ဓာတ်ခဲသုံးလုံးပုံပြင်
*****************
စက်ရုံကထုတ်လိုက်တဲ့ ဓာတ်ခဲသုံးလုံးဟာ ရေဒီယိုထဲမှာ တာဝန်ထမ်းဆောင်နေကြတယ်ပေါ့။ ရေဒီယိုကြီး အသံကြည်ဖို့ လိုင်းဆွဲအားကောင်းဖို့ရာ တက်ညီလက်ညီပါပဲ။
ရံဖန်ရံခါမှာ ပိုင်ရှင်ကစိတ်တိုင်းမကျလို့  ညဉ်းညူတဲ့အခါ
ရေဒီယိုကြီးက
`` ဒါ ..မင်းတို့ ဓာတ်ခဲတွေမကောင်းလို့ကွ..´´ ဆိုတဲ့ စကားတွေ
ပိုင်ရှင် စိတ်တိုင်းကျနေချိန်ဆို
`` ငါ..က အမျိုးစားကောင်းတဲ့ ရေဒီယိုလေကွာ ..´´ ဆိုတဲ့ စကားတွေ
ဒီ အခြေနေတွေကို မခံနိုင်ကြတော့ ဒီရေဒီယိုက အပြန်လှန်အကျိုးမပြုဘူး ဆိုတာသိလာခဲ့ကြတယ်။
ဒီလိုနဲ့ ဓာတ်ခဲ ၃ လုံးစလုံး အပြင်ကိုလှိမ့်ထွက်ဖို့ရာ သဘောတူ ဆုံးဖြတ်ပြီး ထွက်ခွာလာခဲ့ကြပါတော့တယ်။
(မာန်တက်တဲ့ ရေဒီယိုကတော့ နောက်ထပ် ဓာတ်ခဲ ရောက်မလာခင်ထိ အခွံအဖြစ်သာနေခဲ့ရတော့မှာပေါ့။)
ဓာတ်ခဲ ၃ လုံး အတူတူလှိမ့်ထွက်လာကြချိန် တစ်လုံးက...
`` ငါ .. ဈေးသည်ရဲ့ ချိန်ခွင်ထဲက ဓာတ်ခဲတွေ တွေ့ဖူးတယ်.သူတို့ဘဝကအေးအေး ဆေးဆေးပဲ
အားစိုက်စရာလည်းမလိုဘူး..
ဒါပေမယ့် ဈေးသည်က အမြဲဂရုစိုက်တယ်ကွ...ငါ တော့ အဲလိုပဲနေတော့မယ်..´´လို့ြေ ပာပြီး ဈေးသည်ရှိရာကိုလှိမ့်သွားပါတော့တယ်။
(သူနေချင်သလို အေးဆေးသက်သာရာ နေရပေမယ့် ဓာတ်ခဲတစ်လုံးရဲ့ ဘဝ အဖြစ်နဲ့မဟုတ်ပဲ အလေးနေရာမှာ အစားထိုးခံ ဘဝကိုသာဖြစ်မှန်း လက်ခံခဲ့ရပါတယ်။)
ကျန်တဲ့ ဓာတ်ခဲ ၂လုံးဟာ လက်နှိပ်ဓာတ်မီးနဲ့ တွေ့ပြီး အတူတူဆက်လက်တာဝန်ကို ဆောင်ရွက်ကြတယ်။ သူတို့ ၂ လုံးလည်း အားကြိုးမာန်တက်ဆောင်ရွက်ကြ လို့ ပိုင်ရှင်က ဓာတ်မီးကို သဘောကျတဲ့အခါ ဓာတ်မီးကလည်း
``မင်းတို့ရဲ့ စွမ်းအားအကူညီနဲ့ ကြောင့်မို့ ငါ့ကို ပိုင်ရှင်က သုံးနေတာပါ..မင်းတို့ ကျေးဇူးတင်ပါတယ်လို့ ´´ ထောပနာပြုရင် `` ကိုယ့်တာဝန်ကိုယ်ကျေကြလို့ပါဗျာ ´´ဆိုပြီးဓာတ်ခဲ ၂ လုံးက ပြန်ပြောကြတယ်။
ဒီလို အဆင်ပြေပြေ ဆောင်ရွက်နေချိန်
ဓာတ်ခဲ ၁ လုံးက ပျက်စီးသွားခဲ့တယ်။ ကျန်နေတဲ့ နောက်ဆုံးဓာတ်ခဲဟာ သူတစ်ယောက်တည်း ဆက်လက်မဆောင်ရွက်နိုင်တော့လို့ ဓာတ်မီးအိမ်ထဲကနေ လှိမ့်ထွက်လာခဲ့ရပါတော့တယ်။
(မတတ်သာတဲ့ အနေထားမို့ ဓာတ်မီးကလည်း ဝမ်းနည်းစွာနဲ့ လမ်းခွဲခဲ့ရပါတယ်။)
ဒီလိုနဲ့ နောက်ဆုံးဓာတ်ခဲလေးဟာ နှိုးစက်နာရီနားကို ရောက်လာခဲ့တယ်။ နာရီနဲ့ ဓာတ်ခဲ ပေါင်းစပ်ပြီး ပိုင်ရှင်ကို အချိန်မှန် ကူညီခဲ့ကြလို့ ပိုင်ရှင်ရဲ့ ဂရုစိုက်မှုကိုခံယူရင်း ဓာတ်ခဲလေးဟာ အားအင်ကုန်တဲ့ထိ ဆောင်ရွက်ခဲ့ပါတော့တယ်။
ဒီလိုပါပဲ....
