Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 30, 2016

ကျား နဲ့ ဆင် လယ်ပြင်မှာတွေ့ မယ်

 Khant Naing added 4 new photos.

‪#‎ဖတ်ကြည့်‬
Credit >>>ko myo win
ကျား နဲ့ ဆင် လယ်ပြင်မှာတွေ့ မယ်
***************************
အကျွန်ုပ်သည်( RFA ) သတင်းဌာနနှင့်တွေ့ဆုံမေးမြန်း
ခဲ့သူ NLD - လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်သက်
ခိုင် အားစောင့်ကြည့်လေ့လာနေခဲ့မိသည်။
အကြောင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်
လွှတ်တော်အမတ်ဒေါ်သက်သက်ခိုင် တို့အစည်းအဝေး
တခုတွင်စကားအခြေအတင်ဖြစ်ခဲ့သည်မှစ၍ဖြစ်သည်။
ထိုသို့ စကားအခြေအတင်ဖြစ်သည့်အခါ၌ စိတ်ဝင်စား
စရာကောင်းသည်မှာဒေါ်သက်သက်ခိုင်ပြောသည့်
စကားတခွန်းဖြစ်သည်...
"ကျမက အောင်မြင်နေသောစီးပွားရေးလုပ်ငန်းရှင်
တယောက်ဖြစ်ပါတယ် "


ဟူသောစကားသည်၎င်းတို့အခြေအတင်ဖြစ်သည့်
ကိစ္စနှင့် ဆိုင်ပါသလား...? ဟု စဉ်းစားမိသောအခါ
ဒေါ်သက်သက်ခိုင်ဆိုလိုသည်မှာ သူမသည် ကျိကျိ
တက်ချမ်းသာနေသူလုပ်ငန်းရှင်ဖြစ်ပြီးစီးပွားရေး
နားလည်သူဖြစ်သဖြင့်...အောင်မြင်နေပြီးစီးပွားရေး
ကျွမ်းကျင်သူဟုဆိုလိုကြောင်းနားလည်မိပါသည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကိုလေ့လာသော်..
ပါလီမာန်ဒီမိုကရေစီခေတ်တွင်ခရိုနီစီးပွားရေးသမား
ဟု မရှိခဲ့ ...တော်လှန်ရေးကောင်စီခေတ် မလဆ
ခေတ်တွင်ပုဂ္ဂလိကစီးပွားရေးများကိုပြည်သူပိုင်သိမ်းခဲ့
သဖြင့်စီးပွားရေးလုပ်ငန်းရှင်ဟူ၍ မရှိခဲ့ပြန် ...လုပ်ငန်း
အားလုံးအစိုးရပိုင်ချည်းသာ...
၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း
စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် ခရိုနီစီးပွားရေး
သမားဟူသော စကားလုံးပေါ်ထွက်လာသည်။
အာဏာသိမ်းခဲ့သောစစ်တပ်သည် ၄င်းတို့နှင့်ပလဲပနံ
သင့်သူများ..အာဏာသိမ်းစစ်တပ်ကိုထောက်ခံသူများကို
မြေပေါ်မြေအောက်..ရေပေါ်ရေအောက်သယံဇာတများ
ကို စိတ်ကြိုက်ထင်သလိုလုပ်ခွင့်ပေးရာမှအစပြု ကာ
မီလျှံနာ ဘီလီယံနာ သူဌေးကြီးများထွက်ပေါ်လာခဲ့
သည်။ခေတ်ပျက်တွင်ပြည်သူလူထုငတ်ပြတ်ကာဒုက္ခပင်လယ်
ဝေနေချိန်၌ ဘယ်သူကြေကြေ ငတေ မာရင် ပြီးရော
စိတ်ဓါတ်ရှိသူတွေကောင်းစားသောကာလဖြစ်သဖြင့်
