မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င်
(သမီးတော် ရာဇ၀င် - ၁)
၁၉၉၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်၊ ၁၉ နှစ်ဆိုတော့ လွန်ခဲ့ပြီးသော အတိတ်ဟုလည်း ပြောနိုင်သည်။ မန္တလေး နန်းမြို့အတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်း တပ်မမှူးကို ဖြုတ်ပစ်တော့ မလိုလို လေသံ လွှင့်ပြီးမှ မဖြုတ်ရုံမျှမက တိုင်းမှူး အဖြစ် ရာထူးတိုးမြှင့်ပေးကာ စီးပွားရှာ၍ အကောင်းဆုံးဖြစ်သော မန္တလေးသို့ ပို့လိုက်သည့် ကျေးဇူးရှင်အပေါ် သူမတူအောင် ထူးခြားသည့် ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်ရန် စဉ်းစားနေသည်။
မဟုတ်သည့် အကြံအစည်ဆိုလျှင် ချက်ချင်းထွက်လေ့ရှိသည့် အတိုင်း တိုင်းမှူးကတော် ဆရာဝန်မကြီးတွင် ထခုန်ချင်စိတ်ပေါက်လောက်အော င်
ကောင်းမွန်လှသည့် အကြံအစည် တစ်ရပ်က ချက်ချင်း ပေါ်လာသည်။ သို့ဖြင့်
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမှ တပ်မှူးကတော်များကို
အရေးပေါ် အထူးအစည်းအဝေး ခေါ်လိုက်သည်။ ယခု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
အစည်းအဝေး ခန်းမထဲတွင် တိုင်းမှူးကတော်၏ ရှေ့တွင်တော့ လက်အောက်ခံ
တပ်မှူးကတော်များက တိုင်းမှူးကတော်၏ အရေးပေါ် အစည်းအဝေးမှ နှုတ်မြွက်စကားကို
နာခံရန် စောင့်ဆိုင်းနေကြသည်။ သို့ဖြင့် “ညည်းတို့ကို အရေးကြီး ပြောစရာ
တစ်ခုရှိတယ်။ နောက်သုံးရက်ဆိုရင် တပ်ချုပ်ကြီး မိသားစု လာမယ်။ တကယ်ပြောရရင်
ငါတို့ နိုင်ငံတော် အကြီးအကဲဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့
ဘုရင်ပဲ။ သူ့သားသမီးတွေဟာ မင်းသား၊ မင်းသမီးတွေပဲ။ ဒါကြောင့် ဒီတစ်ခေါက်
ကစပြီး တပ်ချုပ်ကြီး သမီးတွေကို အရင်ကလို မမလို့ မခေါ်ရတော့ဘူး။
သမီးတော်လို့ ခေါ်ရမယ်ကြားလား”ဟူသည့် ခေတ်သစ် မြန်မာနိုင်ငံသမိုင်း၏
သမီးတော် ရာဇ၀င်ကို စလိုက်တော့သည်။ နားထောင်နေသည့် တပ်မှူးကတော်များကား
တိုင်းမှူး ကတော်ကြီး၏ အဖားလွန်နေပုံကို စိတ်ထဲမှ ရယ်ချင်နေကြသော်လည်း
မျက်နှာသေလေးများဖြင့်သာ နားထောင် နေကြရသည်။ သူတို့ ပါးစပ်မှ သမီးတော်ဟု
ခေါ်ရမည်ကို နှုတ်ထွက်မရဲကြ။ ဤသည်ကို ရိပ်စားမိသော တိုင်းမှူးကတော်ကြီးက
“ကဲကဲ...ညည်းတို့က သူတို့လာမှဆိုရင် ပါးစပ်က မထွက် ဖြစ်နေဦးမယ်။ အခုအရင်
လေ့ကျင့်လိုက်ရအောင် ငါ့ပါးစပ်က ရှေ့ကဆိုပြမယ်။ နင်တို့က စိတ်ပါ လက်ပါ
လိုက်ဆိုကြ... "သမီးတော်” ဟု တိုင်းမှူးကတော်ကြီးက တိုင်ပေးလိုက်သည်နှင့်
သမီးတော် ဆိုသည့် အသံကြီးက တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမကြီးထဲတွင်
ဟိန်းထွက်လာသည်။ တိုင်းမှူး ကတော်ကြီးကား ပီတိသောမနုဿ ဖြစ်သွားသည်။
ထို့နောက်မှာကြား စရာရှိသည်များကို မှာကြားကာ တပ်မှူးကတော်များထဲမှ
