Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 25, 2016

#တောင်ထိပ်ရောက်ချင်ရင်တောင်ပေါ်ကိုမော့မကြည့်နဲ့။

#တောင်ထိပ်ရောက်ချင်ရင်တောင်ပေါ်ကိုမော့မကြည့်နဲ့

တလောက ကျနော့်ရဲ့၆နှစ်အရွယ်မြေးမလေးဟာ အိမ်စာလုပ်ဖို့ပျင်းနေတယ်။ တရုတ်စာသင်တဲ့ဆရာမပေးထားတဲ့အိမ်စာပါ။ အိမ်စာဘာလို့မလုပ်ချင်တာလဲလို့မေးတော့ တရုတ်စာလုံးတွေကို ဗလာစာအုပ်မှာ (၈)မျက်နှာစာ တရုပ်စာလုံးတွေရေးခိုင်းတာကို ကြည့်ပြီး စာလုံးအများကြီးရေးရမှာမို့ မလုပ်ချင်နေတာပါ။ ကျနော်က သူ့အနားမှာထိုင်ပြီး အဲဒီစာမျက်နှာတွေကို ကြည့်မနေနဲ့။ စပြီးရေးချလိုက်လို့ပြောလိုက်တယ်။ ကလေးက စာလုံးတွေစရေးပါတယ်။ ခနနေတော့ "ဟာ စာလုံးရေးတာ(၃)ကြောင်းတောင်ပြီးသွားပြီဟ"လို့ပြောလိုက်တော့ ကလေးမျက်နှာဟာ ဝင်းလက်သွားပြီး အားတက်သွားတယ်။ ခနနေပြန်တော့ "ဟာ တမျက်နှတောင်ပြီးသွားပြီပဲ။ တော်လိုက်တာ။ နားအုံးမလား"ဆိုတော့ မနားဘူး။ ဆက်ရေးမယ်တဲ့။ ရေးပြီးသွားတဲ့စာတမျက်နှာကို ကြည့်ရင်းပျော်သွားလို့ နောက်ဆက်ရေးတယ်။ ၂မျက်နှာပြီးသွားပြီ။ နားပါအုံးဆိုတာတောင် မနားပဲ ဆက်ရေးလိုက်တယ်။ တနာရီအကြာမှာ စာမျက်နှာ(၈)မျက်နှာလုံးမှာ တရုတ်စာလုံးတွေရေးပြီးသွားတယ်။ ကလေးဟာ အတော်ပျော်သွားပြီ။

ကျနော် တလောက အင်္ဂလိပ်စာအုပ်တအုပ်ကို ဖတ်ပြီြးိုက်တာနဲ့ ဘာသာပြန်ရေးဖို့စိတ်ကူးတယ်။ စာအုပ်ကအတော်ထူတယ်။ စာမျက်နှာပေါင်း (၃၀၀) ကျော်တယ်။ စာရေးဖို့ စိတ်ကူးလိုက်တိုင်း အဲဒီစာအုပ်ကို လှန်လှောကြည့်ပြီး ဒီစာအုပ်ကိုပြီးအောင်ရေးဖို့ အချိန်အမျာကြီးပေးရမယ်။ ဘယ်လောက်ကြာမလဲစတာတွေတွက်ချက်ကြည့်တယ်။ အချိန်အရမ်းကြာမယ်ဆိုတာသိလို့ စိတ်မောနေတယ်။. ဒါနဲ့ အချိန်တပါတ်လောက်ကြာသွားတယ်။ မရေးဖြစ်ဘူး။ နောက်ဆုံးတော့ အချိန်ဘယ်လောက်ကြာကြာအရေးမစိုက်တော့ဘူးဆိုပြီး စာစရေးတယ်။ ပထမနေ့မှာ(၂)မျက်နှာပြီးသွားတယ်။ (၂)မျက်နှာကြီးတောင်ပြီးသွားပြီပဲဆိုပြီး အားတက်သွားတယ်။ နောက်တရက်ဆက်ရေးတယ်။ နောက်ထပ်၅မျက်နှာပြီးသွားပြီ။ ဘယ်တော့ပြီးမှာလဲဆိုတာ မတွေးတော့ဘူး။ အခုရေးရင်းနဲ့ စာအုပ်တဝက်ကို ဘာာပြန်ပြီးသွားပြီ။ အားတက်သွားပြီ။ ဆက်ရေးမည်။ မကြာခင်တအုပ်လုံးရေးပြီးတော့မယ်။

အပေါ်ကရေးတဲ့အကြောင်းအရာလေး၂ခုဟာ ဘာသင်ခန်းစာပေးသလဲဆိုရင်....

အလုပ်တခုလုပ်မယ်ဆိုရင် ဒီအလုပ်ဟာအကြီးကြီးပဲ။ ပြီးအောင်လုပ်နိုင်ပါ့မလားလို့ တွေးပူမနေပါနဲ့။ အဲဒီလိုတွေးနေရင် လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ စပြီးလုပ်လိုက်ပါ။ လုပ်ရင်းနဲ့ လုပ်ပြီးသမျှကိုပြန်ကြည့်ရင်း အားတက်လာလိမ့်မယ်။ အားတက်လို့ ဆက်လုပ်ရင်းနဲ့ နောက်ဆုံးပြီးအောင်လုပ်နိုင်လိမ့်မယ်။ ပြီးမယ်မထင်ထားတဲ့အလုပ်ကြီးပြီးသွားလိမ့်မယ်။

ထိုနည်းတူ စာအုပ်ကောင်းတအုပ်ဖတ်ဖို့ စာအုပ်ကြီးကလဲထူလိုက်တာ။ စာမျက်နှာတွေကလဲ အများကြီးပဲဆိုပြီး စာဖတ်ဖို့တွန့်ဆုတ်မနေပါနဲ့။ တနေ့ရသလောက်လေး နဲနဲချင်းဖတ်သွားပါ။ စိတ်ဝင်စားစွာရင်းနဲ့ မကြာခင်စာအုပ်ကိုဖတ်လို့ပြီးသွားမှာပါ။

တောင်ထိပ်ကို တက်ချင်ရင် တောင်ပေါ်ကို မော့မကြည့်ပါနဲ့။ ခြေတလှမ်းစလှမ်းလိုက်ပါ။ ပထမဆေုံးခြေလှမ်းကို လှမ်းဖို့အခက်ဆုံးပါ။ ပထမခြေလှမ်းလှမ်းပြီးသွားရင် နောက်ခြေလှမ်းတွေ သူ့အလိုလိုလိုက်ပါလာပါလိမ့်မယ်။ အပေါ်နဲနဲ ရောက်ရင် အောက်ကို ငုံ့ကြည့်လိုက်ပါ။ ငါ အပေါ်ကို အတော်ရောက်လာပြီပဲဆိုတဲ့ပီတိနဲ့ ခြေလှမ်းတွေဆက်လှမ်းလိုက်ပါ။ မလွဲမသွေ တောင်ထိပ်ကိုရောက်ပါလိမ့်မယ်။ ဒါဟာ အောင်မြင်သူတွေရဲ့နည်းလမ်းလေးတခုပါ။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၅)ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။