ရုတ်ချည်းတမဟုတ်ချင်း မီလျှံနာ ဘီလျှံနာသန်းကြွယ်
သူဌေးကြီးဖြစ်လာသူများကို ခရိုနီဟုခေါ်ဆိုပြီးခရိုနီ လူတန်းစားတရပ်ဟုထွက်ပေါ်လာခဲ့သည်။ ခရိုနီလုပ်ငန်းရှင်များသည်ဈေးကွက်စီးပွားရေးအရ ရိုးသားစွာယှဉ်ပြိုင်ကာချမ်းသာလာသူများမဟုတ်ကြပဲ
အာဏာရှိသူလုပ်ပိုင်ခွင့်ရှိသူကိုကပ်ဖားရပ်ဖားလုပ်ကာ
ဝေစားမျှစားလုပ်တတ်သူများသာဖြစ်သည်။ ထိုကဲ့သို့
သောခရိုနီများကို စီးပွားရေ့းကျွမ်းကျင်သူ..နားလည်သူ
ဟု ခေါ်လိမ့်မည်ဟုအကျွန်ုပ်မထင်ပါ ။
ထိုကဲ့သို့ ခရိုနီများအပြိုင်အဆိုင်စစ်အစိုးရအားဖားယား
ကာစီးပွားရေးလုပ်ကွက်ရယူနေချိန်တွင်ဒီမိုကရေစီ
အတွက်စစ်အစိုးရအားအညံ့မခံနည်းအမျိုးမျိုးဖြင့် တွန်းလှန်နေသောသူများတွင်ယခုရန်ကုန်ဝန်ကြီးချုပ်ဖြိုးမင်းသိန်းပါပါသည်။
ထို့အချိန်၌ ဖြိုးမင်းသိန်းထောင်ထဲတွင်ရှိနေပါလိမ့်မည်။
ဤမျှအကျွန်ုပ်ရှင်းလင်းပါလျှင် နိုင်ငံရေးသမား နှင့် ခရိုနီ
စီးပွားရေးသမားကို ခွဲနိုင်ပြီဟုယူဆပါသည်။
ဒေါ်သက်သက်ခိုင်သည် နိုင်ငံရေးသမားမဟုတ်ပါ။
ဒီမိုကရေစီစံနစ်ကိုလိုချင်သူလူထုအတွက်ခရိုနီစီးပွား
ရေးသမားသည်လူထုအတွက်မရင်းရဲပါ..
ဒေါ်သက်သက်ခိုင်သည် RFA နှင့်တွေ့ဆုံချိန်တွင်
သူမ၏ အကျိုးစီးပွားကိုထိခိုက်လာသဖြင့် ဝန်ကြီးချုပ်
ဖြိုးမင်းသိန်းအား ဗြောင်ဝေဖန်လာပါသည်။ သူမ၏
ဝေဖန်ရေးသည် လူထုအတွက်နစ်နာချက်များ..ဆုံးရှုံး
မှု့များအတွက်ဝေဖန်ခြင်းမဟုတ်ပဲသွားလေသူစစ်အစိုး
ရဦးသိန်းစိန်ဆင်းခါနီးတွင်တက်သုတ်ရိုက်ဝေစားမျှစား
ချထားပေးခဲ့သောစီမံကိန်းများမှရရှိလာမည့်အကျိုးစီးပွား
ကို ထိခိုက်လာသောအခါမှ ဝေဖန်ခြင်းဖြစ်သဖြင့်
အကျွန်ုပ်အပါအဝင်ပြည်သူလူထုအတွက်အကျိုး
မရှိသောကြောင့်ကိုယ်ကျိုးအတွက်ဝေဖန်ရေးဟုဆို
သော်လွန်အံ့မထင် ။
ဒေါ်သက်သက်ခိုင်သည်ဤမျှနှင့်မကျေနပ်နိုင်သေးပဲ
ဧရာဝတီသတင်းဌာနနှင့်ထပ်မံတွေ့ဆုံပြီး ပြီးခဲ့သော
ရိုးရာသင်္ကြန်တွင်မဏ္ဍပ်ဆောက်ကာစီးပွားရှာသူများကို
တားမြစ်ပိတ်ပင်သည့်အမိန့်တရပ်ကြောင့်ထိခိုက်သူ
များအတွက်ဝေဖန်ပြပါသည်။
ရေကစားမဏ္ဍပ်တွင်ရေကစားရန်လက်မှတ်ရောင်းခြင်းသည်မပြောသာသော်လည်းရေကစားမဏ္ဍပ်ကိုအ
ကြောင်းပြု ကာမောင်နှင့်နှမ ..အမိနဲ့အဖမြင်လို့မှမသင့်
တော်သည့်သရုပ်ပျက်မှု့မျိုးကိုလက်ခံရအောင်အကျွန်ုပ်
