Oral Sex ကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာချက်သစ်က တွေ့ရှိ
=====================
အစဉ်အလာအားဖြင့် ဆိုရပါက ကင်ဆာရောဂါသည် ဆေးလိပ်သောက်သုံးများနှင့် အရက်အလွန် အကျွံသောက်သူများ အသက်ကြီးလာလျှင် ရလေ့ရှိကြောင်း သိထားကြသည်။ သို့သော်လည်း ယခု သုတေသီများ၏ လေ့လာချက်အသစ်တွင် Oral Sex ပါးစပ်ဖြင့် ဆန္ဒပြီးမြောက်စေဇရန် ကာမရာဂ ဆက်ဆံမှုသည်လည်း ဦးခေါင်းနှင့် ကင်ဆာရောဂါများ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
မကြာသေးမီက ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာသည်နှင့်အမျှ ယင်းကင်ဆာ ရောဂါသည် human papilloma virus (HPV)နှင့် ဆက်နွယ်နေကြောင်း မကြာသေးမီက တွေ့ရှိခဲ့သည်။ ယင်းဗိုင်းရပ်ပိုးသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွား မှုနှင့်ဆက်နွယ်လေ့ရှိသော်လည်း ယနေ့ကာလတွင် Oral Sex ကြောင့် HPV ရောဂါပိုးသည် ပါးစပ်နှင့် ခံတွင်းတွင် စွဲကပ်နိုင်ကြောင်း သုတေသီများက ထုတ်ဖော်ခဲ့သည်။
ဗိုင်းရပ်ပိုးအုပ်စုဟာ စအို၊ သားအိမ်ခေါင်း၊ ပါးစပ်နဲ့လည်ချောင်း အပါအ၀င် ခန္ဓာကိုယ်တွင်းရှိတဲ့ စိုထိုင်းတဲ့ အမှေးပါးတွေနဲ့ အရေပြားတွေအပေါ်မှာ စွဲကပ်နိုင်ပါတယ်။ HPV-16 ဆိုတဲ့ ဗိုင်းရပ်ပိုးဟာ လည်ချောင်းထဲမှာ အကြိတ်တွေဖြစ်စေနိုင်ပါတယ်။ ယခု လေ့လာမှုအသစ်ကို JAMA Oncology မဂ္ဂဇင်းမှာ စတင်ဖော်ပြခဲ့တယ်။
နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဆက်လက် ဖော်ပြထားတာ ကတော့ HPV ဗိုင်းရပ်စွဲကပ်ခံရသူတွေဟာ ပါးစပ်နဲ့ လည်ချောင်းကင်ဆာဖြစ်ဖို့ ၃၂ ဆ ပိုပြီးများတယ် လို့ ဖော်ပြခဲ့ပါတယ်။
လိင်ဆက်ဆံမှုမျိုးမဟုတ်ဘဲ အရေပြား အချင်းချင်းထိတွေ့မှုကြောင့် လူတိုင်းဟာ သူတို့ဘ၀တသက် တာရဲ့ တချိန်ချိန်မှာ HPV ဗိုင်းရပ်စွဲကပ်နိုင်ပါတယ်။ လူတော်တော်များများကတော့ သူတို့ရဲ့ ကိုယ်ခံအားခုခံစနစ်ကြောင့် HPV ဗိုင်းရပ်ကို ခုခံချေဖျက်နိုင်ပြီး ဒုက္ခမပေးနိုင်ပါဘူး။
ဒါပေမဲ့ ရှားရှားပါးပါး ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ ဒီအခြေအနေမျိုးမှာ ဗိုင်းရပ်ပိုးစွဲကပ်ပြီး ရောဂါတွေ အဆင့်ဆင့် ပွားလာကာ နောက်ဆုံး သားအိမ်ခေါင်း၊ ယောက်ျားတန်ဆာ၊ စအို၊ မိန်းမတန်ဆာ သို့မဟုတ် ပါးစပ်တွေမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
HPV-16 ဗိုင်းရပ်ပိုး ပါးစပ်မှာ စွဲကပ်နေတဲ့ သေစေနိုင်တဲ့ အကျိတ်အဖြစ် ကြီးထွားလာနိုင်စရာရှိတာ ၂၂ ဆပိုပြီးရှိတယ်လို့ နယူးယောက်မြို့ အဲလ်ဘတ်အိုင်းစတိုင်းဆေးပညာ ကောလိပ်မှာ သုတေသန စမ်းသပ်ချက်အရ သိခဲ့ရတယ်။
