***ကမ္ဘာကျော် စွန့်ဦးစီးပွားရေးပညာရှင် Jack Ma ***
Myo Ko Ko 28/1/2016
တရုတ်ပြည်မကြီးရဲ့ ပထမဆုံးစွန့်ဦးစီးပွားရေးပ ညာရှင်တစ်ဦးဖြစ်တဲ့
Jack Ma (ခေါ်) Ma Yun ကို ၁၉၆၄ စက်တာဘာလ (၁၀)ရက်နေ့တွင် ဟန်ကျိုးပြည်နယ်၊
ကျိကျန်းခရိုင်၊ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပါသည်။ Jack Ma
ရဲ့မိဘနှစ်ပါးလုံးက တရုတ်ရိုးရာပုံပြင်ပြောသူများအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ရ သည်။ Jack Ma က တရုတ်နိုင်ငံတွင် အောင်မြင်နေသောစီပွားရေးလုပ်ငန်းနှင့်
ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေပြီး သူသည် Alibaba group
ကိုတည်ထောင်ပြီး အလုပ်အမူဆောင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည်။ သူဟာ
တရုတ်ပြည်မကြီးရဲ့ ပထမဆုံး စွန့်ဦးစီပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်
နာမည်ကြီး Forbes မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာတွင် ဖော်ပြခံခဲ့ရသည်။
၂၀၁၄ နိုဝင်ဘာလတွင် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သူရဲ့ပိုင်ဆိုင်မူ
$24.1 ဘီလီယံ အထိရှိခဲ့ပြီး တရုတ်နိုင်ငံတွင် အချမ်းသာဆုံး
စီပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည့်အပြင် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် နံပါတ် (၁၈) နေရာတွင်ရပ်တည်ခဲ့သည်။
Jack Ma ရဲ့ဘ၀အစတွင် အင်္ဂလိပ်စာနဲ့သူ့ဘ၀ကို တိုးတက်အောင်ကြိုးစာမယ်လို့ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားများနဲ့စကားေ ပြာခွင့်ရရှိရန်အတွက်
မနက်တိုင်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟိုတယ်တွေကို စက်ဘီးစီးသွားခဲ့သည်။
ထို့နောက် နိုင်ငံခြားသားများကို တရုတ်ပြည်တွင်းအခကြေးငွေမယူ ဘဲ
Guide အဖြစ်လိုက်လုပ်ပေးပြီး အင်္ဂလိပ်စာ တိုးတက်ရန်အတွက် (၉)
နှစ်တိုင်အောင် လေ့လာခဲ့ရသည်။ လူငယ်ဘ၀နောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်ခွင့်
စာမေးပွဲကို (၃) ခါကျပြီးနောက်ပိုင်း ဟန်ကျိုးဆရာများတက္ကသိုလ်မှာ တက်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တစ်ယောက် အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ၁၉၉၈ခုနှစ်မှာ အင်္ဂလိပ်စာနဲ့ဘွဲ့ရရှိခဲ့ပြီး၊ အင်္ဂလိပ်စာနဲ့အပြည်ပြည်ဆိုင် ရာ
ကုန်သွယ်မှုဘာသာရပ်နဲ့ ကထိကအဖြစ် Hamgzhou Dianzi တက္ကသိုလ်တွင်
တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် ပေကျင်းအခြေစိုက် Cheung Koung Graduate School
