Khon Gyi added 2 new photos.
နေရာ -ထောက်ကြံ့မြို့ အမှတ် ၁ ချင်းသေနတ်ကိုင်တပ်ရင်း
အချိန် -၁၉၄၆ ခုနှစ်ခန့် 
ထိုစဉ်က ဗိုလ်တိုက်ချွန်းမှာ တပ်ကြပ်ဖြးစ်သည်။
တနေ့ တွင် ဒု တပ်ရင်းမှူး ခေါ်သဖြင့်ရုံးခန်းသို့ ရောက်သွားသည်။ထိုနေ့ က ကျွန်တော်၏ တပ်စိပ်မှာ တပ်ရင်းလုံခြုံရေးတာဝန့်ဖြင့်ကင်းစောင့်နေရ၏။
"" တိုက်ချွန်း ဒီနေ့ တပ်ရင်းကို ဗိုလ်ချုပ်အောင်ဆန်းလာလိမ့်မယ် မင်းရဲ့ကင်းတပ်ဖွဲ့က တန်းစီ အလေးပျြုရမယ် ထုံးစံအတိုင်း ကင်းတပ်ဖွဲ့ ခါးပတ် ဖိနပ် သေနတ်တွေတိုက့်ပြီး စည်းကမ်းတကျ အလေးပြုပါစေ"
"ဟုတ်ကဲ့ ဗိုလ်မှူး "
လမ်းလျှောက်ပြန်လာယင်း ဆရာတိုက်ချွန်းက စဉ်းစားနေသည်။
" အင်းရဲဘော်တွေစနစ်တကျအလေးပြုအောင် ညွှန်ကြားရမယ် ခါးပတ်သေနတ်ဖိနပ်တွေပြောင်လက်နေအောင် တိုက်ခိုင်းရမယ် အရေးကြီးဆုံးက တပ်ရင်းအဝင်ဝမှာ အမှိုက်တစ မရှိအောင် လှဲကျင်းထားရမယ်"
ဗိုလ်ချုပ်က ကားပေါ်က ဆင်းတာနဲ့ ကင်းတပ်ဖွဲ့ရဲ့အလေးပြုခံမယ် အဲလိုအလေးပြုခံနေတုန်း တပ်ရင်းဝင်းတံခါးဝကို မျက်စိကစားလို့ အမှိုက်တွေရှုပ်နေယင် အခက် တာဝန်ပေးလိုက်တဲ့ရဲဘော်က ပေါ့ကျက်ပျက်လုပ်နေယင်ခက်မယ် ဒီတော့ကိုယ်တိုင်လှဲတော့မယ် ----
"ဒါမှမဟုတ် ဗိုလ်ချုပ်ကားက တပ်ရင်းရုံးကိုပဲတန်းမောင်းသွားလေမလား ဗိုလ်ချုပ်ဆိုတော့လည်း ရှေ့ကားနောက်ကားနဲ့ ကိုယ်ရံတော်ရဲဘော်တွေလညါး ပါလာလိမ့်မယ် ကားတွေစီတန်းပြီးတော့သာ တခါထဲမောင်းဝင်သွားယင် တို့ တပ်ရင်းဝင်းဝမှာ သန့် ရှင်းလှပနေတာလေးမြင်သွားရမလား "
တွေးယင်း စိတ်မောနေမိ။တခုတော့ကျေနပ်သည်။မမြင်ဖူးသေးတဲ့ နာမည်ကြီးဗိုလ်ချုပ်ကို မြင်ရတော့မယ်။
နေ့ လည် ၁၂ နာရီခန့် ။
ကျွန်တော်သည် ကင်း ရုံလေး၏ အနောက်တွင်ရပ်ယင်း ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိသည်။ပြောင်လက်နေသော ခါးပတ်ခေါင်း အရိပ်ပေါ်နေအောင်တိုက်ထားတဲ့ စစ်ဖိနပ် ခေါက်ရိုးမကျိုးအောင် တောင့်တင်းနေတဲ့ စစ်ယူနီဖောင်း နဲ့ အိုကေ ----
ထိုစဉ်ခဏ ကင်းစောင့်ရဲံဘော်က ချင်းဘာသာဖြင့် 
လှမ်းပြောသည်။
""ဆရာ ဟိုမှာလူတစ်ယောက်လာနေတယ်""
'''ဘယ်မှာလဲကွ"မေးယင်းမျက်စိကစားလိုက်တော့
တပ်ရင်းဝင်းဝမှ လမ်းကိုတားထားသော ဝါးလုံးတန်းနားမှာ လုတစ်ယောက်----
လူတစ်ယောက်ပါပဲ ဖျင်ပင်နီ တိုက်ပုံ အင်္ကျီနဲ့ ချည်ပုဆိုးအကွက်ကြီးဝတ်လို့ ခေါင်းမှာက ဖော့ဦးထုပ်တစ်လုံးဆောင်းတားပြီး လက်ထဲမှာက တုတ်ကောက်ကြီးနဲ့ ။
ထိုလူက ---
"ရဲဘော် ကျုပ်ဝင်ခဲ့ချင်တယ်""
ကျွန်တော်က
"ခင်ဗျား ဝင်ခွင့်မရှိဘူး ဒီနေ့ ကျွန်တော်တို့ လူကြီးတစ်ယောက်လာမှာမို့ လို့ ဒီလမ်းလယ်မှာ မရပ်ပါနဲ့ လမ်းဘေးကို သွားပါ "
ကျွန်တော့်စိတ်ထဲအတော်ခုသွာံးသည် ----ဘယ့်နှယ်ဗျာ မြေကြီးမှာခြေရာမထင်အောင် လှဲကျင်းထားတဲ့ ဝင်းဝအလယ်မှာ ဒီလူက ရပ်လို့  ပြီးတော့ တုတ်ချောင်း နဲ့ မြေကြီးမှာထောက်ထားသေး ဒုက္ခပါပဲ ဗိုလ်ချုပ်လာလို့ ပွရှုပ်နေတဲ့ခြေရာတွေတွေ့ယင်တော့ ငါ့အပေါ်အပြစ်တွေကျတော့မှာပဲ ----
