ကူလီ ဆိုတာ သင်သိလား ?
-----
ကူလီဆိုတဲ့ ဝေါဟာရဟာ တမိလ်ဘာသာ စကားကနေ ဆင်းသက်လာတယ်လို့ ဒီလိုယူဆကြပါတယ် ။ ကူလီရဲ့ အဓိပ္ပါယ်က ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမားလို့ ဆိုတယ် ။ အလုပ်ကြမ်းသမားများကို ဟိန္ဒူစတန္နီစကား ဗင်္ဂါလီ စကား များနဲ့လဲ ကူလီလို့ပဲ ခေါ်ဆိုကြရုံသာမကသေးပါဘူး အရှေ့ပိုင်းနိုင်ငံများမှာ မိမိတို့ ဘာသာရင်းသဖွယ် သုံးနှုန်းနေကြပါတယ် ။ သီပေါမင်းလက်ထက် ယောအတွင်းဝန်ဦးဖိုးလှိုင်ရေး သားတဲ့ မဟာသုဇာတကကျမ်းမှာ " ဝန်ထမ်းကူလီ
" လို့ သုံးနှုန်းထားတာ တွေ့ရတယ် ။ လယ်တီဆရာတော်ကလည်း မဂ္ဂင်္ဂဒီပနီမှာ "
ကူလီလုပ်မှု " " ကူလီလုပ်ရာ ဌာန " လို့ ဒီလို သုံးနှုန်းခဲ့ပါတယ် ။
အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံများမှာ လူဦးရေ များပြားတာကြောင့်ဖြစ်စေ မိမိတို့ နိုင်ငံမှာ အလုပ်သမားများရဲ့ လုပ်အားကို အစွမ်းကုန် အသုံးမချနိုင်တာဖြစ်စေ ၁၉ ရာစုနှစ် နောက်ပိုင်းနဲ့ ၂၀ ရာစုနှစ် အစလောက်မှာ ကူလီအလုပ်သမားများကို ဈေးပေါပေါနဲ့ နိုင်ငံခြားတွေဆီ ပို့ပေးခဲ့ကြပါတယ် ။ သူတို့ဟာ နိုင်ငံတကာကို လှည့်လည်သွားလာလုပ်ကိုင်ပြီး
ငွေကြေး ရှာဖွေလေ့ ရှိကြပါတယ် ။ အထူးသဖြင့်တော့ ကမ္ဘာ့အရှေ့ပိုင်း
နိုင်ငံများမှာရှိတဲ့ ဆိမ့်ကမ်း မြို့ကြီးတွေမှာ အလုပ်ကြမ်းသမားများအနေနဲ့
အသက်မွေးဝမ်းကြောင်း ပြုကြပါတယ် ။
၁၈၃၃ ခုနှစ်မှာ တောင်အမေရိကတိုက်နဲ့ အနောက်အိန္ဒိယကျွန်းစုများမှာ
ငွေဝယ်ကျွန်စနစ်ကို ပယ်ဖျက်လိုက်တာကြောင့် အဲ့ဒီ့ ဒေသများမှာရှိတဲ့
စိုက်ပျိုးရေး လုပ်ငန်းကြီးတွေမှာ လုပ်ငန်းတွေ ပျက်ဆီးတော့မဲ့ အခြေအနေအထိ
ဖြစ်လာခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေက ကူလီများ ရရှိခဲ့ပြီး
မရှုမလှ လုံးဝ ပျက်ဆီးခြင်းကိုတော့ မရောက်ရှိခဲ့ကြတာဖြစ်တယ် ။ ရှေးအခါက
မြန်မာနိုင်ငံမှာ လယ်ယာများအတွင်း အလုပ်လုပ်ကြတဲ့ သူရင်းငှားများမှအပ
အလုပ်ကြမ်း ကူလီအဖြင့် အသက်မွေးဝမ်းသူတွေ နည်းပါးကြပါတယ် ။
အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးတဲ့ အချိန်မှာတော့
နိုင်ငံခြားကို ဆန်စပါးရောင်းချတဲ့ လုပ်ငန်းတွေ တွင်ကျယ်ကောင်းမွန်လာတော့တယ်
။ အဲ့ဒီ့အတွက် လုပ်သားများကို အိန္ဒိယနိုင်ငံက ကူလီတွေကိုခေါ်ပြီး
မြစ်ဝကျွန်းပေါ်အရပ်မှာ လယ်များ တီထွင်လုပ်ကိုင်စေပါတယ် ။ ၂၀
ရာစုနှစ်အစပိုင်းမှာ မြန်မာနိုင်ငံ စက်ရုံများနဲ့ ဆိပ့်ကမ်းများမှာ
လုပ်ကိုင်ဖို့အတွက် အိန္ဒိယ နိုင်ငံကနေ ကူလီအမြောက်အများကို
