Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 31, 2016

"သစ်ရွက်လေးကြွေတာ လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး...."

"သစ်ရွက်လေးကြွေတာ
လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို
သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး...."
------
ဆောင်းရာသီတစ်ခုမှာ သစ်ရွက်က သစ်ပင်ကို ညင်ညင်သာသာငုံ့နမ်းပြီး တိုးညင်းတဲ့အသံနဲ့ပြောတယ်။

“သစ်ပင်… ငါ သွားတော့မယ်”

“သွားတော့မယ်… နွေးထွေးတဲ့နွေဦးရာသီကို ငါတို့တူတူဖြတ်သန်းလာခဲ့ကြတယ်။ ပူပြင်းတဲ့နွေရာသီ၊ ရိုမန်တစ်ဆန်တဲ့ဆောင်းဦးကာလကိုတောင် ငါတို့မခွဲမခွာ အတူတူဖြတ်ကျော်လာခဲ့ပြီပဲ။ ဘာဖြစ်လို့ အခုချိန်ကျမှ ငါ့ကို နင်ခွဲသွားရက်တာလဲ သစ်ရွက်၊ ငါ ဘာများအမှားလုပ်ခဲ့မိလို့လဲဟင်” သစ်ပင်က တုန်လှုပ်ချောက်ချားစွာဆိုတယ်။

“အဲတာတွေကို ငါသိပါတယ်.. ဒါပေမယ့် ငါ သွားကိုသွားရမယ်။ ဒီဆောင်းကုန်ရင် ငါ့ကို နင်သတိရတတ်ပါ့မလား” သစ်ရွက်က နာကျင်စွာပြောတယ်။

သစ်ပင်ရဲ့နှလုံးသား တဆစ်ဆစ်နာကျင်နေခဲ့တယ်။ သန်မာပြီးဖြောင့်တန်းတဲ့ သူ့အကိုင်းအခက်တွေကို သူကြိုးစားပြီး ကွေ့ညွှတ်လိုက်တယ်။ ငှက်ကလေးတွေ လန့်ဖျပ်ပြီး ထပျံကြတယ်။ အကိုင်းအခက်အတိုအစတွေ မြေပြင်ပေါ် ကျိုးကျကုန်တယ်။ သစ်ရွက်ကို သူသတိရတတ်ကြောင်း ခေါင်းညိတ်ပြလိုက်တာပါ။ သစ်ပင်ရဲ့ခိုင်မာတဲ့ သစ္စာတရားက သေးငယ်ကြုံလှီတဲ့သစ်ရွက်ကို ပျော်ရွှင်မှု၊ သတ္တိတွေပေးနေခဲ့တယ်။

သစ်ရွက်က သစ်ပင်ကို နောက်ဆုံးအကြိမ်အဖြစ် နင့်နင့်နဲနဲတစ်ချက်ကြည့်လိုက်ပြီး သူ့ညှာတံကို အားနဲ့ သူကိုက်ဖြတ်လိုက်တယ်။ နွေးထွေးကြင်နာမှုတွေပေးတဲ့ ဒီနေရာကို သူထာဝရခွဲခွာလိုက်တယ်။ တစ်နှစ်ပတ်လုံး ယုယမှု၊ ဂရုစိုက်မှုတွေပေးခဲ့တဲ့ ဒီရင်ခွင်ကို သူနှုတ်ဆက်စွန့်ခွာလိုက်ပါတယ်….

ညှာတံကိုကိုက်ဖြတ်တဲ့ လှုပ်ရှားမှုလေးတစ်ခုဆိုပေမယ့် သစ်ရွက်မှာ အားအင်တွေကုန်ခမ်းသွားရတယ်။ နူးနုယ်ပျော့ညံ့တဲ့ခန္ဓာကိုယ်တစ်ခုနဲ့ မြေပြင်ပေါ် အကူအညီမဲ့စွာ သူလွင့်စင်ကြွေကျလာခဲ့တယ်။ သစ်ပင်ရဲ့ “နင့်ကို ငါအရမ်းချစ်တယ်”ဆိုတဲ့ စကားကိုတောင် သူနားမထောင်ခဲ့လိုက်ရဘူး။

သစ်ပင့်နှလုံးသား ကျိုးကြေသွားခဲ့ရပြီ။ နေခဲ့ဖို့သစ်ရွက်ကို သူမတားလိုက်နိုင်ခဲ့ဘူး။ သစ်ရွက်လေး လွင့်စင်ကြွေကျသွားတာကိုပဲ သူမမှိတ်မသုန်ကြည့်နေခဲ့ရတယ်။ “သစ်ပင်ရေ… ငါ့ကို မမေ့နဲ့နော်…. ” သစ်ရွက်ရဲ့အသံက အဝေးကနေ လွှင့်လာသလိုပါပဲ…