Of Business(CKGSB)တွင် ထပ်မံတက်ရောက်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင်
ဘွဲ့ရရှိခဲ့သည်။
၁၉၉၄ ခုနှစ်တွင် Jack Ma သည် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေချိန်တွင် Internet ကိုစတင်သိရှိခဲ့ပြီး ၁၉၉၅ခုနှစ် အစောပိုင်းတွင် သူ့အား Internet နဲ့မိတ်ဆက်ပေးခဲ့သော သူငယ်ချင်းနဲ့အတူတူ US ကို ထွက်ခွာခဲ့သည်။ သူ Internet တွင် ဘီယာအကြောင်းကိုစတင်ရှာဖွေခဲ့ရာ နိုင်ငံတော်တော်များများတွင် ဘီယာအကြောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း တရုတ်နိုင်ငံတွင် ဘီယာအကြောင်းရှာမတွေ့ခဲ့ရပေ ။ သူသည် ထိုကိစ္စကိုအံသြခဲ့ရပြီး တရုတ်ပြည်ရဲ့အထွေထွေသတင်းများကို ထပ်မံကြိုးစားရှာဖွေခဲ့သော် လည်း မတွေ့ရှိခဲ့ရသဖြင့် ပိုပြီးအံအားသင့်ခဲ့ရသည်။ နောက်ပိုင်းတွင် Jack Ma သည် သူ့သူငယ်ချင်းနဲ့ပေါင်းပြီး
“Ugly” ဆိုတဲ့ Website ကိုတည်ထောင်ခဲ့သည်။ Website တည်ထောင်ပြီး
ငါးနာရီအကြာတွင် တရုတ်လူမျိုးအချို့က Website အကြောင်းစုံစမ်းမေးမြန်းတဲ့ E-Mail များရရှိပြီးနောက် Jack Ma က Internet သည် သူအတွက်ကြီးမားတဲ့ဆုလာဘ်များ ပေးစွမ်းနိုင်တယ်လို့ သိခဲ့ရသည်။ ၁၉၉၅ခုနှစ်မှာ Jack Ma က သူမိန်းမနဲ့သူငယ်ချင်းတစ်ယောက်တို့ရဲ့ ပိုက်ဆံ $20,000 ကိုစုပြီး “China Yellow Page” လို့ခေါ်တဲ့ Company ကို တည်ထောင်ခဲ့သည်။ ကုမ္ပဏီတည်ထောင်ပြီးသုံးနှစ် အကြာတွင်
တရုတ်ယွမ် 5,000,000 ကိုရှာဖွေပေးနိုင်ခဲ့ပြီး ထိုငွေပမာဏသည်
အမေရိကန်ဒေါ်လာ $800,000 နဲ့ညီမျှသည်။ ၁၉၉၈ခုနှစ် နှင့် ၁၉၉၉တွင် Jack Ma
သည် သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။
၁၉၉၉ခုနှစ်မှာပဲ Jack Maသည် ကုမ္ပဏီမှနှုတ်ထွက်ခြဲ့ပီး ဟန်ကျိုးပြည်နယ်သို့
ပြန်လာကာ တရုတ်အခြေစိုက်ဈေးကွက်စီးပွားရေး
ကုမ္ပဏီဖြစ်တဲ့ Alibaba ကို ယွမ် 500,000 နှင့်အတူ အလုပ်သမား (၁၇) ယောက်နဲ့
စတင်စွန့်စား တည်ထောင်ခဲ့သည်။ ၁၉၉၉ခုနှစ် အောက်တိုဘာကနေ ၂၀၀၀ခုနှစ်
ဇန်န၀ါရီ၊ (၃) လအတွင်း Alibaba Company အနေနဲ့ အပြည်ပြည်ဆိုင်ရာ
ဖက်စပ်ရင်းနှီးမြုပ်နှံမှုတွေမှာ
အမေရိကန်ဒေါ်လာ (၂၅) မီလီယံကို ရရှိခဲ့သည်။ ၂၀၁၄ စက်တင်ဘာလတွင် Alibaba
Company သည် အမေရိကန် Stock Exchange တွင် $25 ဘီလီယံအထိ
ဈေးကွက်ထိုးဖောက်နိုင်ခဲ့သ ည်။ ယင်းဖြစ်ရပ်နောက်ပိုင်းတွင် Alibaba Company သည် အမေရိကန်ရင်းနှီးမြုပ်နှံမှု သမိုင်းတွင် အကြီးမားဆုံးလူထုတန်ဖိုးထား သော
Company ဖြစ်လာခဲ့သည်။ Jack Ma သည် သူဝန်ထမ်းများအား
ထိုက်ကျိအားကစားနည်းအား မဖြစ်မနေ ကစားရမည့်အားကစားအဖြစ် ပြောကြားခဲ့ပြီး