ယင်းသုတေသနလုပ်ငန်းကို လူပေါင်း ၉၇၀၀၀ နဲ့ လက်တွေ့စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနစီမံချက်ရဲ့ အစပိုင်းလောက်မှာ လူတွေဟာ ကင်ဆာရောဂါမရှိခဲ့ကြပါဘူး။
လေးနှစ်တာကာလအတွင်း စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ဦးခေါင်းနဲ့ လည်ချောင်းကင်ဆာ စွဲကပ်နေတဲ့ ၁၃၂ ဦးကို တွေ့ခဲ့ရတယ်။ လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို ထိန်းချုပ်မှုပြုလုပ်နိုင်သူ ကျန်းမာရေးကောင်းတဲ့ လူပေါင်း ၃၉၆ ဦးနဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။
အုပ်စု နှစ်စုစလုံးကနေ ပလုတ်ကျင်းတဲ့ဆေး နမူနာတွေယူပြီး ယင်းအုပ်စုနှစ်စုစလုံးမှာရှိနေတဲ့ ခံတွင်းဆိုင်ရာ HPV ပုံစံမျိုးကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပါတ ယ်။
ယင်းတွေ့ရှိချက်အရ လူတွေရဲ့ ပလုတ်ကျင်းဆေးထဲမှာ HPV-16 ဗိုင်းရပ်ရှိတဲ့သူတွေဟာ ဗိုင်းရပ်ပိုး မတွေ့ရှိတဲ့လူတွေအတွက် အာခေါင်ပိုင်းကင်ဆာဖြစ်နိုင်ချေ ၂၂ ဆ ပိုများတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘီတာနဲ့ ဂါမာလို့ သိထားပြီး ယင်းဗိုင်းရပ်ကို အရေပြားပေါ် တွေ့ရှိလေ့ရှိတဲ့ အခြားသော Oral HPV ဗိုင်းရပ်ပိုးဟာ လည်း ဦးခေါင်းနှင့် လည်ချောင်းကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်ဆိုတာ သုတေသီတွေက ပထမဦးဆုံး သိခဲ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကင်ဆာရောဂါမျိုးစုံဖြစ်ပွား မှုမှာ HPV ဗိုင်းရပ်ပိုးရဲ့ ကျယ်ပြန့်တဲ့ အခန်းကဏ္ဍကို သဘောပေါက်နားလည်နိုင်ပါတယ်။
ခံတွင်းကင်ဆာဖြစ်ပွားမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ တိုးပွားလာတာ တွေ့ရပါတယ်။ လည်ချောင်းကင်ဆာရောဂါ စွဲကပ်နေတဲ့ ဟောလီးဝုဒ်မင်းသားကြီးတဦးရှိပါတယ်။ သူကတော့ မိုက်ကယ်ဒေါက်ကလပ်ပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဇွန်လတုန်းက မိုက်ကယ်ဒေါက်ကလပ်ပြောခဲ့တာ ကတော့ သူ့ရဲ့ရောဂါဟာ မိန်းမအင်္ဂါကို စုပ်ပေး၊ လျက်ပေးရာက ကူးစက်ခံခဲ့ရတဲ့ HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာပါလို့ ပြောခဲ့တယ်။
ဒါပေမဲ့ မင်းသားကြီးရဲ့ ကိုယ်စားလှယ်ကတော့ ဒီအချက်ကို ငြင်းဆိုပြီး သူဟာ ကင်ဆာရောဂါကို နေရာ အတိအကျဖော်ထုတ်ပြောဆိုခဲ့ပြီး သူ့ရောဂါ ဟာ အရက်နဲ့ ဆေးလိပ်သောက်တာ အပါအ၀င် အခြားအကြောင်းကြောင်းကြောင့်  ဖြစ်ပွားရတဲ့ ခံတွင်းကင်ဆာရောဂါတမျိုးပါလို့ ပြောခဲ့တယ်။
ဒါပေမဲ့လည်း အဆင့်လေးကိုရောက်နေတဲ့ သူ့ရဲ့ ကင်ဆာအကျိတ်ဖြစ်တဲ့ ဝေဒနာကို မင်းသားကြီး ပြန်လည်သက်သာလာအောင် ကုနိုင်ခဲ့တယ်။
HPV ဗိုင်းရပ်ရောဂါပိုး ပုံစံပေါင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ ဗိုင်းရပ်ပိုး ၃၀ လောက်ဟာ လိင်အင်္ဂါ နဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။
