လျှော်မယ်ဆိုရင် ရေအေးသုံးပြီးသာ လျှော်သင့်ပါတယ်။
၁ - မလျှော်သင့်
ဝတ်ပြီးတိုင်းမလျှော်သင့်ပါဘူး။ ဝတ်တဲ့ကြိမ်ရေနဲ့ အစွန်းအထင်းပေါ်မူတည်ပြီး တစ်လခြား နှစ်လခြား လျှော်သင့်ပါတယ်။ ဂျင်းဘောင်းဘီလျှော်ရင် အဓိကဂရုစိုက်သင့်တာက အပေအတေ ကိစ္စမဟုတ်ဘဲ လျှော်လိုက်လို့ အရောင်ကျွတ်သွားမယ့်ကိစ္စပါ။
၂ - လှန်းသင့်
ဝတ်ပြီးတိုင်းမလျှော်ဘူးဆိုပေမဲ့ အပြင်ထုတ်ပြီးနေပူပြတာမျိုး လုပ်သင့်ပါတယ်။ ထားမယ်ဆိုရင်လည်း တခြားအဝတ်တွေကြားထဲ ထိုးသိပ်ထားထားမျိုးမလုပ်သင့်ပါဘူး။
play
၃ - လျှော်မယ်ဆိုရင်
လျှော်မယ်ဆိုရင်လည်း သက်သက်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။
၎ - ရေအေးသုံး
လျှော်မယ်ဆိုရေအေးကိုသာ သုံးသင့်ပါတယ်။ ရေအေးက အရောင်ကျွတ်ခြင်းကို ထိန်းပေးနိုင်ပါတယ်။
play
၅ - ဆပ်ပြာမှုန့်
ဆပ်ပြာမှုန့်ကောင်းကောင်းသုံးပါ။ ဆပ်ပြာမှုန့်ကောင်းမှ အရောင်ကျွတ်သက်သာမှာ ဖြစ်ပါတယ်။
၆ - မီးပူမတိုက်နဲ့
ယခင်တုန်းက ဂျင်းဘောင်းဘီကို မီးပူတိုက်ဝတ်စရာမလိုခဲ့ပါဘူး။ ခုနောက်ပိုင်းလာတဲ့ဂျင်းဘောင်းဘီတွေဟာ ချည်သားရောစပ်မှုတွေရှိလာတာကြောင့် မီးပူတိုက်ပြီး ဝတ်လာတာတွေလည်း ရှိပါတယ်။ မိုးတွင်းမှာ အမြန်လိုလို့ စိုစိုစွတ်စွတ်ဖြစ်နေတာကို မီးပူတိုက်ဝတ်တာမျိုးတော့လုံးဝမလုပ်ပါနဲ့။Credit - Duwun
Search Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။