အရှို့ခံရခြင်း
--------------
သာမန်အားဖြင့် စာရေးဆရာဆိုတဲ့လူက (ဘာမှမဟုတ်တဲ့) ထူးဆန်းတဲ့အရာတွေအပေါ် ပိုအလေးအနက်ထားတဲ့လူလို့ သတ်မှတ်ရမယ်။ တစ်ခါတလေမှာ “လာပြန်ပြီ.. ဘာမှမဟုတ်တဲ့ ဒီလိုကိစ္စအပေါ်” လေးနက်စိတ်ဝင်စားပြန်ပြီလို့  ခင်ဗျားကို ထင်မြင်စေလိမ့်မယ်။
.
သာဓကနေနဲ့ပြောရရင်… ၁၉၇ဝခုနှစ်ဝန်းကျင်လောက်တုန်းက အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုထဲ ပါဝင်ပတ်သက်ခဲ့ဖူးတဲ့သူတွေဟာ အမျိုးသမီးလွှတ်မြောက်ရေးဆို ပြီး အတွင်းခံအင်္ကျီမီးရှို့တာနဲ့ အချက်အလက်တစ်ခုလုပ်ခဲ့တယ်။ ဒါဟာ အရမ်းဟောင်းအိုနေပြီဖြစ်တဲ့ နှစ်ချို့အဖြစ်တစ်ခုပေါ့။ ခင်ဗျားလည်း တစ်စွန်းတစ်စသိလောက်မယ်လို့
ကျွန်တော်ထင်တယ်။ လူတွေဟာ ရင်ပြင်တစ်ခုမှာ စိတ်အားထက်သန်တက်ကြွတဲ့
အနေအထားတစ်ခုဖြစ်အောင် တည်ဆောက်လိုက်ကြတယ်။ ပြီးတော့ မီးပုံတစ်ပုံလုပ်တယ်။
လူအများက အတွင်းခံအင်္ကျီကို အဲဒီမီးပုံထဲ ပစ်ထည့်ကြတယ်။
.
“ဒီပစ္စည်းက အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ဘောင်ခတ်ချုပ်နှောင်လိုက်တဲ့ အရာပဲ.. အလိုမရှိဘူး” လို့ အမျိုးသမီးတွေက ဆိုကြတယ်။ သတင်းထောက်တွေက အဲဒီလိုလှုပ်ရှားမှုပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး ချဲ့ကားလွှင့်ခဲ့တော့တယ်။
.
ဒါ ဘာများမကောင်းလို့လဲလို့ ကျွန်တော်ထင်တယ်။
ကျွန်တော်က ယောက်ျားဖြစ်တဲ့အတွက် အတွင်းခံအင်္ကျီကို ရုပ်ပိုင်းအရကြည့်ရင် ဘယ်လောက်အတိုင်းအတာအထိ ဘောင်ခတ်လိုက်သလဲဆိုတာကို ကျွန်တော်တကယ်ပဲလက်တွေ့မခံစားတတ်ခဲ့ဘူး။
ပစ်ထုတ်လိုက်၊ မီးရှို့ပစ်လိုက်လို့ ဦးဆောင်လှုပ်ရှားသူရှိရင် ပစ်ထုတ်ပစ်၊
မီးရှို့ပစ်တာလည်း ကောင်းတာပဲ။ ဒီ့အတွက် ကျွန်တော့်ဘက်က ထင်မြင်ချက်မရှိဘူး။
.
ကျွန်တော်အလေးထားတာက .. သူတို့မီးရှို့လိုက်တဲ့အတွင်းခံအင်္ကျီဟာ အသစ်လား၊ အဟောင်းလားဆိုတာပဲ။ ဒါမှမဟုတ် အချိန်အတိုင်းအတာတစ်ခုအထိ ဝတ်ခဲ့ဖူးတဲ့ အတွင်းခံလားဆိုတဲ့အချက်လေးပဲ။
.