ခေါ်ယူခဲ့ကြပြန်တယ် ။ ၁၉၀၆ ခုနှစ်မှ ၁၉၃၀ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ ၃
သိန်းခန့် ဝင်ရောက်ပြီး ၂ သိန်းခွဲခန့်သာ ပြန်ထွက်သွားလေ့ ရှိတယ်လို့
ဆိုတယ် ။ ဒါပေမယ့် ၃၅၀၀၀ မျှရှိတဲ့ အိန္ဒိ ကူလီတို့ဟာ မြန်မာနိုင်ငံမှာ အမြဲ
ရှိနေကြပါတယ် ။ အဲ့ဒီ့ ကူလီများကို ကုမ္ပဏီကြီးများအတွက် မေစရီ ခေါ်
ကူလီခေါင်းကြီးများက ကန်ထရိုက်စာချုပ်နဲ့ ခေါ်ယူခဲ့ကြတယ် ။ အဲ့ဒီ့အခါက
ကူလီများရဲ့ အခြေအနေက အလွန်ကို စိုးရွားလှပါတယ် ။ ကူလီများမှာ မေစရီမကနေ
တစ်ဆင့် မှ တစ်ဆင့် လွှဲပြောင်း ခိုင်းစေခြင်းတွေလဲ ခံကြရတယ် ။ မေစရီများကို
မိမိတို့ နေ့စားရ ဝင်ငွေများထဲကနေလဲ ကော်မရှင်များ ပေးကြရတယ် ။ အဲ့ဒီလို
မေစရီတွေ ခေါင်းပုံဖြတ်တာ အလုပ်သမား စုံစမ်းရေး ကော်မရှင် အစီရင်ခံစာတွေမှာ
ထင်ရှားစွာ တွေ့ရှိရမှာဖြစ်ပါတယ် ။ ထိုစဉ်က ထင်ရှားစွာတည်မြဲနေတဲ့
လက်မှုပညာသည်များ အက်ဥပဒေနဲ့ အလုပ်သမား ပဋိညာဉ် ပျက်မှု အက်ဥပဒေတို့မှာ
မေစရီများနဲ့ လုပ်ငန်းပိုင်ရှင်များကို ကာကွယ်ပေးနေကြသလို ရှိနေတယ် ။
ထိုဥပဒေများအရ အလုပ်သမားများကို စရန်ငွေ ကြိုတင်ပေးရခြင်းကြောင့် အဲ့ဒီ့ငွေများ ပြန်လည်အောင် အလုပ်သမားများရဲ့ ရက်သတ္တပတ် ဝင်ငွေများကနေ ဖြတ်တောက်နိုင်ခြင်း ငွေမကျေပဲ ဖြစ်စေ စာချုပ်ထားတဲ့ အချိန်ကာလ မကုန်ဆုံးသေးပဲဖြစ်စေ အခြားလုပ်ငန်းတစ်ခုကို ပြောင်းရွေ့မလုပ်ကိုင်ရခြင်းတွေ
ပါဝင်ပါတယ် ။ ထိုစဉ်က အလုပ်သမားများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့
အလုပ်သမား သမဂ္ဂများ အခြားစေတနာ့ဝန်ထမ်းများ မရှိခဲ့ကြပါဘူး ။
၁၉၃၀ ပြည့်နှစ်မှာ ပင်လယ်ကူး သင်္ဘောကြီးတွေဆီ မြန်မာကူလီနဲ့ ကုလားကူလီတွေက ကုန်တင် ကုန်ချ ဝင်ရောက်လုပ်ကိုင်တာကနေစပြီး
ကုလား - မြန်မာအဓိကရုဏ်းကြီး ဖြစ်ပွားခဲ့တော့တယ် ။ အဲ့ဒီ့အချိန်ကနေစပြီး
မြန်မာနိုင်ငံမှာ ကုလားကူလီတွေ တဖြေးဖြေး နည်းပါးလာခဲ့ပါတော့တယ် ။ ဒုတိယ
ကမ္ဘာစစ် ပြီးတဲ့နောက် ကူလီဆိုတဲ့ ဝေါဟာရကို မသုံးပဲ အလုပ်သမားဆိုတဲ့
စကားကို သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတယ် ။ နိုင်ငံတော်အစိုးရက အလုပ်သမားအကျိုး
ဖြစ်ထွန်းစေမဲ့ ဥပဒေများကို တစ်ခုပြီး တစ်ခု ပြဋ္ဌာန်းလာတယ် ။
အလုပ်သမားများဟာ တိုင်းပြည်စည်ပင်ဖွံ့ဖြိုးေ ရးအတွက်
မိမိတို့လုပ်အားနဲ့ ပါဝင်ထမ်းဆောင်ကြတာကြောင့် လူ့သမိုင်းပြု
ပုဂ္ဂိုလ်များလို့ ဒီလို ခေါ်ဆိုထိုက်သူတွေပဲ ဖြစ်ပါတော့တယ်ခင်ဗျာ ။
- မှတ်စုကြမ်း #htoohtoolay
ကူလီ ဆိုတာ !