တကယ့်နာကျင်ခြင်းဆိုတာ ငိုပေမယ့် မျက်ရည်တောင်မကျတဲ့အဖြစ်ပါလားဆိုတာကို သစ်ပင် သဘောပေါက်လိုက်တယ်။

လေပြည်တစ်စင်းက သစ်ပင်အနားဖြတ်ပျံတော့ သစ်ပင်ရဲ့နာကျင်ကြွေကွဲမှုကို မကြည့်ရက်ဖြစ်ခဲ့တယ်။ လေပြည်ဟာ သူ့ခန္ဓာကိုယ်နဲ့ သစ်ရွက်ကို တဖြည်းဖြည်းမြှောက်ချီပြီး သစ်ပင်အနားရောက်အောင် ပို့ပေးဖို့ ကြိုးစားတယ်။

သစ်ရွက် ခေါင်းခါပါတယ်…

“ဆောင်းရာသီမှာ သစ်ပင်က ကျွတ်ဆတ်ပါတယ်။ တကယ်လို့ ငါသာမခွဲခွာရင် ငါ့ကိုဂရုစိုက်စောင့်ရှောက်ဖို့ဆိုပြီး သစ်ပင်က သူ့ကိုယ်သူဂရုမစိုက်ဘဲနေလိမ့်မယ်။ ဒီဆောင်းကို သူလုံလုံခြုံခြုံ မဖြတ်သန်းနိုင်ဘဲဖြစ်လိမ့်မယ်။ သူ့နှလုံးသားထဲမှာ ငါရှိနေရင် လုံလောက်ပါပြီ….”

လေပြည်တစ်ချက် သိမ့်သိမ့်တုန်သွားတယ်။ လတ်ဆတ်မှုမရှိတော့တဲ့ ရော်ရွက်ဝါလေးက သူ့မျက်စိထဲမှာ တစ်မျိုးလှနေပါတယ်။ လေရဲ့အကူအညီကို ငြင်းဆန်လိုက်တဲ့ သစ်ရွက်က လေထဲမှာ နှစ်ပတ်လောက်ကျွမ်းပြန်ပြီး မြေပြင်ပေါ်ဝပ်ဆင်းသွားခဲ့တယ်။ နာကျင်ကြေကွဲတဲ့ ကောက်ကြောင်းတစ်ခုသာ လေထဲထင်ဟပ်သွားခဲ့တယ်။

မသွားပါနဲ့လို့ သစ်ပင်ရဲ့ခယမှုအောက်မှာ သစ်ရွက်လေးကြွေကျခဲ့တယ်။ သစ်ပင်ကိုချစ်တဲ့အချစ်နဲ့ သစ်ပင်ကို သစ်ရွက်လေးခွဲခွာလာခဲ့တယ်။

လေပြည် မျက်ရည်ဝဲမိတယ်။ ထိရှနာကျင်တဲ့ခံစားမှုနဲ့ အရပ်လေးမျက်နှာဆီ သူတိုက်ခိုက်လိုက်မိတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့… ဆောင်းဦးရောက်တိုင်း အမျိုးအမည်မသိတဲ့ လွမ်းဆွတ်ကြေကွဲမှုအလွမ်းဓာတ်တစ်မျိုးကို လူတိုင်းခံစားကြရတယ်။

ဆောင်းတွင်းတစ်ခုလုံး သစ်ပင် အထီးကျန်ကျန်ဖြတ်သန်းခဲ့ရတယ်။ နဂိုရှိခဲ့တဲ့ ဖျတ်လတ်တက်ကြွမှုတွေ သူ့ဆီမှာ ပျောက်ဆုံးကုန်ခဲ့တယ်။ နာကျင်လွမ်းဆွတ်ခြင်းသာ သူ့ဆီကျန်ရစ်ခဲ့တယ်။

လူတစ်ယောက်ကို လွမ်းဆွတ်တာဟာ ဒီလိုပဲ နှလုံးသားကျိုးပဲ့ အော်ဟစ်ငိုကြွေးချင်ပေမယ့် အသံမထွက်လာနိုင်တဲ့ အဖြစ်မျိုးပါလား…

ဒီဆောင်းရဲ့ ပထမဆုံးနှင်းက တဖွဲဖွဲကျနေခဲ့တယ်။ လောကကြီးတစ်ခုလုံးကို ငွေမှုန်တွေနဲ့ ကျဲပက်လိုက်သလို မြင်မြင်သမျှအရာတွေ ဖြူဆွတ်နေခဲ့တယ်။

သစ်ပင်က နှင်းထုရဲ့ကြားထဲမှာ သူ့ကိုယ်သူဖွက်ထားလိုက်မိတယ်။
ဒီဆောင်းရဲ့ဆိုးဝါးတဲ့အေးစက်မှုတွေကို သစ်ပင်ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် သစ်ရွက်ကိုလွမ်းဆွတ်တဲ့ဝေဒနာကိုတော့ သူမခံနိုင်ခဲ့ဘူး။ ဒီနှစ်ဆောင်းက နှစ်တစ်နှစ်တာကိုဖြတ်ကျော်နေသလိုပဲ ရှည်လျားလိုက်တာ….