ဒီလိုတွေးမိတာနဲ့ အဲဒီအတွေးက ညမှာလည်း ကျွန်တော့်ကို အိပ်မပျော်စေတဲ့အပြင် ကျွန်တော့်နောက်ကျောတစ်နေရာ မှာ အမေးသင်္ကေတတစ်ခုက အမြဲရှိနေတတ်ခဲ့တယ်။ ဖျော့တော့တော့အရိပ်တစ်ခုလို တင်းတင်းကျပ်ကျပ်တွယ်ကပ်နေခဲ့တယ်။ ဒီလို အသေးစိတ်ကိစ္စမျိုးကို သတင်းသမားတွေကလည်း ချက်ကျလက်ကျရေးမှာမဟုတ်ပါဘူး.. (တကယ်ရေးမှာ မဟုတ်ပါဘူးနော်)။ ဒါကြောင့် ဒီကိစ္စရဲ့အဖြစ်မှန်ကို ကျွန်တော်လည်း မသိနားမလည်ခဲ့ဘူး။ အချိန်အတိုင်းအတာတစ်ခုအထိဝတ်ခဲ့ဖူးတဲ့ အတွင်းခံအင်္ကျီကို ရှို့တာပဲနေမှာပါနော်။
အသစ်ကိုမီးရှို့မယ်ဆိုရင် နှမြောစရာကောင်းတယ်။ ပြီးတော့ အမျိုးသမီးတွေက ဒီလိုအလာဟဿဖြုန်းတီးတာမျိုး လုပ်လိုက်မယ်လို့ ကျွန်တော်တော့မထင်ဘူး။
.
တကယ်လို့ ဝတ်ခဲ့ဖူးတဲ့အတွင်းခံကိုရှို့ တယ်ဆိုရင်တော့ အရှို့ခံရတဲ့အတွင်းခံက သနားစရာကောင်းမှာပေါ့ .. မဟုတ်ဘူးလား။ အတွင်းခံအင်္ကျီမှာလည်း အတွင်းခံအင်္ကျီရဲ့ဒုက္ခရှိမှာပဲ။
အရင်က အတတ်နိုင်ဆုံးကြိုးစားပြီး သူတာဝန်ထမ်းရွက် အသက်ဆက်လာခဲ့တာပဲ။
အခုတော့ ရုတ်တရက် အဝတ်ဘီရိုအံဆွဲထဲကနေ ဆွဲထုတ်ခံရပြီး ရက်စက်ကြမ်းကြုတ်၊
အပြစ်ကြီးတဲ့လူတစ်ယောက်လို ဆက်ဆံခံလိုက်ရတယ်။ တည်ရှိမှုအဓိပ္ပာယ်ကိုတောင်
ငြင်းဆန်ခံလိုက်ရတယ်။ အထင်သေးရှုံ့ချခံလိုက်ရတယ်။ လူအများရဲ့ရှေ့မှာ
ဟုန်းဟုန်းတောက်လောင်နေတဲ့ မီးပြင်းပြင်းထဲ ပစ်ချခံလိုက်ရတယ်။ လူကို
ဘယ်ကျေနပ်စေနိုင်မလဲ.. ကျွန်တော်က အဲဒီအတွင်းခံတွေနဲ့
သွေးသားမတော်စပ်ပေမယ့် ကိုယ့်ချင်းစာနာစိတ်ကိုတော့ မတားနိုင်ခဲ့ဘူး။
.