ထိုကစားနည်းကို Sifu Wang, Jet Li တို့နှင့်အတူ Jack Ma
ကိုယ်တိုင်သင်ကြားပေးခဲ့သည် ။
၂၀၁၄ နိုဝင်ဘာတွင် Alibaba Companyသည် Onlineတွင် ၀င်ငွေ ယွမ်သန်းပေါင်း
(၁) သန်းထိရှာဖွေနိုင်ခဲ့သည်။ Jack Maရဲ့ဘ၀ တစ်လျှောက်အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ကမာ့္ဘစီးပွားရေးဆိုင်ရာပွဲတွင် တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်စီးပွားရေးခေါင်းဆောင် အဖြစ်
ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ခုနှစ်မှာ Forbes မဂ္ဂဇင်းမှ အာရှပရဟိတ
သူရဲကောင်းအဖြစ် ဖော်ပြခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏
ကမ္ဘာ့အာဏာအရှိဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဆင့် (၃၀)နေရာချိတ်ခဲ့သည်။
၂၀၁၅ခုနှစ်မှာ Asian ဆုပေးပွဲတွင် စွန့်ဦးတီထွင်မှုဆိုင်ရာ
စီပွားရေးလုပ်ငန်းရှင်ဆုကို လည်း ရရှိခဲ့ပါသည်။ ဆက်လက်ကြိုးစားပါဦးမည်။
အပတ်စဉ် ကြာသပတေးနေ့ ညနေ၇နာရီတိုင်းမှာ အလားတူအတုယူနိုင်ဖွယ် ကိုယ်ရေးမှတ်တမ်းများကို ပုံမှန်တင်ဆက်ပေးသွားပါမယ်။ EMG Marketing Groupရဲ့ Facebook စာမျက်နှာကို Likeလုပ်ထားခြင်း အားဖြင့် အပတ်စဉ်စိတ်ဝင်စားစရာ ပုဂ္ဂိုလ်များ၏ကိုယ်ရေးရာဇ၀င်များကို သိရှိလေ့လာနိုင်မှာဖြစ်ပါတယ်။ ပရိတ်သတ်များမှ လေ့လာသိရှိလိုပါကComment နှင့်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ အကြုံပြုတောင်းဆိုနိုင်ပါတယ်။ အခုလိုအားပေးကြည့်ရှု့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
[REFERENCE & CREDITS]
Article Translated & Adjusted By,
Myo Ko Ko
Digital Social Media Team
EMG Marketing Group
Reference: Internet
Myo Ko Ko 28/1/2016
တရုတ်ပြည်မကြီးရဲ့ ပထမဆုံးစွန့်ဦးစီးပွားရေးပ
Jack Ma ရဲ့ဘ၀အစတွင် အင်္ဂလိပ်စာနဲ့သူ့ဘ၀ကို တိုးတက်အောင်ကြိုးစာမယ်လို့
၁၉၉၄ ခုနှစ်တွင် Jack Ma သည် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေချိန်တွင် Internet ကိုစတင်သိရှိခဲ့ပြီး ၁၉၉၅ခုနှစ် အစောပိုင်းတွင် သူ့အား Internet နဲ့မိတ်ဆက်ပေးခဲ့သော သူငယ်ချင်းနဲ့အတူတူ US ကို ထွက်ခွာခဲ့သည်။ သူ Internet တွင် ဘီယာအကြောင်းကိုစတင်ရှာဖွေခ
အပတ်စဉ် ကြာသပတေးနေ့ ညနေ၇နာရီတိုင်းမှာ အလားတူအတုယူနိုင်ဖွယ် ကိုယ်ရေးမှတ်တမ်းများကို ပုံမှန်တင်ဆက်ပေးသွားပါမယ်။
[REFERENCE & CREDITS]
Article Translated & Adjusted By,
Myo Ko Ko
Digital Social Media Team
EMG Marketing Group
Reference: Internet
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။