----
နွေဦးရောက်လာခဲ့ပါပြီ… လေးပင်းတဲ့ခြေလှမ်းနဲ့ နွေဦးက ဒီတောအုပ်ကြီးတစ်ခုလုံးကို နွေးထွေးမှုပေးဖို့ ရောက်လာခဲ့ပါတယ်။

သစ်ပင်ကတော့ မျက်စိကိုမှိတ်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်ရှိနေဆဲပါပဲ။ တကယ်လို့ မျက်စိတွေကို သူဖွင့်ကြည့်လိုက်ရင် သစ်ရွက်နဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့တဲ့အရိပ်တွေကို သူမြင်ယောင်လာမိမယ်။ အခု သစ်ရွက်လေးမရှိတော့ မျက်စိတွေကို သူဖွင့်မနေတော့ပါဘူး။

အချိန်ကာလဘယ်လောက်ကြာသွားမှန်းမသိ… သစ်ပင်ရဲ့နံဘေးမှာ အမျိုးအမည်မသိတဲ့ လှပတဲ့ပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ပန်းကအရမ်းလှပြီး ဆွဲဆောင်မှုရှိတော့ ပန်းရဲ့ဘေးမှာ လိပ်ပြာတွေက အုပ်စုလိုက် နေ့တိုင်းအခစားဝင်နေတော့တယ်။ ဒါပေမယ့် ပန်းက အေးတိအေးစက်ပါပဲ.. စိတ်လှုပ်ရှား ရင်ခုန်တာမျိုးလည်း မရှိခဲ့ဘူး။

တစ်ခုရှိတာက သူဟာ သူ့နံဘေးကသစ်ပင်ကိုပဲ နှစ်လိုမှုတွေရှိနေခဲ့တယ်။ သစ်ပင်ဘေးမှာနေပြီး သူနေ့တိုင်း သီချင်းဆိုတယ်၊ စကားပြောတယ်၊ သစ်ပင်ရဲ့နှလုံးသားအထုံးကို ဖြည်ပေးဖို့ သူကြိုးစားခဲ့တယ်။ သူရဲ့သေးငယ်ကြုံလှီတဲ့ခန္ဓာကိုယ်နဲ့ နူးညံ့ကြင်နာမှုက သစ်ရွက်မှာရှိခဲ့တဲ့ပုံရိပ်တွေပါပဲ။

ပန်းရဲ့ထွက်ပေါ်လာမှုက သစ်ပင်ရဲ့ဝေဒနာတချို့တစ်ဝက်ကို သက်သာစေခဲ့တာ အမှန်ပါပဲ။ ပန်းနာမည်ကို သစ်ပင်မသိဘူး။ လှပတဲ့ပန်း … ပန်းကလေးလို့ပဲ သစ်ပင်ကခေါ်ခဲ့တယ်။ လတွေတဖြည်းဖြည်း ကျော်လွန်လာခဲ့တယ်။ သစ်ပင်မှာလည်း အပြုံးအရယ်တွေ နည်းနည်းရှိလာခဲ့တယ်။

တစ်နေ့မှာ လေပြည်က အနားကနေဖြတ်တိုက်တော့ ပန်းနဲ့ရင်းနှီးနေတဲ့ သစ်ပင်ကိုတွေ့လိုက်မိတယ်။

“အော်… စိတ်ခံစားမှုဆိုတာ ဒီလိုပဲလား… ဆောင်းတွင်းလေးတစ်ခု ဖြတ်ကျော်တာနဲ့ သစ်ပင်က သစ်ရွက်ကိုမေ့သွားခဲ့ပြီ” လို့ သက်ပြင်းချခေါင်းခါပါတယ်။

“ဟင့်အင်း.. ငါ မမေ့ဘူး။ ဘယ်သူကမှ ငါ့နှလုံးသားထဲရှိနေတဲ့ သစ်ရွက်ရဲ့နေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူး”လို့ သစ်ပင်ကပြောတယ်။

သူတို့ပြောတဲ့စကားကို ပန်းကလေးကြားသွားခဲ့တယ်။ အရင်ကလို သူသီချင်းဆို ရယ်မောတာမျိုးမရှိခဲ့တော့ဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒါကို သစ်ပင်ကတွေ့တော့ အားနာမိတယ်။ သူ့ဘဝမှာ သစ်ရွက်သာမရှိခဲ့ရင် ပန်းကလေးကို သူချစ်မိကောင်း ချစ်မိသွားနိုင်တယ်။ ဒါပေမယ့် အခုတော့ သစ်ရွက်က သူ့တစ်သက်တာအချစ်ပါ.. ဘယ်သူမှ အစားထိုးဝင်ရောက်မလာနိုင်ခဲ့တော့ပါဘူး။