ကျွန်တော်တို့ ပတ်ဝန်းကျင် လက်တွေ့ဘဝမှာ ကိုယ်နဲ့အတူတူ လက်တွဲရုန်းကန်နေရပေမယ့် ရေဒီယိုလိုမျိုး လူတွေလည်းရှိတတ်ပါတယ်။
ဘဝကို အလွယ်တကူ သက်သာရာဖြတ်သန်းချင်လို့ ပထမ ဓာတ်ခဲလို ကိုယ်ပိုင်အရည်အချင်းတွေ စွန့်လွှတ်ခံတဲ့ လူတွေလည်း တွေ့နေရတာပဲ။
တက်ညီလက်ညီ ဆောင်ရွက်ချင်ပေမယ့်လည်း ကံတရားအရ ခွဲခွာကြရတဲ့ အခါတွေကိုလည်း ကြုံဖူးကြမယ်လေ။
အဲဒီအခါမှာ စိတ်ဓာတ်မကျပဲ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ့်ဘဝအတွက်ရော တခြားသူအတွက်ပါ ကိုယ်တတ်စွမ်းသလောက် အကျိုးပြုရင်း နေထိုင်သွားနိုင်မယ်ဆို အကောင်းဆုံးပဲပေါ့ဗျာ...
ရာနှုန်းပြည့် မဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် ဆောင်ရွက်ရင်း အများအတွက်ပါတွဲပြီးတော့ ဆောင်ရွက်ပေးနေရင်ကို .......
ပတ်ဝန်းကျင်က လက်ခံပေးကြမှာပါ ...
Credit Ko Bac
- မှတ်စုကြမ်း #NayAung
*****************
စက်ရုံကထုတ်လိုက်တဲ့ ဓာတ်ခဲသုံးလုံးဟာ ရေဒီယိုထဲမှာ တာဝန်ထမ်းဆောင်နေကြတယ်ပေါ့။
ရံဖန်ရံခါမှာ ပိုင်ရှင်ကစိတ်တိုင်းမကျလို
ရေဒီယိုကြီးက
`` ဒါ ..မင်းတို့ ဓာတ်ခဲတွေမကောင်းလို့ကွ..´´
ပိုင်ရှင် စိတ်တိုင်းကျနေချိန်ဆို
`` ငါ..က အမျိုးစားကောင်းတဲ့ ရေဒီယိုလေကွာ ..´´ ဆိုတဲ့ စကားတွေ
ဒီ အခြေနေတွေကို မခံနိုင်ကြတော့ ဒီရေဒီယိုက အပြန်လှန်အကျိုးမပြုဘူး ဆိုတာသိလာခဲ့ကြတယ်။
ဒီလိုနဲ့ ဓာတ်ခဲ ၃ လုံးစလုံး အပြင်ကိုလှိမ့်ထွက်ဖို့ရာ သဘောတူ ဆုံးဖြတ်ပြီး ထွက်ခွာလာခဲ့ကြပါတော့တယ်။
(မာန်တက်တဲ့ ရေဒီယိုကတော့ နောက်ထပ် ဓာတ်ခဲ ရောက်မလာခင်ထိ အခွံအဖြစ်သာနေခဲ့ရတော့မှာပေ
ဓာတ်ခဲ ၃ လုံး အတူတူလှိမ့်ထွက်လာကြချိန် တစ်လုံးက...
