရာ မလိုသလို ခက်ခဲရှုပ်ထွေးတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ နေ့စဉ် အချိန်တစ်ခု ပေးပြီး အာရုံစိုက် စဉ်းစားသွားရင် အကျင့်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဦးနှောက်ဟာခန္ဓာကိုယ်က ကြွက်သားတွေလိုပါပဲ။ လေ့ကျင့်ခန်းလုပ်ရင် ကြွက်သားတွေ သန်မာလာစေသလို များများစဉ်းစားပေးရင် ဦနှောက်ဉာဏ် ထက်သန်လာပါလိမ့်မယ်။

စဉ်းစားချင်တယ်၊ မစဉ်းစားချင်ဘူးဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။ လူဖြစ်လာတဲ့ ဘဝတာလေးမှာ အပူအပင်ကင်းကင်းနဲ့ စိတ်ရှိသလောက် လှူနိုင်တန်းနိုင်တဲ့ ဘဝနဲ့ ကုန်ဆုံးသွားမလား၊ တနေ့စားဖို့ တနေ့ ပူပင်နေရတဲ့ ဘဝနဲ့ ကုန်ဆုံးသွားချင်သလားဆိုတာတော့ သင့်ပေါ်မှာပဲ မူတည်နေပါတယ်။ သင် စဉ်းစားဖို့ ဘယ်သူကမှ သင့်ကို တိုက်တွန်းလို့ မရပါဘူး။ ဒါပေမဲ့ အသက်ကြီးလို့ နေစရာမရှိ၊ စားရမဲ့ သောက်ရမဲ့ ဘဝဖြစ်တဲ့အခါကျရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ သင့်ကိုယ်သင်ပဲ အပြစ်တင်ပါ။

တစ်ခုတော့ သတိပေးချင်ပါတယ်။ ပထမ စဉ်းစာဖို့ လိုပါတယ်။ ဒုတိယ စဉ်းစားမိတာကို အကောင်အထည်ဖေါ်ဖို့ လိုပါတယ်။ စဉ်းစားရုံပဲ စဉ်းစားနေပြီး အကောင်အထည်မဖေါ်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

မှတ်ချက်။ Keith Cameron Smith ရေးတဲ့ "The Top 10 Habits of Millionaires" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။

ဗန်းမော်သိန်းဖေ
၂၃-၀၇-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။