Visit website
http:// myothetzaw23.blogspot.com/
ကူလီဆိုတာ ဘာလဲ ?
မျိုးသက်ဇော် / 22 minutes ago
-----
ကူလီဆိုတဲ့ ဝေါဟာရဟာ တမိလ်ဘာသာ စကားကနေ ဆင်းသက်လာတယ်လို့ ဒီလိုယူဆကြပါတယ် ။ ကူလီရဲ့ အဓိပ္ပါယ်က ဝန်ပိုးဝန်ထမ်း အလုပ်ကြမ်းသမားလို့ ဆိုတယ် ။ အလုပ်ကြမ်းသမားများကို ဟိန္ဒူစတန္နီစကား ဗင်္ဂါလီ စကား များနဲ့လဲ ကူလီလို့ပဲ ခေါ်ဆိုကြရုံသာမကသေးပါဘူး အရှေ့ပိုင်းနိုင်ငံများမှာ မိမိတို့ ဘာသာရင်းသဖွယ် သုံးနှုန်းနေကြပါတယ် ။ သီပေါမင်းလက်ထက် ယောအတွင်းဝန်ဦးဖိုးလှိုင်ရေး
အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံများမှာ လူဦးရေ များပြားတာကြောင့်ဖြစ်စေ မိမိတို့ နိုင်ငံမှာ အလုပ်သမားများရဲ့ လုပ်အားကို အစွမ်းကုန် အသုံးမချနိုင်တာဖြစ်စေ ၁၉ ရာစုနှစ် နောက်ပိုင်းနဲ့ ၂၀ ရာစုနှစ် အစလောက်မှာ ကူလီအလုပ်သမားများကို ဈေးပေါပေါနဲ့ နိုင်ငံခြားတွေဆီ ပို့ပေးခဲ့ကြပါတယ် ။ သူတို့ဟာ နိုင်ငံတကာကို လှည့်လည်သွားလာလုပ်ကိုင်ပြီ
၁၈၃၃ ခုနှစ်မှာ တောင်အမေရိကတိုက်နဲ့ အနောက်အိန္ဒိယကျွန်းစုများမှ
ထိုဥပဒေများအရ အလုပ်သမားများကို စရန်ငွေ ကြိုတင်ပေးရခြင်းကြောင့် အဲ့ဒီ့ငွေများ ပြန်လည်အောင် အလုပ်သမားများရဲ့ ရက်သတ္တပတ် ဝင်ငွေများကနေ ဖြတ်တောက်နိုင်ခြင်း ငွေမကျေပဲ ဖြစ်စေ စာချုပ်ထားတဲ့ အချိန်ကာလ မကုန်ဆုံးသေးပဲဖြစ်စေ အခြားလုပ်ငန်းတစ်ခုကို ပြောင်းရွေ့မလုပ်ကိုင်ရခြင်
၁၉၃၀ ပြည့်နှစ်မှာ ပင်လယ်ကူး သင်္ဘောကြီးတွေဆီ မြန်မာကူလီနဲ့ ကုလားကူလီတွေက ကုန်တင် ကုန်ချ ဝင်ရောက်လုပ်ကိုင်တာကနေစပြီ
- မှတ်စုကြမ်း #htoohtoolay
ကူလီ ဆိုတာ !
Visit website
http://
ကူလီဆိုတာ ဘာလဲ ?
မျိုးသက်ဇော် / 22 minutes ago
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။