Bamaw Thein Pe added 2 new photos.
အဆိုးထဲက အကောင်း။
တခါတလေ ကံမကောင်းတဲ့ အဖြစ်အပျက်တစ်ခုဟာ အဆိုးထဲက အကောင်း (blessing in disguise) ဖြစ်လာတတ်တယ်။
ကျနော် အထက်တန်းကျောင်း အောင်ပြီးတော့ ကျိုတိုမြို့က ကုမ္ပဏီအသေးလေး တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။ အခြေအနေဟာ အတော်လေး ဆိုးဝါးပါတယ်။ ရတဲ့ လစာက နည်းတယ်။ လခရတာလဲ အမြဲနောက်ကျတယ်။ ဘောနပ်စ်ဆိုတာ မရှိဘူး။ အဲဒီကုမ္ပဏီမှာ ဆက်လုပ်နေရင် ကျနော့်ဘဝအတွက် ကြီးပွားလမ်း မရှိဘူးလို့ ခံစားလာရတယ်။
ဒီတော့ ကုမ္ပဏီက အလုပ်ထွက်ဖို့ စဉ်းစားလိုက်တယ်။ ကျနော့်အကို တိုရှီနိုရီ
ကို အလုပ်ထွက်မယ်လို့ ပြောပြလိုက်တယ်။ သူက ကျနော့်ကို ဆူပူကြိမ်းမောင်းပြီး
အလုပ်မထွက်ဖို့ ပြောတယ်။ အခုခေတ်မှာ အလုပ်တစ်ခု ရဖို့ မလွယ်သလို
ကျနော့်လခလေးဟာလဲ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူဖြစ်နေတယ်တဲ့။
တိုရှီဟာ ကျနော်ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ခဲ့တာမို့ စိတ်ထဲက
မကျေနပ်ပေမဲ့လည်း သူ့စကားကို နားထောင်လိုက်ရပါတယ်။
ကျနော့်မှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ဒီကုမ္ပဏီမှာ ဆက်လုပ်နေရတော့မှာပါ။ ဒီတော့ ကျနော် ဘာအပြောင်းအလဲ လုပ်ရမလဲဆိုတာ စဉ်းစားတယ်။ ကုမ္ပဏီကို လစာတိုးပေးဖို့ ပြောလို့လဲ ရမှာ မဟုတ်ဘူး။ ပြောင်းလဲလို့ ရနိုင်တာ ကိုယ့်စိတ်တစ်ခုပဲ ရှိတယ်ဆိုတာ သိလိုက်တယ်။ အဲဒီနေ့ကစပြီး ကျနော့် စိတ်နေစိတ်ထားကို ပြောင်းလိုက်တယ်။ အလုပ်ထဲမှာ ပျော်အောင် ကြိုးစားတယ်။ အလုပ်ကို စိတ်ဝင်စားအောင် နည်းလမ်းရှာကြံစဉ်းစားပြီး လုပ်တယ်။
ကျနော် ကုမ္ပဏီရဲ့ သုတေသနလုပ်ငန်းမှာ စိတ်ရောကိုယ်ပါ မြုပ်နှံပြီး လုပ်လိုက်တယ်။ ကုမ္ပဏီက ဝန်ထမ်းအားလုံးဟာ အလုပ်ကို မလေးစားကြပဲ လခရဖို့အတွက်ပဲ သက်သာသလို လုပ်နေကြသူတွေမို့ ကျနော့်အရည်အချင်းဟာ ထင်ပေါ်လာပြီး ကုမ္ပဏီက လူကြီးတွေက ကျနော့်ကို သတိထားမိလာတယ်။ ချီးကျူးကြတယ်။ သူတို့ရဲ့ ချီးကျူးမှုရလို့ ကျနော်အားတက်လာပြီး အလုပ်ကို ပိုကြိုးစားလုပ်လာတယ်။
အဲဒီအချိန်က စပြီး ကျနော့်ဘဝဟာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတယ်။ ရာထူးတွေ တဆင့်ပြီး တဆင့်တိုးလာသလို လစာတွေလဲ တိုးလာခဲ့တယ်။ နောက်ဆုံး အဲဒီကုမ္ပဏီက ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးကုမ္ပဏီကြီး Kyocera Corporation ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။
ကျနော် တခါတလေ ပြန်စဉ်းစားမိတယ်။ တကယ်လို့ ငါဟာ လစာကောင်းကောင်းနဲ့ ပျော်စရာကောင်းတဲ့ ကုမ္ပဏီတစ်ခုမှာသာ အလုပ်ဝင်လုပ်နေခဲ့ရင် အခု အခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ဘူးလို့။
သင့်မှာ မကောင်းတဲ့ အခြေအနေနဲ့ ကြုံတွေ့နေတယ်။ အဲဒီအခြေအနေကို ပြောင်းလဲနိုင်တဲ့ အခွင့်အလမ်းမရှိဘူးဆိုရင် သင့်စိတ်ဓါတ် သင့်ခံယူချက်ကို ပြောင်းလဲကြည့်လိုက်စမ်းပါ။
Kazuo Inamori ရေးတဲ့ "A Passion for Success" စာအုပ်ထဲကပါ။
ဗန်းမော်သိန်းဖေ
၂၀-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။