မှတ်စုကြမ်း added 14 new photos — with Ro Se.
ချာလီချက်ပလင် ၏ မှတ်သားဖွယ်စကားများ
******************************
ချာလီချက်ပလင် ( Charlie Chaplin ) ဆို သူသည် အများသိ နာမည်ကျော် ဟာသ သရုပ်ဆောင် တစ်ဦး ဖြစ်ပါ သည်။
ဒါပေမယ့် သူ ၏ အတွေးအခေါ် ပြောစကား
များ ကလည်း ကမ္ဘာကျော် ခဲ့ပါသည်။
အများလည်း သိကြမည် ထင်ပါ၏ ။
ပြန်လည် အမှတ်ရစေ ဖို့ တစ်ချို့ စကားများ
အား မှတ်စုကြမ်း မှ စုစည်းဖေါ်ပြ ပေးပါသည်။
( 1 ) ရီမောခြင်း မရှိသောနေ့ သည်
အဓိပ္ပါယ် မဲ့ ကုန်ဆုံးသော နေ့တစ်နေ့
ဖြစ်ပါသည်။
( 2 ) ကျနော့် ဘဝ မှာ ပြဿနာများစွာ ရှိခဲ့ ပါ
တယ်။ ဒါပေမယ့် ကျနော့် နူတ်ခမ်းတွေ
က မသိကြဘူးဗျ ။ ဒီကောင်တွေက အမြဲ ပြုံး
နေတာ ပဲ ဗျာ။
( 3 ) ကြေးမုံ မှန် ဟာ ကျနော့် အတွက်
အကောင်းဆုံး သူငယ်ချင်း ပါ ဗျာ ။
ဘာဖြစ်လို့ လဲဆိုတော့ ကျနော် သူ့ ရှေ့မှာ
ငို ရင် သူက ဘယ်တော့မှ မရီ ဘူး ဗျာ ။
( 4 ) ကျနော် လေ မိုးရွာ ထဲ လမ်းလျှောက်
ရတာ အလွန်နှစ်သက် တယ် ဗျာ။
ဒီလို မိုးရွာ ထဲ သွားတော့ ကျနော် ငို နေတာ
ဘယ်သူ မှ မတွေ့ဘူးလေ ။
( 5 ) လူ တစ်ယောက်ဟာ အမှန်တွေ ပြောတဲ့
အချိန် ကျနော် သိပါပြီ ။ အဲ့ဒီ အချိန်က
ထိုလူ အရက်မူး နေတဲ့ အချိန်ပဲဖြစ်ပါတယ်။
( 6 ) ကျနော့် ရဲ့ နာကျင်မှု ဟာ
တစ်စုံတစ်ယောက်ရဲ့ရီမောခြင်းအတွက်
အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊
ကျနော့် ရဲ့ ရီမောခြင်း ကတော့ တစ်စုံ တစ်ယောက် နာကျင်ဖို့ အကြောင်းပြ ချက် ဘယ်တော့ မှ မဖြစ်စေရ ဘူး ။
( 7 ) ကျနော် တို့ တစ်တွေ ဟာ အများကြီး
တွေးလို့ ရ ပါတယ် ။ ဒါပေမယ့် ခံစား
တဲ့ အခါမှာတော့ နည်းနည်း ပဲ ခံစားကြပါဗျာ။
( 8 ) ခင်များ အမြဲတမ်း ခေါင်းငုံနေ ရင်တော့
ကောင်းကင်က သက်တံ့ ကို ဘယ်တော့ မှ ရှာတွေ့မှာ မဟုတ်ဘူး နော်။
( 9 ) နောက်ဆုံး အဆုံးသတ် ရင် တော့
အရာရာ တိုင်းဟာ ဟာသပြက်လုံး တစ်ခု ရယ်ပါ ဗျာ ။
( 10 ) ကျဆုံးမှု ဆိုတာ မရေးမကြီးဘူးနော်။
တစ်ကယ်တော့ ဒါဟာ သင်ကိုယ့်သင်
အရူး လုပ်ဖို့ သတ္တိ တွေ ယူလာပေးခြင်းပါ။
( 11 ) စကားလုံးတွေ ဟာ ဈေးပေါ ပါတယ်။
အကြီးဆုံးစကားလုံးကိုတောင် ဆင်ကြီး အရွယ် နှိုင်းပြီး ခင်များ ပြောနိုင် ပါတယ်ဗျ။
( 12 ) စိတ်ကူးဆိုတာ ဘာမှ မလုပ်တဲ့ မရှိခြင်း
တစ်မျိုး ပါ ပဲ ။
( 13 ) လူတွေက ခင်များကို တစ်ယောက်
တည်း ထားခဲ့တဲ့ အခါ ဘဝ ဟာ အံ့သြ
ဖွယ် ရာ ဖြစ်လာပါ လိမ့်မယ်။
#kazaw
မှ တ် စု ကြ မ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။