နောက်ပြီး ကျွန်တော်နားမလည်တာ တစ်ခုရှိသေးတယ်။ အမျိုးသမီးတွေဟာ ဘာဖြစ်လို့ အတွင်းခံအင်္ကျီကိုပဲ မီးရှို့ရတာလဲ။ ဘာဖြစ်လို့ ခါးနဲ့တင်အလှကိုပေါ်လွင်စေတဲ့  ကိုယ်ကျပ်အတွင်းခံတွေကိုကျေ တာ့ မီးမရှို့တာလဲ။ တကယ်လို့ အတွင်းခံအင်္ကျီက လူကိုဘောင်ခတ်ချုပ်နှောင်တယ်လို့ဆိုရင် ကိုယ်ကျပ်အတွင်းခံတွေကလည်း အတူတူပဲ ... လူကိုချုပ်နှောင်ဘောင်ခတ်တာ ပဲ
မဟုတ်လား။ ဒါပေမယ့် ကိုယ်ကျပ်အတွင်းခံတွေက အရှို့မခံခဲ့ရဘူး။
ဒေါက်မြင့်ဖိနပ်၊ မျက်တောင်ကော့ဆေးတွေလည်း အရှို့မခံခဲ့ရဘူး။ အတွင်းခံအင်္ကျီပဲ
အရှို့ခံခဲ့ရတယ်။ ကြည့်ရတာ Doctor Zhivagoတစ်ယောက်
မှောင်မိုက်တဲ့ကံတရားရဲ့ဆော င်းတန်းကိုဖြတ်ကျော်ရသလိုမျိုး အတွင်းခံအင်္ကျီလည်း ထင်မှတ်မထားတဲ့အဖြစ်ဆိုးကို ခံခဲ့ရတဲ့ သမိုင်းပုံရိပ်တစ်ခုအဖြစ် ချန်ရစ်ထားခဲ့တာဖြစ်နိုင်တယ်။
.
သနားစရာကောင်းလိုက်တာ… ဘယ်လိုပဲပြောပြော.. “တစ်စုံတစ်ခုရဲ့မှတ်ကျောက်တ င်”တဲ့ ပစ္စည်းမျိုး ကျွန်တော်တော့မဖြစ်ချင်ဘူး။ တကယ်ပြောတာ…
.
နှစ်၃ဝကျော်က အတွင်းခံအင်္ကျီမီးရှို့ခံရတဲ့ကိစ္စကို
အခုချိန်မှာ အသေးစိတ်သွားလေ့လာလည်း ကျွန်တော့်အတွက် ဘာအသုံးမှ မဝင်ပါဘူး။
ဒါပေမယ့် တစ်ခါတလေ တွေးတောချင်စိတ်ကို တားမရခဲ့ဘူး။ ကြည့်ရတာ အားယားပြီး
ပျင်းနေလို့ဖြစ်မှာ…။
---------
ဂျပန်စာရေးဆရာ Haruki Murakami ရဲ့စာတစ်ပုဒ်ကို ကျွန်မတတ်သိနားလည်သလောက် ဘာသာပြန်လိုက်တယ်နော်။ အခု ကျွန်မဖတ်နေတဲ့ သူ့စာစုစည်းထားတဲ့စာအုပ်က အဲဒီလိုစာတွေပဲ။ ဖတ်ပြီး (ကျွန်မအတွက်) ဘာကိုဆိုလိုချင်မှန်း မသိပေမယ့် ဘာမှမဟုတ်တဲ့ သာမန်ကိစ္စလေးတစ်ခုကို သူဘယ်လိုများ ဖွဲ့နွဲ့တွေးတောရေးဖွဲ့ထားသ လဲဆိုတဲ့ ဖတ်လိုစိတ်နဲ့ ဆက်ဆက်ဖတ်နေခဲ့တယ်။ အောက်ပို့စ်မှာ ကျွန်မရေးခဲ့သလိုပေါ့.. ဖတ်ပြီး စာရေးသူဆိုလိုချင်တဲ့အဓိပ္ပာ ယ်ကို ပြည့်ပြည့်ဝဝနားလည်စရာမလိုဘူး.. ဆက်ဖတ်လိုစိတ်နဲ့ ဖတ်နေချိန်စိတ်ကျေနပ်ဖို့ပဲ လိုတယ်။ ဒါဟာ စာဖတ်လို့ရတဲ့ အရသာပါပဲ။
Doctor Zhivago ဆိုတာ ရုရှားဝတ္ထုရှည်တစ်အုပ်ရဲ့နာ မည်ဖြစ်ပါတယ်။
#နိုင်းနိုင်းစနေ (July. 20. 2016)
--------------
သာမန်အားဖြင့် စာရေးဆရာဆိုတဲ့လူက (ဘာမှမဟုတ်တဲ့) ထူးဆန်းတဲ့အရာတွေအပေါ် ပိုအလေးအနက်ထားတဲ့လူလို့ သတ်မှတ်ရမယ်။ တစ်ခါတလေမှာ “လာပြန်ပြီ.. ဘာမှမဟုတ်တဲ့ ဒီလိုကိစ္စအပေါ်” လေးနက်စိတ်ဝင်စားပြန်ပြီလို
.
