ရိုးရိုးကျင့် မြင့်မြင့်ကြံ – နည်းလမ်း ၁၂ သွယ်
========================
ဘဝဆိုတာက အရမ်းကို ရှုပ်ထွေးလှပါတယ်။ အဲ့ဒီလို ရှုပ်ထွေးလှတဲ့ ဘဝမှာ လုပ်စရာတွေက အများကြီးပါ။ လုပ်စရာ အလုပ်တွေက များလွန်းတော့ အလုပ်တွေကို အမှီလိုက်ရင်း မာရသွန်အပြေးသမားလိုပဲ ပင်ပန်း မော ပန်းနေတတ်ကြပါတယ်။ သူများတွေရဲ့ စိတ်အလိုမကျမှုတွေကို
ဖြည့်ဆည်းပေးနေရင်း သင့်ကိုသင် အချိန်ပေးဖို့ လည်း မေ့သွားတတ်ပြန်
ရော။ ဒီတော့ သင်အမှန်တကယ်လုပ်ချင်တဲ့ အလုပ်တွေကိုလည်း မလုပ်ဖြစ်တော့ဘူးပေါ့။
အလုပ်တွေနဲ့ ဖိစီးပြီး သင်ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းဖို့၊ အားလပ်ချိန်တွေမှာ ခရီးထွက်ဖို့၊ ဝါသနာပါတဲ့ အရာလေးတွေကိုလုပ်ဖို့တောင် အချိန်မရှိ
တော့ဘဲ ဖြစ်နေတတ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေရင်း လုပ်ချင်တာတွေကို မလုပ်ရတော့ဘဲ ရှုပ်ထွေးမှုတွေထဲ တဝဲဝဲလည်နေ
တော့တာပါပဲ။
တကယ်တော့ ဘဝကိုသာ ရိုးရိုးရှင်းရှင်း ဖြတ်သန်းနိုင်မယ်ဆိုရင်
နေပျော်စရာ ဖြစ်လာမှာပါ။ ဂန္ထဝင်ပရိတ်သတ်ကြီးအတွက် မိမိဘဝ ကိုရိုးရှင်းပြီး ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ၁၂ ခုကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ မနိုင်တဲ့ ဝန်ကို မထမ်းပါနဲ့။
၂။ အလုပ်တစ်ခုတည်းကိုပဲ ထူးချွန်ပြောင်မြောက်အောင် လုပ်ပါ။
၃။ ကိုယ့်ရဲ့ အားသာချက်တွေကိုသိပြီး အဲဒါတွေကိုလည်း အသုံးချတတ်ပါ။
၎။ သင့် ဘဝမှာ ဘာဖြစ်ချင်တာလဲဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။
၅။ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် အမြဲ ကျင့်ကြံနေပါ။
၆။ သင် လူ့လောကမှာ မရှိတော့တဲ့ အချိန်မှာ သင့်ကို ဘယ်လို သတိရစေချင်လဲဆိုတာကို သေသေချာချာ ဆုံးဖြတ်ပါ။
၇။ ရိုးရိုးကျင့် မြင့်မြင့်ကြံပါ။
၈။ မူယာမာယာတွေကို တတ်နိုင်သလောက် လျှော့ထားပါ။
၉။ မလိုအပ်ဘဲ စိတ်ပူနေခြင်းနဲ့ ကြောင့်ကြခြင်းရဲ့ ခြားနားချက်တွေကို
သေချာလေ့လာထားပါ။
၁၀။ လက်ရှိအချိန်ကို ပိုပြီး အာရုံစိုက်ပါ။
၁၁။ ကိုယ့်ကိုယ်ကို အမြဲ ရှေ့ တန်းတင်ထားပါ။
၁၂။ သေးငယ်တဲ့ ကိစ္စလေးတွေကိုလည်း အလေးထားပါ။
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။