ရက်အနည်းငယ်ကြာတော့ ပန်းကလေးက စကားစပြောတယ်။

“သစ်ပင်… သစ်ရွက်က ငါ့ထက်ချောလားဟင်”

“ဟင့်အင်း… သူ နင့်လောက်မချောဘူး”

“ဒါဆို သူက ငါလို့ ရနံ့သင်းထုံလား”

“ဟင့်အင်း… နင်ရဲ့ရနံ့နဲ့ လှပမှုက သစ်ရွက်မှာမရှိပါဘူး”

“ဒါဆို နင်ကဘာလို့ သူ့ကိုမမေ့နိုင်ဘဲဖြစ်နေရတာလဲ.. ငါ့ကို မချစ်နိုင်ဖြစ်ရတာလဲ”

“ပန်းကလေး… သူဟာ ရင့်ရော်ခြောက်သွေ့နေပါစေ၊ ကြွေလွင့်ပျောက်ပျက်သွားပါစေ.. သူဟာ ငါ့ရဲ့ထာဝရသစ်ရွက်ပါ။ ဘယ်သူမှ အစားထိုးလို့မရသလို ငါလည်းတစ်သက်မမေ့ဘူး” သစ်ပင်က ခါးသီးတဲ့အပြုံးတစ်ချက်နဲ့ ပြန်ဖြေတယ်။

မျက်ရည်တစ်စက်က ပန်းပွင့်ရဲ့မျက်နှာပေါ်ကနေ ကြွေကျသွားခဲ့တယ်။

“သစ်ပင်… ငါအရမ်းပျော်မိတယ်။ နင်ဟာ တကယ်ပဲ ငါ့ကိုမေ့မသွားဘူးနော်”

သစ်ပင်ဆတ်ခနဲတုန်လှုပ် အံ့သြသွားမိတယ်။ ပန်းကလေးရဲ့ပုံစံကို သူသေချာ မကြည့်ခဲ့မိဖူးဘူး။ အခုမှ သူ့မျက်စိရှေ့က ပန်းကလေးကို သူသေသေချာချာကြည့်လိုက်မိတယ်။

ပန်းကလေး မျက်ရည်ကျနေတဲ့အသွင်က ဟိုးနဂိုသစ်ရွက်နဲ့ တစ်ပုံစံတည်းပဲ။

အံ့သြကြည်နူးစွာနဲ့ ပန်းကလေးကို သူပွေ့ဖက်လိုက်ပြီး “သစ်ရွက်လေး.. ငါ့ဆီ နင်ပြန်လာခဲ့ပြီပေါ့နော်”လို့ အူလှိုက်သဲလှိုက် အော်လိုက်မိတယ်။

အဲဒီနှစ်က ဆောင်းဦးလေပြည်တသုန်သုန်တိုက်တော့ လူအများက တအံ့တသြဆိုကြတယ်…

“ဒီနှစ်ဆောင်း သိပ်မအေးဘူးနော်” တဲ့….

-----

သစ်ရွက်လေးကြွေတာ
လေရဲ့ဖြားယောင်းမှုကြောင့်မဟုတ်သလို
သစ်ပင်က နေခွင့်မပေးလို့လည်း မဟုတ်ပါဘူး....
တစ်ယောက်ကိုတစ်ယောက်ချစ်လွန်းလို့
သူတို့ အနစ်နာခံကြတာပါ...

*** သစ်ပင်၊ သစ်ရွက်၊ လေပြည်ပါတဲ့ ဒီလိုဝတ္ထုပုံစံမျိုးကို ဆယ်ကျော်သက်လူငယ်တွေဖတ်တဲ့ တရုတ်ဆိုက်မှာ တော်တော်များများဖတ်ရတယ်။ ကျွန်မလည်း ၃၊ ၄ ပုဒ်လောက် ဘာသာပြန်ခဲ့ဖူးတယ်။ မတူတဲ့ပုံစံနဲ့တင်ပြတဲ့ ဒီလိုဇာတ်လမ်းမျိုးက ဖတ်လိုက်တိုင်း အမျိုးအမည်မသိတဲ့ ရှတတခံစားမှုလေးတွေက ရင်ထဲမှာလာဖြစ်တယ်။ ခံစားကြည့်ဖို့ မတူကွဲပြားတဲ့ပုံစံနဲ့ သစ်ပင် သစ်ရွက် လေပြည်ဇာတ်လမ်းကို ဘာသာပြန်မျှဝေပါတယ်...

နိုင်းနိုင်းစနေ (Feb. 9 . 2015).

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။