သာဓကနေနဲ့ပြောရရင်… ၁၉၇ဝခုနှစ်ဝန်းကျင်လောက်တုန
.
“ဒီပစ္စည်းက အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ဘောင်ခတ်ချုပ်နှောင်လိုက်တဲ
.
ဒါ ဘာများမကောင်းလို့လဲလို့ ကျွန်တော်ထင်တယ်။
ကျွန်တော်က ယောက်ျားဖြစ်တဲ့အတွက် အတွင်းခံအင်္ကျီကို ရုပ်ပိုင်းအရကြည့်ရင် ဘယ်လောက်အတိုင်းအတာအထိ ဘောင်ခတ်လိုက်သလဲဆိုတာကို ကျွန်တော်တကယ်ပဲလက်တွေ့မခံစ
.
ကျွန်တော်အလေးထားတာက .. သူတို့မီးရှို့လိုက်တဲ့အတွင်
.
ဒီလိုတွေးမိတာနဲ့ အဲဒီအတွေးက ညမှာလည်း ကျွန်တော့်ကို အိပ်မပျော်စေတဲ့အပြင် ကျွန်တော့်နောက်ကျောတစ်နေရာ
အသစ်ကိုမီးရှို့မယ်ဆိုရင် နှမြောစရာကောင်းတယ်။ ပြီးတော့ အမျိုးသမီးတွေက ဒီလိုအလာဟဿဖြုန်းတီးတာမျိုး
.
တကယ်လို့ ဝတ်ခဲ့ဖူးတဲ့အတွင်းခံကိုရှို
.
နောက်ပြီး ကျွန်တော်နားမလည်တာ တစ်ခုရှိသေးတယ်။ အမျိုးသမီးတွေဟာ ဘာဖြစ်လို့ အတွင်းခံအင်္ကျီကိုပဲ မီးရှို့ရတာလဲ။ ဘာဖြစ်လို့ ခါးနဲ့တင်အလှကိုပေါ်လွင်စေတဲ
.
သနားစရာကောင်းလိုက်တာ… ဘယ်လိုပဲပြောပြော.. “တစ်စုံတစ်ခုရဲ့မှတ်ကျောက်တ
.
နှစ်၃ဝကျော်က အတွင်းခံအင်္ကျီမီးရှို့ခံရတဲ့က
---------
ဂျပန်စာရေးဆရာ Haruki Murakami ရဲ့စာတစ်ပုဒ်ကို ကျွန်မတတ်သိနားလည်သလောက် ဘာသာပြန်လိုက်တယ်နော်။ အခု ကျွန်မဖတ်နေတဲ့ သူ့စာစုစည်းထားတဲ့စာအုပ်က အဲဒီလိုစာတွေပဲ။ ဖတ်ပြီး (ကျွန်မအတွက်) ဘာကိုဆိုလိုချင်မှန်း မသိပေမယ့် ဘာမှမဟုတ်တဲ့ သာမန်ကိစ္စလေးတစ်ခုကို သူဘယ်လိုများ ဖွဲ့နွဲ့တွေးတောရေးဖွဲ့ထားသ
Doctor Zhivago ဆိုတာ ရုရှားဝတ္ထုရှည်တစ်အုပ်ရဲ့နာ
#နိုင်းနိုင်းစနေ (July. 20. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။