ဆရာဝန်မများကို ချန်လှပ်ပြီး ကျန်သူများကို တန်းဖြုတ် ပေးလိုက်သည်။
တပ်မှူးကတော် ဆရာဝန်မများသာ ကျန်သည့်အခါ တိုင်းမှူးကတော် ဆရာဝန်မကြီက
“ညည်းတို့ကို တမင်ချန်ထားတာ ညည်းတို့ကလည်း ဆရာဝန် ငါကလည်း ဆရာဝန်ဆိုတော့
ငါတို့က သူများထက် ပိုရင်းပြီးသား၊ ဒီတော့ ညည်းတို့ကို အထူးတာဝန်ပေးဖို့
ချန်ထားတာ။ တပ်ချုပ်ကြီး သမီးတွေ ဆောရီး ဆောရီး ငါက စမှား ပြန်ပြီ။
သမီးတော်တွေ လာရင် ညည်းတို့က သမီးတော် တစ်ယောက်ချင်းအတွက် တာဝန်ယူရမယ်။
ဒါမှသာ ကျန်းမာရေးကို အနီးကပ် ဂရုစိုက်နိုင်မှာ ဖြစ်သလို ညည်းတို့က
အိုင်ကျူမြင့်တော့ လိုတာကို ချက်ချင်းဆောင်ရွက်ပေး နိုင်လိမ့်မယ်။ ညည်းတို့
ယောက်ျားတွေ အတွက်လည်း တက်လမ်းပွင့်တာပေါ့။ နားလည်တယ်နော်” ဟုဆိုကာ
အနီးကပ်မှာကြားပြီး ပွဲကို အဆုံးသတ်လိုက်သည်။ တိုင်းမှူးကတော်အတွက်
တပ်ချုပ်ကြီး၏ ကောင်းချီးမင်္ဂလာကို ရယူရန် အချက်သုံးချက်ရှိသည်။ ပထမ
အချက်မှာ သူမ၏ခင်ပွန်းက လုပ်ရည်ကိုင်ရည် မရှိသောကြောင့် ဖြစ်သလို
သမီးတစ်ဦးက လူမျိုးခြား၊ ဘာသာခြားဖြင့် လူရှေ့ သူရှေ့ မရှောင်တွဲနေသည့်
ဓာတ်ပုံများကလည်း ပျံ့နှံ့နေသည်။ ထိုထက်ဆိုးသည်မှာ သားဖြစ်သူက မူးယစ်
ဆေးစွဲနေခြင်းပင် ဖြစ်သည်။ ထောက်လှမ်းရေး တန်ခိုးထွားနေသော အချိန်သမယတွင်
သူ့ခင်ပွန်း တိုင်းမှူးကလည်း မန္တလေး ထောက်လှမ်းရေး ၁၆တပ်မှူးဖြစ်သူနှင့်
လုံးဝမတည့်။ ထောက်လှမ်းရေး တပ်မှူးက သူ့ခင်ပွန်း၏ တယ်လီဖုန်းများကို
ကြားဖြတ်နားထောင် နေသည်ဟုလည်း သတင်းများ ထွက်နေသည်။ ထို့အတွက် သူ၏
အားကိုးရာမှာ တစ်နိုင်ငံလုံးက ပြားပြားဝပ် ကြောက်ရသော တပ်ချုပ်ကြီး
မိသားစုတစ်စုသာ ရှိတော့သည်။
နန်းတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ချုပ်ကြီး မိသားစု ရောက်ရှိလာချေပြီ။ နန်းတွင်းမှ ရဟတ်ယာဉ် ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေသော တန်ဖိုးကြီး ကားများ၊ ၀တ်စုံပြည့် တပ်ထိန်းများ၊ လာရောက်ကြိုဆိုနေသော စစ်ဖက်နယ်စပ်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီး တစ်ခုသဖွယ် စည်ကားနေသည်။ ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီး မိသားစုကို ရေပူရေချမ်း ကမ်းလှမ်းပြီး တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော် ဆရာဝန်မလေးများကို သမီးတော် တစ်ဦးချင်းစီ အတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်။ မှာကြားချက်အတိုင်း တိုင်းမှူးကတော်များထဲမှ ဆရာဝန်မလေးများက သမီးတော် တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း၊ အနီးကပ် စောင့်ရှောက်ခြင်းများဖြင့်
မျက်နှာ မညိုရအောင် ပြုစုနေရသည်။ အစိုးရ အဆက်ဆက် တည်းခိုခဲ့သော ရတနာပုံ