တို့ယဉ်ကျေးမှု့မပျောက်သေးပါ။ သာ၍ဆိုးသည်ကား စိတ်ကြွဆေးများ..မူးယစ်ဆေးဝါးများအလျှံပယ်ရနေခြင်းကိုကား ပြောင်းလဲလာသောခေတ်ဟုဆိုပါလျှင်အကျွန်ုပ် လက်မခံနိုင်ပါ ။
ခေတ်သည်ပြောင်းနေသည်မှန်သော်လည်းသင်္ကြန်
သည်ရိုးရာဖြစ်သည်မို့မပြောင်းပါ ။ မြန်မာ့ရိုးရာမဟာ
သင်္ကြန်သည် စစ်အစိုးရ၏အကွက်ချ စီမံမှု့စံနစ်ကြောင့်
မူးယစ်ဆေး..စိတ်ကြွဆေးများသုံးစွဲကာ လက်နက်များ
ကားပေါ်တင်ဆောင်ကာရမ်းကားသည်အထိပြောင်းလဲ
လာခြင်းသည် စစ်အစိုးရ၏ မဟာဗျူ ဟာမြောက်စံနစ်
ကြောင့်ဖြစ်သည်ကိုလွှတ်တော်အမတ်ဒေါ်သက်သက်
ခိုင်( Political Vision ) မရှိခြင်းမှာလည်းမအံ့သြပါ ။
အဘယ်ကြောင့်ဆိုသော် ..ဒေါ်သက်သက်ခိုင်သည်
ခရိုနီစီးပွားရေးသမားဖြစ်သဖြင့်ငွေကြေးပြည့်စုံသော်
လည်းဒေါ်သက်သက်ခိုင်တွင်မပြည့်စုံသောအရာသည်ရှိလာလေသည်။
ဤအရာမှာ "နိုင်ငံရေးအာဏာ " ပင်ဖြစ်သည်။
ထို့ကြောင့်နိုင်ငံရေးလောကထဲရောက်လာသည်ဟုဆိုပါလျှင်လွန်မည်မထင် ။
"နိုင်ငံရေးအာဏာ" သည် ဝရဇိန်လက်နက်ကဲ့သို့
လွန်စွာအစွမ်းထက်သဖြင့်စွန့်လွှတ်စွန့်စားသူတို့နှင့်သာထိုက်တန်သည်ဟု အကျွန်ုပ်ယုံကြည်ပါသည်။
ကိုယ်ကျိုးအတ္တကြီးသူခရိုနီစီးပွားရေးသမားလက်ထဲ
ရောက်ပါကတိုင်းပြည်အချုပ်အခြာအာဏာဆုံးရှုံးတတ်
သည်ကို သတိပြုရပေမည်။
အကျွန်ုပ်တို့မြန်မာပြည်သူလူထုသည်စစ်အစိုးရအာဏာ
ရှင်အုပ်စိုးစဉ်တွင်ကိုယ်တွေ့ခံစားခဲ့ရဘူးပါသည်။
လူမျိုးခြားတိုင်းတပါးသား တရုတ်ကိုကြောက်ရသည်
တရုတ်တို့၏အနိုင်ကျင့်ထင်သလိုရမ်းကားမှု့ကို အကာ
အကွယ်မဲ့အလူးအလဲခံစားခဲ့ဘူးသည်။ဤသည်မှာ
ကိုယ်ကျိုးအတ္တကြီးသူတွေလက်ထဲနိုင်ငံရေးအာဏာ
ရောက်သွားသဖြင့်ပြည်သူလူထုခံစားရသောဒုက္ခတွေ
ဖြစ်သည်။ ပို၍သာ၍ဆိုးသွားသည်ကား ကိုယ်ကျိုးအတ္တ
ကြီးသူဖြစ်ရုံမကလက်နက်ကိုင်အုပ်စုဖြစ်နေပြန်သော
အခါ လူထုကြီးသည် အရှင်လတ်လတ်ငရဲရောက်ရလေ
သည်။ ဒေါ်သက်သက်ခိုင်အနေဖြင့်လွှတ်တော်အမတ်
ဖြစ်လာရခြင်းသည် Arkar Maungmaung ဟုဆိုသော
ပေါတောတော ငပေါတကောင်၏ အယူအဆမျိုးကို
မတွေးရန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
အဆိုပါကြီးပေါကြာကြောင် ငပေါ၏အတွေးအခေါ်သည်
ကျွန်စော်နံသည့်အတွေးအခေါ်ဖြစ်သောကြောင့်ပင်။
ဒေါ်သက်သက်ခိုင်၌ ဘွဲ့တွေမည်မျှရှိစေ..ပါစေကာမူ
လူထုသည်စိတ်မဝင်စားပါ ...
လူထုခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အမေစု
၏ (လူကိုမကြည့်နဲ့ ပါတီကိုကြည့် မဲပေးပါ ) ဟူသည့်
စကားတခွန်းသည်ဒေါ်သက်သက်ခိုင်လွှတ်တော်
အမတ်ဖြစ်လာစေခြင်းရဲ့ အစဆိုသည်ကိုမမေ့သင့်ချေ ။
ဒေါ်သက်သက်ခိုင်၏ အဆိုအရ အရင်အစိုးရ၏ ကောင်းမွေဆိုးမွေကို နောက်အစိုးရက ဆက်ခံရမည်
ရမည်ဆိုသည်မှာလည်း ကောင်းသည့်အရာများကိုပို
ကောင်းအောင်စစ်ဆေးဆောင်ရွက်ဖို့လိုသလို ဆိုးသည့်
အရာများကိုလည်း ပိုဆိုးမသွားစေရန်စစ်ဆေးကြပ်မတ်
ဆောင်ရွက်ရမည်သာဖြစ်သည်။
အဆောက်အဦး..လမ်း..တံတားအစရှိသည်တို့၏
"စံ" စည်းမျဉ်းစည်းကမ်းများ..အရည်အသွေးစံနှုန်းများ
နိုင်ငံတော်မှချထားပေးသောဘဏ္ဍာငွေကြေးအစရှိသ
ည်တို့အား စစ်ဆေးဆောင်ရွက်ရန်အစိုးရသစ်တွင်
တာဝန်မရှိဘူးလား..?
စစ်အစိုးရနဲ့ဝေစားမျှစားခရိုနီကုမ္မဏီများလုပ်ချင်သလို
လုပ်သည်ကို မျက်နှာလွှဲကာနေပေးရမည့် အစိုးရခေတ် မရှိတော့သည်ကိုနားလည်ရန်အရေးတကြီးလိုအပ်ပါ
သည်။
ပြည်သူလူထုနှင့်တိုင်းပြည်မျက်နှာကြည့်ကာစစ်ဆေး
ကြပ်မတ်ဆောင်ရွက်သည်ကိုသဘောထားကြီးပေးရန်
လိုအပ်သလို နောက်ကြောင်းပြန်လှည့်သည်ဟု
အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဒေါ်သက်သက်ခိုင်၏
( Narrow mind-set and Shallow mind-set )
ပုံသေအမြင်ကျဉ်းအတွေးအခေါ်နှင့် ပုံသေအတွေးတိမ်
သောအလေ့အထကြောင့်ဖြစ်သည်ကို သတိပြုစေလိုပါ
သည်။
နိုင်ငံရေးသမားတိုင်းသည်တိုင်းရေးပြည်ရာများကိုစီမံ
ဆောက်ရွက်သည့်အခါ ပြည်သူအကျိုးကိုအစဉ်ဦးထိပ်
ပန်ဆင်ရမည်သာဖြစ်သည်။
ထိုသို့မဟုတ်ပါပဲ မိမိအကျိုးစီးပွားအားကာကွယ်ရန်
ရည်ရွယ်ချက်သက်သက်ကြောင့်သော်၎င်း..
မိမိအကျိုးစီးပွားအတွက်နယ်ပယ်ချဲ့ထွင်ရန်ဝင်ရောက်
လာခြင်းသော်၎င်း ..မည်သည့်ရည်ရွယ်ချက်ဖြင့်ဆို
သည်ကိုကာယကံရှင်သာအသိဆုံးပင်ဖြစ်ပေမည်။
၁၉၈၈ -မှ နှစ်ပေါင်း( ၂၀ )ကျော် ရင်းခဲ့ရသော ဒီမို
ကရေစီချဉ်ချင်းတက်သူတို့၏ ဘဝတို့သည်၎င်း...
သွေး တို့သည်မခြောက်သေးပါ ။
ပြည်သူ့မျက်နှာကိုမထောက်ပဲ ကိုယ့်အကျိုးစီးပွားကို
ရှေ့တန်းတင်အခွင့်အရေးယူတတ်သောမည့်သည့်
နိုင်ငံရေးသမားဖြစ်စေ...မည်သည့်ခရိုနီလုပ်ငန်းရှင်
ဖြစ်စေ.. ကျား နဲ့ ဆင်လယ်ပြင်မှာ တွေ့ရအုန်းမည်
မှာမလွဲဧကံဖြစ်ကြောင်းဤစာစုဖြင့် သတိပေးတင်ပြ
လိုက်ရင်းဖြင့်......
ဒီတပါတ်တော့ဒီမျှသာ
ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။