စကားလေးတစ်ခွန်း
=============
လူ့ဘဝတစ်ခုကို လူတစ်ယောက်၊ ကိစ္စတစ်ခု ဒါမှမဟုတ် စကားလေးတစ်ခွန်းနှင့် အကျိုးသက်ရောက်နိုင်တယ်။ အသုံးဝင်တဲ့ စကားလေးတစ်ခွန်းဟာ စကားပေါင်း ထောင်ပေါင်းများစွာကို အောင်မြင်နိုင်တယ်။ စကားတစ်ခွန်းကြောင့် ဘဝပြောင်းသွားရတဲ့ ဥပမာတွေ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြပါလိမ့်မည်။ အမေရိကန်က နာမည်ကြီးဟောပြောသူ အင်ဒရူးကာနက်ရီသည် ငယ်ရွယ်စဉ်အခါက အလွန်ဆိုး၊ အလွန်ပေသော ကလေးတစ်ဦးဖြစ်သည်။ သူ ၉ နှစ်အရွယ်တွင် ဖခင်က နောက်မိန်းမ
ယူလိုက်သည်။ မိထွေးဖြစ်သူကို သူ့အားမိတ်ဆက်ပေးရာတွင် ဖခင်က
“ကိုယ့်ကိုခေါင်းကိုက်အောင်
အမြဲလုပ်တာ ဒီလူဆိုးပေါ့။
သူ့ကို ကောင်းကောင်းသင်ရလိမ့်မယ်။ ခင့်ကိုတောင် မနက်ကျရင် ခဲနဲ့ထုနေမလား၊ ဘယ်လိုအဆိုးတွေ လုပ်အုံးမလဲမပြောနိုင်ဘူး” ဟုပြောခဲ့သည်။ ဖခင်စကားအဆုံးတွင် မိထွေးကပြုံးပြီး သူခေါင်းကို
ပွတ်သပ်ကာ
“မှားနေပြီ။ သူဟာ လူဆိုးလုံးလုံးတော့ မဟုတ်နိုင်သေးဘူး။ ဥာဏ်ကောင်းပြီး သူ့ဥာဏ်ကို ဘယ်မှာအသုံးချရမှန်းမသိသေးတ့ဲ ကလေးငယ်တစ်ယောက်ပဲဖြစ်ရမယ်”
ဟု ပြောခဲ့သည်။ မိထွေးထံမှ မထင်မှတ်သောစကားကို သူ ကြားလိုက်ရသည်။
ထိုစကားလေးတစ်ခွန်းဖြင့် ရှေ့သို့ဆက်တက်ရန် ခွန်အားများသူရခဲ့သည်။
ထိုစကားတစ်ခွန်းလေးဖြင့် လူအများကို အောင်မြင်သည့် လမ်းသို့ရောက်အောင် သူ
ကူညီနိုင်ခဲ့သည်။
စကားတစ်ခွန်းပြောရတာလွယ်ပါတ ယ်။
ဒါပေမယ့် အဲဒီစကားတစ်ခွန်းကို တစ်ဖက်လူ ခံစားမိအောင်၊ အသုံးဝင်အောင်
ပြောတတ်ရမယ်။ စိတ်ဓာတ်ကျပြီး စိတ်ညစ်စိတ်ပျက်နေတဲ့ လူတစ်ယောက်အတွက်
လမ်းညွှန်ပြောကြားပေးမယ့် ဆရာမလိုပါဘူး။ တစ်ခါတလေ ရိုးရိုးလေးလို့ထင်တဲ့
စကားတစ်ခွန်းဟာ တစ်ဖက်လူကို ခွန်အားတွေ ဖြစ်စေတတ်တယ်။
စကားကောင်းတစ်ခွန်းနှင့် အမြင့်ကို ပျံတက်ချင်တဲ့ စိတ်ဓာတ်တွေအတွက်
လူတိုင်းအမြဲပြောသင့်တာက -
(၁) တစ်ပါးသူကို နာပျော်စေမယ့်စကား
(၂) အားပေးစကား
(၃) ချီးမွမ်းစကား
(၄) စိတ်ပါလက်ပါနဲ့ ပြောတဲ့စကား - ဖြစ်ပါတယ်။
အဆိုးအကောင်း ဒွန်တွဲနေတာ သဘာဝမို့ စကားအကောင်းကို များများပြောပြီး စကားဆိုးကို နည်းနည်းးပဲ ပြောသင့်တယ်။ ပေါ့ပေါ့တန်တန်ပြောလိုက်တဲ့
စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပျက်သုဉ်းစေတတ်တယ်။
ဒါကြောင့် မိတ်ကောင်းဆွေကောင်းတွေ အလုပ်ကောင်း အကိုင်ကောင်းတွေ
မပျက်စီးစေချင်ရင်တော့ အရိုးမရှိတဲ့ လျှာကို ဦးနှောက်နဲ့
ထိန်းချုပ်တတ်ရမယ်။
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
=============
လူ့ဘဝတစ်ခုကို လူတစ်ယောက်၊ ကိစ္စတစ်ခု ဒါမှမဟုတ် စကားလေးတစ်ခွန်းနှင့် အကျိုးသက်ရောက်နိုင်တယ်။ အသုံးဝင်တဲ့ စကားလေးတစ်ခွန်းဟာ စကားပေါင်း ထောင်ပေါင်းများစွာကို အောင်မြင်နိုင်တယ်။ စကားတစ်ခွန်းကြောင့် ဘဝပြောင်းသွားရတဲ့ ဥပမာတွေ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြပါလိမ့်မည်။ အမေရိကန်က နာမည်ကြီးဟောပြောသူ အင်ဒရူးကာနက်ရီသည် ငယ်ရွယ်စဉ်အခါက အလွန်ဆိုး၊ အလွန်ပေသော ကလေးတစ်ဦးဖြစ်သည်။ သူ ၉ နှစ်အရွယ်တွင် ဖခင်က နောက်မိန်းမ
ယူလိုက်သည်။ မိထွေးဖြစ်သူကို သူ့အားမိတ်ဆက်ပေးရာတွင် ဖခင်က
“ကိုယ့်ကိုခေါင်းကိုက်အောင်
သူ့ကို ကောင်းကောင်းသင်ရလိမ့်မယ်။ ခင့်ကိုတောင် မနက်ကျရင် ခဲနဲ့ထုနေမလား၊ ဘယ်လိုအဆိုးတွေ လုပ်အုံးမလဲမပြောနိုင်ဘူး” ဟုပြောခဲ့သည်။ ဖခင်စကားအဆုံးတွင် မိထွေးကပြုံးပြီး သူခေါင်းကို
ပွတ်သပ်ကာ
“မှားနေပြီ။ သူဟာ လူဆိုးလုံးလုံးတော့ မဟုတ်နိုင်သေးဘူး။ ဥာဏ်ကောင်းပြီး သူ့ဥာဏ်ကို ဘယ်မှာအသုံးချရမှန်းမသိသေးတ
စကားတစ်ခွန်းပြောရတာလွယ်ပါတ
(၁) တစ်ပါးသူကို နာပျော်စေမယ့်စကား
(၂) အားပေးစကား
(၃) ချီးမွမ်းစကား
(၄) စိတ်ပါလက်ပါနဲ့ ပြောတဲ့စကား - ဖြစ်ပါတယ်။
အဆိုးအကောင်း ဒွန်တွဲနေတာ သဘာဝမို့ စကားအကောင်းကို များများပြောပြီး စကားဆိုးကို နည်းနည်းးပဲ ပြောသင့်တယ်။ ပေါ့ပေါ့တန်တန်ပြောလိုက်တဲ့
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။