တကယ်တော့ တစ်ထည်တည်း မဟုတ်ပါဘူး။ ပုံစံတူတွေ အများကြီး ချုပ်ထားတာပါ။
အနုပညာမဟုတ်ဘဲ အခြားနယ်ပယ်ထဲက အောင်မြင်နေသူအချို့ကို ကြည့်လိုက်ရင် အမြဲတမ်းလိုလို အင်္ကျီတစ်ထည်တည်းဝတ်တာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် မာ့ခ် ဇူကာဘတ်ခ်ပေါ့။ သူ့လိုပဲ အခြား အောင်မြင်သူအချို့ကလည်း အဝတ်အစားကို ပုံစံတစ်မျိုးတည်း ဝတ်လေ့ရှိကြတာ တွေ့ရမှာပါ။ ဘာကြောင့် ဒီလိုဝတ်ကြတာလဲဆိုတော့ အဝတ်စားရွေးဖို့အတွက် အချိန်သိပ်မပေးနိုင်လို့ပါတဲ့။
စတိဗ် ဂျော့
play
နည်းပညာလောကရဲ့ ရှေ့ဆောင်လမ်းပြကြီးလည်းဖြစ်တဲ့ စတိဗ် ဂျော့ကို အမြဲတမ်း ဝတ်တာက အနက်ရောင်အင်္ကျီနဲ့ အပြာရောင် ဂျင်းဘောင်းဘီပါ။
ဘားရတ် အိုဘားမား
play
အမေရိကန်သမ္မတကြီးကတော့ အပြာရောင် ဒါမှမဟုတ် မီးခိုးရောင် အနောက်တိုင်းဝတ်စုံကို စွဲစွဲမြဲမြဲ ဝတ်လေ့ရှိပါတယ်။ "ဘာစားမယ်၊ ဘာဝတ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာ မလုပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခြား ဆုံးဖြတ်ချက်ချစရာတွေ အများကြီး ရှိနေသေးတယ်လေ" လို့ သူက ဖြေပါတယ်။
ကားလ် လေဂါဖဲလ်
play
ကမ္ဘာကျော် ဒီဇိုင်နာကြီးက ဆန်းပြားထည်ဝါတဲ့ ဒီဇိုင်းတွေကို အမြဲတမ်း ဖန်တီးနိုင်ပေမယ့် သူကတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံကိုပဲ ဝတ်ဆင်ပါတယ်။
ခရစ္စတိုဖာ နိုလန်
play
အပြာရောင် ရှပ်အင်္ကျီပေါ်မှာ အနက်ရောင် ဂျက်ကတ်ကို တွဲပြီး ဝတ်ဆင်တာ သူ့ရဲ့စတိုင်ပါ။
မာ့ခ် ဇူကာဘတ်ခ်
play
ဖေ့စ်ဘွတ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး မီးခိုးရောင် တီရှပ်တစ်ထည်ကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်သူပါ။ သမီးလေးမွေးလို့ အလုပ်က ခွင့်ယူထားပြီးနောက် အလုပ်ပြန်တက်တဲ့နေ့မှာလည်း ဘာဝတ်ရင်ကောင်းမလဲဆိုတဲ့ စာသားနဲ့ သူ့ရဲ့ အဝတ်ဗီရိုကို ပြထားပါတယ်။ ထုံးစံအတိုင်း မီးခိုးရောင် အရွယ်တူ အရောင်တူ တစ်ပုံစံတည်း တီရှပ်တွေနဲ့ မီးခိုးရောင် ခေါင်းစွပ်အနွေးထည်တွေပဲ ရှိတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကိုမေးတဲ့အခါ လူ့အဖွဲ့အစည်းအတွက်ကလွဲရင် ဆုံးဖြတ်ချက်နဲ့ နည်းနိုင်သမျှနည်းအောင်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်းပဲ နေထိုင်ချင်ပါတယ်လို့ ဖြေခဲ့ပါတယ်။
credit - Duwun
Search Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။