ဘဝလှေကားထစ်
=============
ညီအစ်ကိုနှစ်ဦးသည် ခရီးတစ်ခုမှ ပြန်လာကြသည်။ သူတို့မှာ တိုက်အထပ် ၈၀ တွင် နေထိုင်ကြသူများဖြစ်သည်။ တိုက်ပေါ်သို့တက်ရန် ဓာတ်လှေကားရှေ့အရောက် နံရံတွင် ကပ်ထားသော “မီးပြတ်” ကြေညာချက်ကို မမျှော်လင့်ဘဲ သူတို့ တွေ့လိုက်သည်။ ခရီးဆောင်အိတ်ကြီးများ သယ်ထားသော်လည်း အပေါ်ထပ်သို့ ခြေကျင်တက်ရန်မှလွဲ၍ သူတို့တွင် ရွေးချယ်စရာလမ်း မရှိခဲ့ပေ။ သို့နှင့် နှစ်ဦးသား လှေကားမှတစ်ဆင့် အပေါ်သို့ ဖြည်းဖြည်းချင်း တက်ခဲ့ကြသည်။
အထပ် ၂၀ ရောက်သော် အစ်ကိုဖြစ်သူက “အိတ်တွေ အရမ်းလေးတယ်။ အိတ်တချို့ကို ဒီမှာထားခဲ့ပြီး မီးလာမှ ဓာတ်လှေကားကတစ်ဆင့် ယူကြရအောင်” ဟု ညီဖြစ်သူကို အကြံပြုသည်။ အိတ်တချို့ကို ထားခဲ့ကြပြီး အပေါ်သို့ ပေါ့ပေါ့ပါးပါး ဆက်လက်တက်
သွားကြသည်။ နှစ်ဦးသား ရယ်ရယ်မောမောနှင့် အထပ် ၄၀ သို့ ရောက်လာကြသည်။ နှစ်ဦးစလုံးမှာ အလွန်ပင်ပန်းနေကြသည်။ ခရီးတစ်ဝက်သာ တွင်သေးသဖြင့် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ငြင်းခုံရင်း အပေါ်သို့ ဆက်လက်တက်
ကြပြန်သည်။ အထပ် ၆၀ အရောက်တွင် သူတို့မှာ ဆက်လက်ငြင်းခုံရန်ပင် အင်အားမရှိတော့ပေ။ ညီဖြစ်သူက “တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလည်း အပိုပဲ။ အပေါ်ရောက်ခါနီးပြီ ဆက်လက်တက်ရအောင်” နှစ်ဦးသား နှုတ်ဆိတ်ပြီး ဆက်လက်
တက်ကြပြန်သည်။ နောက်ဆုံးတွင် သူတို့နေသော အထပ် ၈၀ သို့ ရောက်လာခဲ့ကြသည်။ အားရဝမ်းသာ အိမ်တံခါးရောက်ခါနီး အိမ်သော့မှာ အထပ် ၂၀ ရှိ အိတ်ထဲတွင် ကျန်ခဲ့ကြောင်း သတိပြုမိကြသည်။
အသက် ၂၀ တွင် ကျွန်တော်တို့သည် မိဘ၊ ဆရာသမားများ၏ မျှော်လင့်ချက်အောက်တွင် ကြီးပြင်းလာခဲ့ကြသည်။ မိဘဆရာများ မျှော်မှန်းထားသည့်အတိုင်း မျှော်လင့်ချက်များ တစ်ထွေးတစ်ပိုက်ဖြင့် ရှင်သန်ခဲ့ကြသည်။ သို့သော် နုနယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့်အတွက် ကြီးမားသော မျှော်လင့်ချက်များ၏ အောက်တွင် ကျွန်တော်တို့၏ ခြေလှမ်းများမှာ ယိုင်နဲ့နဲ့ဖြစ်လာခဲ့သည်။
၂၀ နောက်ပိုင်းတွင် မိဘ၏မျှော်လင့်ချက်များကို လက်လွှတ်ပြီး ကိုယ်ပိုင်အိပ်မက်ကို စတင်အကောင်အထည် ဖော်ချင်လာကြသည်။ သို့နှင့် အနှစ် ၂၀ လုံးလုံး ကိုယ်ပိုင် အိပ်မက်ကို တပျော်တပါး မက်ခဲ့ကြသည်။ နှစ် ၄၀ သို့ရောက်မှ အရွယ်မတင်တော့မှန်း စတင်သတိပြုမိလာသည်။ မမက်လိုက်ရသော အိပ်မက်နှင့် မမက်သင့်သော အိပ်မက်များအတွက် နောင်တရမိတော့မည်။ သို့နှင့် အနှစ် ၂၀ လုံးလုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၊ ယူကျုံးမရခြင်းဖြင့် ကုန်လွန်စေပြန်သည်။
အနှစ် ၆၀ ရောက်မှ လူ့ဘဝတွင် အချိန်သိပ်မကျန်တော့ကြောင်း
သတိပြုမိပြန်သည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလည်း ထူးတော့မည်မဟုတ်ကြောင်း
ရိပ်စားမိလာသည်။ မိမိဘဝတွင် ကျန်သောအချိန်များကို အေးအေးချမ်းချမ်းဖြင့်သာ
ကုန်လွန်စေချင်လာသည်။ အသက် ၈၀ ဘဝကုန်ခါနီးမှ တစ်ခုခုကို ပြီးမြောက်အောင်