`` ငါ .. ဈေးသည်ရဲ့ ချိန်ခွင်ထဲက ဓာတ်ခဲတွေ တွေ့ဖူးတယ်.သူတို့ဘဝကအေးအေး
အားစိုက်စရာလည်းမလိုဘူး..
ဒါပေမယ့် ဈေးသည်က အမြဲဂရုစိုက်တယ်ကွ...ငါ တော့ အဲလိုပဲနေတော့မယ်..´´လို့ြေ
(သူနေချင်သလို အေးဆေးသက်သာရာ နေရပေမယ့် ဓာတ်ခဲတစ်လုံးရဲ့ ဘဝ အဖြစ်နဲ့မဟုတ်ပဲ အလေးနေရာမှာ အစားထိုးခံ ဘဝကိုသာဖြစ်မှန်း လက်ခံခဲ့ရပါတယ်။)
ကျန်တဲ့ ဓာတ်ခဲ ၂လုံးဟာ လက်နှိပ်ဓာတ်မီးနဲ့ တွေ့ပြီး အတူတူဆက်လက်တာဝန်ကို ဆောင်ရွက်ကြတယ်။ သူတို့ ၂ လုံးလည်း အားကြိုးမာန်တက်ဆောင်ရွက်ကြ
``မင်းတို့ရဲ့ စွမ်းအားအကူညီနဲ့ ကြောင့်မို့ ငါ့ကို ပိုင်ရှင်က သုံးနေတာပါ..မင်းတို့ ကျေးဇူးတင်ပါတယ်လို့ ´´ ထောပနာပြုရင် `` ကိုယ့်တာဝန်ကိုယ်ကျေကြလို့ပ
ဒီလို အဆင်ပြေပြေ ဆောင်ရွက်နေချိန်
ဓာတ်ခဲ ၁ လုံးက ပျက်စီးသွားခဲ့တယ်။ ကျန်နေတဲ့ နောက်ဆုံးဓာတ်ခဲဟာ သူတစ်ယောက်တည်း ဆက်လက်မဆောင်ရွက်နိုင်တော့လ
(မတတ်သာတဲ့ အနေထားမို့ ဓာတ်မီးကလည်း ဝမ်းနည်းစွာနဲ့ လမ်းခွဲခဲ့ရပါတယ်။)
ဒီလိုနဲ့ နောက်ဆုံးဓာတ်ခဲလေးဟာ နှိုးစက်နာရီနားကို ရောက်လာခဲ့တယ်။ နာရီနဲ့ ဓာတ်ခဲ ပေါင်းစပ်ပြီး ပိုင်ရှင်ကို အချိန်မှန် ကူညီခဲ့ကြလို့ ပိုင်ရှင်ရဲ့ ဂရုစိုက်မှုကိုခံယူရင်း ဓာတ်ခဲလေးဟာ အားအင်ကုန်တဲ့ထိ ဆောင်ရွက်ခဲ့ပါတော့တယ်။
ဒီလိုပါပဲ....
ကျွန်တော်တို့ ပတ်ဝန်းကျင် လက်တွေ့ဘဝမှာ ကိုယ်နဲ့အတူတူ လက်တွဲရုန်းကန်နေရပေမယ့် ရေဒီယိုလိုမျိုး လူတွေလည်းရှိတတ်ပါတယ်။
ဘဝကို အလွယ်တကူ သက်သာရာဖြတ်သန်းချင်လို့ ပထမ ဓာတ်ခဲလို ကိုယ်ပိုင်အရည်အချင်းတွေ စွန့်လွှတ်ခံတဲ့ လူတွေလည်း တွေ့နေရတာပဲ။
တက်ညီလက်ညီ ဆောင်ရွက်ချင်ပေမယ့်လည်း ကံတရားအရ ခွဲခွာကြရတဲ့ အခါတွေကိုလည်း ကြုံဖူးကြမယ်လေ။
အဲဒီအခါမှာ စိတ်ဓာတ်မကျပဲ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ့်ဘဝအတွက်ရော တခြားသူအတွက်ပါ ကိုယ်တတ်စွမ်းသလောက် အကျိုးပြုရင်း နေထိုင်သွားနိုင်မယ်ဆို အကောင်းဆုံးပဲပေါ့ဗျာ...
ရာနှုန်းပြည့် မဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် ဆောင်ရွက်ရင်း အများအတွက်ပါတွဲပြီးတော့ ဆောင်ရွက်ပေးနေရင်ကို .......
ပတ်ဝန်းကျင်က လက်ခံပေးကြမှာပါ ...
Credit Ko Bac
- မှတ်စုကြမ်း #NayAung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။