အဲ့လိုတွေးပြီးအဲ့လူကိုလက်ကာပြပြီး --
"မလာနဲ့ မလာနဲ့လမ်းဘေးမှာ နေပါ " ကျွန်တော်က ထိုသို့ မျက်ကလဲဆန်ပြာပြောနေသည်ကို ထိုလူက ပြုံးကြည့်နေယင်း----
''မဟုတ်ပါဘူး အထဲဝင်ချင်လို့ ပါ"
ပြောယင်းရှေ့တိုးလာတာနဲ့
''''ဟေ့လူ ဘယ်လိုလူလဲ ပြောနေတာ မရဘူးလား ဒီမှာမနေပါနဲ့ ကျုပ်တို့ လူကြီးတစ်ယောက်လာမယ် ဘေးမှာနေပါ ""
""မေဂျာကပ်ကျောင်းရှိလား ရှိယင်တွေ့ချင်တယ် မေဂျာကပ်ကျောင်းကိုသွားခေါ်ပေးပါ သူ့ မိတ်ဆွေက တွေ့ချင်တယ်လို့ ပြောပါ "
" 'မြတ်စွာဘုရား ဘယ်လိုလူနဲ့လာတွေ့နေပါလိမ့် တကယ့်ဇွတ်သမားပါလား အတင်းဝင်မယ်လုပ်ပြီး မဝင်ရတော့ ဗိုလ်မှူးကပ်ကျောင်း ကိုခေါ်ခိုင်းနေပြန်ပြီ
ဗိုလ်မှူးရဲ့အသိဖြစ်လိမ့်မယ်'
''ကောင်းပြီဗိုလ်မှူးခေါ်ခဲ့မယ် ခင်ဗျားဒီမှာ ခဏနေခဲ့ပါ''
ထိုလုက ခေါင်းငြိမ့်ပြသည်။ဒါနဲ့တပ်ရုံးင်္သွားပြီး ဗိုလ်မှူးကိုခေါ်ဘို့ သွားယင်းနောက်လှည့်ကြည့်တော့ ထိုလူက ဝါးလုံးတန်းအနီး သေချာရပ်ယင်း မပြုံးမရယ် လှမ်းကြည့်နေသည်။
ဗိုလ်မှူးကပ်ကျောင်းထံ သတင်းပို့ လိုက်တော့ ထလိုက်လာသည်။တပ်ရင်းရုံးကအထွက် လှမ်းကြည့်လိုက်သည်နှင့် ဗိုလ်မှူး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားပြီး ချက်ချင်းအမိန့် ပေးသည်။
''ဟေ့ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ တိုက်ချွန်းကင်းတပ်ဖွဲ့ တန်းစီအလေးပြုပါ "
ကျွန်တော့်ငယ်ထိပ်ေ့မြွပေါက်လိုက်လျင်တောင် သည်မျှ ထိတ်လန့် မည်မထင်ပါ။ခေါင်းနပန်းကြီးသွား ရုတါတရက်ဘာလုပ်ရမှန်းမသိ ချက်ချင်းသတိပြန်ဝင်တာနဲ့ ကင်းတပ်ဖွဲ့ဆီပြေးသွားပြီး ချင်းဘာသာဖြင့် အမိန့် ပေးလိုက်ရသည်။
'''စတင်းဇာ ကပ်တွန်းနွန်း ''
( တပ်စိတ် အ့မြန်ဆုံး တန်းစီ)
ကင်းတပ်ဖွဲ့ တန်းစီပြီးခဏ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးတို့ တပ်ရင်းဝမှ လမ်းလျှောက်၍ ဝင်လာယင်း ကျွန်တော့်ရှေ့အရောက် ရပ်ကြည့်နေတော့ ကျွန်တော်က ထပ်အမိန့် ပေးရပြန်သည်။
''ဂျင်နရယ် ဆလု ပရဲဆန့် အမ်း )
(ဗိုလ်ချုပ် ကို သေနတ်မြှောက် အလေးပြု)
တပ်ဖွဲ့က သေနတ်မြှောက် အလေးပြုသည်ကို ဗိုလ်ချုပ်က အလေးပြုခံနေယင်း ပြုံးနေသည် ပြီးတော့ တုတ်ကောက်ကို မြေမှာထောက် ခေါင်းကို တစ်ချက်ငြိမ့်ယင်း ကျွန်တော့်ကို ပြုံးနှုတ်ဆက်သည်။
''ကောင်းတယ်ရဲဘော် မင်းတာဝန်ကျေတယ် ရဲဘော်ဆိုတာ ဒီလိုမှပေါ့ကွ''တဲ့။
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း -တက္ကသိုလ်စိန်တင် စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။စာအုပ်ပို့ ပေးပါသော ရန်ကုန်မှ ကိုပြည့်ဖြိုးသူ Pyi Pyi Phyo Thu ရေ ကျေးဇူးပါခင်ဗျား ။်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။