သိမ်းထားချင်တဲ့ စာစုလေးများ
~~ စိတ်ဒဏ်ရာ မှ စိတ်စေရာ ~~
ငါ့ရဲ့ပျော့ညံ့တဲ့စိတ်ကို ခေါင်းမာမှုနဲ့အစားထိုးထားတယ်
ငါ့ရဲ့ပူပင်တဲ့ဘဝကို တင်းမာစွာနဲ့ အံတုထားတယ်

ငါ့ရဲ့လိုချင်မှုကို ဟန်ဆောင်မှုနဲ့ ငြင်းပယ်ထားတယ်
ငါ့ရဲ့မုန်းတီးမှုကို အဖက်မလုပ်ပဲပစ်ပယ်ထားတယ်
ငါ့ရဲ့စိုးရိမ်မှုကို အေးဆေးတည်ငြိမ်မှုနဲ့ နေပြထားတယ်
ငါ့ရဲ့ခံစားချက်ကို မီးစာအဖြစ်သိုလှောင်ထားတယ်
ငါ့ရဲ့အားနည်းမှုကို လျို့ဝှက်မှုနဲ့ မေ့ထားခဲ့တယ်
ငါ့ရဲ့ဆန္ဒတွေကို မျိုသိပ်မှုနဲ့ သိမ်းဆည်းထားတယ်
ငါ့ရဲ့ပင်ပန်းမှုတွေကို နာကျည်းမှုနဲ့ ရှေ့ဆက်ထားတယ်
ငါ့ရဲ့ဆုံးဖြတ်မှုကို အမှန်တရားနဲ့ သုံးသပ်ထားတယ်
ငါ့ရဲ့နွေးထွေးမှုကို အေးစက်စက်နဲ့ဖန်တီးထားတယ်
ငါ့ရဲ့ဝမ်းနည်းမှုကို ဟာသတွေနဲ့ရောနှောထားတယ်
ငါ့ရဲ့ပူဆွေးမှုကို အပြုံးတွေနဲ့ပျက်ရယ်ပြုထားတယ်
ငါ့ရဲ့ စကားလုံးတွေကို ရင်ထဲမှာပဲ မျိုသိပ်ထားတယ်
ငါ့ရဲ့နှလုံးသားကို လှည့်စားမှုနဲ့ဖုံးကွယ်ထားတယ်
ငါ့ရဲ့စိတ်ကို နားလည်မှုနဲ့ အဝေးပို့ထားတယ်
ငါ့ရဲ့ခန္ဓာကို မိုက်မဲစွာနဲ့ ပိုင်ဆိုင်ထားတယ်
ငါ့ရဲ့မာနတွေကို နှိမ်ချမှုနဲ့ ဖိနှိပ်ထားတယ်
ငါ့ရဲ့ယုံကြည်မှုတွေကို တောင်းပန်မှုနဲ့ ကျေအေးလိုက်တယ်
ငါ့ရဲ့ရှင်သန်မှုကို အသက်စွန်ြ့ပီး စတေးထားရတယ်
ငါ့ရဲ့ဒဏ်ရာတွေက အမဲစက်အဖြစ်အမာရွတ်ကျန်ထားတယ်
ငါ့ရဲ့အနာပြင်းထန်မှုကို မျက်စိမှိတ်ပြီးကြိတ်ခံထားတယ်
ငါ့ရဲ့ဆိုးသွမ်းမှုက မိုက်ရူးရဲဆန်ဖို့ပြင်ဆင်ထားတယ်
ငါ့အတွက်မေတ္တာတွေက အင်မတန်မှငတ်မွတ်ခေါင်းပါးလွန်းလှတယ်
ငါ့ရဲ့မသိစိတ်က အသိစိတ်တွေကို လွှမ်းမိုးလို့ထားတယ်
ငါ့ရဲ့စိတ်ကိုခိုင်မာဖို့ကြိုးစားရင်း စိတ်ဓာတ်ကျမှုက တိုက်ခိုက်လို့နေတယ်
ငါ့ကိုငါ အလိုမကျဖြစ်တိုင်း စိတ်ကုန်မှု
တွေကရောက်ရောက်လာတယ်
ငါ့ရဲ့ရပ်တည်မှုက မာကြောမှုနဲ့ခက်ထန်နေကြတယ်
နောက်ဆုံးငါ့ရဲ့လက္ခဏာတွေကို ပြင်ဆင်ဖို့ကြိုးစားရင်း အသစ်ပြန်စဖို့ ဆုံးဖြတ်ပစ်ခဲ့တယ် ။
# စိတ်ဒဏ်ရာ ရပြီးသော်လည်း စိတ်အနာမဖြစ်စေဖို့ စိတ်အလိုမလိုက်လေနဲ့နော် #
~ Nang MeeMee ~

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။