Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 29, 2016

သစ်ပင် သစ်ရွက် လေပြည်

သစ်ပင် သစ်ရွက် လေပြည်
-----------------------------
သစ်ပင်

ကျွန်တော့်ကို သစ်ပင်လို့ခေါ်ကြတဲ့အကြောင်းက ကျွန်တော်ကပန်းချီဆွဲတာကို ဝါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ ဆိုင်း(Sign)အစား ဝင်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီးထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော်အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမမှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည်၊ ကိုယ်လုံးမရှိဘူး။ သာမန် မိန်းကလေးထဲက တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။

ကျွန်တော် သူမကို ချစ်တယ်...
တကယ့်ကို ချစ်တယ်...
သူမရဲ့ရိုးသားမှုကို ချစ်တယ်..
သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့အားနည်းချက်၊ သူမရဲ့ အားငယ်မှုတွေကို ချစ်တယ်။

အပျော်သဘောနဲ့ သူ့ကိုကျွန်တော်ချစ်တယ်၊ ကျွန်တော့်အတွက် မထူးခြားတဲ့သူမက ကျွန်တော်နဲ့မထိုက်တန်ဘူးလို့ထင်မှာစိုးလို့ ကျွန်တော် သူမကို ဖွင့်မပြောခဲ့တာပါ။ ချစ်ခဲ့ကြပြီးရင်လည်း နောက်ဆုံးခွဲခွာရမှာစိုးလို့၊ ချစ်ခဲ့ကြပြီးရင် ပတ်ဝန်းကျင်ကလူတွေ သူမကိုထိခိုက်အောင်ပြောမှာ ကြောက်လို့၊ တစ်နေ့ သူမကို ကျွန်တော်လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ထားမိပြီး တခြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူမကိုကျွန်တော် ဖွင့်မပြောသေးတာလည်ပါတယ်။

ကျွန်တော် တခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး ကျွန်တော်ဘေးမှာ သူငယ်ချင်းလို့ (၃)နှစ်အတူ သူမရှိနေခဲ့တယ်။ (၃)နှစ်လုံးလုံး သူမခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော်မသိအောင် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ သူမကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့ ဒါရိုက်တာတစ်ယောက်ပဲလေ.. ...တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့ ကျောင်းအဆောင်ဘေးမှာချိန်းတွေ့ပြီး နမ်းနေကြတာကို သူမနဲ့ ပက်ပင်းတိုးမိတယ်။ သူမက ဟန်ဆောင်ရယ်ရင်း go on ဆိုပြီးထွက်ပြေး သွားတယ်။ နောက်တစ်နေ့မှာ သူမရဲ့မို့မောက်နေတဲ့မျက်လုံးဟာ ညတုန်းက ဘယ်လောက်ခံစားပြီး ငိုထားရတယ်ဆိုတာကို သက်သေပြနေပါတယ်။

ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့တာလဲဆိုတာကို မသိကျိုးကျွံပြုပြီး မမေးတဲ့အပြင် သူမကို လှောင်ရယ်နေမိတယ်။ ကျောင်းဆင်းလို့ လူတွေအားလုံးပြန်ကြတော့မှ သူမ စာသင်ခန်းထဲမှာခိုးငိုနေတာကို ဘောလုံးကျင့်ရင်း ပစ္စည်းတစ်ခုမေ့ကျန်လို့ ပြန်လာယူတဲ့ကျွန်တော် စာသင်ခန်း အပြင်ဖက်မှာ သူမငိုနေတာကို တစ်နာရီနီးနီး ရပ်ကြည့်နေတယ်ဆိုတာကို သူမ မသိခဲ့ဘူး။

ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက် ကောင်မလေးက သူမကို မလိုလားမနှစ်မြို့ခဲ့ဘူး။ တစ်ခါက သူတို့နှစ်ယောက် အကြီးအကျယ်စကားများကြတယ်။ သူမရဲ့သိမ့်မွေ့တဲ့စရိုက်က လူတွေကို ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကောင်မလေးဖက်ကနေပြီး သူမကို ကျွန်တော်ဟောက်လိုက်မိတယ်။ မျက်ရည်တွေကျရင်း သူမကျွန်တော်ကို ကြောင်ကြည့်နေတယ်။ သူမရဲ့မျက်ရည်ကို လျစ်လျူရှုရင်း ကျွန်တော့်ကောင်းမလေးလက်ကိုဆွဲပြီး စာသင်ခန်းအပြင်ဖက် ကျွန်တော်ထွက်သွား လိုက်တယ်။ နောက်ရက်တွေမှာ သူမဟာ ဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော့်ကို စရင်းနောက်ရင်း အရင်လိုပဲရှိနေခဲ့တယ်။ သူမ ဘယ်လောက် ခံစားရမယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုခံစားရတယ်ဆိုတာကို သူမ မသိခဲ့ပါဘူး။