ဧည့်ရိပ်သာကို ဟောင်းနေပြီဟုဆိုကာ အာဏာရှင် လက်ထက်တွင်မှ အသစ်
ဆောက်လိုက်သော ရန်ကြီးအောင် ဧည့်ရိပ်သာကြီးထဲတွင် သမီးတော်များ အပါအ၀င်
တပ်ချုပ်ကြီး မိသားစုက တည်းခိုနေ သည်။ ညဖက် ထမင်းစားအပြီး တွင် သမီးတော်
တစ်ဦးက သူ့ အခန်းထဲမှ အပြင်ကို လှမ်းအော်သည်။ “အပြင်မှာ ဘယ်သူရှိသလဲ၊
ဝင်ခဲ့စမ်း”ဟု အပြင်တွင် စောင့်နေသော တပ်မှူးကတော် ဆရာဝန်မလေးက
ပြာပြာသလဲဖြင့် “ရှိပါတယ်သမီးတော်”ဟု အသံပေးရင်း အခန်းထဲ ၀င်လိုက်သည်။
တပ်မှူးကတော်ထက် အသက်များစွာငယ်သော သမီးတော်က “ငါ အခုရေချိုးမလို့၊ ငါ့
အိတ်ကိုဖွင့်ပြီး အထဲက အပြာရောင် ည၀တ်အင်္ကျီကို ထုတ်ထား”ဟု မိန့်ကြားသည်။
ဆရာဝန်မလေးက “ဟုတ်ကဲ့ သမီးတော်”ဟု ပြောရင်း ခရီးဆောင် သေတ္တာကို ယူလိုက်သည်။
သမီးတော်ကား ရေချိုးခန်းထဲ ၀င်သွားချေပြီ။ ပြဿနာက ထိုသေတ္တာကို ဆရာဝန်မလေးက
မဖွင့်တတ်ပါ။ မည်သည့်နေရာမှ မည်ပုံဖွင့်ရမည်ကို မသိလောက်အောင် ခရီးဆောင်
သေတ္တာက အရည်အသွေး မြင့်မားတန်ဘိုးကြီး လွန်းလှသည်။ ဟုတ်နိုးနိုးဖြင့်
ဖွင့်နေသော်လည်း သေတ္တာက ပွင့်မလာဘဲ ဇောချွေးများသာ ပြန်လာသည်။
တစ်ကိုယ်လုံးလည်း ကြောက်စိတ်ဖြင့် တုန်ရီနေချေပြီ။ ထိုအချိန်တွင်
ရေချိုးခန်းတံခါး ပွင့်လာသည်။ သေတ္တာ ယခုထိ ဖွင့်မထားရသေးသည်ကို
မြင်သည်နှင့် သမီးတော်ကား ဒေါသအမျက် ချောင်းချောင်း ထွက်လေပြီ။
ဒီသေတ္တာလောက်မှ မဖွင့်တတ်ဘူးလားဟု ကျားဟိန်းသံပေးကာ သူ့သေတ္တာကို သူ့ဟာသူ ဖွင့်သည်။ အ၀တ်အစား ထုတ်ဝတ်ပြီးသော် “နင်က သိပ်ညံ့တယ်။ ဒီတော့ နင့်ကို ဒဏ်ပေးရမယ်။ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်ရပ်နေ”ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်။ ဆရာဝန်မလေးမှာ ညစာလည်း မစားရသေး။ အိမ်တွင်လည်း လူမမယ် သမီးလေးက ကျန်သေးသည်။ သို့သော်လည်း အာဏာရှင်၏ သမီးတော် ချမှတ်သည့် ပြစ်ဒဏ်ကို အယူခံခွင့်မရှိပါ။ သမီးတော်က ထပ်မံပြီး “အခန်း ထဲကမီးတွေ အားလုံးပိတ်လိုက်၊ ရေခဲသေတ္တာ တံခါးဖွင့်ထား၊ အဲဒီ မီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေ မနေကို ငါတစ်ရေးနိုးတိုင်း ကြည့်မယ်”ဟု အမိန့်ထပ်မံ ချမှတ်လိုက်သည်။ အဆိုပါ ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ် နေရတော့သည်။ သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်းကပ်ကြီးခြုံကာ တစ်ခေါခေါနှင့် ဟောက်သံပေးရင်း အိပ်ပျော်သွားချေပြီ။ တပ်မှူး ကတော်လေးသာ အနွေးထည်လည်းမပါ၊ ထမင်းကလည်း မစားရသေး။ နာရီပေါင်းများစွာကြာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်းစိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွမ်းနေသော်လည်း မလှုပ်ဝံ့ပါ။ မနက် လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ “ပြန်တော့” ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် 
