နော်ဝေသည် ပြည်တွင်းသယ်ယူပို့ဆောင်ရေး ပြည့်ကျပ်မှုကို ဖြေလျှော့နိုင်ရန်အတွက် နိုင်ငံ၏ရေပိုင်နက်တစ်ဝန်းတွင် ရေအောက်လိုဏ်ဂူများကို တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
ဆိပ်ခံဗောကဲ့သို့သော အရာဖြင့် ရေအောက် ပေ ၁၀၀ တွင် ပေါလောပေါ်နေစေမည့် ရေအောက်တံတားများတွင် အရွယ်ကြီးမားသည့် ပိုက်လိုင်းများပါဝင်မည်ဖြစ်သည်။ ပိုက်လိုင်းတစ်ခုစီသည် လမ်းကြောနှစ်ခုအတွက် လုံလောက်သည့် အကျယ်အဝန်းရှိပြီး နေရာ A မှ နေရာ B သို့ ပုံမှန်အသွားအလာပြုလုပ်သူများအတွက် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။ ပိုက်လိုင်းတစ်ခုစီတွင် ဆိပ်ခံဗောများဖြင့် မြဲမြံစွာ ထောက်ကူထားသောကြောင့် တည်ငြိမ်မှုရှိနေစေမည်ဖြစ်သည်။
လက်ရှိတွင် Kristiansand မှ Trondheim အထိ မိုင် ၆၈၀ ခရီးကို ၂၁ နာရီကြာ သွားရောက်နေရသော်လည်း ဒေါ်လာ ၂၅ ဘီလျံကုန်ကျမည့် လိုဏ်ဂူစီမံကိန်းက ၂၀၃၅ ခုနှစ်တွင် အဆိုပါခရီးစဉ်အချိန်ကို သုံးဆအထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။
Ref: TheNextWeb

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။