ကျွန်တော်ရဲ့(၅)ယောက်မြောက် ကောင်မလေးနဲ့လမ်းခွဲတော့ သူမကိုခေါ်ပြီး စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။

“ငါ နင့်ကို ပြောစရာရှိတယ်”ဆိုတော့.. အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမကဆိုတယ်။

“ငါ သူနဲ့ လမ်းခွဲလိုက်ပြီ”

“ငါ သူ့ကို အဖြေပေးလိုက်ပြီ”

“သူ”ဆိုတာ ဘယ်သူလဲဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူမကို ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက် ချစ်စရာ့ကောင်လေးတစ်ယောက် ပါ။ သူမကို သူ အသည်းအသန် ပိုးပန်းခဲ့ပါတယ်။ ကျွန်တော် ခံစားသွားရတယ်ဆိုတာ သူမ မသိအောင်ဟန်ဆောင်ရင်း၊ ကြားရတာဝမ်းသာကြောင်းပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ဟန်ဆောင်မှုကို ဆက်မထိန်းနိုင်တော့ဘူး။ ရင်မှာနာကျင်နေတာတွေ ရင်ဝမှာ တစ်ခုခုနဲ့လာဖိထားသလို ခံစားရတယ်။ အသက်ရှုမဝတော့ဘူး။ တအားအော်ဖို့ကြိုးစားတာ အသံက လည်ချောင်းဝမှာ ထစ်ဆို့နေခဲ့တယ်။

ကျွန်တော်ငိုမိတယ်... ချုံးပွဲချ ငိုမိတယ်.....

သူမ ချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော်ကြည့်ခဲ့ဖူးပါတယ်။ စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မယ့် နောက်ဆုံးရက်တစ်ရက်မှာ ကျွန်တော့်ဖုန်းထဲမှာ messageလေး တစ်စောင်ရှိနေတာကို သတိထားမိလိုက်တယ်။ ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁ဝ)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တဲ့ရက်လေးပါ။ ဖွင့်ကြည့်ဖို့ ကျွန်တော်မေ့နေခဲ့တာပါ...

“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”

----------

သစ်ရွက်

ကျောင်းတုန်းက သစ်ရွက်လေးတွေစုဆောင်းတာကို ကျွန်မဝါသနာပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာမှီခိုခဲ့တဲ့သစ်ပင်ကို ခွဲထွက်ရဲတဲ့သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မနဲ့အရမ်းခင်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစားလို့မဟုတ်ဘဲ တကယ့် သူငယ်ချင်း ကောင်းတစ်ယောက်လိုခင်ခဲ့တယ်။ ဒါပေမဲ့ သူပထမ ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့သဝန်တိုမှု၊ ရင်ထဲက နာကျင်မှုတွေ ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူတို့ပြတ်သွားတော့ ကျွန်မရဲ့ ပျော်ရွှင်မှုတွေ သူ မသိအောင် ကျွန်မထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ ဒုတိယမြောက်ရည်းစားရသွားပြန်တယ်။

ကျွန်မသူ့ကို ချစ်တယ်...
သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...
ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....
နှစ်ယောက်စလုံး ချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်ဖြစ်နေလဲ....
သူရည်းစား တစ်ယောက်ပြောင်းတိုင်း ကျွန်မ ရင်တစ်ခါနာရတယ်... ခံစားရတယ်....
တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ် ချစ်နေမိတာလား..
ကျွန်မကိုမချစ်ဘူးဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် ဒီလောက်ကောင်းနေတာလဲ...
သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်းထက်တောင် လွန်နေပြီ...

လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...
သူရဲ့အကြိုက်တွေ၊ အကျင့်တွေ၊ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်း နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စဖွင့်ပြောရမလားဆိုတာကို ကျွန်မ မခန့်မှန်းတတ်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကိုမျှော်ရင်း သူ့ ဘေးမှာပဲ ကျွန်မရှိနေချင်ခဲ့တယ်။ သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။ ညည သူ့ဖုန်း၊ သူ့messageကို မျှော်နေရသလိုပေါ့။ သူဘယ်လောက်ပဲ အလုပ်တွေရှုပ် မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ ကျွန်မသိနေတယ်လေ...

ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။ စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း ရောက်ရှိလာမဲ့ရက်ကိုကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်မျှော်နေချင်တယ်။ ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့ အတူ ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲဖြေဖို့ နီးလာတော့ တခြားအခန်းက ကောင်လေးတစ်ယောက် ကျွန်မကို အသည်းအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့ နေရာတစ်စိတ်တစ်ဒေသကို တဖြည်းဖြည်းစိုးမိုးလာခဲ့တယ်။

ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ...
ကျွန်မရဲ့နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်...
နောက်တော့ ကျွန်မရဲ့နှလုံးသား တစ်နေရာစာမကတော့ပါဘူး.... ကျွန်မရဲ့နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံးသားသစ်ရွက်လေးကို လေနဲ့အတူပျော်ရွှင်မဲ့နေရာကို ကောင်လေးခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။

သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ်.... နေခဲ့ပါလို့လည်း မတားခဲ့ပါဘူး။

“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်ကနေခွင့်မပေးလို့လား”

------------

လေပြည်

ကျွန်တော်ချစ်တဲ့ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက သူချစ်တဲ့သစ်ပင်တစ်ပင်မှာ ခံစားချက်တွေဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။ ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေးပျော်ရွှင်အောင် ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် သူမကိုစပြီး သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။ သေးငယ်တဲ့သူမရဲ့ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်လေးတစ်ယောက်ကို စူးစိုက်ကြည့်နေတတ်တယ်။ သူမတစ်ယောက်တည်းပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာထိုင်ပြီး ငေးကြည့်နေတတ်တာ အားကစား အချိန်တိုင်းပါပဲ။ ကောင်လေးက တခြားကောင်မလေးတွေနဲ့ ရယ်မောနေရင် သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့...

ကောင်လေး သူမဖက်လှည့်လာပြီဆိုရင် သူမရဲ့မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့...

အဲဒီကောင်လေးကို သူမအမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို အမြဲစောင့်ကြည့်ရမဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။

တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မှုတွေဝင်ရောက်လာတယ်။ ဘယ်လိုစိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော် ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်း ရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူမရဲ့ စာသင်ခန်းဖက်ကို ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့အချိန်မှာ ကောင်လေးရဲ့ဆူပူသံ၊ သူမရဲ့ရှိုက်သံ၊ ကောင်လေးရဲ့ ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။ နောက်ရက်တွေမှာ သူမဟာ အရင်ကလိုပဲ ဘောလုံး ကွင်းဘေးမှာ ကောင်လေးကို ငေးနေခဲ့ပြန်တယ်။

ကျွန်တော် သူ့ဘေးကိုလျှောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက် စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံသြတဲ့ပုံစံနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကိုယူလိုက်တယ်။ နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကိုကိုင်လို့ ကျွန်တော်နား သူမရောက်လာတယ်။

“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး”

“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က သစ်ပင်ကို မခွဲနိုင်တာပါ”

အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတဖြည်းဖြည်း ကျွန်တော်ကို စကားပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့လက်ဆောင်တွေကို လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ သူမ ကျွန်တော့်ကိုမချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူမ ချစ်လာနိုင်တဲ့အထိ ကျွန်တော်ဇွဲလုံလရှိခဲ့တယ်။

သူမနဲ့သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ စကားလမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။ သူမကို ကျွန်တော်အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်.. သူမရဲ့အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်းသိလျှက်နဲ့ သူမအဖြေပေးလာမဲ့ရက်ကိုစောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ ရှိနေခဲ့တယ်။

“ဘာလုပ်နေတာလဲဟင်...ကျွန်တော်ပြောတာတွေ ကြားလား.. ဘာလို့ ကျွန်တော်ကို စကားပြန်မပြော တာလဲ.. မေးတာလဲ ဖြေဦးလေ”

“ကျွန်မ ခေါင်းညိတ်နေတယ်”

“ဟင်”

ကျွန်တော်နား ကျွန်တော်မယုံကြည်နိုင်လောက်အောင်ပဲ... “ကျွန်မခေါင်းညိတ်နေပါတယ်” သူမ ပြန်အော်ပါတယ်...

ဖုန်းကို ကျွန်တော်ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကိုကောက်စွပ်ပြီး သူမအိမ်ဖက် ဆိုင်ကယ်အပြင်းမောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို နှိပ်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကိုကျွန်တော် တင်းတင်းလေး ဖက်ထားလိုက်မိတယ်။

“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား သစ်ပင်ကနေခွင့်မပေးလို့လား”

-----

မူရင်းလင့်--- http://ykuo.ncue.edu.tw/article/077.htm

နိုင်းနိုင်းစနေ (Wednesday, October 10, 2007)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။