ချမ်းသာလို့လှူတာလား။ လှူလို့ချမ်းသာတာလား။
ယနေ့ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေကြတဲ့ Bill Gates, Warren Buffet, Mark Zuckerberg စတဲ့ဘီလျံနာသူဋ္ဌေးကြီးတွေဟာ အလှူအတမ်းအရမ်းရက်ရောကြသူများဖြစ်ကြတယ်ဆိုတာ သူတို့အကြောင်းတွေကို ဖတ်ကြည့်ရင်သိပါလိမ့်မယ်။ သူတို့လှူကြတာတွေက ပညာရေးအတွက် ဆင်းရဲတဲ့အာဖရိကနိုင်ငံကကလေးတွေပညာသင်ကြားရေး၊ တက္ကသိုလ်မှာ စာကြည့်တိုက်တွေဆောက်ပေးဖို့ ၊ ကျန်းမာရေးအတွက် ကင်ဆာရောဂါ၊ AIDS ရောဂါကုသပျောက်ကင်းစေနိုင်တဲ့ဆေးဝါးရှာဖွေတွေ့ရှိဖို့ သုတေသနလုပ်ငန်းစတာတွေအတွက်ပါ။ သူတို့အမေရိကန်အစိုးရဆီက အလုပ်ရဖို့ဖါးပြီးလှူတာ မဟုတ်ပါ။ အကျိုးတစုံတရမျှော်ကိုးလှူတာ မဟုတ်ပဲ လုံးဝစေတနာသန့်သန့်နဲ့ လှူကြတာပါ။
သူတို့ဘယ်လောက်များလှူကြတာလဲ ။ ဘယ်လောက်ရက်ရောကြသလဲ။ သူတို့ချမ်းသာသမျှရဲ့ပိုက်ဆံရဲ့ ၈၀ ရာခိုင်နူန်းလောက်ထိ လှူကြပါတယ်။ ဒေါ်လာဘီလီယံပေါင်းများစွာဖြ စ်ပါတယ်။
သူတို့ကို ဘာကြောင့်လှူတာလဲလို့မေးရင် သူတို့ကခုလိုပဲ
ရိုးရိုးလေးပြောကြတယ်။ သူတို့ ချမ်းသာလာတာဟာ လူတွေရဲ့ပိုက်ဆံနဲ့ပါ။
ဒါကြောင့် လူတွေကိုပြန်ကူညီတာပါတဲ့။
သူတို့ ရှိသမျှစည်းစိမ်တွေအကုန်လော က်နီးပါး
အလကားလှူနေကြတာ သူတို့ဆင်းရဲသွားတယ်လို့ ကြားမိသလား။ ပိုပိုပြီးတောင်
ချမ်းသာလာကြတာ အများအသိပါ။ ဒီတော့ ရှိသမျှနီးပါးလှူနေတာ သူတို့
ဘာကြောင့်ပိုပြီးချမ်းသာလြာ ကတာလဲဆိုတာ သိချင်လို့ ရှာဖွေကြည့်မိတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးရေးထားတာ မတွေ့မိပေမဲ့၊ အဲဒီအဖြေကိုရနိုင်တဲ့အောက်စာပိုဒ်လေးတွေကို တွေ့မိလိုက်တယ်။
---- လူတွေဟာ မိမိမှာရှိတဲ့စည်းစိမ်ဥစ္စာကို ကုန်သွားမှာစိုးလို့ မလှူမတန်း ချွေတာစားရင်းနဲ့ ခြစ်ကုတ်စုထားရင်းနဲ့ သူ့ရဲပစ္စည်းဥစ္စာဟာ တတိတိနဲ့ ဖြည်းဖြည်းချင်းကုန်သွားတယ် တဲ့။
----မိမိမှာရှိတဲ့ပိုင်ဆိုင်မှုတွေကို ပေးကမ်းစွန့်ကြဲလှူဒါန်းသူဟာ
သူ့ရဲ့ပစ္စည်းဥစ္စာတွေ လျော့သွားတယ်။ လျော့သွားတဲ့ ဥစ္စာတွေကို ပြန်ဖြည့်ဖို့
အကြံဉာဏ်တွေ ဖြစ်ညှစ်ထုတ်သုံးလိုက်ပြီး စီးပွားရှာတော့ ပစ္စည်းဥစ္စာတွေ
အရင်ကထက်ပိုတိုးပွားရရှိပါတ ယ်တဲ့။
----များများပေးလေ၊ ပေးသူဆီ များများပြန်လာလေတဲ့"
ဒီစာကို ဖတ်မိသူတွေ အားလုံးနီးပါးဟာ ဘီလျံနာသူဋ္ဌေးကြီးတွေမဟုတ်နိုင်ပါဘူး။ ဒါကြောင့် ငွေတွေ ဘီလီယံချီပြီး လှူဖို့မတိုက်တွန်းပါဘူး။ တိုက်တွန်းချင်တာက....