အခန်းပြင် ထွက်ရတော့သည်။ အပြင်တွင် စိုးရိမ်တစ်ကြီး စောင့်နေသော
ခင်ပွန်းကို တွေ့သည်နှင့် မျက်ရည်များက ကျလာသည်။ သို့သော် ဘုရင့်တော်ဝင်
မိသားစု အိပ်နေချိန်တွင် ရှိုက်ကြီးတစ်ငင် ငိုလိုက်ပါက ထပ်မံပြီး
ကြီးလေးသည့် ပြစ်ဒဏ်ကျခံရ ပေဦးမည်။ သို့ဖြင့်အိမ်ရောက်မှ
ခင်ပွန်းဖြစ်သူကို လက်ညှိုးငေါက်ငေါက် ထိုးရင်း “ရှင့်လို စစ်ဗိုလ်ကို
ယူခဲ့မိလို့ ကျွန်မ အစော်ကားခံရတာ၊ ကျွန်မက ပညာမတတ်တဲ့ စာရိတ္တ မကောင်းတဲ့
ကလေကချေ လမ်းဘေးက အောက်တန်းစား မဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်နဲ့
နေတဲ့သူ၊ အခုလို ကျွန်မ အစော်ကားခံရတော့ ရှင်က ဘာများဝင်ကယ်
ပေးနိုင်လို့လဲ၊ လူရှေ့သူရှေ့မှာသာ တပ်မှူးဆိုပြီး ဟန်တစ်လုံး ပန်တစ်လုံး
နေနိုင်ပေမယ့် ရှင်က ကိုယ့်မိန်းမ ဒုက္ခရောက်တာကျတော့ တစ်ခွန်းတောင်
ဝင်ပြောရဲလို့လား”ဟု သည်းကြီးအူလှိုက် ငိုပြီးရင်ဖွင့်ရင်း ရန်တွေ့တော့သည်။
ခင်ပွန်းဖြစ်သူကား ဇနီးဖြစ်သူကိုလည်း သနား၊ သူမ ပြောကြား နေသည်များမှာလည်း
မှန်နေသဖြင့် တစ်ခွန်းမှ မတုံ့ပြန်နိုင်ဘဲ အံကြိတ်ရုံမှလွဲပြီး
ဘာများတတ်နိုင် ပါမည်နည်း။ ယခုတော့ အဆိုပါ တပ်မှူးမှာ စစ်တိုင်းမှူး
ဖြစ်နေပြီဟု သတင်းရသည်။ လက်ရှိတိုင်းမှူး ကတော် ဆရာဝန်မ အနေဖြင့် သူ့ဘ၀၏
ခါးသီးသော ဖြစ်ရပ်များကိုတော့ ယခုဘ၀တွင် မေ့နိုင်လိမ့် မည်မထင်။
အဆိုပါ အဖြစ်အပျက်များကို ပြောပြနေသော ခရိုနီ လက်ဟောင်းကြီးက “ကျွန်တော်နဲ့ အဲဒီ တပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့ အချိန်က ဒီအဖြစ်အပျက်တွေကို သူက ပြန်ပြောပြတာ။ ပြန်ပြောပြနေတဲ့ အချိန်မှာတောင် အဲဒီတပ်မှူးရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ သနားစိတ်တွေကြောင့် ၀ဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ”ဟု ပြောပြီး စကားကို အဆုံးသတ်သွားသည်။
လက်စောင်းထက်
(Tomorrow မှကူးယူဖော်ပြပါသည်။)
(သမီးတော် ရာဇ၀င် - ၁)
၁၉၉၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်၊ ၁၉ နှစ်ဆိုတော့ လွန်ခဲ့ပြီးသော အတိတ်ဟုလည်း ပြောနိုင်သည်။ မန္တလေး နန်းမြို့အတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်း တပ်မမှူးကို ဖြုတ်ပစ်တော့ မလိုလို လေသံ လွှင့်ပြီးမှ မဖြုတ်ရုံမျှမက တိုင်းမှူး အဖြစ် ရာထူးတိုးမြှင့်ပေးကာ စီးပွားရှာ၍ အကောင်းဆုံးဖြစ်သော မန္တလေးသို့ ပို့လိုက်သည့် ကျေးဇူးရှင်အပေါ် သူမတူအောင် ထူးခြားသည့် ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်ရန် စဉ်းစားနေသည်။
မဟုတ်သည့် အကြံအစည်ဆိုလျှင် ချက်ချင်းထွက်လေ့ရှိသည့် အတိုင်း တိုင်းမှူးကတော် ဆရာဝန်မကြီးတွင် ထခုန်ချင်စိတ်ပေါက်လောက်အော
