ရင်သားကင်ဆာ VS မှို + ဂရင်းတီး
.
သွေးမဆုံးမီ နဲ့ သွေးဆုံးပြီးသော အမျိုးသမီးများမှာ မှို ပိုမိုစားသုံးခြင်းနဲ့ အတူ
ဂရင်းတီး သောက်သုံးခြင်းက အီစထရိုဂျင် ( estrogen ) ကြောင့် ဖြစ်တဲ့
ရင်သားကင်ဆာ ( breast cancer ) ဖြစ်နိုင်တဲ့ အန္တရာယ်ကို
လျော့နည်းစေကြောင်း တရုတ်ပြည်မှာ ပြုလုပ်တဲ့ လေ့လာမှုတရပ်က
တွေ့ ရှိခဲ့ပါတယ် ။
.
ရင်သားကင်ဆာ အများစုဟာ အီစထရိုဂျင် ( estrogen ) ဟိုမုန်း
လှုံ့ ဆော်မှုကြောင့် ဖြစ်ကြပါတယ် ။
မှို မှာ သဘာဝ အာရိုမတေ့ ( aromatase inhibitors ) ပါရှိပါတယ် ။
၎င်းက ကိုယ်တွင်းမှာ အီစထရိုဂျင် ထုတ်လုပ်မှုကို ပိတ်ပင်ပါတယ် ။
မှို ကို ပုံမှန်စားသုံးပါက ရင်သားကင်ဆာ ကြီးထွားခြင်း ၊ ပျံ့ နှံ့ ခြင်းကို
ကာကွယ်ပေးပါတယ် ။
.
ဘယ်လို မှို ကို စားသုံးရမလဲ လို့ မေးရင် မှို တမျိုးတည်း မဟုတ်ပဲ ၊
မှိုအမျိုးမျိုးကို စားရပါမယ် ၊ သေချာ ချက်စားဖို့ပဲ လိုပါတယ် .. လို့
ဒေါက်တာ ဒေါ်နယ် ကပြောပါတယ် ။
( Dr. Donald Abrams, an oncologist from the San Francisco Osher Center for Integrative Medicine )
.
မှို နဲ့ အတူ ဂရင်းတီး ( Green Tea ) ကလည်း ရင်သားကင်ဆာ
ကာကွယ် နိုင်စွမ်း ရှိကြောင်း တရုတ်ပညာရှင် ( Li Min-Jing ) က
ပြောပါတယ် ။
ဂရင်းတီးက ကိုယ်ခံအားစံနစ် ( immune system ) ကို အားကောင်း
စေပြီး ၊ ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ် ။
ဂရင်းတီးမှာပါတဲ့ ပိုလီဖီနော ( polyphenols ) ဟာ အင်တီအောက်ဆီဒင့်
သတ္တိ ရှိပြီး ဆဲလ်များကို ဓါတ်တိုးပျက်စီးခြင်း ၊ ခရမ်းလွန်ရောင်ခြည်ကြောင့်
ပျက်စီးခြင်းတွေကို ကာကွယ်ပါတယ် ။
ဂရင်းတီးက catechins များက ကင်ဆာဆဲလ် ပျံ့ ပွားခြင်းကို တာဆီးပါတယ် ။
.
တရုတ်ပြည်က လေ့လာသူများက မှို နဲ့ ဂရင်းတီး တို့ အတွဲကို စားသုံးတဲ့
အသက် ၂၀ မှ ၈၇ အရွယ် အမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း
ထင်ထင်ရှားရှား ကျဆင်းသွားကြောင်း တွေ့ ခဲ့ကြပါတယ် ။
.
လက်လှမ်းမီတဲ့ စားစရာများ ဖြစ်လို့ လိုက်နာ စားသုံးရင် အကျိုးရှိတာမို့
တင်ပြလိုက်ပါတယ် ခင်ဗျာ ။
ကျန်းမာချမ်းသာကြပါစေ
Dr. Myint Thein
July 24, 2016 .

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။