မိမိမှာ ရှိထားတာလေးတွေ သူများကို မျှဝေပေးပါ။ ပေးကမ်းစွန့်ကြဲပါ။ ကူညီပေးပါ။ ဟာ..သူဋ္ဌေးမှ မဟုတ်တာ၊ ဘာတွေများမျှဝေစွန့်ကြဲရမှာ လဲလို့ မေးချင်ပါလိမ့်မယ်။ လူတွေဟာ ပိုင်ဆိုင်မှုလို့ပြောလိုက်ရ င်
ပစ္စည်းဥစ္စာငွေကြေးလို့ပဲ ထင်ကြတယ်။ လူတွေမှာ ပိုင်ဆိုင်တာတွေ အများကြီးပါ။
လူသားအချင်းချင်း မေတ္တာမျှဝေလို့ရတယ်။ မေတ္တာပို့လို ရတယ်။ ပညာတတ်သူက
တတ်ထားတဲ့ပညာကို မျှဝေပေးလို့ရတယ်။ တခြားလူတွေကို သင်ပေးလို့ရတယ်။
လုပ်အားစိုက်ထုတ်ကူညီလို့ရတ ယ်။ စိတ်အားငယ်နေသူကို နူတ်နဲ့ အားပေးကူညီလို့ရတယ်။ မိမိမဝတ်တော့တဲ့ အင်္ကျီအဟောင်း၊ဖိနပ်အဟောင်းတွေကို မရှိဆင်းရဲသားတွေကိုပေးကမ်း လို့ရပါတယ်။ တချို့ဆိုရင် ခန္ဒာကိုယ်ကိုပါ လှူဒါန်းထားကြတယ်။ အများကြီးပါ။
များများပေးလေ၊ ပေးသူဆီ များများပြန်လာလေပါ။ မေတ္တာများများပေးသူဟာ မေတ္တာတွေအများကြီးပြန်ရမှာပါ။ ပညာကိုများများမျှဝေပေးသူဟာ ပိုပိုပြီး ပညာတွေတိုးလာမှာပါ။ စိတ်ခွန်အားပေးသူမှာ စိတ်ခွန်အားတွေတိုးလာပါလိမ့် မယ်။
စဉ်းစားစေချင်လို့ ရေးပေးလိုက်တာပါ။ ဘာသာရေးရှုထောင့်က ရေးထားခြင်းမဟုတ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၉)ရက်
ယနေ့ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေကြတဲ့ Bill Gates, Warren Buffet, Mark Zuckerberg စတဲ့ဘီလျံနာသူဋ္ဌေးကြီးတွေဟာ အလှူအတမ်းအရမ်းရက်ရောကြသူမျာ
သူတို့ဘယ်လောက်များလှူကြတာလဲ
သူတို့ ရှိသမျှစည်းစိမ်တွေအကုန်လော
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးရေးထားတာ မတွေ့မိပေမဲ့၊ အဲဒီအဖြေကိုရနိုင်တဲ့အောက်စ
---- လူတွေဟာ မိမိမှာရှိတဲ့စည်းစိမ်ဥစ္စာက
----မိမိမှာရှိတဲ့ပိုင်ဆိုင
----များများပေးလေ၊ ပေးသူဆီ များများပြန်လာလေတဲ့"
ဒီစာကို ဖတ်မိသူတွေ အားလုံးနီးပါးဟာ ဘီလျံနာသူဋ္ဌေးကြီးတွေမဟုတ်နိ
မိမိမှာ ရှိထားတာလေးတွေ သူများကို မျှဝေပေးပါ။ ပေးကမ်းစွန့်ကြဲပါ။ ကူညီပေးပါ။ ဟာ..သူဋ္ဌေးမှ မဟုတ်တာ၊ ဘာတွေများမျှဝေစွန့်ကြဲရမှာ
များများပေးလေ၊ ပေးသူဆီ များများပြန်လာလေပါ။ မေတ္တာများများပေးသူဟာ မေတ္တာတွေအများကြီးပြန်ရမှာပ
စဉ်းစားစေချင်လို့ ရေးပေးလိုက်တာပါ။ ဘာသာရေးရှုထောင့်က ရေးထားခြင်းမဟုတ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၉)ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။