နန်းတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ချုပ်ကြီး မိသားစု ရောက်ရှိလာချေပြီ။ နန်းတွင်းမှ ရဟတ်ယာဉ် ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေသော တန်ဖိုးကြီး ကားများ၊ ၀တ်စုံပြည့် တပ်ထိန်းများ၊ လာရောက်ကြိုဆိုနေသော စစ်ဖက်နယ်စပ်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီး တစ်ခုသဖွယ် စည်ကားနေသည်။ ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီး မိသားစုကို ရေပူရေချမ်း ကမ်းလှမ်းပြီး တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော် ဆရာဝန်မလေးများကို သမီးတော် တစ်ဦးချင်းစီ အတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်။ မှာကြားချက်အတိုင်း တိုင်းမှူးကတော်များထဲမှ ဆရာဝန်မလေးများက သမီးတော် တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း၊ အနီးကပ် စောင့်ရှောက်ခြင်းများဖြင့်
ဒီသေတ္တာလောက်မှ မဖွင့်တတ်ဘူးလားဟု ကျားဟိန်းသံပေးကာ သူ့သေတ္တာကို သူ့ဟာသူ ဖွင့်သည်။ အ၀တ်အစား ထုတ်ဝတ်ပြီးသော် “နင်က သိပ်ညံ့တယ်။ ဒီတော့ နင့်ကို ဒဏ်ပေးရမယ်။ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်ရပ်နေ”ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်။ ဆရာဝန်မလေးမှာ ညစာလည်း မစားရသေး။ အိမ်တွင်လည်း လူမမယ် သမီးလေးက ကျန်သေးသည်။ သို့သော်လည်း အာဏာရှင်၏ သမီးတော် ချမှတ်သည့် ပြစ်ဒဏ်ကို အယူခံခွင့်မရှိပါ။ သမီးတော်က ထပ်မံပြီး “အခန်း ထဲကမီးတွေ အားလုံးပိတ်လိုက်၊ ရေခဲသေတ္တာ တံခါးဖွင့်ထား၊ အဲဒီ မီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေ မနေကို ငါတစ်ရေးနိုးတိုင်း ကြည့်မယ်”ဟု အမိန့်ထပ်မံ ချမှတ်လိုက်သည်။ အဆိုပါ ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ် နေရတော့သည်။ သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်းကပ်ကြီးခြုံကာ တစ်ခေါခေါနှင့် ဟောက်သံပေးရင်း အိပ်ပျော်သွားချေပြီ။ တပ်မှူး ကတော်လေးသာ အနွေးထည်လည်းမပါ၊ ထမင်းကလည်း မစားရသေး။ နာရီပေါင်းများစွာကြာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်းစိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွမ်းနေသော်လည်း မလှုပ်ဝံ့ပါ။ မနက် လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ “ပြန်တော့” ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင်
အဆိုပါ အဖြစ်အပျက်များကို ပြောပြနေသော ခရိုနီ လက်ဟောင်းကြီးက “ကျွန်တော်နဲ့ အဲဒီ တပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့ အချိန်က ဒီအဖြစ်အပျက်တွေကို သူက ပြန်ပြောပြတာ။ ပြန်ပြောပြနေတဲ့ အချိန်မှာတောင် အဲဒီတပ်မှူးရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ သနားစိတ်တွေကြောင့် ၀ဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ”ဟု ပြောပြီး စကားကို အဆုံးသတ်သွားသည်။