မလုပ်ခဲ့မိကြောင်း သတိပြူမိသည်။ ထိုတစ်ခုခုဆိုသော အရာအား အရွယ်တင်ချိန်
အသက် ၂၀ တွင်ထားခဲ့မိပြီး ပြီးမြောက်အောင် မလုပ်ဖြစ်ခဲ့ကြောင်းကို
နောင်တရမိတော့မည်။
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
=============
ညီအစ်ကိုနှစ်ဦးသည် ခရီးတစ်ခုမှ ပြန်လာကြသည်။ သူတို့မှာ တိုက်အထပ် ၈၀ တွင် နေထိုင်ကြသူများဖြစ်သည်။ တိုက်ပေါ်သို့တက်ရန် ဓာတ်လှေကားရှေ့အရောက် နံရံတွင် ကပ်ထားသော “မီးပြတ်” ကြေညာချက်ကို မမျှော်လင့်ဘဲ သူတို့ တွေ့လိုက်သည်။ ခရီးဆောင်အိတ်ကြီးများ သယ်ထားသော်လည်း အပေါ်ထပ်သို့ ခြေကျင်တက်ရန်မှလွဲ၍ သူတို့တွင် ရွေးချယ်စရာလမ်း မရှိခဲ့ပေ။ သို့နှင့် နှစ်ဦးသား လှေကားမှတစ်ဆင့် အပေါ်သို့ ဖြည်းဖြည်းချင်း တက်ခဲ့ကြသည်။
အထပ် ၂၀ ရောက်သော် အစ်ကိုဖြစ်သူက “အိတ်တွေ အရမ်းလေးတယ်။ အိတ်တချို့ကို ဒီမှာထားခဲ့ပြီး မီးလာမှ ဓာတ်လှေကားကတစ်ဆင့် ယူကြရအောင်” ဟု ညီဖြစ်သူကို အကြံပြုသည်။ အိတ်တချို့ကို ထားခဲ့ကြပြီး အပေါ်သို့ ပေါ့ပေါ့ပါးပါး ဆက်လက်တက်
သွားကြသည်။ နှစ်ဦးသား ရယ်ရယ်မောမောနှင့် အထပ် ၄၀ သို့ ရောက်လာကြသည်။ နှစ်ဦးစလုံးမှာ အလွန်ပင်ပန်းနေကြသည်။ ခရီးတစ်ဝက်သာ တွင်သေးသဖြင့် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ငြင်းခုံရင်း အပေါ်သို့ ဆက်လက်တက်
ကြပြန်သည်။ အထပ် ၆၀ အရောက်တွင် သူတို့မှာ ဆက်လက်ငြင်းခုံရန်ပင် အင်အားမရှိတော့ပေ။ ညီဖြစ်သူက “တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလည်း အပိုပဲ။ အပေါ်ရောက်ခါနီးပြီ ဆက်လက်တက်ရအောင်” နှစ်ဦးသား နှုတ်ဆိတ်ပြီး ဆက်လက်
တက်ကြပြန်သည်။ နောက်ဆုံးတွင် သူတို့နေသော အထပ် ၈၀ သို့ ရောက်လာခဲ့ကြသည်။ အားရဝမ်းသာ အိမ်တံခါးရောက်ခါနီး အိမ်သော့မှာ အထပ် ၂၀ ရှိ အိတ်ထဲတွင် ကျန်ခဲ့ကြောင်း သတိပြုမိကြသည်။
အသက် ၂၀ တွင် ကျွန်တော်တို့သည် မိဘ၊ ဆရာသမားများ၏ မျှော်လင့်ချက်အောက်တွင် ကြီးပြင်းလာခဲ့ကြသည်။ မိဘဆရာများ မျှော်မှန်းထားသည့်အတိုင်း မျှော်လင့်ချက်များ တစ်ထွေးတစ်ပိုက်ဖြင့် ရှင်သန်ခဲ့ကြသည်။ သို့သော် နုနယ်ပြီး အတွေ့အကြုံ မရင့်ကျက်သေးသည့်အတွက် ကြီးမားသော မျှော်လင့်ချက်များ၏ အောက်တွင် ကျွန်တော်တို့၏ ခြေလှမ်းများမှာ ယိုင်နဲ့နဲ့ဖြစ်လာခဲ့သည်။
၂၀ နောက်ပိုင်းတွင် မိဘ၏မျှော်လင့်ချက်များကို လက်လွှတ်ပြီး ကိုယ်ပိုင်အိပ်မက်ကို စတင်အကောင်အထည် ဖော်ချင်လာကြသည်။ သို့နှင့် အနှစ် ၂၀ လုံးလုံး ကိုယ်ပိုင် အိပ်မက်ကို တပျော်တပါး မက်ခဲ့ကြသည်။ နှစ် ၄၀ သို့ရောက်မှ အရွယ်မတင်တော့မှန်း စတင်သတိပြုမိလာသည်။ မမက်လိုက်ရသော အိပ်မက်နှင့် မမက်သင့်သော အိပ်မက်များအတွက် နောင်တရမိတော့မည်။ သို့နှင့် အနှစ် ၂၀ လုံးလုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၊ ယူကျုံးမရခြင်းဖြင့် ကုန်လွန်စေပြန်သည်။
အနှစ် ၆၀ ရောက်မှ လူ့ဘဝတွင် အချိန်သိပ်မကျန်တော့ကြောင်း
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။