လိင်အင်္ဂါနဲ့ပတ်သက်တဲ့ HPV ဗိုင်းရပ်ရဲ့ ရောဂါ စွဲကပ်မှုဟာ ဖြစ်နေကျ ရောဂါစွဲကပ်မှုဟာ ဖြစ်နေကျ ရောဂါစွဲကပ်မှုမျိုးဖြစ်ပြီး အလွန်ကူးစက်မြန်ပါ တယ်။ လိင်ဆက်ဆံနေစဉ်မှာလည်း ပျံ့နှံ့ကူးစက်နိုင်ပြီး လိအင်္ဂါနေရာတွေမှာ အရေပြားချင်းထိတွေ့မှုရှိရင် လည်း ကူးစက်နိုင်ပါတယ်။
လိင်အင်္ဂါနဲ့ဆိုင်တဲ့ HPV အချို့ပုံစံတွေ ကူးစက်မှုကြောင့် - လိင်အင်္ဂါနဲ့ဆိုင်တဲ့နေရာမှာ အသားမာတွေ ဖြစ်ပေါ်စေနိုင်တယ်။
- ပုံမှန်မဟုတ်တဲ့ တစ်သျှူးကြီးထွားမှုနဲ့ သားအိမ်ခေါင်းအတွင်းမှာ ကလာပ်စည်းတွေ ပြောင်းလဲမှုဖြစ်စေနိုင်ပြီး တခါတရံမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွား စေနိုင်ပါတယ်။
ဒါကြောင့် အသက် (၁၂)နှစ်၊ (၁၃)နှစ် မိန်းကလေးတွေကို HPV ကာကွယ်ဆေးထိုးပေးထားရတယ်။
ဒါမှ သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်တဲ့
HPV ဗိုင်းရပ်တမျိုးကို ကာကွယ်နိုင်မယ်။ အသက် (၂၅)နှစ်ကနေ (၆၄)နှစ်
အမျိုးသမီးတွေကိုတော့ သားအိမ်ခေါင်းဝမှ ပုံမှန်မဟုတ်တဲ့ ကလာပ်စည်းတွေ
စစ်ဆေးကြည့်နိုင်ဖို့ ဓာတ်မှန်ရိုက်ကြည့်ထားရမယ်။
ထွဋ်ဝင်းထွဋ်
Ref; Daily Mail
=====================
အစဉ်အလာအားဖြင့် ဆိုရပါက ကင်ဆာရောဂါသည် ဆေးလိပ်သောက်သုံးများနှင့် အရက်အလွန် အကျွံသောက်သူများ အသက်ကြီးလာလျှင် ရလေ့ရှိကြောင်း သိထားကြသည်။ သို့သော်လည်း ယခု သုတေသီများ၏ လေ့လာချက်အသစ်တွင် Oral Sex ပါးစပ်ဖြင့် ဆန္ဒပြီးမြောက်စေဇရန် ကာမရာဂ ဆက်ဆံမှုသည်လည်း ဦးခေါင်းနှင့် ကင်ဆာရောဂါများ ဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
မကြာသေးမီက ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာသည်နှင့်အမျှ ယင်းကင်ဆာ ရောဂါသည် human papilloma virus (HPV)နှင့် ဆက်နွယ်နေကြောင်း မကြာသေးမီက တွေ့ရှိခဲ့သည်။ ယင်းဗိုင်းရပ်ပိုးသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွား
ဗိုင်းရပ်ပိုးအုပ်စုဟာ စအို၊ သားအိမ်ခေါင်း၊ ပါးစပ်နဲ့လည်ချောင်း အပါအ၀င် ခန္ဓာကိုယ်တွင်းရှိတဲ့ စိုထိုင်းတဲ့ အမှေးပါးတွေနဲ့ အရေပြားတွေအပေါ်မှာ စွဲကပ်နိုင်ပါတယ်။ HPV-16 ဆိုတဲ့ ဗိုင်းရပ်ပိုးဟာ လည်ချောင်းထဲမှာ အကြိတ်တွေဖြစ်စေနိုင်ပါတယ်။
နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဆက်လက် ဖော်ပြထားတာ ကတော့ HPV ဗိုင်းရပ်စွဲကပ်ခံရသူတွေဟာ ပါးစပ်နဲ့ လည်ချောင်းကင်ဆာဖြစ်ဖို့ ၃၂ ဆ ပိုပြီးများတယ် လို့ ဖော်ပြခဲ့ပါတယ်။
လိင်ဆက်ဆံမှုမျိုးမဟုတ်ဘဲ အရေပြား အချင်းချင်းထိတွေ့မှုကြောင့်