လက်စောင်းထက်
(Tomorrow မှကူးယူဖော်ပြပါသည်။)
သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ်
-သမီးတော်ရာဇ၀င်(၂)
လက်စောင်းထက်
အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ လုပ်လေ့ရှိတယ်။ ဒီတော့ စစ်အာဏာရှင် ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေ ကလည်း ပြင်ဦးလွင်ကို နွေဦးရာသီ သင်္ကြန် အပန်းဖြေခရီး လိုက်လေ့ရှိကြတယ်။ ဒီတော့ တစ်ထောက် နားရာက မန္တလေးပေါ့ဗျာ။ မန္တလေးက တပ်တွေကလည်း သမီးတော်တွေ လာမယ်ဆိုရင်ကို ကြောက်နေကြတာ။ တစ်ခေါက်တစ်မျိုး မရိုး ရလေအောင် နှိပ်စက်လွန်းလို့လေ။ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ် တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်း ခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော် တစ်ယောက်က “ဟုတ်ကဲ့သမီး”လို့ ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ။ ကားကို ချက်ချင်းရပ်ခိုင်းပြီး ကားပေါ်ကနေ မောင်းချဖူး တာတွေကလည်း အားလုံး သိနေလေတော့ အဲဒီ့မိသားစု လာမယ်ဆိုရင်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံး သံဗုဒ္ဓေ ရွတ်နေကြရတာ။
ဒီတစ်ခေါက်တော့ ညနေလည်း စောင်းရော သမီးတော်တွေက အမိန့်တော် ထုတ်ပါတယ်။ မန္တလေး တောင်ခြေက သုဓမ္မာဇရပ်တွေမှာ ညစာဒင်နာ စားချင်ပါသတဲ့။ အဲဒါမှ တကယ့်ပြဿနာ။ အဲဒီ့ကာလက သုဓမ္မာဇရပ်တွေဆိုတာ အခြေအနေမဲ့တွေနဲ့ သူတောင်းစားတွေပဲ နေတဲ့နေရာ။ ဖုန်တသောသောနဲ့ မြက်တွေ အမှိုက်တွေက ဒင်းကြမ်း။ ဒါပေမဲ့ သမီးတော်တွေ မျက်မာန်ရှမှာကို ဘယ်သူမှ မခံရဲလေတော့ စစ်သား စုဆောင်းရေးတပ်က ရဲဘော်တွေနဲ့ တပ်အသီးသီးက ရဲဘော်တွေကို ချက်ချင်း ကားတွေနဲ့တင်ပြီး အဲဒီကို ပို့ရတော့တယ်။ ဂျီအီးတပ်နဲ့ စည်ပင်ကလည်း ရေကားတွေလွှတ်။ ပထမအဆင့် အနေနဲ့ အဲဒီ့မှာ အခြေချနေတဲ့ အခြေအနေမဲ့တွေ၊ သူတောင်းစားတွေကို ချက်ချင်း နှင်ထုတ်ရတာပေါ့။ သမီးတော်တွေရဲ့ နှိပ်စက်ချက်ကတော့ သူတောင်းစားတောင် မကျန်ပါဘူး။ မြက်နုတ်သူက နုတ်၊ အမှိုက်လှဲသူက လှဲနဲ့ တကယ်ဆိုရင် ရဲဘော်တွေခမျာ သူ့အိမ်မှာ ထမင်းချက်ရမယ့်၊ ညစာစားရမယ့် အချိန်ဖြစ်ပေမယ့် သမီးတော်တွေ နှိပ်စက်တာနဲ့ သုဓမ္မာဇရပ်မှာ အလုပ်တွေ ရှုပ်ကြရတော့တယ်။
ပြီးတာနဲ့ ရဲဘော်သစ်တွေနဲ့ စစ်သည်တွေက အဲဒီ့ဇရပ်တွေက အညစ်အကြေးတွေကို ရေပိုက်တွေနဲ့ ထိုးပြီး သန့်ရှင်းရေး လုပ်ရတယ်။ ပြီးတာနဲ့ အောက်က ဖယောင်းပုဆိုးတွေ ချက်ချင်းခင်းပေါ့ဗျာ။ တစ်ချိန်တည်းမှာပဲ ဂျီအီးတပ်က မီးသမားတွေက လျှပ်စစ်ကြိုးတွေ၊ မီးစက်တွေ သယ်လာပြီး အရေးပေါ် မီးဆင်ရတော့တယ်။ ပြီးတော့ ထုံးစံအတိုင်း ကားလမ်းကို ဟိုဘက်၊ဒီဘက် ပိတ်ဆို့ပြီး ဇရပ်ထဲမှာ စားပွဲတွေခင်း၊ ထမင်းဟင်းတွေ ပြင်ဆင်လို့ သမီးတော်တွေကို ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ပါကြောင်း သတင်းပို့ကြရတယ်။
သမီးတော်တွေ ကြွချီလာပြီး စားတော့လည်း ဒီလောက် မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ လက်ညှိုးညွှန်ရင် ရေဖြစ်ရမယ်ဆိုတဲ့ စကားအတိုင်း စိတ်ထဲထင်တာတွေ လျှောက်ပြော၊ လျှောက်လုပ် နေကြတာ ဖြစ်တယ်။ သေချာတာကတော့ သူတို့မိသားစုကလွဲရင် ဘယ်သူမှ ပျော်နေတာ မမြင်ချင်ဘူး။ သူများပျော်နေတာမြင်ရင် မရှုစိမ့်ဘူးဆိုတာပဲ။ ဒီမဟုတ်တဲ့ နေရာမှာ ညစာတစ်နပ်စားဖို့ ရဲဘော်လေးတွေရဲ့ လုပ်အားတွေ ဘယ်လောက်သုံးလိုက်ရလဲ။ မီးစက်တွေ၊ မီးကြိုးတွေကို တစ်နာရီလောက် အရူးကြောထဖို့ ဘယ်လောက် သုံးလိုက်ရသလဲ ဆိုတာတွေလည်း တွေးမိပုံ မရပါဘူး။ သူတို့ဖြစ်ချင်တာကို ဖြစ်ရစေမယ်ဆိုတဲ့ စိတ်နဲ့ ထင်ရာ ပြောသမျှကို အောက်က တိုင်းမှူးများကလည်း မိမိတို့ရာထူး တည်မြဲဖို့အတွက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ခွန်းတုံ့မပြန်ရဲပဲ ဖြစ်အောင် လုပ်ပေးနေကြလေတော့ နေမြင့်လေ အရူးရင့်လေ ဆိုသလိုတွေ ဖြစ်ကုန်တယ်။
မြို့တစ်မြို့ရောက်တာနဲ့ ဆိုင်တကာဝင်ပြီး တွေ့သမျှ ကားပေါ်ဆွဲတင်လွန်းလို့ သမီးတော်တွေ လာမယ်ဆိုရင် လာမယ့်မြို့က စိန်ရွှေရတနာဆိုင်တွေမှာ တန်ဖိုးကြီးတာ တင်မထားရဆိုတဲ့ အမိန့် ထုတ်ခဲ့ရတယ်။ မြို့ငယ်လေး တစ်မြို့မှာတောင် သူတို့ဝယ်တာတွေကို ရှင်းရတာ သိန်း ၄၀၀၊၅၀၀ရှိပြီး မြို့ကြီးတွေမှာဆိုရင် သိန်းထောင်ကျော် ၀ယ်လေ့ရှိတယ်။ အ၀တ်အထည်တွေ ဆိုရင်လည်း အထုပ်လိုက် ကားပေါ်ဆွဲတင်လေ့ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုင်တွေကို ယူချင်တာ မှန်သမျှ ပေးလိုက်၊ ပြီးမှ ဘောင်ချာလိုက် ဖြတ်ပြီး ငွေရှင်းမယ်လို့ ကြိုပြောထားရတယ်။ ပြောရရင် အဲဒီ့သမီးတော် တစ်သိုက် ရောက်တဲ့မြို့မှန်သမျှ ဝေသာလီပြည် ဘီလူးဝင်သလိုပါပဲဗျာလို့ ဘောင်ချာ တစ်အုပ်နဲ့ ငွေလိုက်ရှင်းရတဲ့ အရာရှိကြီး တစ်ဦးက ရင်ဖွင့်ဖူးပါတယ်။
ခက်တာက အာဏာရှင် ကာချုပ်ကြီး ကိုယ်တိုင်က သူ့သမီးတော်တွေ ဘာလုပ်လုပ် အပြစ်မမြင်ရုံမက သူ့သမီးတော်တွေ စိတ်ဆိုးစိတ် ကောက်တာနဲ့ အဲဒီ့သက်ဆိုင်တဲ့ တိုင်းမှူးဖြစ်စေ၊ တပ်မမှူး ဖြစ်စေ သေဖို့သာ ကြံတော့ဆိုတဲ့ စိတ်ကရှိလေတော့ သမီးတော်တွေဆိုရင် ကာချုပ်ကြီးထက် ပိုအရိုအသေ ပေးရတယ်။ ပိုကြောက်ရတယ်။ အခု ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးဌေးဦး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး လုပ် ခဲ့တာပဲ။ အဲဒီ့တိုင်းမှူးတွေဆိုရင် အဆင့်ဆင့် ရာထူးတက် လေ့ရှိပေမယ့် ဦးဌေးဦး ဘာလို့ အရပ်ဖက် ရောက်သွားတာလဲဆိုတာ အတွင်းလူတွေကို မေးကြည့်ရင် သမီးတော် တစ်ယောက်ကြောင့်လို့ ဖြေပါလိမ့်မယ်။ ငွေဆောင်က ဟိုတယ်မှာ သမီးတော်တစ်ပါးက သူထိုင်စရာ ဆက်တီတစ်လုံး လိုနေတဲ့ ကိစ္စနဲ့ မျက်မာန်တော် ရှခဲ့လို့ ပြည်နှင်ဒဏ်သင့်သွားတာ ဖြစ်တယ်။