ဒါပေမဲ့ ရှားရှားပါးပါး ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ ဒီအခြေအနေမျိုးမှာ ဗိုင်းရပ်ပိုးစွဲကပ်ပြီး ရောဂါတွေ အဆင့်ဆင့် ပွားလာကာ နောက်ဆုံး သားအိမ်ခေါင်း၊ ယောက်ျားတန်ဆာ၊ စအို၊ မိန်းမတန်ဆာ သို့မဟုတ် ပါးစပ်တွေမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
HPV-16 ဗိုင်းရပ်ပိုး ပါးစပ်မှာ စွဲကပ်နေတဲ့ သေစေနိုင်တဲ့ အကျိတ်အဖြစ် ကြီးထွားလာနိုင်စရာရှိတာ ၂၂ ဆပိုပြီးရှိတယ်လို့ နယူးယောက်မြို့ အဲလ်ဘတ်အိုင်းစတိုင်းဆေးပညာ
ယင်းသုတေသနလုပ်ငန်းကို လူပေါင်း ၉၇၀၀၀ နဲ့ လက်တွေ့စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနစီမံချက်ရဲ့ အစပိုင်းလောက်မှာ လူတွေဟာ ကင်ဆာရောဂါမရှိခဲ့ကြပါဘူး။
လေးနှစ်တာကာလအတွင်း စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ဦးခေါင်းနဲ့ လည်ချောင်းကင်ဆာ စွဲကပ်နေတဲ့ ၁၃၂ ဦးကို တွေ့ခဲ့ရတယ်။ လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို ထိန်းချုပ်မှုပြုလုပ်နိုင်သူ
အုပ်စု နှစ်စုစလုံးကနေ ပလုတ်ကျင်းတဲ့ဆေး နမူနာတွေယူပြီး ယင်းအုပ်စုနှစ်စုစလုံးမှာရှ
ယင်းတွေ့ရှိချက်အရ လူတွေရဲ့ ပလုတ်ကျင်းဆေးထဲမှာ HPV-16 ဗိုင်းရပ်ရှိတဲ့သူတွေဟာ ဗိုင်းရပ်ပိုး မတွေ့ရှိတဲ့လူတွေအတွက် အာခေါင်ပိုင်းကင်ဆာဖြစ်နိုင
ဒါ့အပြင် ဘီတာနဲ့ ဂါမာလို့ သိထားပြီး ယင်းဗိုင်းရပ်ကို အရေပြားပေါ် တွေ့ရှိလေ့ရှိတဲ့ အခြားသော Oral HPV ဗိုင်းရပ်ပိုးဟာ လည်း ဦးခေါင်းနှင့် လည်ချောင်းကင်ဆာဖြစ်ပွားမှုန
ခံတွင်းကင်ဆာဖြစ်ပွားမှုတွေဟ
၂၀၁၃ ခုနှစ် ဇွန်လတုန်းက မိုက်ကယ်ဒေါက်ကလပ်ပြောခဲ့တာ
ဒါပေမဲ့ မင်းသားကြီးရဲ့ ကိုယ်စားလှယ်ကတော့ ဒီအချက်ကို ငြင်းဆိုပြီး သူဟာ ကင်ဆာရောဂါကို နေရာ အတိအကျဖော်ထုတ်ပြောဆိုခဲ့ပြ
ဒါပေမဲ့လည်း အဆင့်လေးကိုရောက်နေတဲ့ သူ့ရဲ့ ကင်ဆာအကျိတ်ဖြစ်တဲ့ ဝေဒနာကို မင်းသားကြီး ပြန်လည်သက်သာလာအောင် ကုနိုင်ခဲ့တယ်။
HPV ဗိုင်းရပ်ရောဂါပိုး ပုံစံပေါင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ ဗိုင်းရပ်ပိုး ၃၀ လောက်ဟာ လိင်အင်္ဂါ နဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။
လိင်အင်္ဂါနဲ့ပတ်သက်တဲ့ HPV ဗိုင်းရပ်ရဲ့ ရောဂါ စွဲကပ်မှုဟာ ဖြစ်နေကျ ရောဂါစွဲကပ်မှုဟာ ဖြစ်နေကျ ရောဂါစွဲကပ်မှုမျိုးဖြစ်ပြီး
လိင်အင်္ဂါနဲ့ဆိုင်တဲ့ HPV အချို့ပုံစံတွေ ကူးစက်မှုကြောင့် - လိင်အင်္ဂါနဲ့ဆိုင်တဲ့နေရာမှာ
- ပုံမှန်မဟုတ်တဲ့ တစ်သျှူးကြီးထွားမှုနဲ့ သားအိမ်ခေါင်းအတွင်းမှာ ကလာပ်စည်းတွေ ပြောင်းလဲမှုဖြစ်စေနိုင်ပြီး
ဒါကြောင့် အသက် (၁၂)နှစ်၊ (၁၃)နှစ် မိန်းကလေးတွေကို HPV ကာကွယ်ဆေးထိုးပေးထားရတယ်။
ဒါမှ သားအိမ်ခေါင်းကင်ဆာဖြစ်လာနု
ထွဋ်ဝင်းထွဋ်
Ref; Daily Mail
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။