ဒီလိုပါပဲ။ မြိတ်က ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကားကို ခပ်တည်တည် တက်စီးလို့ အခုလွှတ်တော် နာယကကြီး ကြုံရာကားပေါ် တက်စီးခဲ့ရဖူးပါတယ်။ အဲဒီ့ဖြစ်စဉ်မှာလည်း လေယာဉ်ပေါ်မှာ ဘယ်သူ့ကို စိတ်ကောက်မှန်းမသိဘဲ စိတ်ကောက်ပြီး သမီးတော်တစ်ပါးက လေယာဉ်ပေါ်ကနေ မဆင်းလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်စောင့်နေရတာပါ။ ဆင်းလာတော့လည်း ပထမဆုံးကားက ကာချုပ်ကြီးနဲ့ သူတို့အခေါ် အမေကြိုင်စီးဖို့ ကား၊ ဒုတိယကားက ဒုကာချုပ်ဦးအေး စီးဖို့ကား၊ တတိယကားက ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး အခုလွှတ်တော် နာယကကြီး စီးဖို့ကား။ ပြီးတော့မှ သမီးတော်တစ်ပါးစီ အတွက် ကားတစ်စီးစီ လုပ်ထားတာလေ။ သမီးတော်တွေက ဘယ်မြို့ရောက်ရောက် တစ်ယောက်ကို ကားတစ်စီးပဲ။ ဘယ်တော့မှ အတူတူမစီးဘူး။ စကားကို ပြန်ဆက်ရရင် အဲဒီ့စိတ်ကောက်နေတဲ့ သမီးတော်လည်း လေယာဉ်ပေါ်က ဆင်းလာရော ယာဉ်တန်းကြီးလည်း စထွက်တာပေါ့။ လွှတ်တော် နာယကကြီးက ရှေ့ဆုံးကားနဲ့ ဒုတိယကားကို သွားပြီး အလေးပြုနေချိန်မှာ သူ့ရဲ့ တတိယကားကို စိတ်ကောက်နေတဲ့ သမီးတော်က တက်တယ်။ ကားနားမှာ စောင့်နေတဲ့ တပ်ထိန်းအရာရှိက ကြောက်ကြောက်ရွံ့ရွံ့နဲ့ “သမီးတော် ခင်ဗျား။ ဒါ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအတွက် ကားပါ။ သမီးတော်ကားက နောက်မှာပါ” လို့ပြောတာကို လက်မခံဘဲ အတင်းတက်စီးခဲ့တာ ဖြစ်တယ်။ ဦးရွှေမန်းကတော့ ယာဉ်တန်းထဲက လွတ်နေတဲ့ ကြုံရာကား တစ်စီးကို တက်စီးပြီး ခရီးဆက်ခဲ့ရဖူးပါတယ်။
ပြောရရင် ဦးနေ၀င်းကို အာဏာရှင်လို့ ပြောပေမယ့် ဦးနေ၀င်း သားသမီးတွေ ဒီလောက်မဆိုးခဲ့ပါဘူး။ ဦးစောမောင် သားသမီးတွေဆိုရင် ဘယ်သူဘယ်ဝါဆိုတာ မသိရအောင်ကို အနေအထိုင် ရိုးအေး ခဲ့ပါတယ်။
ဒီလိုရေးတာတွေက ဇာတ်နာအောင်ရေးတယ်လို့ ထင်ရင် စာဖတ်ပရိသတ်ထဲမှာ စစ်တပ်က အသိအကျွမ်းတွေရှိရင် မေးကြည့်ပါ။ ဒီလို ရေးတာတွေက ဟုတ်မှဟုတ်ရဲ့လားလို့။ အဲဒီလိုမေးရင် “ဒါတွေက အပေါ်ယံအကင်းပဲရှိသေးတယ်။ ဒီထက်ဆိုးတာတွေ အများကြီး ရှိသေးတာပေါ့လို့” ပြန်ဖြေကြပါလိမ့်မယ်။ နောက်တစ်ပတ်ကျရင် သမီးတော်တွေနဲ့ ပတ်သက်ပြီး ရီစရာတစ်ခု ပြောပြမယ်။ ရေတွေရေတွေ စိုကုန်ပြီလို့ ခေါင်းစဉ် တပ်လိုက်ဆိုပြီး ဇာတ်ကြောင်း ပြန်ပြောပြနေတဲ့ ခရိုနီကြီးက သူ့စကားကို ဖြတ်လိုက်ပါတော့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။